ဆာမိမှသဂျီး …..ဆာမိမှသဂျီး ….. ဆာမိအသံဘယ်လောက်ကြားလဲ ဒါဘဲ …..

အထက်ပါအတိုင်း မောင်ဆာမိတစ်ယောက် နိုဆီခွက်ကိုကြိုးတပ်၍အော်နေလေသည် ။
ဗုဒ္ဓေါ – – – မောင်ဆာမိများ နေပူပူနှင့်ရူးသွားပြီလား ???? မဖြစ်နိုင်ပါ …. မနက်ပိုင်းကပဲ လှည်းတန်းဂုံးအောက်
က သူတောင်းစားအတုတွေကိုအင်တာဗျူးနေတာတွေ့ လိုက်ရသေးသည် ။
ဒါဆိုရင် အရေးတကြီးအကြောင်းရှိပြီထင့် ……

ဘယ်နှယ်ဗျာ … အွန်လိုင်းကနေဂဇက်ရွာသဂျီးကို ပြောရင်ရပါလျက်နဲ့ ခေတ်နောကါပြန်ဆွဲပြီး ဝိုင်ယာလက်နဲ့ပြောရတဟ်လို့  …. လက်ထဲမှာလည်းကြည့် ပါဦး .. ခုနှစ်အို ရှစ်အို ဟာဝေး ဖုန်းအစုတ်ကြီးနဲ့ 
ကဲ ကဲ အကြောင်းအကျိုးလေးသိရအောင် သွားမေးကြည့် လိုက်ဦးမယ်ဗျို့ ….

” အော် ….ကျုပ်ဘာဖြစ်နေလည်းသိလားးးးး မရူးဘူးဗျ မရူးဘူး !! ဂဇက်ရွာကိုဘယ်လိုမှဆက်သွယ်မရလို့ 
ဒီမှာ ခင်ဗျားတို့ လည်းသိသားနဲ့ဗျာ .. ကျုပ်အပါအဝင် ရွာသူားတွေ ဂဇက်ကိုဘယ်လောက်ချစ်သလဲဆိုတာ
လင်ပစ် သားပစ် မယားပစ် ဂဇက်ကိုချစ်တာဗျို့  … ခုတော့ ကြည့် လေ ကျုပ်တို့ ရွာကို
ဝင်မရ ထွက်မရနဲ့ ဘယ်လောက် ဂွကျသလည်းဆိုတာ …….
ဒါပေမယ့်  ကျုပ်တို့ က လက်မလျော့ဘူးဗျ … ရွာထဲကိုမရောက်ရောက်အောင်ဝင်တာ
ကဲ ခင်ဗျားပဲစဉ်းစားကြည့် 
Home page ကိုဒေါင်းရင် ၁၀ မိနစ်ကြာတယ်
ပို့ စ် တစ်ပုဒ်ရွေးပြီး ဒေါင်းရင် ၁၅မိနစ် ကြာတယ်
စာဖတ်ချိန်က ပရိတ်ရွတ်သလိုအမြန်ဖတ် … အနဲဆုံး ၅ မိနစ်ကြာတယ်
ကော်မန့် ရေးချိန် စဉ်းစားချိန် …. အနဲဆုံး ၁၀ မိနစ် ကြာမယ်
ပြီးတော့  ကော့်မန့် ကို တင် လိုက်တဲ့အခါ …. ၁၅ မနစ်ကြာတယ် …
ကဲ တွက်ကြည့် ဗျာ … တစ်မိနစ်ကိုလေးကျပ်နဲ့သုံးနေရတဲ့ ကျုပ်တို့မှာ ပ်ု့ စ်တစ်ပုဒ်ကို ဘယ်လောက်
အကုန်အကျခံပြီးဖတ်သလဲဆိုတာ ….. အနဲဆုံး ၁၆၀ ကျပ်ကျတယ်ဗျ
အဲ အဲ တစ်နေ့ ကို ၁၅ ပုဒ်လောက်ဖတ်ပြီး ကော်မန့် ရေးရင်တော့  ၂၄၀၀ ကျပ်အသာလေးဗျ
အင်းးးး တစ်လဆိုတော့  ၇၀၀၀၀ ကျော်ပေါ့ဗျာ ။ အဲဒီလောက်ကို ရွာကို ချစ်ကြတာဗျို့ 
၇၀၀၀၀ ကျော်ဆိုတာ မနဲဘူးနော ….. ဒါပေမယ့် ကျုပ်တို့ မငြိုငြင်ပါဘူးဗျာ
တစ်ခုတော့ ရှိတယ် စားစရိတ် သုံးစရိတ်လေးတော့ ချွေတာရတော့ မှာပေါ့လေ….ကျုပ်ဒီမနက်ကစပြီး
လက်ဘက်ရည်ဖြတ် လိုက်ပြီဗျို့  ။နောက်နေ့  ဆေးလိပ်ဖြတ်မယ် …. နေ့ လည်စာ အဆာပြေ မုန့် ထွက်စားတာ
လျော့လိုက်မယ် …. ဒါဆိုရင် တစ်နေ့  ၁၀၀၀ ကျော်လောက်တော့  သက်သာသွားမယ်ဗျိဲ့ 
ညနေ ရုံးဆင်းရင်လည်း ကားကျပ်မယ့် အတူတူ လမ်းလျောက်ပြန်မယ်ဗျာ ဒါဆို ဂဇက်ရွာ စားရိတ်ရလောက်ပြီ
ပေါ့နော ….. အဲဒီ လိုကို ချစ်ကြတာဗျို့  ……
အခုလည်း …..မြန်မာပြည်ကွန်နက်ရှင်ကလည်းကျ …. ရွားကိုလည်းဝင်မရ ….ဝင်ရပြန်တော့ လည်း
ဓါတ်ပုံတွေမမြင်ရ …. ဒါကြောင့် ရွာသဂျီးဦးခိုင်ကိုအကြောင်းကြားမလို့ ဗျို့  …….. ကဲ ကဲ အချိန်ရှိတုန်းလေး …

ဆာမိမှသဂျီး …. ဆာမိမှသဂျီး .. ဆာမိအသံဘယ်လောက်ကြားလဲ ဒါဘဲ….
…..ဆာမိမှသဂျီး ….ဆာမိမှသဂျီး …ဆာမိအသံကြားရင် အကြောင်းပြန် ..ဒါဘဲ ……

လေးစားလျက်
မောင်ဆာမိ

About မောင်ရိုး

surmi has written 112 post in this Website..