မိန်းမတို့၏ ညို့ချက် (8)ချက်

zaylayJuly 27, 20101min21115

1. တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် “သိတံ” လို့ ခေါ်တယ်။

2. တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်နှစ် “ဟာသ” လို့ခေါ်တယ်။

3. တစ်ချို့မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရှေ့ရောက်ရင် ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး “ဘယ”တဲ့။

4. တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်လေး “လဇ္ဇ” လို့ခေါ်တယ်။

5. တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက်နံပါတ်ငါး “မန္ဓဝါစာ” လို့ခေါ်တယ်။

6. မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် “အဒေက္ခဏာ”တဲ့။

7. မျက်ရည်ကျပြတာက ခုနှစ် “ရုဒါ”တဲ့။

8. မခံချင်အောင် စကားနာထိုးတာက ရှစ် “ဤကံကလဟ”လို့ ခေါ်တယ်။

ဘယ်ပညာရှိ သေချာလေ့လာထားလဲတော့မသိဘူး။ စိတ်ဝင်စားလို့ တင်လိုက်တာ ။
(တာရာမင်းဝေ) ထဲကပါ။

လွတ်အောင်တော့ ရှောင်ကြတော့ သူငယ်ချင်းတို့ရေ့

15 comments

  • manawphyulay

    July 27, 2010 at 3:35 am

    ဒီ ၈ ချက်ထဲမှာ မပါတဲ့ မိန်းကလေးကိုရော ဘယ်လိုပြောလို့ရလဲဟင်…..

  • ghost

    July 27, 2010 at 4:53 am

    ဘယ် လိုရှောင် ရ မလဲ ပြောပေးပါလား ?

  • mi mi

    July 27, 2010 at 6:31 am

    အဲဒီ(8)ချက်ထဲဘယ်ကမလဲ။

  • Yin Nyine Nway

    July 27, 2010 at 8:44 am

    နောက်ထပ်လည်းရှိမှာပေါ့

  • Yan Shin

    July 11, 2011 at 9:18 pm

    zaylay ရေ ကျေးဇူးတင်တယ်။

    ဒါပေမဲ့ ဆေးကမမှီတော့ပါဘူး……………..
    မောင်ကြီးလက်လျှော့လိုက်ပါတော့မယ်၊

    သူတို့က စစ်ကြေငြာနေပြီလေ
    အဲဒီလောက်မကပါဘူးတဲ့..

    ကဲကဲ မမတို့ရေ
    သဘော… သဘော……..

  • unclegyi1974

    July 11, 2011 at 10:33 pm

    မာယာလေးဆယ်တဲ့
    ဇေလေးရေးတာရှစ်ချက်ထဲ
    အများကြီးကျန်သေးတယ်
    ထပ်ရေးအုန်း

  • မင်းပြည့်ရှိန်

    July 11, 2011 at 11:03 pm

    ရှောင်နေတဲ့ ကြားက
    တည့်တည့်ကို တိုး…………..

  • chitpyae

    July 12, 2011 at 7:22 am

    ပိုးဖလံ မျိုး မီးကိုတိုးတဲ့ … ကိုကိုယောကျင်္ားတို့ရေ … ဟိဟိ 🙂

    • pan pan

      July 12, 2011 at 11:02 am

      အေးလေ
      ဒါလေးတွေပဲ ကြိုက်နေကြပြီးတော့

  • king

    July 12, 2011 at 11:02 am

    တစ်ယောက်တစ်မျိုး အလှတိုးနေတဲ့ကြားထဲက
    ညို့ချက်မာယာ သဲကိုးဖြာပါ ပေါင်းလိုက်ရင်
    ဝဋ်ရှိရင်လည်း ဒီဘဝမှာတင်ကျေပါစေတော့လို့ …….
    ကျွန်တော်မျိုးကြီး မောင် KING ……………………………………………….

  • photwenty

    July 12, 2011 at 11:41 am

    ယောကျင်္ားကောင်းတော. မောင်းမတစ်ထောင်တဲ.
    လာစမ်းပါဗျာ အဲ.ဒီ ၈ ချက်လုံးပါတဲ.မိန်းခလေး တွေ ဟားဟားငှဲငှဲ

    • etone

      July 12, 2011 at 1:53 pm

      အဲ.ဒီ ၈ ချက်လုံးပါတဲ.မိန်းခလေး တွေ အပြင် လေးလုံးရောဂါလေးပါ တွဲပါလာလိမ့်မယ် .. စိတ်ချ ။ 😀

  • naywoonni

    July 12, 2011 at 9:10 pm

    ကောင်မလေးတစ်ယောက် စကပ်တိုတိုလေးနဲ့ လ္ဘက်ရည်ဆိုင်က ခွေးခြေလေး ပေါ်ထိုင်နေတာ ဟိုကြည့်ဒီကြည့်နဲ့ အစကတော့ ဒူးနှစ်ဘက်ကိုစေ့ထားတာပဲ ခဏနေတော့ သူနဲ့ရှိတ် တိတ်တိတ် ဖြစ်နေတဲ့ ကောင်လေးရောက်လာတော့ ဒူး ကိုဆတ်ကနဲ ကားထိုင်လိုက်တယ်…။ ကောင်လေးက သတိထားမိသွားတော့ ဒူးလေးပြန်စိထားလိုက်တယ်..။ အဲဒါကျတော့ ပါဠိလို ဘယ်လိုပြောမလဲ? မြန်မာပြည်သိန်းတန် ကတော့” ရွှေ ပုဒုန်မာ ကြာအချပ်ကို လေ အဟုန် လာလှပ်သလိုဖြစ်မည်..။ “တဲ့ ……..

  • nature

    July 12, 2011 at 11:00 pm

    သီပေါမင်း ဘာဖြစ်လို့ လေးလုံးရောဂါ မဖြစ်တာလဲ။

  • cum min

    July 10, 2012 at 4:32 pm

    8ချက်ထဲလား..16ချက်လောက်ချက်သင့်တယ်..

Leave a Reply