သို ့/ဂဇက်ရွာ ….. မှ/မောင်ဆာမိ …

ဆာမိမှသဂျီး …..ဆာမိမှသဂျီး ….. ဆာမိအသံဘယ်လောက်ကြားလဲ ဒါဘဲ …..

အထက်ပါအတိုင်း မောင်ဆာမိတစ်ယောက် နိုဆီခွက်ကိုကြိုးတပ်၍အော်နေလေသည် ။
ဗုဒ္ဓေါ – – – မောင်ဆာမိများ နေပူပူနှင့်ရူးသွားပြီလား ???? မဖြစ်နိုင်ပါ …. မနက်ပိုင်းကပဲ လှည်းတန်းဂုံးအောက်
က သူတောင်းစားအတုတွေကိုအင်တာဗျူးနေတာတွေ ့လိုက်ရသေးသည် ။
ဒါဆိုရင် အရေးတကြီးအကြောင်းရှိပြီထင့် ……

ဘယ်နှယ်ဗျာ … အွန်လိုင်းကနေဂဇက်ရွာသဂျီးကို ပြောရင်ရပါလျက်နဲ့ ခေတ်နောကါပြန်ဆွဲပြီး ဝိုင်ယာလက်နဲ့ပြောရတဟ်လို ့ …. လက်ထဲမှာလည်းကြည် ့ပါဦး .. ခုနှစ်အို ရှစ်အို ဟာဝေး ဖုန်းအစုတ်ကြီးနဲ ့
ကဲ ကဲ အကြောင်းအကျိုးလေးသိရအောင် သွားမေးကြည် ့လိုက်ဦးမယ်ဗျို ့….

” အော် ….ကျုပ်ဘာဖြစ်နေလည်းသိလား းးးး မရူးဘူးဗျ မရူးဘူး !! ဂဇက်ရွာကိုဘယ်လိုမှဆက်သွယ်မရလို ့
ဒီမှာ ခင်ဗျားတို ့လည်းသိသားနဲ့ဗျာ .. ကျုပ်အပါအဝင် ရွာသူားတွေ ဂဇက်ကိုဘယ်လောက်ချစ်သလဲဆိုတာ
လင်ပစ် သားပစ် မယားပစ် ဂဇက်ကိုချစ်တာဗျို ့ … ခုတော ့ကြည် ့လေ ကျုပ်တို ့ရွာကို
ဝင်မရ ထွက်မရနဲ့ ဘယ်လောက် ဂွကျသလည်းဆိုတာ …….
ဒါပေမယ် ့ ကျုပ်တို ့က လက်မလျော့ဘူးဗျ … ရွာထဲကိုမရောက်ရောက်အောင်ဝင်တာ
ကဲ ခင်ဗျားပဲစဉ်းစားကြည် ့
Home page ကိုဒေါင်းရင် ၁ဝ မိနစ်ကြာတယ်
ပို ့စ် တစ်ပုဒ်ရွေးပြီး ဒေါင်းရင် ၁၅မိနစ် ကြာတယ်
စာဖတ်ချိန်က ပရိတ်ရွတ်သလိုအမြန်ဖတ် … အနဲဆုံး ၅ မိနစ်ကြာတယ်
ကော်မန် ့ရေးချိန် စဉ်းစားချိန် …. အနဲဆုံး ၁ဝ မိနစ် ကြာမယ်
ပြီးတော ့ ကော့်မန် ့ကို တင် လိုက်တဲ့အခါ …. ၁၅ မနစ်ကြာတယ် …
ကဲ တွက်ကြည် ့ဗျာ … တစ်မိနစ်ကိုလေးကျပ်နဲ့သုံးနေရတဲ့ ကျုပ်တို့မှာ ပ်ု ့စ်တစ်ပုဒ်ကို ဘယ်လောက်
အကုန်အကျခံပြီးဖတ်သလဲဆိုတာ ….. အနဲဆုံး ၁၆ဝ ကျပ်ကျတယ်ဗျ
အဲ အဲ တစ်နေ ့ကို ၁၅ ပုဒ်လောက်ဖတ်ပြီး ကော်မန့် ့ရေးရင်တော ့ ၂၄၀ဝ ကျပ်အသာလေးဗျ
အင်းးးး တစ်လဆိုတော ့ ၇၀၀၀ဝ ကျော်ပေါ့ဗျာ ။ အဲဒီလောက်ကို ရွာကို ချစ်ကြတာဗျို ့
၇၀၀၀ဝ ကျော်ဆိုတာ မနဲဘူးနော ….. ဒါပေမယ့် ကျုပ်တို ့မငြိုငြင်ပါဘူးဗျာ
တစ်ခုတော ့ရှိတယ် စားစရိတ် သုံးစရိတ်လေးတော ့ချွေတာရတော ့မှာပေါ့လေ….ကျုပ်ဒီမနက်ကစပြီး
လက်ဘက်ရည်ဖြတ် လိုက်ပြီဗျို ့ ။နောက်နေ ့ ဆေးလိပ်ဖြတ်မယ် …. နေ ့လည်စာ အဆာပြေ မုန် ့ထွက်စားတာ
လျော့လိုက်မယ် …. ဒါဆိုရင် တစ်နေ ့ ၁၀၀ဝ ကျော်လောက်တော ့ သက်သာသွားမယ်ဗျိဲ ့
ညနေ ရုံးဆင်းရင်လည်း ကားကျပ်မယ့် အတူတူ လမ်းလျောက်ပြန်မယ်ဗျာ ဒါဆို ဂဇက်ရွာ စားရိတ်ရလောက်ပြီ
ပေါ့နော ….. အဲဒီ လိုကို ချစ်ကြတာဗျို ့ ……
အခုလည်း …..မြန်မာပြည်ကွန်နက်ရှင်ကလည်းကျ …. ရွားကိုလည်းဝင်မရ ….ဝင်ရပြန်တော ့လည်း
ဓါတ်ပုံတွေမမြင်ရ …. ဒါကြောင့် ရွာသဂျီးဦးခိုင်ကိုအကြောင်းကြားမလို ့ဗျို ့ …….. ကဲ ကဲ အချိန်ရှိတုန်းလေး …

ဆာမိမှသဂျီး …. ဆာမိမှသဂျီး .. ဆာမိအသံဘယ်လောက်ကြားလဲ ဒါဘဲ….
…..ဆာမိမှသဂျီး ….ဆာမိမှသဂျီး …ဆာမိအသံကြားရင် အကြောင်းပြန် ..ဒါဘဲ ……

လေးစားလျက်
မောင်ဆာမိ

23 comments

  • ဦး ကျောက်ခဲ

    May 4, 2013 at 3:13 pm

    မောင်ကျောက်မှဆာမိ…. မောင်ကျောက်မှဆာမိ…
    အသံဘယ်လောက်ကြားလဲ အကြောင်းပြန်…
    မောင်ကျောက်မှဆာမိ… သဂျီး 75$ သုံးပြီး ဆာဗာ ပါဖောမန့်တက်အောင် လုပ်ထားတယ်…
    ရထားဖြစ်လား…ရထားဖြစ်လား… မဖြစ်ရင် ဆာမိပိုက်ဆံ ၇၀၀၀ဝ သဂျီးကိုပို့လိုက်ပါ…
    ၁ဝယောက်စာလောက်ရရင် ကိုဘေးနွားကင်နဲ့ ဘီယာဆွဲလို့ရပြီ…
    ဟီး ဟီး ဖွကြည့်တာပါ ကိုရင်ဆာ…
    :harr:

  • ဟက်လို တက်စတင် .. ဟက်လို တက်စတင် ..
    တက်စတင် .. တက်စတင် …
    တစ်ကြော့ပြန် တက်စတင် … တက်စတင် …
    ပေါ်လိုက် ပျောက်လိုက် … တက်စတင် …
    ဥဆာ … ကျားလား .. ဆင်လား ..
    ဆင်လား .. ကျားလား …
    ရထားမှ အကျောင်းပြန်ဒယ် ..
    သဂျီးက တခူးခူး အိပ်နေဒုန်း ဒဲ့ … ဟက်ရို .. ကျားလား .. ဆင်လား …

  • ခင်ခ

    May 4, 2013 at 3:28 pm

    ( ဆာမိမှသဂျီး …. ဆာမိမှသဂျီး .. ဆာမိအသံဘယ်လောက်ကြားလဲ ဒါဘဲ….
    …..ဆာမိမှသဂျီး ….ဆာမိမှသဂျီး …ဆာမိအသံကြားရင် အကြောင်းပြန် ..ဒါဘဲ ……)
    ခင်ခမှဆာမိ ခင်ခမှဆာမီ ကျားလား ခြင်္သေလား…….. ကျားဆိုအကြောင်းပြန်….. ပြေးမလို့… (အဲ ဟုတ်ပါဘူး၊ အသံစမ်းရင်းဘာတွေပြောမိပ) ကိုဆာမိ… ကိုဆာမိ…. ကြားလား……. ကိုဆာမိ… ကိုဆာမိ…. ကြားလား……ကိုဆာမိ… ကိုဆာမိ…. ကြားလား (ဟင် ဘာမှန်းလည်းသိဘူး ခေါ်မကြား အော်မကြားနဲ့ ဒီက သဂျီးအိပ်နေတယ် ဆိုတာပြော မလို့ကို… တော်ပြီပြောတော့ဘူး)

  • ကထူးဆန်း

    May 4, 2013 at 3:52 pm

    ကျွန်တော်က တော့ ပုံမှန်ဘဲဗျ .. အဲ ရွာစာမျက်နှာ မတက်ရင် တစ်ခြားဟာတွေလည်း မတက်ဖြစ်သမို့ red link , MPT ကလော်တုတ်ချင်စိတ် သာ ဖြစ်မိပြီး ရွာဝင်ခက်တယ် ဆိုတာ သတိမထားမိဘူးရယ်..

  • MaMa

    May 4, 2013 at 4:11 pm

    ရထားဖြစ်လား ကိုဆာမိ။
    :harr:

    • နေဝန်းနီ

      May 4, 2013 at 9:32 pm

      ရထားလား ရထားလား မလုပ်ကြပါနဲ့ ရထားတွေ အချိန်မမှန်ရင် ကားနဲ့သာလာခဲ့ကြပါ…..။ အဲဒါက တပ်သုံးဆက်သွယ်ရေး စကားဗျ…။ ဘယ်နဲ့ ခင်ဗျားတို့ဆီရောက်သွားရသလဲ….။
      က= ကမာ
      ခ= ခရု
      ဂ= ဂီတာ
      င= ငါးရံ
      စ= စပယ်
      ဆ= ဆရာ
      ဇ= ဇရပ်
      ည=
      တ= တယော
      ထ= ထန်းသီး
      န= နီလာ
      ပ =ပုလဲ
      ဖ= ဖရုံ
      ဗ= ဗေဒါ
      ဘ=
      မ= မာလာ
      ယ= ယုန်လေး
      ရ= ရထား
      လ= လင်းယုန်
      ၀= ဝက်ကြီး
      သ= သူဇာ
      ဟ=
      အ= အာလူး

      ဘာမှမပါတာက မေ့သွားလို့

      • KZ

        May 6, 2013 at 12:26 pm

        အဲလာ ဆို ဂလိုအော်လို့ရလား။
        ဦးဆာက သူကြီးကို အော်တာဆိုတော့…..
        ဆရာက ခရု၊
        ဆရာက ခရု။
        သုပ်စားမလား။ ပြုတ်စားမလား၊ အစိမ်းစားမလား။
        :harr:

  • ရွှေ ကြည်

    May 4, 2013 at 4:26 pm

    ဟလို ဟလို ရွှေကြည်မှ ဆာမိ ရွှေကြည်မှ ဆာမိ
    ကြားရင်အကြောင်းပြန် အကြောင်းပြန်မှ ကျန်တာဆက်ပြောမယ် ဒီနေ့တော့ ဂလောက်ပဲ :harr:

  • မယ်ဘုတ်

    May 4, 2013 at 4:31 pm

    အရမ်းအရမ်းမအော်ကြပါနဲ့ …
    တော်ကြာ သဂျီး နိုးတွားလို့ …
    ဘီယာနဲ့ မြည်းဘို့ ကျားတွေ ဆင်တွေ ဖမ်းခိုင်းနေမှဖြင့် .. :kwi:

  • kai

    May 4, 2013 at 5:17 pm

    အခု၃နာရီ၄၅…
    နိုးဖို့နေနေသာသာ.. အိပ်ကိုအိပ်သေးတာ…
    ခုနတင် Denny’s ဆိုင်မှာကော်ဖီသွားသောက်ပြီး.. ပြန်လာတယ်..
    ကွိ…

  • Mr. MarGa

    May 4, 2013 at 6:28 pm

    သို့ ဦးဆာမိ
    မှ သိကြားမင်း
    ကျားသလား ကျားသလား
    မကျားရင် မကျားဘူးပြန်ပြောပါ
    ဒီဘက်မှာ လိုင်းတွေ ကျပ်နေတယ် ဒီဘက်မှာ လိုင်းတွေ ကျပ်နေတယ်
    ကျားလား ကျားလား ရထားလား ကားလား
    သဂျီးက ရွာချဲ့နေတယ် သဂျီးက ရွာချဲ့နေတယ်
    ကားလား ကျားလား ငါးလား ဖားလား
    ပြောလို့ ပြီးပြီ ပြောလို့ ပြီးပြီ
    ရထားဖြစ်လား ဖားဖြစ်လား
    ဟလို ဟလို ဟလို
    တီ တီ တီ
    လိုင်းကျသွားပဟ :kwi:

  • မောင် ပေ

    May 4, 2013 at 6:49 pm

    မှန်လိုက်လေ ကိုဒဿဆာမိရာ
    အခုရက်ပိုင်းတွင်း ၊ မန်းတလေးမှာတော့ ၅ရက်ကျော်လောက်ရှိပြီ
    စုတ်လိုက်တဲ့ ကွန်နက်ရှင်း
    ရွာထဲဝင်ရဖို ့အရေး တော်တော်ထိုင်စောင့်ရတာနဲ ့ပဲ
    ကွန်မင့်ပေးဖို ့စိတ်မရှည်တော့တာနဲ ့
    ဆင်းရဲသမလေးတွေ လေ့လာပြီး
    ပြန်ပြန်နေရတာကလား
    :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 5, 2013 at 2:58 am

    မပူဂျဘါနဲ့
    လက်ရှိအခြနေမှာ သဂျီးမင်း အနီးငယ်အလုပ်ရှုပ်နေဘါဒယ် အကြောင်းကတော့
    ဂေဇက် အတွက် ဲဂြိုလ်တုတစ်လုံး လွှတ်တင်ဘို့ ရေနံဆီတွေ စုစောင်းနေပါတယ်
    ဂြိုလ်တုကြီး လွှတ်တင်ပြီးရင် ေ၈ဇက် မန်ဘါများအားလုံးအတွက် သီးသန့် ကော်နရှင်လိုင်းတွေ
    ရရှိမှာဖြစ်ဘါဒယ်
    အရေးကြီးတာက မိမိတို့ ပတ်စ်ဝါ့များကို မှတ်မိဘို့နဲ့ နေ့စဉ် ကော်မန့်တစ်ခု တစ်ဆယ်နှုံးကို
    မှန်မှန်လါယူဂျဘို့ဘါ :mrgreen:

  • အလင်းဆက်

    May 5, 2013 at 9:31 am

    သဂျီး ကျားဒါ မကျားဒါ နောက်ထား
    အလက်ဆင်း တို့တော့ ကြား တယ်
    အလန့်တကြားကို ကြားဒယ်

    ဟုတ်လိုက်လေ လို ့ထ အော်မိတယ်
    ဂဇက် ရွာကို အက်ဒလောက် ချစ်နေကြတဲ့ အထဲ ကိုယ်လည်း
    ပါနေတာကိုပဲ ကြံဖန် ဂုဏ်ယူ နေတယ်
    🙂

  • ဦးကြောင်ကြီး

    May 5, 2013 at 9:43 am

    ဘဝဟောင်းက အကြွေး သဂျီးဆီ ဆပ်နေရတာ ကြံဖန် ဂုံယူနေကြဒယ်… အံ့ရော အံ့ရော..

  • တိမ်မည်း

    May 5, 2013 at 12:33 pm

    သို ့ ဆာမိမှ တိမ်မည်း… ဆာမိမှ တိမ်မည်း…..
    Channel 7 Channe 7 ပြောင်းခဲ့ပါ……
    အသံကောင်းလား…. အသံကောင်းလား….
    ကောင်းရင် အကြောင်းပြန်…. :kwi:

    ထို ့သို ့ မိနစ်အလိုက် ကောက်တဲ့ ကိစ္စ ကို လက်မခံနိုင်လို ့…….
    Data Base Package Plan ကို ထောက်ခံနေရတာပေါ့ဂျာ……
    သို ့ပေသိ ပြည်သူတွေက လက်မခံဖူးဆိုတော့ ဘယ်တက်နိုင်မလဲ…..

    စကားမစပ် တခြားနိုင်ငံတွေမှာ ဖုန်းတောင် လစဉ် သုံးသုံး မသုံးသုံးဖြတ်ပ….
    ကျုပ်တို ့ နိုင်ငံမှာတော့ ၁၅၀ဝ ဖုန်းပေး ၂၅၀ဝ လစဉ်ဖြတ်တာကို များလို ့ဆိုပီး အော်နေလေရဲ့…..
    ကျုပ်အမြင်တော့ MPT ရဲ့ လစဉ် ကောက်ခံစရိတ်ပုံစံတွေပြောင်းလိုက်ရင်ဖြင့် ပိုပီး အဆင်ပြေမလားလို ့ပါ…..

    လူတွေက တထစ်ရှိ နိုင်ငံခြားနဲ ့ နှီုင်းနှိုင်းပြောတယ်….
    အစိုးရကလည်း တက်နိုင်သလောက် နိုင်ငံခြားလို လုပ်တော့ ပေးရှာသား…..
    ဒါပေသိ တချို ့ဟာလေးတွေတော့ ဖြစ်သင့်တဲ့အတိုင်းမဖြစ်ဖူးပေါ့ဗျာ…..
    ဥပမာ ဖုန်းခေါ်ဆိုခပေါ့…..
    ဖုန်းကော အင်တာနက်ပါ Subscription Package လို ပြောင်းလိုက်ရင်ဖြင့်…..
    အခြေခံလူတန်းစားအတွက်လည်း အဆင်ပြေ… ထိပ်တန်း ဘောစိတွေဆီကလည်း ပိုက်ဆံပိုရ… သူတို ့က သုံးသုံး မသုံးသုံး အမြင့်ဆုံး Package ပဲ သုံးချင်သကိုး… အာဟိ :kwi:
    MPT လည်း လစဉ်ပုံမှန်ဝင်ငွေရ…… Plan အတိုင်းမသွားလို ့ ပိုသုံးရင် ဖိုင်းကြေးလေးကလည်းရသေး….
    တွေးကြည့်တာပါဂျာ……..

    သို ့…. ဆာမိမှ တိမ်မည်း… ဆာမိမှတိမ်မည်း….
    ကြားလား… ကြားလား…..
    Out…… :harr:

    ခင်လျက်
    တိမ်မည်း (ခေတ္တ လူ ့ပြည်)

  • ညစဉ် ကိုးနာရီကနေ 11နာရီ နဲ့11နာရီခွဲလောက်ထိ
    အင်တာနက်ဆိုင်မှာ လာရေး လာဓါတ်ပုံတင်ရတာကိုးဗျ။
    2010 ကနေ အခုထိပါဘဲ။
    ဈေးပေါပါတယ် တစ်နာရီမှာ လေးရာ။
    လျပ်စစ်မီး ကွန်ပြူတာ အရံသင့်။
    ဂိမ်းဆော့တဲ့ကလေးတွေဆူတာ ပူအိုက်တာနဲ့ ခြင်ကိုက်တာလေးဘဲပြောစရာရှိပါတယ်။
    ရွာထဲကို ဝင်ကတည်းက စာရေးပုံတင်
    အလုပ်ကို တာဝန်တစ်ခုလိုထားပြီး ပုံမှန်လုပ်လာခဲ့တာကြာပေါ့။
    အဲလိုလုပ်တဲ့ အတွက် ပိုစ်များများတင်နိုင်တယ်လို့တော့ သတ်မှတ်ခံရတာပေါ့။
    ဒါပေမယ့် အခုလို အရေအတွက်များများ တင်မိတဲ့အတွက် ဂုဏ်ပြုခံရတာလေးကိုတော့
    တစ်သက်လုံးမှတ်မိနေမယ်ဗျို့။
    ဘယ်လိုဂုဏ်ပြုခံရတယ်ဆိုတာကတော့ ရှက်လို့ပြောမပြတော့ပါဘူး။
    (များရင် တန်ဘိုးမဲ့တယ်လို့ သတ်မှတ်ကြတယ်လို့ဘဲခံယူပါတယ်)

  • Novy

    May 6, 2013 at 11:14 am

    နေနိုင်သူကြီးရေ…
    ကြားလား……..ကြားရင်အကြောင်းပြန်ဒါပဲ

    • kai

      May 6, 2013 at 2:18 pm

      မတွေ့တာကြာပေါ့နော…
      ခုတလော.. အဟောင်းကြီးတွေပြန်တွေ့ရတာ.. ဝမ်းသာသဗျာ..
      အသစ်တွေများလာတာလည်း.. ပျော်ပါသဗျ..
      ဆိုတော့..
      သူကြီးမှ ရွာသူားများ.. သူကြီးမှ ရွာသူားများ..
      ပျော်ပါသည်…။ ပျော်ပါသည်.. တူနယ်တယ်နယ်.. :harr:

  • kyeemite

    May 6, 2013 at 1:32 pm

    ကိုရင်ဆာမိ..ကျားရလား..ကိုရင်ဆာမိ..ကျားရလား..ကိုရင်ဆာမိ..ကျားရလား..
    ကျားရရင်..တရိစာ္ဆန်ရုံ သွားလှူပါ.. :harr:

  • etone

    May 6, 2013 at 2:31 pm

    လူရီးမင်းခေါ်ချိုဒေါ .. နို့ဆီခွက်မှာ … တဖက်ပိတ်ဖြစ်နေပါသဖြင့် .. ခေါ်ချိုရွှေ ့မရနိုင်ပါချင် … ။ :kwi:

  • GaviaGirl

    May 6, 2013 at 4:49 pm

    အူးဆာ..အူးဆာ… ဘာလုပ်နေတာလဲ…
    အာ..လုပ်မနေနဲ့… ရွာပြင်မှာ ဘွတူတွေ အများဂျီးဘဲ..
    လာခဲ့..ရွာပြင်မှာပဲ တစ်စင်ထောင်မယ်… ဒိန်း.တပ်..တပ်….. ဒိန်း..တပ်..တပ်… :kwi:

Leave a Reply