မြတ်စွာဘုရားနှင့်ရဟန္တာအရှင်မြတ်တို့၏ ဓါတ်တော်မွေတော်များအိမ်မဲမြို့မှမေတ္တာတရားကြီးမားသော ဆရာတော်ကြီးဘဒ္ဒ န္တသီရိ(2)

silver heroMay 3, 20131min1581

DSCN1356DSCN1329DSCN1325DSCN1324DSCN1328DSCN1327

ဓာတ်တော်မွေတော်များဖူးမြော်ကြည်ညိုခွင့်ရခဲ့ပုံများ

ညောင်ကုန်းချောင်းဖျားကျေးရွာ ဓမိ္မကာရာကျောင်းတော်ကြီး၏ဦးစီးပဓာနနာယကဆရာတော်ကြီး ဘဒ္ဒ န္တသီရိ၏စေတနာ၊

သဒ္ဒါတရား၊ မေတ္တာတရားတို့၏ ဆွဲငင်မှုကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ အသွေးတော်အသားတော်၊ အရိုးတော်တို့မှဖြစ်သော

ဓာတ်တော်မွေတော်၊ အရိုးတော်တို့မြှ ဖစ်သောဓာတ်တော်မွေတော်တို့အားဆရာတော်ကြီးထံသို့ ဖူးမြော်ကြည်ညိုခွင့်ရရန်ရောက်ရှိ

လာခဲ့လေသည်။

အိမ်မဲမြို့အကယ်ရိုးကျေးရွာနေ   ဦးဟုတ်ဟန်၊ ဒေါ်လှခင်တို့၏   ဒုတိယမြောက်သားဖြစ်သော

ဦးသန်းအောင်(ဒုအရာခံဗိုလ်-ငြိမ်း)မှဆရာတော်ကြီးထံသို့ ဓါတ်တော်မွေတော်များ ရှာဖွေကယ်ဆပ်ကပ်ခဲ့သည်။ ဦးသန်းအောင်သည်

(၁၄.၇.၂၀၀၇)တွင် မိတ္ထီလာမြို့ပို့ဆောင်ရေးစီမံကိန်းရုံး၌တာဝန်ထမ်းဆောင်သော သားဖြစ်သူခရိုင်ဦးစီးမှူးဦးတင်အောင်ဌေးထံသို့

သွားရောက်ခဲ့ပြီး ဝမ်းတော်ပြည့်ဓာတ်တော်တိုက်ရှိ မြတ်စွာဘုရားဓာတ်တော်နှင့် ရဟန္တာဓာတ်တော်များကို ဖူးမျှော်ကြည်ညိုခဲ့သည်။ ဓာတ်တော်မွေတော်များအများဆုံးကိန်းဝတ်ရာမိတ္ထီလာမြို့နှင့်(၁၃)မိုင်ဝေးသောပျော်ဖွယ်မြို့သံလျင်တောရယင်းတော်မင်းကျောင်း

တိုက်ရှိရာသို့ခရီးဆက်ခဲ့ပြီးသံလျင်တောရယင်းတော်မင်းကျောင်းတိုက်ဓာတ်တော်တိုက် တာဝန်ခံ ပဓာနနာယကဆရာတော်ကြီး

ဟိတေသီလေန အရှင်နိပုဏအားအိမ်မဲမြို့ညောင်ကုန်းချောင်းဖျားကျေးရွာ ဓမ္မိကာရာမကျောင်းတိုက်ဆရာတော်  ဘဒ္ဒ န္တသီရိထံ

သို့ဓာတ်တော်မွေတော်များ ချီးမြှင့်ပေးပါရန်လျှောက်ထားတောင်းခံခဲ့ရာ ယင်းတော်မင်းကျောင်းတုိုက် ဆရာတော်မှဝမ်းမြောက်ဝမ်း

သာဖြင့် (၂၇.၉.၂၀၀၇) ၁၃၆၉၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ဦးသန်းအောင်ထံသို့ မြတ်စွာဘုရားဓာတ်တော်မွေတော်နှင့် ရဟန်းန္တာ

ဓာတ်တော်များအား  ဖြန့်ဝေချီးမြှင့်ခဲ့ပါသည်။(၃.၄.၂၀၀၈)ခုနှစ်တွင်  ဦးသန်းအောင်မှဆရာတော်ကြီး   ဘဒ္ဒ န္တသီရိထံသို့နေ့လည်

(၁၁) နာရီတွင်ဝမ်းမြောက်စွာဖြင့် ဆက်ကပ်

လှူဒါန်းခဲ့သည်။

ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်(၅)ရပ်ကွက်၊ အမှတ်(၃)ဝိုင်း ပါရမီကျောင်းတိုက် သိမ်တောင်ကျောင်း

သစ်ကျောင်းတွင်သီတင်းသုံးနေထိုင်သောပဓာနနာယကဆုထူးရှင်ဓာတ်တော်ပြတိုက်ဆရာတော်အရှင်ကိတ္တဝရ(ထီလာ)ထံမှ ရဟန္တ

ငါးရာတို့၏ ဓာတ်တော်အရေအတွက်(၁၀၀၀)ခန့်ကိုအမှတ်(၁၈၅)လမ်း၊ (၅၀)ပုစွန်တောင်မြို့နယ်နေ ဦးစိန်ဝင်း+ဒေါ်ခင်ဌေးကြည်

မိသားစုများမှ (၈.၆.၂၀၀၆)နေ့တွင် ကြည်ညိုသဒ္ဒါပြည့်စုံစွာဖြင့်ပင့်ဆောင်လာပြီး(၂၂.၆.၂၀၀၈)နေ့ နံနက်(၁ဝး၃၀)တွင် ဆရာတော်

ဘုရားကြီးဘဒ္ဒ န္တသီရိထံသို့ ဝမ်းမြောက်ကြည်နှုးစွာဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရန်ကုန်မြို့ssc ဆေးခန်းတွင် ဆရာတော်ဘုရားကြီးဘဒ္ဒ န္တသီရိသည် ဆေးစစ်ဆေးမှုခံယူနေချိန်တွင်

ရွှေပေါက်ကံမြို့သစ်တွင်နေထိုင်သူဦးအောင်လင်းခိုင်မှလာရောက်သတင်းမေးခဲ့သည်။ သတင်းမေးရင်းစကားစပ်မိသဖြင့်  မိမိတွင်

ဓာတ်တော်၊ ကို်ယ်တော်လေးဟုခေါ်သောရဟန်းတော်တစ်ပါးမှပေးထားသောမြတ်စွာဘုရားရှင်၏ဓာတ်တော်များနှင့်ရဟန္တာအရှင်မြတ်

တို့၏ဓာတ်တော်များပူဇော်ရန်ရရှိထားကြောင်းနှင့် ဓာတ်တော်ကိုယ်တော်လေးဟုခေါ်သော ရဟန်းမှာမြန်မာပြည်အတွင်းနှင့်နိုင်ငံခြား

တိုင်းပြည်များအထိ လှည့်လည်၍ဓာတ်တော်များစုဆောင်းနေသော သာသနာပြုပုဂ္ဂိုလ်ဖြစ်ကြောင်းလျှောက်ထားပြီး  အိမ်တွင်ပူဇော်ထားသော ဓာတ်တော်မွေတော်များကိုဆရာတော်ဘုရားကြီး၏ဓာတ်တော်တိုက်တွင်ပူဇော်နိုင်ရန်ဆပ်ကပ်လှူဒါန်းခဲ့သည်။ဆရာတော်ကြီး၏အနီးနေတ

ပည့်ဖြစ်သောအရှင်သုမနသိဒိ္ဓ အရှင်သူမြတ်သည်(၁၇.၁.၂၀၀၉)နေ့တွင်ကိုအောင်လင်းခိုင်နှင့်ဗိုလ်ကြီးထိန်ဝင်း(ငြိမ်း)တို့၏အကူ

အညီယူ၍ ပုလဲမြို့သစ်သို့ခရီးထွက်ခဲ့သည်။ ပုလဲမြို့သစ် ဖျာပုံကျောင်းတိုက်တွင် မဟာဗုဒ္ဓဝင်ပြတိုက်၊ ဓာတ်တော်ပြတိုက်တို့တည်ရှိပြီး

ပရိယတိ္တ၊ ပဋိပတိ္တဗုဒ္ဓသာသနာပြုဆရာတော် ဘဒ္ဒန္တတေဇိန္ဒထံသို့ အရှင်သုမနသိဒ္ဓိရောက်ရှိခဲ့သည်။ အိမ်မဲမြို့ညောင်ကုန်းချောင်းဖျားကျေးရွာ ဓမ္မိကာရာမကျောင်းတိုက်ဆရာတော်ကြီးမှဓာတ်တော်တိုက်ဆောက်လုပ်၍ပြတိုက်ဖွင့်လှစ်မည့်အစီအစဉ်ရှိသဖြင့်ဆရာတော်ဘုရားထံမှစု

ဆောင်းထားသောဓာတ်တော်များဖြန့်ဝေချီးမြှင့်လှူဒါန်းပါရန်လျှောက်ထားခဲ့ရာတွင်အမှန်တကယ်လိုလားသူများဖြစ်သည့်အပြင်ဆရာတော်

ဘုရားကြီး၏၊သီလ၊သမာဓိ၊ပညာဂုဏ်တို့ကိုယုံကြည်၍မြတ်စွာဘုရားနှင့်ရဟန္တာအရှင်မြတ်တို့၏ဓာတ်တော်မွေတော်များကိုဆရာတော်ကြီး

၏တပည့်ဖြစ်သူအရှင်သုမနသိဒ္ဓိအားမှတ်တမ်းဓာတ်ပုံနှင့်တကွဝမ်းမြောက်စွာဖြင့်ပေးအပ်လှူဒါန်းတော်မူခဲ့သည်။

ဆရာတော်ကြီးသည် ကြီးကျယ်မြင့်မြတ်သော မြတ်စွာဘုရား၏ဓာတ်တော်မွေတော်များထားရှိရန်ဓာတ်တော်

တိုက်စေတီတော်ကြီးတစ်ဆူတည်ထားကိုးကွယ်ရန်စိတ်အကြံဖြစ်တော်မူခဲ့သည်။(၁၃၆၉)ခုနှစ်ကဆုန်လဆန်း(၁၀)ရက်တွင် ဓာတ်တော်

တိုက် စေတီတော်အုတ်မြစ်ချမင်္ဂလာအခမ်းအနားကိုစည်ကားသိုက်မြိုက်စွာ ကျင်းပ၍(၁၃၇၀)ခုနှစ်၊ တပေါင်းလဆန်း(၂)ရက်နေ့တွင် ဓာတ်တော်

တိုုက်စေတီတော်  ဌာပနာပိတ်ပွဲနှင့်ထီးတော်တင်လှူပွဲ နှင့် ဖွင့်ပွဲအခမ်းအနားကို စည်ကားစွာကျင်းပခဲ့ပါသည်။

သီလဝိသုဒ္ဓိနှင့်မေတ္တာဓာတ်

ညောင်ကုန်းချောင်းဖျားကျေးရွာနှင့်တကွအိမ်မဲမြို့နယ်အတွင်းနေထိုင်ကြသောရဟန်းရှင်လူ၊သူတော်စင်

အပေါင်းတို့သည်မြတ်စွာဘုရားရှင်နှင့်ရဟန္တာအရှင်သူမြတ်တို့၏ဓာတ်တော်မွေတော်တို့အားဖူးမြော်ကြည်ညိုခွင့်ရရှိလာခြင်းသည်ကြီးမား

လှစွာသောရှေးဘုန်းကံများရှိကြသကဲ့သို့ဆရာတော်ဘုရားကြီးဘဒ္ဒ န္တသီရိ၏ သီလဝိသုဒ္ဓိနှင့်မေတ္တာဓာတ်အရှိန်အဝါကောင်းများကြောင့်ဖြစ်သည်။

ဆရာတော်ဘုရားကြီးသည်ဓာတ်တော်၊မွေတော်တို့၏  သမိုင်းစာပေအဖွဲ့အနွဲ့များကိုအာဂုံဆောင်ရရှိခဲ့သော်လည်းသက်တော်(၇၇)နှစ်

သိက္ခာတော်(၅၇)ဝါ ရရှိမှသာတိုက်တိုက်ဆိုင်ဆိုင်   ဖူးမြော်ကြည်ညိုခွင့်များ ရရှိခဲ့သည့်အတွက် လှူဒါန်းနိုင်ခွင့်များရရှိခဲ့သည့်အတွက်

အကြိမ်ကြိမ်ပီတိသောမနဿဖြစ်ရကြောင်းအဖန်ဖန်မိန့်ကြားခဲ့သဖြင့် ကြားနာရသူ ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှာ ဝမ်းမြောက်ဝမ်းသာ

လှိုက်လှဲစွာဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းသာယာမှုဖြစ်ခဲ့ ကြရသည်။ဆရာတော်ကြီးသည်အနယ်နယ်အရပ်ရပ်ရှိတပည့်ဒါယကာ၊ဒါယိကာမများ

ကိုးကွယ်နိုင်စေရန်မြတ်ဗုဒ္ဓအောင်မြင်တော်မူသောမာန်(၅)ပါးကိုရည်စူး၍ရိုးကြီးသရက်ပင်ကျေးရွာတွင်(ဓနမာန်အောင်)စေတီတော်မြတ်တစ်

ဆူ၊ဆယ်စုကျေးရွာတွင်(တေဇမာန်အောင်)စေတီတော်မြတ်တစ်ဆူ၊ကံစုကျေးရွာတွင်(ရတနာမာန်အောင်)စေတီတော်မြတ်တစ်ဆူ၊ဆိတ်ကြီး

ကုန်းကျေးရွာတွင်(လာဘမာန်အောင်)စေတီတော်မြတ်တစ်ဆူ၊သောင်တန်းကျေးရွာတွင်(ရွှေပြည်အေး)စေတီတော်မြတ်တစ်ဆူ၊သရက်ပင်

ဆိပ်ကျေးရွာတွင်(က္ကုသရမာန်အောင်)စေတီတော်မြတ်တစ်ဆူ၊မကျီးချောင်ကျေးရွာတွင်(တေဇမာန်အောင်)စေတီတော်မြတ်တစ်ဆူ၊ကျုံကလုံး

ကျေးရွာတွင်(ဇိနမာန်အောင်)စေတီတော်မြတ်တစ်ဆူ၊တောကြီးကျေးရွာတွင်(မဟာသုခကာရီ)ရွှေကျောင်းတော်ကြီးတစ်ဆောင်၊တံခွန်တိုင်

ကျေးရွာတွင်စေတီတော်မြတ်တစ်ဆူနှင့်ခတ္ထီယကျေးရွာတွင်စေတီတော်မြတ်တစ်ဆူတို့ကိုတည်ထားကိုးကွယ်စေခဲ့ပါသည်။

ဆရာတော်ကြီးသည် မိမိသီတင်းသုံးတော်မူရာ ဓမ္မိကာရာမကျောင်းတိုက်ကြီးအတွင်း၌

သိမ်၊တန်ဆောင်း၊ ကျောင်းကန်၊နတ်လမ်းများကို အသစ်တည်ဆောင်ခြင်း၊  အဟောင်းပြုပြင်ခြင်း၊  လမ်းတံတားများ  ဆောက်လုပ်ပေးခြင်း ၊ စေတီပုထိုးတော်များတည်ထားကိုးကွယ်ခြင်းနှင့်ကျောင်းတိုက်ကြီးအဓွန့်ရှည်တည်တံ့နိုင်စေရန်ဆွမ်းပဒေသာပင်များနှင့်ဆေးပဒေသာပင်

များစိုက်ထူလှူဒါန်းခဲ့ပါသည်။ယခုအခါသိက္ခာတော်ကြီး(၆၃)ဝါ အသက်တော်ကြီး(၈၃)နှစ် ရှိပြီဖြစ်၍ အိုမင်းရင့်ရော်လာသောဆရာတော်ဘုရားကြီး

ဘဒ္ဒန္ဒသီရိသည်ကျမ်းမာရေးယို့ယွင်းအားနည်းခဲ့ပြီဖြစ်လေသည်။အိမ်မဲမြို့ညောင်ကုန်းချောင်းဖျားကျေးရွာတွင်ဆရာတော်ကြီးဗုဒ္ဓဂါယာဘုရားဖူးရာမှ

ယူဆောင်စိုက်ပျိုးထားသောမဟာဗောဓိပင်၊ လင်းလွန်းပင်များရှိရာ ဓမ္မိကာရာမကျောင်းကြီးအတွင်းသီတင်းသုံးနေထိုင်ရင်းဖြင့် အိမ်မဲမြို့နှင့်မြန်မာပြည်အနှံ့မှလာရောက်ဖူးမျှော်ကြသောဒါယိကာ၊ဒါယိကာမများအပေါ်ပစ္စုပ္ပန်၊သံသရာနှစ်ဖြာသောအကျိုးတရားများဖြစ်

ထွန်းနိုင်ကြစေရန် တရားဓမ္မဟောပြောပြသ ဆုံးမဩဝါဒပေးတော်မူပြီးသီလဝိသုဒ္ဓိနှင့်မေတ္တာဓာတ်အရှိန်အဝါဖြန့်ဝေပေးလျှက်ရှိပါသည်။

One comment

  • San Hla Gyi

    May 4, 2013 at 6:11 pm

    သာဓု သာဓု သာဓုပါဗျာ။ ကြုံရင် ဆရာတော်ကြီးကို ဖူးတွေ့ချင်ပါရဲ့။ ဆောင်းပါးရှင်ရဲ့ စာမျိုးကို ကြည်ညိုသဒ္ဓါရှိတဲ့ လူက ဖတ်ရင် ဘာမှမဖြစ်ပေမဲ့ ရတနာသုံးပါး အပေါ်မှာ သဒ္ဓါတရား မရှိတဲ့ လူမျိုးက ဖတ်မိရင် သူ့အတွက် ခိုးလိုးခုလုများ ဖြစ်လေမလားပဲ။ ဘာလို့လည်းဆိုတော့ ရတနာသုံးပါး အပေါ်မှာ ကြည်ညိုသဒ္ဓါမရှိတဲ့ လူမျိုးက ရတနာသုံးပါးရဲ့ ကျေးဇူးဂုဏ်တွေကို ကြားလိုက်ရရင် နားထဲကို ရဲရဲညီးတဲ့ သံတွေခဲတွေ လောင်းထည့်သလိုပဲတဲ့။
    ဆရာတော်ကြီးကို ကြည်ညိုသွားပါသည်။

Leave a Reply