ခေါင်းဆောင်ကောင်းဆိုတာ?

– လူမျိုးတူ….ဘာသာတူ….ဒေသတူ စသည့် စသည်….တူတဲ့အရာတွေ…တူတဲ့လူတွေ အင်အားများလို့ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နေနိုင်ကြတာကိုကြည့်ပြီး ဒီဆောင်းခေါင်က တကယ်တော်တာဘဲ…ခေါင်းဆောင်ကောင်းပီသတယ်အဲလို ပြောလို့မရဘူး….တကယ်တော်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ လူမျိုးမတူ….ဘာသာမတူ…ဒေသမတူတဲ့ လူတွေအချင်းချင်း အတူတကွနေနိုင်အောင် ဦးဆောင်နိုင်မှ ခေါင်းဆောင်ကောင်းပီသတယ်…

တခုခုတော့မှားနေပြီထင်တယ်?..
– လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတခုကို ကာကွယ်နိုင်တဲ့ဆေးဝါးမှန်တယ်ဆိုရင် လူသားလောက ရောဂါဘယကင်းဝေးအောင် အဲဒီဆေးဝါကို ကမ္ဘာလူသားတွေဆီ အရောက်ပို့ရမယ်…ထို့အတူ…..မှန်ကန်တဲ့ သဘောတရားတခုဟာ ဘာဖြစ်လို့ အစွမ်းကုန်ကာကွယ်နေရမှာလဲ?…မှန်ကန်တဲ့ သဘောတရား တခုက လူသားတွေဆီ အသိများများရောက်လေ လူသားလောကတွေ အတွက် အကျိုးရှိလေဖြစ်ရမယ် မဟုတ်လား?..အခုမဟုတ်ဘူးဗျာ…မီးကုန် ယမ်းကုန် အစွမ်းကုန်ကာကွယ်ရပြီဆိုကတည်းကိုက…တခုခုတော့ မှားနေပြီလို့ထင်မိပါတယ်…

About Ko out of...

Ko out of... has written 91 post in this Website..