ချေးပါတိုင်း ဖင်လှန်နေရတာ နေရာမကျလှပါဘူးကွယ်…။

black chawAugust 11, 20131min35138

လွယ်သလား ခက်သလား ကျောင်းဒကာ…
ဟေ့ဒီမှာ ချီးပါချင်တဲ့လူဆိုတာ
ဟောဒီလို လှန်တတ်မှ…
ချီးပါလို့ရမယ်ကွယ့်။

ဗိုလ်အောင်ဒင် ဒိုင်ယာလော့ခ်ထဲမှာ ချီးပါတာလေး ညှပ်ထည့်ပြီးသကာလ…
ဟောဒီမှာ ဘလက်ချောရဲ့ ရင်တွင်းဖြစ်
…ဗျစ်…။
ဒိုင်ယာလော့ခ်လေး ဖတ်ရင်း ဖင်လှန်တာလေးကိုပါ မျက်စိထဲမြင်ယောင်ကြည့်ပြီး ပြုံးများ ပြုံးမိသွားသေးသလားကွယ်…။
ကန်တော့နော် အစ်ကိုတို့ အစ်မတို့ ထမင်းစားနေရင်း အွန်လိုင်းပေါ်တက်နေကြသလားမသိ…။
ဒီလိုရှိပါတယ်ခင်ဗျ…။
“လူဆိုတာ ချေးပါရင် ဖင်လှန်ရတာချည်းပဲ…”
အဲဒီအယူအဆကို ကိုကြွက်နီကြီးလည်း လွှတ်ခိုက်ခဲ့ဘူးပါတယ်တဲ့…။
ဟုတ်တယ်လေ…။
ဖင်မလှန်ပဲ ချေးပါလို့မှ မရတာနော့်…။
ဘလက်ကြီး ကိုယ်တိုင်လည်း ဒီ ဒိုင်ကိုပဲအဟုတ်ထင်ပြီး အပျင်းအထန် ငြင်းခုန်ဆွေးနွေးခဲ့ဘူးပါတယ်…။
ဖင်ပိတ်ညင်းတတ်သူတွေ သုံးနေကျ ဒိုင်ယာလော့ခ်လေးပါ…။
စစ်စကားနဲ့ပြောရရင် မဆုတ်တမ်းခံစစ်ပေါ့ ခင်ဗျာ…။
(နည်းနည်းမှကို မလျှော့နဲ့ ကျောင်းဒကာ…။)
ကဗျာဆန်ဆန်ပြောရရင်တော့ ငြင်းခုန်ခြင်း အနုပညာပေါ့…။
စေ့စေ့တွေးကြည့်တော့ တစ်လွဲကြီးခင်ဗျ…။
ဆိုကြပါစို့ရဲ့…။
ဖင်လှန် ချေးပါရတာချင်းအတူတူ
တချို့ကျတော့ ဝမ်းမသွားလို့ ဝမ်းနှုတ်ဆေးစားရသတဲ့…။
တချို့ကျတော့ ဝမ်းသွားလို့ ဝမ်းပိတ်ဆေးစားရသတဲ့…။
တချို့များကျတော့ ဝမ်းနှုတ်ဆေးနဲ့ အဆင်မပြေလို့ ဖင်ထဲ ဝမ်းချူဘောလုံးဆိုလား အံ့ကြိတ်ထိုးထည့်ကြရသတဲ့…။
(ဖင်ထဲ ဝမ်းချူဘောလုံးထည့်တဲ့ ဖီလင်လေး သိချင်ရင် နိုဇိုးမိကြီးမေးကြည့်…။)
တချို့ကျတော့ ဝမ်းကိုက်လို့ ဆိုလား မီးကွင်းဂမုံး ပြာချသောက်ကြသတဲ့…။
တချို့ကျတော့ ဝမ်းသွားရင် သွေးပါတတ်လို့ ဆေးခန်းသွားပြရရှာသတဲ့…။
တစ်ချို့ကျတော့ ဝမ်းနူးစာတွေစားလို့ ဝမ်းဖေါဝမ်းရောင်ဖြစ်ကြသတဲ့…။
တချို့ကျတော့ ယမကာလေးတစ်ကျိုက် အသားကင်လေးတစ်ကိုက် လုပ်မိလို့
ဝမ်းပျက်တတ်တယ်ဆိုပြီး မဟာဖြေဆေးကြီး ဆောင်ထားတဲ့လူတွေကလည်း မရှား…။
(ကိုမိုက် တို့လို ပုဂ္ဂိုလ်ကြီးတွေပေါ့ဗျာ…။)
ပြီးတော့ ကျတော့ ရှိသေးတယ်…။
ဝမ်းသွားရင် အရမ်းညှစ်ရလို့တဲ့ လိပ်ခေါင်းကြီးထွက်ထွက်လာတတ်သေးသတဲ့…။ ဟေးဟေး…။
(ကိုကို ရဲစည်တို့လို ပုဂ္ဂိုလ်မျိုးကြီးတွေပေါ့…။ ဟေးဟေး…။)
တချို့ကတော့ ဆမျင်းတုံးကြီးခံ ပြီး ပိတ်နေလို့တဲ့ မျက်လုံးကြီးပြူး…ပြူးပြီး ညှစ်ရသတဲ့…။
(ရှက်မှာစိုးလို့ နာမည်ထည့်မရေးတော့ဘူးဗျာ…။ ခန့်မှန်းသာကြည့်ကြပေတော့…။
ဟေးဟေး…။)
တချိုကတော့ ဝမ်းပျော့ပျော့သွားတတ်သတဲ့…။
တချိူ့ကျတော့ ဖင်က ချေးပါလို့ မရလို့ ဗိုက်ကြီးကို ဖေါက်ပြီး ပိုက်နဲ့ သွယ်တန်းထားရတာမျိုးလည်း ရှိသေးရဲ့…။
အနံ့လေး တသင်းသင်း နဲ့ ဘယ်လောက် အနေရ အထိုင်ရခက်လိုက်မလဲ…။ တွေးသာကြည့်ကြပေတော့…။
အဲဒါပဲကြည့်…။
ချေးပါရင် ဖင်လှန်ရတာခြင်း တူကြပေမယ့်…
ပါတဲ့ ချေးခြင်းကျတော့ ကွဲပြားတယ်နော် ကျောင်းဒကာ…။
လွယ်တာနဲ့ ခက်တာလည်း မတူကြပြန်ပါဘူး…။
ဆက်တွေးကြည့်ကြဦးစို့ရဲ့…။
ဒီရွာထဲကလူတွေလည်း ဖင်လှန်ပြီးမှ ချေးပါကြရတာပါပဲ…။
ကန်တော့နော် အစ်ကိုတို့…အစ်မတို့…။
ချက်အောက်ပျက်လုံး ပျက်တယ်လို့သာ သဘောထားပေးကြပါဗျာ…။
ဖင်လှန်ပြီး ချေးပါကြရတာချင်းအတူတူ…၊ လက်ရှိ ကိုယ်ပိုင် ဘဝတွေကတော့ မတူကြဘူးခင်ဗျ…။
တချို့တွေက ဆရာဝန်…၊
တချို့တွေက အင်ဂျင်နီယာ…၊
တချို့တွေက တပ်မတော် အရာရှိ…၊
တချို့တွေက ပရိုဂရမ်မာ…၊
တချို့တွေက ပရော့ဂျက် မန်နေဂျာ…၊
တချို့တွေက သင်္ဘောကက်ပ်တိန်…၊
တချို့တွေက ဂျာနယ်မဂ္ဂဇင်း အယ်ဒီတာ…၊
တချို့တွေက ကားဒရိုင်ဘာ…၊
တချို့တွေက ယူအက်စ်မှာ…၊
တချို့တွေက အင်္ဂလန်မှာ…၊
တချို့တွေက အော်စီမှာ…၊
တချို့တွေက ဂျပန်မှာ…၊
တချို့တွေက စင်္ကပူမှာ…၊
တချို့တွေက ဟောင်ကောင်မှာ…၊
တချို့တွေက ယိုးဒယားမှာ…၊
တချို့တွေက သီရိမင်္ဂလာဈေးရှေ့မှာ…၊
တချို့တွေက…၊
တချို့တွေက…၊
တချို့တွေက…။

“လူဆိုတာ ချေးပါရင် ဖင်လှန်ရတာချည်းပဲ…”
ဆိုတာ ဟုတ်သလိုတော့ အရှိသားဗျ…။
ဟုတ်လည်းဟုတ်နေတာကိုး…နော့်…။
သို့ပေမယ့် ဖင်လှန်တာလေးတစ်ခုကိုပဲ အတင်းကြီးဆွဲစိထားတာဗျ…။
ဘဝကို ဖြတ်သန်းခဲ့ကြပုံခြင်း ကျတော့ မတူကြပါဘူး…။
ကြိုးစားခဲ့ကြပုံခြင်းကျတော့ မတူကြပါဘူး…။
ဒီ ဒိုင်ယာလော့ခ် ကို မလွှတ်တမ်း ဆုပ်ကိုင်ထားတဲ့ ကိုကြွက်နီကြီးကို သူ့အဖေ ဦးသိမ်းတင်ကြီးက
ချွတ်ပေးခဲ့တဲ့ ဒိုင်ယာလော့ခ်လေး ဖတ်ကြည့်ကြပါဦး…။

ဟေ့ကောင် ငါ့သား…၊
မင်းယိုတဲ့ချေးနဲ့ မင်းသူငယ်ချင်းကျော်မိုးဇော် ယိုတဲ့ချေး တူသလား…။
မင်း…ဒီ ဖင်လှန်ရတာပဲ လျှောက်ပြောနေတယ်…။
ဟိုကောင်လေးက RIT ဝင်သွားပြီ…။
မင်းနဲ့ စာပြိုင်ဘက်…။
မင်းကရော ဘာဖြစ်လို့လဲ…။
နောက်ဆုံးတော့ ကျမ်းစာထဲမှာပါတဲ့ ဒိုင်ယာလော့ခ်လို
မင်းစိုက်တာ မင်းရိတ်ရမှာပဲ…ကွ…။

ကိုကြွက်နီကြီးတော့ ကျွတ်မကျွတ်မသိပေမယ့်…
ဘလက်ချောကြီးတော့ ဦးသိမ်းတင်ပြောတဲ့ ဒိုင် ရပြီးကတည်းက
အကျွတ်တရားရသွားတယ်ပေါ့ဗျာ…။
ဟုတ်တယ်…။
အခု…ကျွန်တော် ချေးပါရင် ဖင်လှန်ဖို့ မလိုတော့ဘူး…။
အဲ…အဲ ဖင်လှန်တဲ့ ဒသနကို လွှတ်ချလိုက်ပြီ…။ ဟီး…။
ဒသန ပြောင်းသွားပြီ…။
ကျမ်းစာထဲက ခိုးချတယ်ဆိုလည်း ရဲရဲကြီး ခံလိုက်တော့မယ်…။
လူဆိုတာ ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းကြရတာပဲကွယ်…။
ကျွန်တော်လည်း ကျွန်တော်စိုက်ပျိုးခဲ့သမျှ ကျွန်တော်ကိုယ်တိုင်ရိတ်သိမ်းနေရတာပါပဲ…။
ချေးပါရင် ဖင်လှန်ဖို့ မလိုတော့ပါဘူးဗျာ…။ နော့်…။

ဘလက်ချော…။
၁၁-၈-၂၀၁၃
တနင်္ဂနွေနေ့ (ညနေ ၅းဝ၅)

38 comments

  • ရဲစည်

    August 11, 2013 at 5:49 pm

    ဘယ်လိုဖြစ်ရတာတုန်း အူးလေးရယ်
    ဒီမှာ ဝါဆိုမိုးဦးလေးနဲ့ ကော်ဖီတူတူ သောက်နေတာ ဒီပို့စ်ဖတ်ပီး နည်းနည်းတောင်တွန့်သွားတယ် အသာလုပ်ပါဗျာ ကျနော်လိပ်ခေါင်းထွက်နေတာ ဝါဆိုလေးက သိပီးသားပါ သူလေးဘက်နာဖြစ်နေတာလဲ ကျနော်နားလည်ပေးထားပါတယ် အူး၄လဲ ကိုနိုဇိူမိနဲ့ မရှင်းမရှင်း ကိစ္စ သတိထား
    ငိ ငိ

    🙂

  • black chaw

    August 11, 2013 at 5:55 pm

    @ ရဲစည် ;
    ခွင့်မတောင်းပဲ နာမည်ထည့်ရေးမိလိုက်တာ ခွင့်လွှတ်ပါညီလေးရေ…။
    အပျော်ပါကွာ…။
    ဒါတောင် နာမည်တွေ အကုန်ပြန်ဖျက်ထားတာ ဗျ…။
    ပထမဆုံးပေးတဲ့ ကွန်းမန့်လေးအတွက် အထူးကျေးဇူးပါဗျာ…။
    🙂

  • koyinmaung

    August 11, 2013 at 8:06 pm

    ဟေ့..ရွာထဲကိုဘလက်ကြီးလာပြီး ညီးတို့ကျုပ်တို့တွေ အီအီးပါယင်
    ဖင်လှန်တာကို လျှောက်ဖွနေတယ်အေ ..ရွံဆာကြီး…
    နာတို့ဆီမှာတော့ဖင်လှန်တာချင်တူပေမဲ့ တံခါးမရှိတော့
    အီးပါယင်မျက်နှာကို ဟိုဟာပြန်အုပ်ထားလိုက်တယ်လေ..
    အဲ့တော့မှလုံသွားတာ ဘယ်သူမှမမြင်ရတော့ဘူးပေါ့ ဟုတ်ဘူးလားလို့…..ဟဲဟဲဟဲ……

    • black chaw

      August 12, 2013 at 4:14 pm

      @ koyinmaung ;
      မမြင်ရတာ အတော်တောင်ကြာပြီနော် ကိုရင်မောင်ကြီးရေ…။
      ကျန်းခန့်သာလို့ မာပါစ ခင်ဗျာ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါ ခင်ဗျာ…။
      🙂
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • အရီးခင်

    August 11, 2013 at 10:02 pm

    ကျောင်းတကာကြီး ရယ်
    တွေးမှတွေးတတ်ပလေ။
    အဲဂလိုမလုပ်ချင်ရင် ပုဆိုး မှာ အပေါက်ဖောက်ထားပေါ့။
    ခက်တာလိုက်လို့။ 😉

    အတည်မန့်တာလေး
    “အသက်ရှုချင်းတူပေမဲ့ လူချင်းကွဲ ပါတယ်။”
    ဆိုတဲ့စကား ကို ညွန်းတယ်ပေါ့။

    ဒါထက်
    နေကောင်းသွားပြီလား ကဘချော။
    အမြဲသတိရပါကြောင်း ကြုံတုန်းလေး။ 😛

    • black chaw

      August 12, 2013 at 4:20 pm

      @ အရီးခင် ;
      ကျန်းမာရေးကတော့ 9 လောက်ရှိပါတယ် အစ်မရေ…။
      မေးတုန်းလေး ကြုံသွားတာလည်း အထူးဝမ်းမြောက်ဝမ်းသာရှိလှပါတယ်
      နှမတော်ခင်ဗျာ…။
      မောင်ဂီမန့်သလိုပါပဲခင်ဗျာ…။
      ကျွန်တော် တွေးလိုက်တိုင်း…
      ဒီတင်တွေ ရင်တွေ ဖင်လှန်တာတွေကနေ ကို မထွက်ဘူးဖြစ်နေပါတယ်…။
      အနည်းငယ် ရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပါ အစ်မရေ…။
      နောက်တစ်ပုဒ်ကိုတော့ တင်ရင်ဖင်တွေထဲက ရုန်းထွက်ဖို့
      ဆုံးဖြတ်ပြီးဖြစ်ပါကြောင်း…။
      🙂
      ချစ်ခင်လေးစားတဲ့
      ကဘချော…။

  • GARFIELD

    August 12, 2013 at 3:38 am

    အဲ့လိုပြောကြေးဆို
    All human creature are equal. ရဲ့မူကွဲလေးပေါ့

    ခင်မင်လျက်
    ဂါဂါး

    • black chaw

      August 12, 2013 at 4:23 pm

      @ GARFIELD ;
      မျက်နှာ နုနု ချောချောလေး မမြင်ရတာတောင် အတော်ကြာနေပြီနော်…ညီလေးရေ…။
      အသံ ချိုချိုအေးအေးလေးလည်း မကြားရတာအတော်ကြာပြီနော်…။
      ဝင်တဲ့အခါ ကြုံပါဦးဗျာ…။
      ကွန်းမန့်လေးအတွက် အထူး…အထူး…အထူး…။
      ကျေးဇူး…။
      🙂

  • ဦးကျောက်ခဲ

    August 12, 2013 at 8:20 am

    ဟီ ဟိ ချေးပါရင် ရှူးမပေါက်ရ…
    လူချင်းတူပေမည့် အသက်ရှူပုံချင်းကွဲသတဲ့…
    ဘယ်လိုပဲဖြစ်ဖြစ် ရောက်ရာဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပဲ…
    အမျိုးကောင်းကိုစိုက်မှ ရိတ်သိမ်းတဲ့အခါ အကျိုးရှိမှာပေါ့…
    🙂

    • အရီးခင်

      August 12, 2013 at 1:32 pm

      ဟိတ် ကျောက်စ် ……
      ဒီမှာတင် ကွဲပြီ။ တောက်စ် (မူ – ဂဂ) 👿

      အသက်ရှုတာချင်းတူ တာလား????
      လူချင်းတူတာလား????
      ငြင်းကြစို့ ဟေ့။ 😛

      မွေ့နှင်း ရေ – ဘယ်ဘက်မှာ နေမှာလဲ။
      အခုထဲက ငြင်းဖို့ အကျင့်ရအောင် အရီး ဘက်မှာ နေနော်။ 😉

      • ဦးကျောက်ခဲ

        August 12, 2013 at 1:46 pm

        ဟီ ဟိ တမင်ပြောင်းရေးထားတာ အရီးရဲ့…
        ကျောက်စ်တပည့်တွေက ပင်ပန်းလာရင် နှာမှုတ်ကြလို့…
        အရီးရော ဒေါကန်ရင် အသက်ရှူသံ မပြင်းဘူးလား… ဟိ
        😀

    • black chaw

      August 12, 2013 at 4:29 pm

      @ ဦးကျောက်ခဲ ;
      မှန်တာပေါ့ ကိုကိုရယ်…။
      ကောင်းပင်တွေစိုက်ခဲ့ရင် ကောင်းသီးတွေ သီးမှာပေါ့…။
      အချိုပင်တွေ စိုက်ခဲ့လို့ အချိုသီးတွေ သီးတဲ့အခါ ဘဝက ချို နေမှာပေါ့…။
      အခါးပင်တွေ စိုက်လို့ အခါးသီးတွေသီးတဲ့အခါ…
      ချစ်ကောင်းသီချင်းလေးဆိုပြီး အခါးတွေကို ပျော်ပျော်ကြီး ရင်ဆိုင်ရမှာပဲပေါ့…။
      ဘဝခါးခါး…နိုနိုနိုး
      ဘဝခါးခါး…နိုနိုနိုး
      ဘဝခါးခါး…နိုနိုနိုး
      ဟေးဟေး…။
      အပျော်ပါကိုကျောက်ရယ်…။
      ဖတ်ပြီး ပြုံးမိတယ်ဆိုရင် ကျေနပ်ပါပြီ…။
      ဒါနဲ့…
      ခင်ဗျားကြီး
      နှင်းပင်တွေစိုက်လို့ နှင်းသီးတွေ သီးနေပြီဆိုဗျ…။
      ပျော်ပျော်ကြီးသာ ရိတ်သိမ်းပါ ကိုကျောက်ရေ…။
      🙂
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဦးဦးပါလေရာ

    August 12, 2013 at 10:57 am

    လူအချင်းချင်း အခြေခံအားဖြင့်တော့ အတူတူပေါ့ ကိုချောရေ …
    ဒါပေသိ-
    ကံ ဉာဏ် ဝီရိယ ချင်းတော့ မတူကြပေဘူး … (သူများနိုင်ငံအတွက်ဗားရှင်း)
    ကံ ဉာဏ် ဝီရိယ နဲ့ အဖေ ချင်းတော့ မတူကြပေဘူး … (ဒီနိုင်ငံအတွက်ဗားရှင်း)
    😛

    ဆိုတော့ …
    ကျုပ်တော့ဖြင့် ကံစီမံရာအတိုင်း ဝတာလေးနဲ့ လှအောင် စား နေပါကြောင်း…
    :mrgreen:

    • black chaw

      August 12, 2013 at 4:35 pm

      @ ဦးဦးပါလေရာ ;
      အပျော်ပါဗျာ…။
      အပျော်ရေးလိုက်တာပါ…။
      🙂
      လှတာလေးနဲ့လည်း ရှိအောင်ဝတ်ဖို့ လိုသေးတယ်ခင်ဗျ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုပါကြီးရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • ခင် ခ

    August 12, 2013 at 11:29 am

    ဖင်လှန်တာတောင် လှန်ပုံလှန်နည်း ကွဲကြတယ်လေ
    လမ်းဘေးမှာမို့ ဟိုကြည့်ဒီကြည့် ဖြေးဖြေးချင်းလှန်တာ
    အိမ်သာထဲမှာ အေးဆေးမို့ ပုံမှန်နှုန်းနဲ့လှန်တာ
    မနေနိုင်အောင် ထွက်တော့မယ့်အရေးမို့ အမြန်လှန်ပစ်လိုက်တာ
    ဝမ်းသွားနေလို့အောင့်မရတော့ အိမ်သာကိုအပြေးသွားပြီး ရောက်လဲရောက် အလောသုံးဆယ်လှန်လိုက်တာ
    အဲလို အဲလို တွေ အမျိုးမျိုး ဖင်လှန်ပုံကွဲပြားခြားနားတော့လည်း လူတွေလည်း အမျိုးမျိုးကွဲ ပြားခြားနား ကြတာပေါ့နော်။

    • black chaw

      August 12, 2013 at 4:40 pm

      @ ခင်ခ ;
      ဟေးဟေး…။
      ဘလက်ချော အဆိုကို နောက်ထပ် မတူတဲ့ဒေါင့်တစ်ဒေါင့်ကနေ
      ထောက်ခံဆွေးနွေးပေးတဲ့အတွက် ကိုခင်ခ ကိုကျေးဇူးပါဗျာ…။
      ကျွန်တော်က ဖင်လှန်တာခြင်းတူပေမယ့်…
      ချေးထွက်ကြပုံခြင်း မတူတဲ့ ဒေါင့် ကနေ ဆွေးနွေးထားတာပါ…။
      ကိုခင်ခ ကတော့
      ဖင်လှန်တာကိုပဲ လှန်ပုံလှန်နည်း ကွဲတယ်ဆိုတဲ့ ဒေါင့်ကနေ
      ဆွေးနွေးပေးသွားတာပါ…။
      :mrgreen:
      မည်သို့ပင်ဆိုစေကာမူ…
      ကွန်းမန့်လေးအတွက် ကိုခင်ခကို ကျေးဇူး…အထူးပါဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • DEPARKO DEPARKO

    August 12, 2013 at 12:13 pm

    ဖင်သိတ်မလှန်ရအောင်ဗိုလ်ထိုင်နဲ့သုံး တစ်ချို့ကျတော့ သူများစိုက်တာလိုက်ရိတ် တယ်နိတ်သဟဆိုဘဲဆိုဘဲဆိုဘဲ

    • black chaw

      August 12, 2013 at 4:45 pm

      @ DEPARKO DEPARKO ;
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးတင်ပါတယ်
      ကို ဒီပါကို ဒီပါကို ခင်ဗျာ…။
      :mrgreen:

  • Wow

    August 12, 2013 at 1:04 pm

    ဒီမျက်လုံးဂ နဂိုပြူးပါဆို… အဟွာဂျောင့်မဟုတ်ရပါဝူး… :kwi:
    နာမယ်မပါပေမဲ့လဲ ကိုယ်က ပြူးမိလေတော့.. :mrgreen:

    • black chaw

      August 12, 2013 at 4:48 pm

      @ Wow ;
      ဟဲ့…ဟဲ့…။
      အသာလုပ်ပါ မဝေါင်းရယ်…။
      ဦးလေးအမြင်မှာတော့ မဝေါင်းက ကြည့်ကောင်းရုံသာပါ…။
      ပြူးတဲ့ အဆင့်တော့ မရောက်ဘူးလားလို့…။
      ဦးလေးကတော့ မဝေါင်းကို ရည်ရွယ်တာ ဟုတ်ဘူးနော်…။
      ဒါဗျဲ…။
      :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 12, 2013 at 1:25 pm

    ဘဘဂျီးရဲ့ ဖင်လှန် ချေးပါတဲ့ဟာကို ဖတ်ပီး
    တစ်ခါဒုန်းဂ အိမ်ဒါ .. ကို သွားပီး ဒဒိရမိဒယ် …
    အဲ့ဒီ အိမ်ဒါထဲကို ဝင်ပြီး တံခါးပိတ်လိုက်ဒါနဲ့ …
    တံခါး မှာ ဂလိုလေး ရေးထားတာ ဖတ်ရဒယ် ..
    “မိတ်ဆွေ ဖင်လှန်ပါ … ဘေးသို့ –> ”
    :mrgreen:

    • black chaw

      August 12, 2013 at 4:50 pm

      @ မဟာရာဇာ အံစာတုံး ;
      အေးပေါ့…အေးပေါ့…အေးပေါ့…အေးပေါ့…။
      နင်က အခုတော့ ချစ်သူလေး လက်ကိုဆွဲပြီး
      သတ္တိရှိရှိဖင်လှန်ရဲပြီပေါ့လေ…။
      လေလာရာဖင်ပေး ကြည့် ညီလေးရေ…။
      အေးတယ်ကွယ့်…။
      ဟေးဟေး…။
      :mrgreen:

  • kai

    August 12, 2013 at 1:35 pm

    ဖင်မလှန်ပဲပါသူတွေအများကြီး..
    တွေးကြည့်…
    .
    .
    .
    .

    ဒီလိုပါ..
    ဘိုမတွေတချို့. ညအိပ်ရင်အဝတ်မဝတ်ကြဘူးဗျ..
    တချို့အာဖရိကန်မတွေရောပဲ.. ( ဝေမမပို့စ်တခုမှာတောင် ရေးဖူးတယ်မှတ်တယ်..)
    ဆိုတော့..
    ညအိပ်ယာဝင်ခါနီး.. အိပ်ယာဝင်ပြီးမှ… အီအီးပါရင်.. ဖင်လှန်စရာမလိုရေးချမလို..
    .. နကိုထဲက.. ကျွတ်စ်ပြီးသား..
    ကွိ.. :mrgreen:

    • အရီးခင်

      August 12, 2013 at 1:42 pm

      အဲဂလို ပြောကြေး ဆို
      ကလေးငယ်များလဲ အီးပါရင် ဒိုင်ယာပါ (သို့) နက်ပီ ထဲ ပါကြပါသည်။
      သို့ပေသည့် သူတို့ Bottom လေးတွေ အီးအီး မစားရ အောင် တော့ အတော် သန့်ရှင်းရေး လုပ်ပေးရတာကလား။
      ဆိုတော့
      အီးပါကာနီး အလုပ်မရှုပ်ချင်ရင် ဒိုင်ယာပါ (သို့) နက်ပီ ဝတ်ထားကြလို့ ရသား။
      ကိုယ့် Bottom အီးမစားအောင်တော့ ဂရုစိုက်ပေါ့။
      😛

      • Min Zarni

        August 12, 2013 at 1:45 pm

        ရွံစရာတွေ ပယ်ပယ်နယ်နယ် ပြောတတ်တဲ့ လူဂျီးဒွေကို မောင် အားယီးမုန်းဒယ် ရှီး ရယ်…

        • အရီးခင်

          August 12, 2013 at 1:48 pm

          မောင်ဂီ တရှီးရှီး လုပ်နေတာ နဲ့ အဲဒီ ဒိုင်ယာပါ / နက်ပီ တွေ အင်မတန် ရောင်းကောင်း နေ ဆိုဘဲ။
          😉

    • black chaw

      August 12, 2013 at 4:55 pm

      @ kai ;
      ရှိကောင်း…ရှိနိုင်ပါမယ် သူကြီးရေ…။
      ဖင်မလှန်ပဲ ချေးပါတဲ့ လူတွေကိုပြောပါတယ်…။
      ဒါပေမယ့်…
      ကျွန်တော်က မမြင်ရရင် မယုံတတ်ဘူးရယ်…။
      ဟေးဟေး…။
      ဘိုမတချို့…ညအိပ်ရင် အဝတ်မဝတ်တတ်ကြဘူး ဆိုတာ
      သူကြီးပြောရုံနဲ့ ယုံရဲဘူးသေးရယ်…။
      ဓါတ်ပုံသက်သေလေး ဘာလေး ပြမယ်ဆိုရင်တော့ တစ်မျိုးပေါ့…။
      ကြည့်ပြီးမှ ယုံချင်လို့ပါ သူကြီးရယ်…။ ဟီး…။
      :mrgreen:
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • Min Zarni

    August 12, 2013 at 1:40 pm

    ဒီအူးလေးက စာရေးတာ အရမ်း ကောင်းတယ်ဆိုပီး ကောင်မလေးကိုကြွားထားပါတယ်…
    သူက တင်တေ ရင်တေ ချေးပါတာတေ ကနေကို မလွတ်ဘု …
    အဲ့လာကြောင့် အူးနိုက ပြောတာ …
    ဒချိ ..ဒချိ…

    • black chaw

      August 12, 2013 at 5:07 pm

      @ Min Zarni ;
      ဒီတစ်ခါ အလှည့်ကျတာက ညီလေး ဂီဂီပါပဲ ကွယ်…။
      အလွန်တရာ တိုက်ဆိုင်တယ်လို့ ပဲ ပြောရတော့မယ် ညီလေးရေ…။
      မဒမ်ဘလက် က ကိုယ့်ကို ဒီနေ့ ရုံးက ဖုန်းဆက်တယ်ဗျ…။
      ရှင်ကတဲ့…
      ဒီတင်တွေ…ရင်တွေ…ဖင်လှန်တာတွေ…ချေးပါတာတွေ နဲ့
      လွတ်အောင် မရေးတတ်တော့ဘူးလား…တဲ့…။
      တိန်…။
      ဖတ်ရတာ ကျမတောင် ရှက်တယ်တဲ့…။
      ရာဇသံပေးတယ်ကွယ်…။
      နားမလည်တဲ့ သဘောတွေပေ့ါကွယ်…။
      ဟေးဟေး…။
      ဖင်လှန်တာတွေ ချေးပါတာတွေ က အဓိက မဟုတ်ဘူးဆိုတာ
      ဒင်း…ဉာဏ်မမီတာပဲ ဖြစ်ရမယ်ဗျ…။
      မည်သို့ပင်ဆိုစေကာမူပေါ့ကွယ်…။
      တင်တွေ..ရင်တွေ..ဖင်လှန်တာတွေကိုတော့
      တစ်လလောက် ရှောင်ထားဦးမလားလို့ ကွယ်…။
      :mrgreen:
      ကွန်းမန့်လေး တွေအတွက် ကျေးဇူးအထူးတင်တယ်နော် ညီလေးရေ…။

  • အဟိ… ထမင်းစားပြီးမှ ဖတ်တာပါ အူးလေး.. 🙂
    သာမီးကတော့ ဟိုကားထဲက ဇာတ်ဝင်ခန်းလေး သွားသတိရတယ်.. “ချီး တင်အောင် မပါရ” ဆိုလို့ တင်အောင် ဆိုတဲ့သူ သောင်းကျန်းတဲ့အခန်းလေ… :mrgreen:

    • black chaw

      August 13, 2013 at 1:46 pm

      @ လုံမလေး မွန်မွန် ;
      ကျန်းမာရေးကို ဂရုစိုက်ပါ မွန်မလေး လုံလုံရေ…။
      ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးတဲ့ကွယ့်…။
      ဝမ်းမပျက်စေနဲ့နော့်…။
      ဒီရာသီက အထက်လှန့်အောက်လျှော တွေဖြစ်တတ်တယ်ကွယ်…။
      အန်စာတွေ မစားမိစေနဲ့…။
      (မှတ်ချက်….။ ။ အန်စာ = အော့စေအန်စေတတ်သော အစားအစာ)
      :mrgreen:

      • မဟာရာဇာ အံစာတုံး

        August 13, 2013 at 1:57 pm

        ဟိတ်လူဂျီးး
        ခီညား ဘာပေါလိုက်ဒါလဲ …
        အဟမ်းး ဟမ်းး ဟမ်းး …
        :mrgreen:

        • Min Zarni

          August 13, 2013 at 2:00 pm

          အံစာတုံး ဆိုလို့ တခုသွား သတိရတယ်ဗျာ..
          ဘယ်သူရှိမလဲ ကျနော့် ညီတော်မောင် အူကြောင်ကြောင်ပေါ့…
          ငယ်တုန်းက အစ်မဝမ်းကွဲတယောက် စာသင်ပေးတော့ …
          သိပ် အပျင်းတစ်တဲ့ ဒင်းက စားပွဲပေါ်တွေ့တဲ့ အန်ဇာတုံး ကို ကောက်ငုံပီး
          ဆက်သင်ရင် မျိုချလိုက်မယ် အကြပ်ကိုင်ဖူးတာရယ်….
          ငိငိ ….
          လုံလုံလေး ရော ဘယ်တော့ မျိုချ.. အဲ့လေ..

          ဒချိ ..ဒချိ…

        • black chaw

          August 13, 2013 at 2:16 pm

          ညီလေး…ကိုယ့်အန်စာက နသတ်နဲ့ အန်တာ
          နင့် အံစာက သေးသေးတင်နဲ့ အံတာနော်…
          ဟုတ်လည်း မဟုတ်ပဲနဲ့..
          ဟုတ်လည်း မဟုတ်ပဲနဲ့..
          -:mrgreen:

  • kyeemite

    August 13, 2013 at 1:31 pm

    ဆောဒီးပါ ရဲဘော်ဘလက်ရေ..
    အခုတလောရုံးက ကွန်ကတော်တော်ညံ့လို့ကွန်မန့်နောက်ကျသွားတယ်ဗျ..
    ခီဗျားနဲ့လည်း စားရင်းသောက်ရင်းဆွေးနွေးငြင်းခုံချင်သေးသဗျာ…
    “တချို့ကျတော့ ယမကာလေးတစ်ကျိုက် အသားကင်လေးတစ်ကိုက် လုပ်မိလို့
    ဝမ်းပျက်တတ်တယ်ဆိုပြီး မဟာဖြေဆေးကြီး ဆောင်ထားတဲ့လူတွေကလည်း မရှား…။
    (ကိုမိုက် တို့လို ပုဂ္ဂိုလ်ကြီးတွေပေါ့ဗျာ…။)”
    မှတ်မှတ်ရရထည့်သတိရလို့ ဝမ်းသာပါသဗျာ….
    ကြုံလို့ပြောရရင် အဲဒီ“ဝုန်ဝမ်း”ဆိုတဲ့ရှမ်းဆေးကတော့
    ဗိုက်ရောဂါတွေအတွက်ကောင်းမှကောင်းဗျို့.. 🙂

    • black chaw

      August 13, 2013 at 1:51 pm

      @ kyeemite ;
      ဒီမှာ ကိုမိုက်…။
      ကွန်းမန့်ပေးတဲ့ နေရာမှာ
      စောတယ်နောက်ကျတယ် ဆိုတာမရှိဘူးဗျ…။
      မဟာဖြေဆေးကြီးကတော့ ကျွန်တော်လည်း
      သွားလေရာ ယူသွားနေရတာဆိုတော့
      မှတ်မှတ်ရရ ကြော်ငြာထိုးပေးလိုက်တာပါဗျာ…။
      ဘာပဲဖြစ်ဖြစ်
      နောက်ကျနေတဲ့ ကွန်းမန့်လေးအတွက်
      ကျေးဇူး အထူးပါဗျာ…။
      :mrgreen:
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • cobra

    August 13, 2013 at 7:40 pm

    သားကတော့ ဒီတိုင်းပါချလိုက်တာပဲ…..
    အားးးး
    ပြောရင်းနဲ့တောင်ထွက်ကုန်ပီထင်တယ်။

Leave a Reply