ဂဇက်ရွာအုပ်ချုပ်သူ အကြီးအကဲ သဂျီးဦးခိုင်၏ ခြစ်လှစွာသော သမီးဒေါ်ဂလေး မွေးနေ့ ယနေ့မေလ(၅)ရက် တနင်္ဂနွေနေ့တွင် ကျရောက်ရာ ဝမ်းမြောက်ဝမ်းသာ အဦးဆုံး ဂုဏ်ပြုစကားပြောကြားသော ကကြောင်ကြီးအား ဂဇက်ရွာ သဂျီးရုံး ညွှန်ကြားရေးမှူး ခန့်အပ်သည်။ ထို့နောက် ဥပဒေကဲ့သို့ အာဏာတည်သော ဂဇက်ပျံတမ်း အမိန့်အမှတ် ၁၊၂၀၁၃ အဖြစ် အမေရိကန်နှင့် ဥရောပတိုက်အား တရုတ်ပြည်မှ အကြွေးဖြင့် သိမ်းတော့မည်ဟု ပေါက်ပေါက်မြောက်မြောက် ထင်ရာပြောဆို ရမ်းကားနေသော တရုတ်ကူမြူနစ်ပါတီ နိုင်ငံရေးမှူး ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်အား သုံးလတိတိ ရွာထဲဝင်မလာရန် သဂျီးရုံးညွှန်ကြားရေးမှူး ဦးကြောင်ကြီးမှ လက်မှတ်ထိုး ပိတ်ပင် တားမြစ်သည်။

ကြောင်ကြီးခြစ်တဲ့ သမီးဒေါ်ဂလေး ဟက်ပီးဘက်သ်ဒေး.. ဟက်ပီးဘက်သ်ဒေး..

ကြောင်ကြီးခြစ်တဲ့ သမီးဒေါ်ဂလေး ဟက်ပီးဘက်သ်ဒေး.. ဟက်ပီးဘက်သ်ဒေး..

တလုပ်ကူမြူနစ်ပါတီ ဖိတ်ခေါ်ချက်ဖြင့် အမျိုးတား ဒမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တလုပ်ပြည်သို့ ခြစ်ကျည်ရေးခရီး သွားမည်ဖြစ်ရာ ခရီးစဉ်အတွင်း မြန်မာပြည် ကြေးအိုး တရုတ်စားစရာကို အခြားမည်သည့် တရုတ်တန်းများတွင်မှ မရနိုင်သဖြင့် မြန်မာ့ရိုးရာ အစားအစာ စစ်စစ်ဖြစ်ကြောင်း စာတမ်းဖတ်ကြားမည်ဟု သိရသည်။ ထို့ပြင် ဝက်သားတုတ်ထိုးသည် တရုတ်အစား ဖြစ်ဟန်ရှိသော်လည်း အချဉ်ရည်မှာ ပြည်တွင်းလုပ် အစစ်အမှန်ဖြစ်ကြောင်း သက်သေပြရန် ကြိုးစားမည်ဟုလည်းဆိုသည်။

တလုပ်သံရုံးမှ ဝတ်စုံစရိတ် ထုတ်ယူပြီး အနောက်တိုင်းဝတ်စုံ ဝယ်ယူကြသော တလုပ်ပြည်သွား အန်အယ်လ်ဒီ အဖွဲ့အား တလုပ်သံအမတ်ကြီးမှ ခေါ်ယူပြီး စီပန်းလံကျောက်၊ အိစံကွားလား မန်ကွားလား စသဖြင့် စိနတိုင်း ဘာသာစကားဖြင့် ပြစ်တင်မာန်မဲ ကြိမ်းမောင်းသဖြင့် ဝတ်စုံများအား ဆိုင်ပြန်အပ်လိုက်ရပြီး တလုပ်ရိုးရာဝတ်စုံ ရှာဖွေနေရကြောင်း တလုပ်တန်းမှ ကြားသိရသည်။

သူမစီးလာသောကားထက် မီးသတ်ကားများအား ဦးစားပေး လမ်းရှင်းပေးသဖြင့် ပြည်ထဲရေးဒုတိယဝံကျီး ရဲဂျုတ်ကျော်ကျော်ထွန်း ဇနီးမှ ရွှေဂုံတိုင်မီးပွိုင့် ယဉ်ထိန်းရဲများအား ဆဲဆိုသည်ဆိုခြင်း မဟုတ်မှန်ဂျောင်း၊ နာမည်အလွဲသုံးစား အပြုခံရခြင်းဖြစ်ကြောင်း ရဲဌာနဂျုပ်မှ သတင်းထုတ်ပျံသည်။ မျက်မြင်သက်သေများ၏ ရဲဂျုတ်ဂဒေါ်နှင့် ချွတ်စွပ်တူကြောင်း စွပ်စွဲချက်ကို ဖြေကြားရာ၌ ထိုသူမှာ အမွှာညီမဖြစ်ကြောင်း၊ ၎င်းတို့ခြင်း ကွဲကွာနေသည်မှာ မွေးကင်းစထဲကဖြစ်ပြီး ယခုမှ ပြန်လည်ဆုံတွေ့မိကြကြောင်း ဆိုသဖြင့် မီဒီယာလောကတွင်  ဆုံမှ ဆုံတတ်ပလေဟု တအံ့တဩ ဖြစ်နေကြသည်။

အင်းလေးကန်တွင် ဖွက်ထားသော ဖရီးဂိတ်စစ်သင်္ဘောတစင်း တွေ့ရှိကြောင်း ကောဠာဟာလနှင့် ပတ်သက်၍ ၎င်းတို့တွင် မည်သည့်ရေယာဉ်မျှ မရှိပါကြောင်း ဝတပ်ဖွဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဖောမှ ပြောကြားသည်။ ထိုသတင်းအပေါ် အတည်ပြုချက် ရယူရန် မိမိတို့သတင်းဒေါက်မှ သွားရောက် စုံစမ်းခဲ့ရာ ကန်ရေခမ်းသဖြင့် စွန့်ပစ်ထားသော လှေဖြစ်နေကြောင်း မျက်မြင်တွေ့ခဲ့ရသည်။

ဝရေတပ်မှ ၎င်းတို့ပိုင်မဟုတ် ငြင်းဆိုသော လှေဂျီး

ဝရေတပ်မှ ၎င်းတို့ပိုင်မဟုတ် ငြင်းဆိုသော လှေဂျီး

အန်အယ်လ်ဒီ အဖွဲ့ချုပ်ဥက္ကဌ ဘွားဒေါ်ဂျီးအား ပါတီတွင်း စိန်ခေါ်သူ ထွက်ပေါ်လာပြီ သတင်းနှင့် ပတ်သက်၍ ပါတီအနေဖြင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အနိုင်ရလျင် ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ပြောခြင်းကို အဓိပ္ပါယ်ကောက် လွဲကြဟန်တူကြောင်း၊ လူပုဂ္ဂိုလ် ဦးညွန့်ပေါင်း မဆိုလိုပါကြောင်း ပါတီအီးစီအဖွဲ့မှ သတင်းထုတ်ပျံသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး