အိမ်ပြင်ကြသူများ

naywoon niMay 4, 20131min20613

ပြင်နေတယ် ….. ပြင်နေတယ်နဲ့
ဘယ်နားသွားပြင်နေကြသလဲဟေ့…….။
အမိုးပေါက်တာ ဖာနေရုံပဲလား
ထုပ်တန်းမှာ ပိုးကိုက်နေတာကို အသစ် လဲမပစ်ကြဘူးလား?
ပြင်နေတယ် ….. ပြင်နေတယ်နဲ့
ဘယ်နားသွားပြင်နေကြသလဲဟေ့…….။
ဧည့်ခန်းဆောင် ဆက်တီ လဲရုံပဲလား
ဘုရားဆောင်မှာ ပေါက်ပြဲနေတာတွေ မပြင်ကြတော့ဘူးလား?
ပြင်နေတယ် ….. ပြင်နေတယ်နဲ့
ဘယ်နားသွားပြင်နေကြသလဲဟေ့…….။
နံရံတွေကို ချေးပြောင်အောင်မချွတ်ပဲ
ဆေးအသစ်ထပ်သုတ်နေကြသလား
တံခါးပေါက်တွေ ရွဲ့စောင်းနေတာ ကြည့်ကောင်းနေကြသလား?
ပြင်နေတယ် ….. ပြင်နေတယ်နဲ့
ဘယ်နားသွားပြင်နေကြသလဲဟေ့…….။
………………………………………………………….
…………………………………………………………. ??
အဲဒိလိုနဲ့
အဓိကကျတာနဲ့ အပေါ်ယံ အပြင်အဆင်
အထားအသိုက လွဲနေတာ စဉ်းစားကြပါဦး……။

နေဝန်းနီ

13 comments

  • ဦး ကျောက်ခဲ

    May 5, 2013 at 9:17 am

    ခေါင်မှမလုံတာ မိုးဘယ်လုံပ ဆရာနေရယ်…
    ဒီလိုပဲ အခြေခံအဆောက်အဦးကိုမပြင် အပေါ်ယံမျက်နှာဖွင့်…
    ရွှေမှုန့်ကကျဲလာတာကြာပေါ့…. ခက် ခက်ပါသေး

  • ဦးကြောင်ကြီး

    May 5, 2013 at 9:36 am

    အိမ်ပြင်
    လိမ်စဉ်
    ဒိန်ချဉ်
    မြိန်ရွှင်
    စိန်ထွင်
    သိမ်ဝင်
    နှိမ်လျင်
    ကြိမ်တင်..

  • kai

    May 5, 2013 at 2:14 pm

    အုပ်မြစ်အခြေမှမခိုင်တာကို.. အပေါ်ပိုင်းသွားပြင်တော့… ယိုင်လွဲယိုင်အိမ်ကြီးထွက်လာမှာပေါ့… :kwi:

  • ရွှေ ကြည်

    May 5, 2013 at 2:29 pm

    အုတ်မြစ်ခိုင်အောင်ဆိုရင် ဖြိုချမှရမယ် သူကြီးရေ ကဲ ကဲ မိုးမကျခင် ဖြိုချပြီး အသစ်ပြန်ဆောက်ကြတာပေါ့ :harr:

  • ရာမည

    May 5, 2013 at 3:55 pm

    ပျက်အစဉ်
    ပြင်ခဏ (ခဏခဏပြင်တာပြောတာ)
    :mrgreen:

  • MaMa

    May 5, 2013 at 6:25 pm

    တခါက ဖတ်ဖူးတဲ့ ကာတွန်းလေးတစ်ခုကို သွားသတိရမိတယ်။

    ပ-လူ။ ။ ဟေ့လူ၊ ဘယ်နှစ်နာရီ ရှိပြီလဲ။
    ဒု-လူ။ ။ မသိဘူး။
    ပ-လူ။ ။ နာရီကြီး ပတ်ထားပြီးတော့။
    ဒု-လူ။ ။ နာရီ ပျက်နေတယ်။
    ပ-လူ။ ။ အပျက်ကြီး ပတ်ထားရလား။
    ဒု-လူ။ ။ ခင်ဗျား ဘာသိလဲ။ အချိန်သိဖို့ထက် နာရီရှိဖို့ အရေးကြီးတယ်။ :harr: :harr: :harr:

  • မောင် ပေ

    May 5, 2013 at 7:18 pm

    မှန်တယ် ဘိုနီရေ
    အိမ်ဆောက် အိမ်ပြင်မယ်ဆိုရင်
    ရှေးဟောင်း တရုတ်ဗေဒင် အယူအဆ တွေ ရော
    မြန်မာ ရှေးအယူအဆ တွေ ရော
    ရှမ်းလူမျိုးတွေရဲ ့အယူအဆတွေ နဲ ့ ပါ ညီအောင် ဆောက်မှ ပြင်မှ
    ကျက်သရေ မင်္ဂလာအပေါင်း နဲ ့ခညောင်းမယ့်
    နေအိမ် ဖြစ်လာမှပ

  • S@i S@i Fin K@i

    May 6, 2013 at 12:17 am

    Planning fail >>> strategic fail >>> tectis fail >>> execution fail >>> checking fail>>> taking action fail = so 360 degree failure

    :byae:

  • Mr. MarGa

    May 6, 2013 at 1:55 pm

    အိမ်ပြင် အိမ်ပြင်နဲ့
    လွယ်ဘူးဗျ
    ကိုယ့်အိမ်ကို ပြင်ချင်တာတောင်
    အမိန့်ကျ အောင် စောင့်ရသေး
    လက်သမားအားအောင် စောင့်ရသေး
    ဟိုဟာမစုံ ဒီဟာမစုံနဲ့မို့
    ြ့ပင်ချင်တိုင်း မပြင်တာပေါ့ဗျ

  • kyeemite

    May 6, 2013 at 4:23 pm

    အိမ်ပြင်တယ်ဆိုတာ
    တကယ်တော့ လိမ်ဆင်ပါ
    ပြင်ခတွေအိပ်ထဲထည့်
    မြင်သမျှတွေ ကြိတ်ဆဲခဲ့
    ဘဝင်မကျပေ စိတ်ထဲမလဲ
    အရင်ဘဝတွေ အတိတ်မဲထဲ
    မမြင်ရလေ စိတ်ထဲမစွဲ…(ဟီး..လျှောက်ရေးကြည့်တာ.. :harr: )

  • ဖိုးထောင်

    May 6, 2013 at 5:16 pm

    ဆြာနေဝန်းနီလက်ရာလေးတွေက ကောင်းပါ့ ဒါပေသိ မောင်ပေတို့ ဖရဲသီးတို့ စိန်ဗိုက်ဗိုက်တို့ စတဲ့ဇာတ်ကောင်လေးတွေနဲ့ ပို့စ်လေးတွေရေးပါဦး ဖတ်လို့ကောင်းလို့ တောင်းဆိုတာပါ

  • ရွာစားကျော် မင်းနန္ဓာ

    May 7, 2013 at 3:43 pm

    အမိုးပေါက်တာလည်း မဖာနဲ့
    ဧည့်ခန်းဆောင် ဆက်တီ လဲရုံပဲမလုပ်နဲ့
    နံရံတွေကို ချေးပြောင်အောင်မချွတ်ပဲ ဆေးအသစ်ထပ်သုတ်မနေကြနဲ့
    တံခါးပေါက်တွေ ရွဲ့စောင်းနေတာ ကြည့်ကောင်း မနေကြနဲ့..
    .. အိုကွာ..
    အုတ်မြစ်ကလှန်ပြီး အသစ်ပြန်ဆောက်….

  • ကဲ မပြင်တော့ဘူးဗျာ
    တဲထဲကလူ တိုက်ပေါ်ရောက်အောင် ဆွဲတင်လိုက်မယ်
    လာလေ့………………………………………..

Leave a Reply