လှပတဲ့ ဘဝ

Nan ShinMay 5, 20131min1905

ကျောင်းဆရာတစ်ဦးကပန်းချီပြိုင်ပွဲတစ်ခုကိုစီစဉ်လိုက်သည်။‘’လှပသောဘဝ’’ဟူသောခေါင်းစဉ်ဖြင့်ဆွဲကြရ

 

မည်ဖြစ်သည်။ မိမိကြိုက်နှစ်သက်ရာပုံကိုရေးဆွဲခွင့်ရှိသည်။ ခေါင်းစဉ်နှင့်အကိုက်ညီဆုံးဖြစ်အောင် သရုပ်ဖော်ရေးသားနိုင်သူအား ဆုချီးမြှင့်မည်ဟု ကြေငြာလိုက်သည်။ ကျောင်းသားအတော်များများဝင်ေ

 

ရာက်ယှဉ်ပြိုင်ကြသည်။ ထို ့နောက် ပန်းချီးကားသုံးခုကို နောက်ဆုံးစံချိန်တင်ရွေးထုတ်လိုက်သည်။

 

ပထမဆုံးပုံမှာတည်ငြိမ်အေးချမ်းလှသောရေကန်းလေးဖြစ်သည်။ကန်ရေပြင်သည်မှန်သားပြင်ကဲ့ သို ့တည်ငြိမ်ခံငြားလှပပြီး တောင်းတန်းများလည်း ဝိုင်းရံထားသည်။ နူးညံ့သေသပ်တဲ့တိမ်သားရယ် အပြာရောင်ကောင်းကင်ကြီးရယ်ကခန် ့ခန် ့ငြားငြား အုပ်မိုးကာရံထားသည်။ တောင်ထိပ်မှာတော့ ပျော်ရွှင်ဖွယ်မိသားစုလေးတစ်စု နေထိုင်ကြတဲ့ အိမ်ကလေးတစ်လုံး ရှိသည်။ကျောင်းသားများအားလုံးက ဒီပုံလေးကို ကြည့်ပြီး အလှပ အသေသပ်ဆုံးဘဝကိုသရုပ်အဖော်နိုင်ဆုံးပန်ချီကားတစ်ချက်ဖြစ်တယ်လို ့ကောက်ချက်ချကြသည်။ဘဝဆို

 

တာငြိမ်းချမ်းမှုမရှိရင် အနှစ်သာရမရှိဘူး ဟုယုံကြည့်လက္ခံလိုက်သည်။

 

ဒုတိယပုံမှာ ခန် ့ငြားထည်ဝါပြီး ငြိမ်းချမ်းမှုအပြည့်ကိုပေးစွမ်းနိုင်သော တောတွင်းတစ်နေရာက ပုံဖြစ်သည်။ စိမ်းလန်းစိုပြေလှသောသစ်ပင်များနှင့်ပြာလဲ့လဲ့ကောင်းကင်၊ပြီးတော့ ရေးတံခွန်လေးတစ်ခု။ပြီးတော့ ကျေးငှက်

 

သာရကာ စသည်တို ့ကလည်းစိမ်းလဲ့ပြာရီတောတန်းလေးကို ပိုမိုလှပစေသည်။သည်ထက်ထူးခြားသည်က မာန်အပြည့်နှင့်ဟိန်းဟောက်နေသည့် ခြင်္သေ့ကြီးတစ်ကောင်။သူ ့ရဲ ့ဟန်ပန်က တောတွင်းသားတို ့ရဲ ့ရေမြေ

 

သခင် ရှင်ဘုရင်ကြီးတစ်ပါးဖြစ်တယ် ဆိုတာကို ပိုမိုပေါ်လွင်စေသည်။ဘဝဟာ သတ္တိမရှိဘဲ အကြောက်တရားသက်သက်နဲ ့ရှင်သန်ရပ်တည်နေရရင် အဓိပ္ပါယ်မရှိဘူး၊ခြင်္သေ့ကြီးလို အကြောက်တရားတွေ ကင်းဝေးပြီး သတ္တိအပြည့်နဲ ့ရှင်သန်ရပ်တည်ခွင့်ရမှာသာလျှင် ဘဝဟာ အဓိပ္ပါရှိပြီး

 

လှပတဲ့ဘဝဖြစ်နိုင်တယ်။ဒါကြောင့် ဒီပုံကသာလျှင် ဘဝရဲ ့အဓိပ္ပါယ်ကို ဖော်ကြူးနိုင်ဆုံးဖြစ်သည်

 

ဟု အမှတ်ဝိုင်းပေးကြသည်။

 

တတိယပုံကသစ်ပင်ခြုံအိုများသာအနည်းငယ်ရှိပြီး ကျန်နေရာအားလုံးပြောင်းရှင်နေသည့်ခြောက်ကပ်ကပ်

 

တောင်တစ်လုံး၏ပုံဖြစ်သည်။ကောင်းကင်ယံမှာလည်းမဲမှောင်နေသည့်အပြင်မိုးများလဲအုံ ့မှိုင်းရွာသွန်းနေသည်။

 

အလင်းရောင်ဆိုလို ့လျှက်ပျက်သည့်ရောင်စဉ်တန်းလေးအနည်းငယ်မျှသာရှိသည်။အမြုပ်ပလုံစီထနေသော မနှစ်မြို ့ဖွယ်ရေတံခွန်တခုကလည်း စီးဆင်းနေသေးသည်။ရေတံခွန်၏ဘေးတွင် မသက်မယက် ခြုံပုတ်ငယ်အချို ့နှင့် ရေညှိတက်နေသော ကြောက်စောင်ကပါးများလည်းရှိနေသည်။

 

သစ်ပင်တစ်ပင်ပေါ်တွင် သားသမီးငယ်များအတွက် အသိုက်ဆောက်ပေးနေသည့် ငှက်မကြီးတစ်ကောင်လည်းရှိသည်။သစ်ပင်လည်းမပေါက်နိုင် အလှလဲမဆင်နိုင်သည့် ကျောက်သားထုများ၊တရှိန်ထိုးစီးဆင်းနေသည့် ချောင်းငယ်တဆင်း၊မှောင်မဲ၍ဝမ်းနည်းဖွယ်

 

အတိပြီးသော ကောင်းကင်နှင့် သားသမီးများအတွက် တစိုက်မက်မက်အာရုံစိုက်လှုရှားနေသော မိခင်အိုငှက်မတို ့ကသာလျှင်နေရာ ယူထားသဖြင့်စိတ်ပျက်ဖွယ် ကောင်းလှသော ပန်းချီကားတစ်ချက်ပင်ဖြစ်သည်။အားလုံးကဒီပုံကိုဘဝအဓိပ္ပါယ်အမဲ့ဆုံးပုံအခံစားမိကြသည်။သို ့သော်ဆရာ

 

က တတိယပုံကိုသာလျှင် လှပတဲ့ဘဝရဲ ့အဓိပ္ပါယ်အရှိဆုံးပန်းချီကားတစ်ချက်အဖြစ်သက်မှတ်ပြီး ပထမဆုချလိုက်သည်။ကျောင်းသားအားလုံး ဒီလောက်အထီးကျန်အရုပ်ဆိုးလှသောပုံကို ဘာဖြစ်လို ့ပထမဆုပေးရတာလဲ ဟု ဆရာအားဝိုင်းမေးကြသည်။

 

လှပတဲ့ဘဝဆိုတာအမြဲတန်းပြီးပြည့်စုံမှုတွေကိုသာလိမ်လည်ထုတ်ဖော်ပြသထားတာမဟုတ်ဘူး။ဆူညံမှုမရှိ

 

တိတ်ဆိတ်မှုအပြည့်နဲ ့ပကတိ ငြိမ်သက်ပြီး ပြဿနာတစ်စုံတရာမရှိတဲ့ နေရာတိုင်းကို ငြိမ်းချမ်းတဲ့ နေရာလို ့မ

 

ခေါ်နိုင်ဘူး။ငြိမ်းချမ်းမှုဆိုတာ ပရမ်းပတာ ပွကြဲလန်ပြီး ဆူညံမှုတွေကြားမှာပဲ တည်ငြိမ်စွာ လှုပ်ရှားရုန်းကန်နိုင်ခြင်းကို ဆိုလိုတာဖြစ်တယ်။ မကြောက်တတ်တာကို သတ္တိလို ့လို ့မခေါ်ဘူး။ ကြောက်ကြောက်နဲ ့ပဲ အရေးတကြီးလုပ်ဆောင်သင့်တာကို ဆင်ခြင်တုံတရားအပြည့်နဲ ့လုပ်ဆောင်နိုင်ခြင်းကိုသာလျှင် သတ္တိလို ့ခေါ်တယ်။ စိန်ခေါ်သူမရှိတဲ့ နေရာမှာ

 

အာဏာပါဝါအပြည့်နဲ ့ခြိမ်းခြောက် အနိုင်ယူကြိမ်းဝါးရဲတာကို သတ္တိလို ့မခေါ်ဘူး။ ဘဝနဲ ့

 

ယှဉ်ပြီးစိန်ခေါ်လာတဲ့ အခါမျိုးမှာ မရှောင်ပြေးပဲ ရင်ဆိုင်ရဲတာကို သတ္တိလို ့ခေါ်တယ်။ဘဝဆိုတာ မုန်တိုင်းတွေရဲ ့ငြိမ်သက်ချိန်ကို စောင့်ဆိုင်းနေခြင်းမဟုတ်ဘူး။ မုန်းတိုင်းမဆဲ မိုးသဲသဲထဲမှာပဲ ကခုန်ပြီးတော့ပျော်ပျော်ကြီးဆက်လက် လျှောက်လှမ်းခြင်းသာဖြစ်တယ်။ ဒါဟာ လှပတဲ့ ဘဝရဲ ့အဓိပ္ပါယ်ပဲဖြစ်တယ် ဟု ပြောဖြေလိုက်ပါတော့သည်။

 

နန်းရှင် ဘာသာပြန်သည်။

5 comments

  • မောင် ပေ

    May 5, 2013 at 8:03 pm

    လှပတဲ့ ဘဝ ဆိုတာ
    ကြုံလာသမျှ အခက်အခဲ အားလုံး ကို ရင်ဆိုင်ကျော်ဖြတ် နိုင်စွမ်းရှိတဲ့ ဘဝ ပေါ့နော

  • မင်းမင်း

    May 6, 2013 at 9:33 am

    ဘဝမှာ အမြဲမလှပနိုင်ဘူးပေါ့နော့်

  • မကြည်ပြာ

    May 6, 2013 at 4:08 pm

    ပြန်လာတာ ဝမ်းသာပါတယ် နန်းရှင်ရေ။

    ခံစားမှုရသ အပြည့်ပေးနိုင်တဲ့ စာတွေ မျော်လင့်နေပါတယ်။

    အရင်လိုဘဲ အခန်းဆက်တွေရေးပါအုံးလို့….

    ခင်တဲ့
    မရွှေအိ

    • မကြည်ပြာ

      May 6, 2013 at 4:27 pm

      ကျန်သွားလို့… :mrgreen:

      ဘာသာပြန်တာ အရမ်းကောင်းပါတယ်။

      ဘဝဆိုတာ မုန်တိုင်းတွေရဲ ့ငြိမ်သက်ချိန်ကို စောင့်ဆိုင်းနေခြင်းမဟုတ်ဘူး။ မုန်းတိုင်းမဆဲ မိုးသဲသဲထဲမှာပဲ ကခုန်ပြီးတော့ပျော်ပျော်ကြီးဆက်လက် လျှောက်လှမ်းခြင်းသာဖြစ်တယ်။

      တခါတလေတော့လဲ အမှန်တရားဟာ အတော်ခါးပါလားနော် :kwi:

  • MaMa

    May 7, 2013 at 1:50 pm

    (ကြောက်ကြောက်နဲ ့ပဲ အရေးတကြီးလုပ်ဆောင်သင့်တာကို ဆင်ခြင်တုံတရားအပြည့်နဲ ့လုပ်ဆောင်နိုင်ခြင်းကိုသာလျှင် သတ္တိလို ့ခေါ်တယ်။)
    သတ္တိကို အဓိပ္ပါယ်ဖွင့်ဆိုထားတာလေး သဘောကျတယ်။
    ကိုယ်တိုင်လည်း ကြောက်တတ်ပေမယ့် မဖြစ်မနေကြုံတွေ့ရမယ့်၊ ဖြေရှင်းရမယ့် ကိစ္စတွေအတွက် ထိုင်ငိုနေတတ်တဲ့လူစားမျိုးတော့ မဟုတ်ဘူး။
    ဘာသာပြန်စာပေတွေကို သဘောကျတယ်။
    ကိုယ့်ဖာသာဆိုရင် ဒီစာမျိုးတွေ ဖတ်ရမှာ မဟုတ်လို့။ :hee:
    ဒါ့ထက်…
    (မသက်မယက် ခြုံပုတ်ငယ်အချို ့နှင့် ရေညှိတက်နေသော ကြောက်စောင်ကပါးများလည်းရှိနေသည်။)
    ဆိုတဲ့နေရာမှာ …..
    (မသပ်မရပ် ခြုံပုတ်ငယ်အချို့နှင့် ရေညှိတက်နေသော ကျောက်ဆောင်ကမ်းပါးများလည်း ရှိနေသည်)
    လို့ဆိုရင် ဆိုလိုရင်းကို ပိုပြီးပီပြင်သွားမှာမို့… :kwi:

Leave a Reply