သံတွဲစည်ပင်သာယာမှလမ်းတစ်လမ်းကတ္တရာထပ်ပိုးလွှာခင်းရာတွင် လနှင့်ချီကြာမြင့်စွာခင်းနေကြခြင်း

Nu ThanMay 5, 20131min860

သံတွဲစည်ပင်သာယာမှလမ်းတစ်လမ်းကတ္တရာထပ်ပိုးလွှာခင်းရာတွင် လနှင့်ချီကြာမြင့်စွာခင်းနေကြခြင်း
သံတွဲစည်ပင်သာယာသည် လမ်းကတ္တရာထု ၄ လက်မတင်သည်ဆိုကာငွေကျပ်
သိန်းပေါင်းများစွာ နိုင်ငံတော်အစိုးရမှချပေးထားသော်လည်း အမှန်တကယ်လုပ်ဆောင်
ရာတွင်လမ်းများကို အောက်တွင်ကျောက်ခဲခင်းကာအပေါ်တွင်ကျောက်စရစ်ခဲများတင်
ကြိပ်ပြီးနောက် ကတ္တရာပါသည်ဆိုယူံပါးပါလေးလောင်းကာထိုနောက်ကျောက်စရစ်
အသေးများထပ်ချကာ ကတ္တရာပါသည်ဆိုရုံလောင်းကာသဲခင်းထားပါသည်။ဤသို ့
လမ်းခင်းခြင်းသည်ခိုင်ခန့်မှုမရှိ ပါ၊အပေါ်တွင်ကတ္တရာထုအနည်းငယ်မျှပင်မတက်ပါ
ခေတ္တသာခံသောလမ်းခင်းနည်းများဖြင့်လမ်းခင်းနာမည်ယူကာလမ်းခင်းနေပါသည်။
ဤသို့လမ်းခင်းရာတွင် ကျောက်ကြီးများကိုခွဲရာတွင် လူတစ်ယောက်ဖြင့်သာပြုလုပ်
နေပါသဖြင့် အချိန်များစွာကြာမြင့်ပြီး လမ်းသွားလမ်းလာများမှာခက်ခဲစွာသွားလာနေ
ရပါသည်။လမ်းခင်းနေသူများမှလည်း တစ်ရက်လုပ် နှစ်ရက်သုံရက်နားဖြင့်အချိန်ကြာ
မြင့်လှစွာလမ်းခင်းအလုပ်ပြနေကြပါသည်။လမ်းကြိတ်စက်မှလည်း တစ်ခုသာရှိပြီးထို
လမ်းကြိတ်စက်ကိုလည်း စည်ပင်မှ ကိုယ်ထူကိုယ်ထလမ်းလုပ်သူများသို့ကြားပေါက်
ငှါးရမ်းထားပြီးစီးပွါးရှာနေပါသည်။လက်ရှိစည်ပင်မှလုပ်ကိုင်နေသောလမ်းခင်းရာတွင်
ကုန်ကျငွေများမှာ ကျောက်ကြီးခွဲ တစ်ကျင်းလျှင် ၃၅၀ဝ ၊ကျောက်ကြီးဖြန့်ခင်း
၃၅၀၀၊ ကတ္တရာလောင်းသဲခင်း၊ ကျောက်စရစ်ခင်း ကတ္တရာတစ်ပုံးတစ်သောင်းခွဲ
ကျောက်ကြီးတစ်ကျင်း 20000 အစရှိသောသက်သာသောဈေးများသာကုန်ကျ
ပြီး၊ လမ်းကတ္တရာလောင်းလမ်းခင်းရန်စည်ပင်မှ အလွတ်ကန်ထရိုက်ဆိုသူကြားပွဲစား
ဆေးရုံမှပွဲစား တင်အောင်ဆိုသူမှ လက်ကိုင်ဒုတ်မွေးထားကာ ခိုင်းစေလုပ်ကိုင်ကြ
သည်ဟု့သိရှိရပါသည်။ သို့ပါ၍လမ်းတစ်လမ်းအားတစ်လကြာအောင်လမ်းပိတ် ဆိုပြီးသင့်အတွက်လမ်းခင်းနေခြင်း၊ ကျောက်ကြီးများချထား သဖြင့်လူကြီးကလေး
များချော်လဲကွဲပြဲကြ၊ဆိုက်ကယ်၊ကားများလဲကြကွဲကြရပါသည်။ကတ္တရာပုံးများကိုလည်း
အချိန်ကြာမြင့်စွာကြိုထားခြင်းကြောင့် အနံဆိုးညှော်နံများထွက်ကာအများပြည်သူများ
ရောဂါတိုးကြပြီးစိတ်ညစ်ညူးကြရပါသည်။ကတ္တရာပုံးများကိုမနက်မှစပြီးမီးထိုးကာကြိုထားပြီးလောင်လဲမလောင်းဘဲအေးခဲသွားလိုက်နောက်နေပြန်ကြိုလိုက်ဖြင့်အလုပ်မရှိအလုပ်ရှာကာနေ့တွက်ယူပြီးထင်တိုင်းကြဲနေပါသည်။ အလုပ်သမားများမှာလည်းမနက် (၁၀) နာရီ ဆိုနားလိုက်ခိုလိုက်၊နေတဝက်အလုပ်နားလိုက်၊ တစ်ရက်အလုပ်ဆင်း ၃ ရက်နားလိုက်အစရှိသဖြင့်လုပ်ချင်သလို့လမ်းကိုပိတ်ထားပြီးဖြစ်သလို့လုပ်ကိုင်နေကြပါသဖြင့် ထိထိရောက်ရောက်အရေးယူပေးပါရန်တင်ပြအပ်ပါသည်။သင့်အတွက်လမ်းခင်း
သည် ဆို ကာစည်ပင်အိပ်ထဲရောက်ရန်အတွက် ဖြစ်ကတတ်ဆန်းလမ်းခင်းပြီးလုပ်စား
နေခြင်းအားထိထိ ရောက်ရောက်အရေးယူပေးပါရန် တင်ပြ လိုက်ရပါသည်။