မြတ်စွာဘုရားနှင့်ရဟန္တာအရှင်မြတ်တို့၏ ဓါတ်တော်မွေတော်များအိမ်မဲမြို့မှမေတ္တာတရားကြီးမားသော ဆရာတော်ကြီးဘဒ္ဒ န္တသီရိ(1)

silver heroMay 3, 20134min950

DSCN1299DSCN1354DSCN1357DSCN1333DSCN1322DSCN1314DSCN1336DSCN1332DSCN1316DSCN1342DSCN1327DSCN1351DSCN1345DSCN1348DSCN1337DSCN1341DSCN1314DSCN1328

ဗုဒ္ဓဘာသာသည် မေတ္တာတရားကိုအခြေခံသောဘာသာဖြစ်သည်။ “မေတ္တာသတ္တောအနန္တော”ဟု

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့ပေသည်။  မေတ္တာတရားသည် အရာရာကို အောင်မြင်သော လက်နက်တစ်ခုဖြစ်ပေသည်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်လျှင် မေတ္တာလက်နက်ဖြင့် အောင်ခြင်း (၈) ပါးကို

အောင်နိုင်တော်မူခဲ့လေသည်။ ကျွန်ပ်တို့လူ့လောကတွင် ကျင်လည်လှုပ်ရှားရသော လူသားတို့အတွက် မေတ္တာသည်

အေးမြခြင်းအသွင်ကိုဆောင်၏၊ငြိမ်းချမ်းခြင်းအသွင်ကိုဆောင်၏။မေတ္တာစိတ်ဖြင့်အရာ

ရာကိုအောင်မြင်စေနိုင်ပါသည်။မေတ္တာတရားအကြောင်း  ပြောရမည်ဆိုလျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့   သားတော်တွေဖြစ်

တဲ့ဆရာတော်ကြီးများရဲ့မေတ္တာဖြန့်ဝေပုံ၊ မေတ္တာဖြန့်ကျက်ပုံတွေ၊  လူ့လောကီအတွက်   အကျိုးသက်ရောက်ပုံကို အနည်းငယ်ပြောပြရပေမည်။

ကျွန်ပ်တို့နေထိုင်ရာဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင် အိမ်မဲမြို့မှာရှိတဲ့   ညောင်ကုန်း-ချောင်းဖျားကျေးရွာ

ဓမ္မိကာရာမကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်သောချောင်းဖျားဆရာတော်ကြီးဘဒ္ဒန္တသီရိ၏မေတ္တာဓါတ်ကြီးမားပုံနှင့်မေတ္တာဓါတ်ဖြန့်ဝေ

ပေးသဖြင့်လောကီစီပွားအကျိုးထိရောက်ခဲ့ပုံကိုအနည်းငယ် ပြောရပေမည်။

နေ့ရက်မခြားမေတ္တာအကျိုးရရှိခြင်း

အိမ်မဲမြို့မှာနေထိုင်တဲ့ ကျွန်ပ်ရဲ့သူငယ်ချင်းမှာ ၂၀၁ဝ ခုနှစ် ကားတစ်စီးဝယ်ခဲ့တယ်။ သူငယ်ချင်းရဲ့ရည်ရွယ်

ချက်က ကျွန်ပ်တို့မြို့လေးကနယ်မြို့လေးဆိုတော ့သွားရေးလာရေးအတွက်ကားငှါးစားမယ့်ရည်ရွယ်ချက်နဲ့ပေါ့။ သူဝယ်လာပြီးက

တည်းက ကားငှါးသူမရှိတော့စိတ်ဓါတ်တော်တော်လေးကျနေခဲ့တယ်။မိတ်ဆွေတစ်ယောက်ရဲ့အကြံပေးချက်နဲ့ညောင်ကုန်းချောင်း

ဖျားဆရာတော်ကြီးဘဒ္ဒန္တသီရိဆီသွားရောက်ဖူးတွေ့ခဲ့တယ်။ သူငယ်ချင်းရဲ့ပြောပြချက်အရသူဖူးတွေ့တဲ့အချိန်မှာ ဆရာတော်ကြီး

ကျမ်းမာရေးမကောင်းတဲ့ အချိန်ဖြစ်နေတယ်။ နေမကောင်းလို့အခန်းထဲမှာ ပဲနေပေမယ့်ဖူးချင်လို့ လာတဲ့ဧည်သည်ကို တွေ့ခွင့်ပေးခဲ့တယ်။ ဘယ်မြို့ကလာကြတာလဲဆိုပြီးဆရာတော်ကြီးကမေးတော့ကျွန်ပ်သူငယ်ချင်းကဆရာတော်ကြီးကိုဖူးချင်တဲ့အကြောင်းကားဝယ်ပြီး

အစဉ်မပြေတဲ့အကြောင်းကိုလျှောက်တင်လိုက်တယ်။ဆရာတော်ကြီးကထပ်မေးတယ်ကားကဘာအမျိုးအစားလဲဘယ်လောက်နဲ့

ဝယ်ခဲ့ရလဲ၊ဝယ်တာ

ဘယ်လောက်ကြာပြီလဲလို့မေးပြီးအနားမှာရှိတဲ့ ဦးပဇ္ဇင်းတစ်ပါးကို ကလေးတွေအတွက်  ဆေးထုပ်(၁)ထုတ်ပေးလိုက်ဆိုပြီးမိန့်တယ်

။ ဆေးဆိုတာမဲမဲအမှုန့်ကလေးတွေပါ တဲ့အထုပ်လေးပါ။“ကျွန်းနတ်ဂတိုး” လို့ပြောကြတယ်။ အစွမ်းထက်တယ်လို့ သူငယ်ချင်းကို

လမ်းညွှန်တဲ့ မိတ်ဆွေပြောပြလို့သိထားခဲ့တော့ပေးတဲ့ဆေးထုပ်ကိုရိုရိုသေသေယူထားခဲ့တာပေါ့။ပြန်ရင်ပရိတ်ရေယူသွားပေးထား

တဲ့ဆေးထုပ်ထဲကဆေးအနည်းငယ်ကို ပရိ်တ်ရေထဲထည့်ပြီး ကားကိုဖျန်းပါ မေတ္တာပို့ပေးမည်ဆိုပြီး ဆရာတော်ကြီးကမိန့်ခဲ့တယ်။

နောက်တစ်နေ့နံနက်မှာ ဆရာတော်ကြီးရဲ့ပရိတ်ရေထဲဆေးမှုန့်ရောပြီးကားကိုပတ်ဖြန်းခဲ့တယ်။ ညနေမှာထူးထူးခြားခြားကားကို

လစာနဲ့ငှားစီးမယ့်သူလာပြီး ဆက်သွယ်ပြောဆိုခဲ့ပါတယ်။အံ့ဩစရာကောင်းတဲ့ မေတ္တာဓါတ်တွေကြီးမားပုံကို သူငယ်ချင်းဖြစ်

သူပြောပြတဲ့အတွက်သိခွင့်ရခဲ့ပါတယ်။

ဆရာတော်ကြီး၏ထေရုပ္ပတ္တိ

ထိုကဲ့သို့ အိမ်မဲမြို့သူမြို့သားများအပေါ်၌ မေတ္တာတရားကြီးမားသော ညောင်ကုန်းချောင်းဖျားကျေးရွာ ဓမိ္မကာ

ရာမကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တသီရိဆရာတော်ဘုရားကြီးကို ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ မှော်သေးရွာတွင်

ဖခမည်းတော်ဦးအေးမောင်၊မယ်တော်ဒေါ်ပုတို့မှ၁၂၉၃ခုနှစ်၊တော်သလင်းလဆန်း(၆)ရက်၊သောကြာနေ့နံနက်(၉)နာရီတွင်မီးရှုးသန့်စင်ဖွား

မြင်တော်မူခဲ့ပါသည်။မွေးချင်းမောင်နှမ(၅)ယောက်ရှိသည့်အနက်ပထမဦးဆုံးသောသားကြီးရတနာဖြစ်သည်။ဆရာတော်လောင်းလျာသည်

သက်တော်(၇)နှစ်အရွယ်တွင် မှော်သေးပညာရာမိတ ကျောင်းတိုက်ဆရာတော်  ဘဒ္ဒ န္တစက္ကိန္ဒကိုဥပဇ္ဈယ်ပြု၍  ဒုတိယအကြိမ်ရှင်သာမဏေ

ပြုတော်မူပါသည်။၁၃၀၁ခုနှစ်တွင် အိမ်မဲမြို့တောကြီးကျေးရွာ မိဘနှစ်ပါးတို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ  မြင့်မြတ်သောရှင်သာမဏေအဖြစ်သို့  ရောက်ရှိခဲ့သည်။သက်တော်(၁၁)နှစ်အရွယ်တွင်ဆရာတော်ဦးလောကိဿရကိုဥပဇ္ဈယ်ပြု၍ဒုတိယ

အကြိမ်ရှင်သာမဏေပြုတော်မူသည်။

၁၃၀၁ခုနှစ်တွင်အိမ်မဲမြို့တောကြီးကျေးရွာဓမ္မသုခကျောင်းတိုက်သို့ရောက်ရှိ၍  ဓမ္မသုခကျောင်းတိုက်ဆရာတော်ကို ဥပဇ္ဈယ်ပြုတော်မူ၍

၁၃၁၅ခုနှစ်တွင်မြင့်မြတ်သောရဟန်းဘဝသို့ရောက်ရှိတော်မူခဲ့သည်။

ရဟန်းတစ်ဝါအရတွင် ကျောင်းကုန်းမြို့မှော်သေးပညာရာမိက ကျောင်းတိုက်သို့    ပြန်ကြွတော်မူ၍ပညာရာမိက

ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တစန္ဒာဝရထံတွင် ရဟန်းတော်တို့ ကျင့်အပ်သောဝိနည်းဆိုင်ရာပရိယတ္တိစာပေ၊ ပရိတ်ကြီး၊ နမက္ကာရ၊

ရတနာရွှေချိုင့်၊အတွင်းအောင်ခြင်း၊အပြင်အောင်ခြင်းအစရှိသော ဆယ်စောင်တွဲနှင့် ဇာတ်ကြီး(၁၀)ဘွဲ့အစရှိသော လောကုတ္တရာစာပေများနှင့်

ကစ္စည်းသဒ္ဒါကြီးသုတ်စဉ်၊သုတ်နက်အစရှိသောစာပေများကိုသင်ယူခဲ့ပါသည်။၁၃၁ရခုနှစ်တွင် အိမ်မဲမြို့နယ်၊ ညောင်ကုန်းချောင်းဖျားကျေးရွာ၊

ဓမိ္မကာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တမဟိန္ဒထံသို့ရောက်ရှိခဲ့ပါသည်။   ဆရာတော် ဘဒ္ဒန္တမဟိန္ဒထံတွင် မိဘနှစ်ပါးတို့၏ပစ္စယာ၊ နုဂ္ဂဟတို့ခံယူတော်မူလျှက်ဒုတိယအကြိမ်သိက္ခာထပ်ခဲ့သည်။ဆရာတော်ကြီးဘဒ္ဒန္တမဟိန္ဒထံပါးဝယ်ခိုလှုံ၍အထက်

တန်းပရိယတ္တိစာပေဖြစ်သော ဝိနည်း(၅)ကျမ်းအပါအဝင်အထက်တန်းကျလှသောပါဠိတော်အဋ္ဌကထာတို့ကိုသင်ယူခဲ့ပါသည်။ပုသိမ်မြို့

စက်တော်ရာကျောင်းတိုက်ဆရာ

တော်ဘဒ္ဒန္တပဏ္ဍိတဆရာတော်နှင့်ညောင်ကုန်းချောင်းဖျားဆရာတော်ဘဒ္ဒန္တနန္ဒဝံသဆရာတော်တို့ထံပါး၌အထက်တန်းကျသောပရိယတ္တိ

စာပေများကို သင်ယူခဲ့ပါသည်။ ဆရာတော်သည် ညောင်ကုန်းချောင်းဖျားကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဝံသနှင့်အတူဓမ္မိကာရာမကျောင်း

တိုက်၌ သီတင်းသုံးနေထိုင်ကြသော တပည့်သံဃာများအား   ပရိယတိ္တအခြေခံဖြစ်သော သဒ္ဒါ၊ သဂြိုလ်၊ ညဝါကျမ်းများနှင့် ဝိနည်း

ငယ်လေးစောင်၊ ပါရာဇိကတ်အစရှိသောဝိနည်း(၅)ကျမ်းစာများကို ပို့ချခဲ့ပါသည်။

ဆရာရင်းဖြစ်သောဆရာတော်ဘဒ္ဒန္တနန္ဒဝံသနှင့်အတူလက်တွဲ၍ဆရာတော်ကြီးများဩဝါဒကိုခံယူကာ

ကျောင်းတိုက်အတွင်းသီရိမင်္ဂလာကုန်းတော်၌သီဟိုဋ်မှပင့်ဆောင်လာသောမြတ်စွာဘုရားဓါတ်တော်ကိုထည့်သွင်းပူဇော်

ကာရေကြည် ဆရာတော်ဘုရားကြီးဘဒ္ဒ န္တမဟိန္ဒအား အမှုးထား၍ ၁၃၃၅ ခုပြာသိုလပြည့်နေ့တွင်  လောကမာရ်အောင်ဓါတ်ပေါင်း

စုစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။

မေတ္တာဓါတ်ကြီးမားသူ၏(၅)နိုင်ငံသာသနာပြုခရီး

ဆရာတော်ဘုရားကြီး ဘဒ္ဒ န္တသီရိသည် ၁၉၉၅ခုနှစ်တွင်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ စင်္ကာပူနိုင်ငံများသို့

သာသနာပြုခရီးကြွတော်မူစဉ်    အိန္ဒိယနိုင်ငံသို့ရောက်သောအခါ   မြတ်စွာဘုရားရှင်၏  ဓါတ်တော်ကျင်းကိုသာ တွေ့ရ၍ဓါတ်တော်များကို

မဖူးမြင်ခဲ့ရပေ။ ထိုဒေသတွင် ဘုရားရှင်၏ဓါတ်တော်မွေတော်များမရှိနိုင်၍သာဖြစ်မည်။ ဆရာတော်ကြီးသည် ရှင်သာမဏေဘဝကပင်

မြတ်စွာဘုရားရှင်၏ဓါတ်တော်မွေတော်များကို စိတ်ဝင်စားမှုရှိခဲ့သည်။

ထိုက်သူပူဇော်ခွင့်ရသော ဓါတ်တော်မွေတော်

               “ထိုထိုအရပ်၌ ပူဇော်မြတ်နိုးမှုခံယူခြင်းကို မရကုန်သည်ရှိသော် ဓါတ်တော်များသည်မြတ်စွာဘုရားရှင်၏ အဓိဌာန်တော်မူချက်အရ

ပူဇော်မြတ်နိုးမှုရရှိနိုင်သော အရပ်သို့ပြောင်းကြွှတော်မူကြကုန်လတ္တံ။ မည်သည့်နေရာဒေသတို့၌ မြတ်နိုးပူဇော်မှုကို မရကုန်သည်ရှိသော်

ဓါတ်တော်မွေတော်အားလုံးတို့သည် ဘုရားပွင့်တော်မူရာ ဗောဓိမဏ္ဍိုင်တော်မူသို့ ပြောင်းကြွစံပယ်တော်မူကြကုန်လတ္တံ့။”

သီရိလင်္ကာနိုင်ငံသူ  နိုင်ငံသားများကိုးကွယ်နေကြသော  လက်ဝဲအောက်စွယ်တော်   မြတ်သည်နေပြည်တော်

(သီဟိုဠ်ကျွန်း)တွင်ရှိနေသည်မဟုတ်ပေ။မိစ္ဆာဒိဌိများဘေးရန်ကြောင့်ကလိင်္ဂတိုင်း၊ဒန္တပူရနေပြည်တော်မှသီဟိုဋ်ကျွန်းသားတို့အတွက်ကြွ

လာစံပယ်တော်မူသောစွယ်တော်မြတ်ဖြစ်သည်။နလန္ဒာတက္ကသိုလ်ပြည်မှ ပက်သျှဝါဓါတ်တော်များသည် ၁၂၇၁ခုနှစ်တွင်မန္တလေးတောင်တော်

သို့ ကြွရောက်တော်မူခဲ့၏။ထု့ိအတူမန်လည်ဆရာတော်ဘုရားကြီးထံသို့လည်းကြွရောက်တော်မူခဲ့၏။ဆဌသင်္ဂါယနာတင်ခေတ်၊အိန္ဒိယနိုင်ငံ

ဆံချေစေတီတော်ကြီးမှတူးဖော်ရရှိသောအရှင်သာရိပုတ္တရာ၊အရှင်မဟာမောဂ္ဂလာန်အရှင်သူမြတ်ကြီးတို့၏ ဓာတ်တော်များသည်လည်းမြန်မာနိုင်ငံသို့  ကြွရောက်အပူဇော်ခံခဲ့ကြကုန်၏။ထု့ိကြောင့်ကျွန်ုပ်တို့မြန်မာနိုင်ငံသူနိုင်ငံသားများသည်ပင်မြတ်စွာဘုရားရှင်ဓါတ်တော်မွေတော်များနှင့်ရဟန္တာအရှင်

သူမြတ်ကြီးတို့၏ဓာတ်တော်မွေတော်များကိုဖူးမြော်ရသည်မှာအင်မတန်ဘုန်းကံကြီးမားတဲ့သူများဖြစ်ကြောင်းဆရာတော်ကြီးများမိန့်ဆိုခဲ့သည်။