ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၀)

alinsettMay 4, 20131min1969

ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၉)

hospital

ဆေးရုံ

“သဘာဝတရားက ဖျားနာနေပြီ း လူသားက တုတ်ကွေးမိနေတာနဲ့ တူတယ် တဲ ့၊ ကမာ္ဘကျော် ပုဂ္ဂိုလ် ကြီးတွေ က ပြောကြတယ်”

“ဟင်..လူတွေနဲ့ သဘာဝတရားက ကုသခန်း တစ်ခု ထဲ မှာ အတူရောက်နေတာပေါ့၊ ဆက်ပြောစမ်း ပါအုံ း၊ တို ့ရဲ့ ဆေးရုံက ဘာလဲ”

( တာရာမင်းဝေ )

=============================================

သဘာဝတရားက ရိုးရိုးဖျားနာနေတာ မဟုတ်ပါဘူး ။

ခုခံအားကျဆင်းနေလို ့.. အဖျားအနာတွေ..ဝင်လာတာပါ ။

လူသားတွေရဲ ့…. မဆင်မခြင်….လုပ်ရပ် ( လုပ်ခဲ့တဲ ့ လုပ်ရပ်တွေ ) ကြောင့်….. ခုခံအားတွေ…ပြိုပြိုလဲလဲ… ကျဆင်းသွားရတာ…။

ဟောဒီ ကမ္ဘာမြေပေါ်က သဘာဝတရားကြီး…ရောဂါတွေ..ရသွားတာ…..။

———————-

လူတွေကလည်း….တုတ်ကွေး.မိ်နေတယ် ။

ဘာတုတ်ကွေးလည်း..ဆိုတော့…. လောဘ တုတ်ကွေးးးး

အလိုလောဘတွေ / ဆန္ဒလွန်ကဲမှုတွေ….ဆီကနေ ကူးစက်လာတဲ ့..တုတ်ကွေးပဲ..ပေါ့ ။

ကုသ ဖို ့တော့..ခက်နေပါပြီ ။

နှစ်ပေါင်းများစွာ…. လူသားနဲ ့ တသားတည်းကျနေပြီ…ဖြစ်တဲ ့…အဲဒီ ဆန္ဒလွန်ကဲမှုတွေ….

အဲဒီ…အလိုလောဘတွေ….

အဲဒီ မသိနားမလည်မှု တွေ….အခုမှ လူသားတွေနဲ ့..အဆက်ပြတ်သွားဖို့ဆိုတာက…..

အင်းးးးးး

မလွယ်ပါဘူးလေ ။

————————-

တစ်ခါတစ်ခါမှာ……

လိုအပ်နေလို့ပါ.ဆိုတဲ့အကြောင်းပြချက်နဲ့ သဘာဝတရားကြီးကို..ဖျက်ဆီးမိတယ် ။

တစ်ခါတစ်ခါမှာတော့…. မသိနားမလည်လိုက်လို ့ပါ…ဆိုတဲ ့….အကြောင်းပြချက်နဲ့ …..သဘာဝတရားကြီးကို..ဖျက်ဆီးမိတယ် ။

တစ်ခါတစ်ခါမှာတော့…. ဘယ်သူသေသေ ငတေမာရင်..ပြီးရောပေါ့..ဆိုတဲ ့ အကြောင်းပြချက်.နဲ ့သဘာဝတရားကြီးကို..ဖျက်ဆီးမိတယ် ။…

တစ်ခါတစ်ခါမှာတော့…. အိုဇုန်းလွှာပေါက်တာ ငါနဲ့ ဘာဆိုင်သတုန်း.ဆိုတဲ ့… ထော်လော်ကန့်လန့်အတွေးတွေနဲ ့ သဘာဝတရားကြီးကို..ဖျက်ဆီးမိတယ် ။

အကြောင်းပြချက် မျိုးစုံ ကြောင့်…..

ဒီ ကမ္ဘာကြိီးဟာ….နာမကျန်း..ဖြစ်လာပါပြီ ။

လူသားတို ့ရဲ ့…မှီတွယ်ရာ…. ဒီ မြေကမ္ဘာကိုက..ခုခံအားတွ ကျဆင်းလာတဲ့အခါ…….

လူသားတွေရဲ ့..ရပ်တည်မှုဟာလည်း..ယိုင်နဲ ့…လဲပြိုလုလု..ဖြစ်လာပါတော့တယ် ။

———————————–

အခုတော့..လူသားနဲ ့ ကမ္ဘာမြေကြီးတို ့ဟာ….. ဆေးဝါးကုသမှု ခံနေရပါပြီ ။

ဆေးကောင်းဝါးကောင်းတော့…သိပ်မရှိလှပါဘူး ။

နောင်တတွေရယ်…..

နှမြောတသ မှု တွေရယ်…

အနာဂတ်အတွက်…တွေးတော ပူပင်မှုတွေရယ်…..

အချိန်နှောင်းလုလုမှ သိလိုက်ရတဲ ့…သတိတရားနဲ ့…ထိန်းသိမ်းကာကွယ်မှု မဖြစ်စလောက်လေးတွေရယ်…..

ရောလို ့..မွှေ..လို ့…. ကုသမှု ပြုလုပ်နေကြပါပြီ ။

————————————-

ကမ္ဘာကြိီး ရဲ ့ အနာဂတ်ကို..လှမ်းမျှော်…ကြည့်လိုက်ပါ….။

ကြည့်သောသူ မြင်၏…ဆိုတဲ့အတိုင်း…..မြင်ရမှာက…..

မလှပမှုတွေ ရယ်…..

မသေချာမရေရာမှုတွေရယ်…..

ဆိုးဝါးတော့မယ့်..ဖောက်လွှဲဖောက်ပြန်မှုတွေရယ်….ကိုပဲ……. အကျည်းတန်စွာ… မြင်ရမှာပါပဲ.. ။

လှပသာယာတဲ့ ့အနာဂတ်တစ်ခုကို… တော့..ဖြစ်လာလိမ့်နိုး..နဲ ့..မျှော်လင့်ရုံပါပဲ ။

ဘယ်သူမှ….အာမ မခံတော့ဘူး ။

env;
—————————————

( လူတွေကြောင့်… ဆုံးရှုံး. ပျောက်ကွယ်သွားတဲ ့…. သက်ရှိသက်မဲ့ / သယံဇာတ တွေ / လှပ သာယာမှု တွေကို

နဂိုအတိုုင်း…ပြန်ဖြစ်လာဖို ့ဆိုတာ…. မဖြစ်နိုင်တော့တဲ ့ ကိစ္စ မဟုတ်လား ။ ဖြစ်နိုင်ပါတယ်..ဆိုရင်တောင်….

အခု သုံးစွဲနေတာတွေကို..ရပ်တန့်ပြီး.. ဖြုန်းတီးနေတာတေါကို..ရပ်တန့်ပြီး.. လုံးဝ မသုံးစွဲတော့ပဲ… ပြန် မွေးမြူ ယူရမယ် ။

နှစ်..သန်းပေါင်း ဘယ်လောက် စောင့်ယူရမလဲ… တွေးကြည့်ပါ ။ သန်းနဲ ့ချီတဲ ့နှစ်တွေ..ထ်ိ ပြန် လည်….ထိန်းသိမ်းပြီး ပြန်လည်..ပျိုးထောင်ရမှာ…။ )

—————————————-

သိပ်မချိုမြိန်တော့တဲ ့… ခါးသီးလုလု အမှန်တရားကို အသိထဲ..ထည့်ပြီး…

လူသားအဖြစ်..ရပ်တည်နေရတာ….

ပင်ပန်း လှပါတယ် ။

ဒါပေမယ့်.. သဘာဝတရားရဲ ့ ဆိုးရွားလာမှု အောက်မှာ ..လူသားတွေ.. ဘာမှ မတတ်နိုင်ဘဲ..လက်ပိုက်ကြည့်./ ဝမ်းနည်း..ခဲ့ရပါပြီ ။

ကမ္ဘာကြိီးရဲ ့ ကျန်းမာရေး မူလက အတိုင်း..ပြန်ကောင်းလာဖို ့ သိပ် မျှော်လင့်လို့မရတော့ဘူး ။

ဒါပေမယ့်.. မြန်မြန်ဆန်ဆန်ကြိီး…. ပျက်စီး..ယိုယွင်း မသွားဖို ့တော့… စောင့်ရှောက် ကာကွယ်..လို ့ရပါသေးတယ် ။

မြန်မြန် ဆန်ဆန်ကြီး..ပျက်စီ..မသွား ဖို ့... ။ ဒါပဲ..တတ်နိုင်မယ် ။

world
———————–

တစ်ဦးချင်းတစ်ယောက်ချင်းမှ သည်……..အများညီညာစွာ… ဝိုင်းဝန်း ထိန်းသိမ်းရမယ့်..တာဝန်… လူသားတွေမှာ.ရှိလာပါပြီ ။

သဘာဝတရားကြီးကို…အားနာတဲ့စိတ်ကလေးနဲ ့ပဲဖြစ်ဖြစ်ပေါ့ ။

ကမ္ဘာကြီး.မြန်မြန်ဆန်ဆန် ပျက်စီးမသွားအောင်….

ကိုယ့်အပြုအမှုတွေ..

ကိုယ့်လုပ်ရပ်တွေကြောင့်…. သဘာဝတရားကို ထိခိုက်နစ်နာမှု တွေ မဖြစ်အောင်……

ကိုယ်စီကိုယ်စီ…. ဆင်ခြင်ရတော့မယ်….။

————————–

ကိုယ့်လုပ်ရပ်ကလေးတစ်ခုကြောင့် သဘာဝတရားကြီးကို မထိုခိုက် / မနစ်နာစေဖို ့..ကိုယ့်လုပ်ရပ်ကလေးတွေကို (ကိုယ်စီ ) ဆင်ခြင် ထိန်းသိမ်းရင်းနဲ့ပဲ…..

ဒိ ကမ္ဘာမြေကြီး… ပြန်လည် သာယာလာနိုင်မှာပါ…လို ့… မျှော်လင့်ရမှာပါ ။

————————–

နောင်တတွေ…….

တွေးတော ပူပင်ကြောက်ရွံ ့မှု တွေနဲ ့…..

သွေးရူးသွေးတန်း.. ဖြစ်နေကြမယ့်..အစား…..

သာယာမှု တစ်ခုခု ဖြစ်လာနိုင်ကောင်းပါရဲ ့ဆိုတဲ ့မျှော်လင့်ချက်တွေထား….

အသက်ဆက်ရှင် /ရပ်တည်ရမှာက…. ပိုပြီး..နေပျော်မယ်…ထင်ပါရဲ ့ဗျာ….။

————————–

လေးစားစွာဖြင့်….

အလင်းဆက်

alinsett.art@gmail.com

9 comments

  • အလင်းဆက်

    May 4, 2013 at 8:18 pm

    ဟမ်းမလေး….
    မိုးယုစံလေး..ပါတဲ ့ကြော်ငြာလေးနဲ့ဆိုတော့…
    ကျနော့်ပိုစ့်လေး..က..စိုပြေသွားပြီ ။
    ကိုယ့် ပိုစ့်ကို ကိုယ် ခဏခဏ ဝင်ကြည့်ဖြစ်မယ် ။

    1 ။ ကွန်မန့်တွေ..ကြည့်ချင်လို ့
    2 ။ မိုးယုစံကို ကြည့်ချင်လို ့။

    ဟိဟိ

  • kai

    May 5, 2013 at 2:46 pm

    အိုဇုန်းပေါက်တာရော..ကမ္ဘာပူနွေးလာတာရော.. တာဝန်အရှိဆုံးက.. ယူအက်စ်နဲ့..အနောက်ဥရောပနိုင်ငံတွေပါ..
    သူတို့က.. ဒါတွေလုပ်ခဲ့ပြီး.. အရမ်းတိုးတက်ခဲ့ပြီလေ…
    လုပ်နေဆဲပါပဲ..။

    ခုကျမှ…
    အိုဇုန်းပေါက်သလေး.. သဘာဝတရားလေးနဲ့.. ငမွဲနိုင်ငံတွေကို.. ရိုက်သွင်းပြီး.. လာလာစနေတာ…
    အင်း..
    ရယ်စရာ… :kwi:

  • S@i S@i Fin K@i

    May 6, 2013 at 12:11 am

    Green wash
    ဟကိုးနဲ့ မှာဗျို့
    အော်. ရက်စက်မှုအပေါင်း. သရဖူဆောင်းကြလေတယ်.

    ပျံရောက်မှရေးပါအူးမယ်ဗျာ.

    ခင်တဲ့

  • အလင်းဆက်

    May 6, 2013 at 7:48 am

    :kwi:

    အကျိုး သက် ရောက်မှုတွေ က တော့
    လာပြီ
    အ ကြောင်း ရင် း ထံ တွေ ကို လိုက် ရှာ တော့လည်း. . . . .

    🙂

  • မကြည်ပြာ

    May 6, 2013 at 11:47 am

    သများတော့ အလုပ်ပြောင်းပြီး သစ်ပင်လှည့့်စိုက်တော့မယ်။ :kwi:

  • KZ

    May 6, 2013 at 12:13 pm

    သစ်ပင်စိုက်ရအောင်လည်း လက်ဆိတ်မရှိ။ စိုက်သမျှ သေတာ။။
    လေထုထဲ ဓာတု ဓာတ်ငွေ့လွှတ်တဲ့ တရားခံထဲ ပါရအောင်လည်း စက်ရုံသေးသေးလေးတောင် မပိုင်၊ ကားလေးတစ်စီးမှ မရှိ။
    အဟိ။ ရေမွှေးလေး တစ်နေ့ တစ်ရွှတ် ဆွတ်မိတာပဲ ရှိပါတယ်။။

    အွန်း။ လူတွေကို အန်ဒီရယ်ဖြစ်တဲ့ အလုပ်တွေ မလုပ်နိုင်အောင် တစ်နေ့စာ အလုပ်လုပ်ချိန်တွေ လျှော့ပစ်။
    အိပ်ချိန်တွေ အများကြီးတိုးလိုက်ရင် ရမ်းရမ်း ငြိမ်းချမ်းသွားမယ်။
    နာ လည်း ပျင်းတာနဲ့ အတော်ပဲ။
    :kwi:

  • အလင်းဆက်

    May 6, 2013 at 3:10 pm

    မကြည်ပြာ သစ်ပင် စိုက်တော့မယ် ဆိုတော့
    ဘာ ပင် တွေ စိုက်မလဲ
    သိချင် လိုက် ထှာ
    ကြက်ဆူ ပင် တွေ တော့ မ စိုက်ဘူး ဟုတ်

    :kwi:

  • အလင်းဆက်

    May 6, 2013 at 3:32 pm

    မမခိုင် ဇာကြီး နဲ့
    ဘွ က တူတာပါပဲအေ
    ရေ မွှေးတောင် များများ မစွတ် ဖြစ်ပါဘူး ရယ်

    အိပ်ချိန်တွေ ပို ယူပစ်ချင်တ တာနဲ့
    ပျင်းတာနဲ့ကလည်း
    တူတာပါပဲအေ

    :kwi:

Leave a Reply