အိမ်ပြန်မယ်

bigchefMay 6, 20131min1589

ဒီလ ထဲမှာ ကျတော်အိမ်ပြန်မှာပါ .တစ်ကယ်ပြန်မှာပါ. မပြန်လို ့လဲမရတော့ ဘူး မဟေသီက နေ ့စေ ့လစေ ့ဆိုတော ့ပြည်တော်ပြန် ရတော့မှာပေါ့ .မြန်မာ ပြည်ရောက်ရောက်ချင်းဘာ လုပ်မယ်ညာလုပ်လိုက်မယ်စိတ်ကူးမရှိပေမဲ့ မဟေသီ ဗိုက် အပ် ဘို ့ကတော့ ပထမဦးစားပေးပေါ ့.ရွာထဲက အတွေ့ အကြုံရှိတဲ့ သူတွေ ဘယ်ဆေးရုံမှာမွေးရင်ကောင်မလဲ အကြံပေးကြပါအုံး . လောလောဆယ် အယ်ထရာဆောင်းရိုက်ထား တာကတော့ ကလေးခေါင်းက အပေါ်ဘက်ရောက်နေတော့ ဆရာ ဝန်က တော ့လမ်းများများလျှောက်ဘို ့ လမ်းညွန်ပါတယ်. ဒီအတိုင်းဆို ရင် ခွဲမွေးရင်ပိုအဆင်ပြေတယ်လို ့ ဆရာဝန်ကပြောပါတယ်. မဟေသီက ၃၃နှစ်ပါ.သားဦးပေါ့. ကျတော်နဲ့သူကတော့ ရု်ိးရိုးပဲမွေးဘို ့အားသန်တာပါ.လို အပ်လို ့ခွဲရမယ်ဆိုတမျိုးပေါ့. ဒါက အလုပ်တစ်ခု
နောက်တစ်ခုက မိဘ အိမ်ပြန်ဘို ့ ကျတော်က ကချင်ပြည်နယ်က ပါ. အိ်မ်ထောင်ကျတော့ ရန်ကုန်သူနဲ့ .ယောက္ခမ အိမ်တက် သမက်ပေါ့. လောလောဆယ်မဟေသီဗို်က် အပ်ပြီးရင် ကျတော်တစ်ယောက်တည်း ကချင်ပြည်နယ်ဒိုးပေါ့. ကချင်ပြည်ပြန်ရင်မန္တလေး ကို ဖြတ်ပြန်ရတော့ အချိန်ရရင် မန်းလေး က ဇတ်လိုက်ကျော်ကြီးတွေ ဖြစ်တဲ့ ဦးပေါက် တို ့ကိုပေ တို့ ကိုလဲအပြင်မှာတွေ ့ချင်ပါတယ်. အိမ်ပြန်ရောက်လို ့ အချိန်ရရင်လဲ ရွာနဲ့သိပ်မဝေးတဲ့ ကိုထွန်းဝင်းလတ် ဆီကိုလဲသွား လည်ချင်ပါသေးတယ်. ရွာရောက်ရင်တော့ အဖေစိမ်ထား တဲ့ ဆတ်ချိုနု ကောက်ညင်းဆန် အရက် သောက်ရတော့မယ်.ြ့ပီးရင်အမေကိုယ်တိုင်လုပ်ထားတဲ့ မုန် ့ညင်းချဉ်ဆီတိုဖူး ပဲငပိ အိုးတွေ တစ်ခုပြီးတစ်ခုနိုက်စားမယ်။ အမေချက်ကျွေးတဲ့ရှမ်းဟင်းတွေ လဲတစ်ဝဆွဲရတော့မယ်.မျှစ်တို ့ခြောက် မြီးရှည် ဝက်ခြေထောက် ခေါက်ဆွဲ တို ့ဟူနွေး တစ်နေ ့တစ်မျိုး မရိုးအောင်ချက်ခိုင်းပြီးဝအောင်ဆွဲမယ်.ပြီးရင် ရက်ဆာပီတောင်းပြီး ရန်ကုန်မှာဆိုင်ပြန်ဖွင် ့မယ် .ဖွင့် ဖြစ်ရင် ရွာထဲကလူတွေ လာအားပေးကြပါအုံး. နောက်ပြီး ဒါ့ပုံ တဝရိုက်မယ်. ပြောရင်းပြောရင်နဲ့ တောင်ပြန်ချင်လာပြီဗျာ . အဲဒီက ပြန်လို ့ရန်ကုန်ပြန်ရောက် ရင် ရွာထဲက လူတွေ ပွဲလုပ်တာနဲ့ ကြုံရင်တက်ချင်တယ်ဗျာ.

9 comments

  • ကထူးဆန်း

    May 6, 2013 at 9:12 am

    ဆယ်အိမ်ခေါင်း ဦးရွှေတိုက် အကြံပေးနိုင်လိ်မ့်မယ် ထင်တယ်..
    အမွေးများတာ တော့ ကျွန်တော် သိသလောက် ဆာကူရာ မှာ များတယ်ထင်ပါသည်။ ဆာကူရာ က စမ်းချောင်းမှာ။
    နောက် ၉ မိုင်က ဗစ်တိုးရီးယ လည်း နောက်ပိုင်း သုံးလာကြတယ် ထင်ပါသည် ။
    သို့သော်လည်း နောက်ဆုံးတော့ ကိုယ်အပ်တဲ့ ဆရာဝန်က ဘယ်ဆေးရုံသွားဆိုတဲ့ ပေါ် မှာဘဲ လိုက်နာလိုက်ကြရတာ များပါသည် ။
    ကျွန်တော်က တော့ ဆရာဝန်မဟုတ်ပေမဲ့ ဗိုက်ခွဲမွေးတာ အားပေးတယ်ဗျ။
    လူလည်း သက်သာတယ် ။ ပိုစိ်တ်ချရတယ်ထင်တာဘဲ ။
    ဥက္ကဌကြီး အန်တီပဒုမ္မာ ပိုသိမှာ .. အခုတော့ ဥက္ကဌကြီးက ရွာကိုပြစ်ထားတယ် .. မတွေ့မိဘူး :hee:

  • ဦး ကျောက်ခဲ

    May 6, 2013 at 9:19 am

    ကိုရင်ရေ…
    မဟေသီကိုဂရုစိုက်… ယောက်ျားဖောင်စီး မိန်းမမီးနေတဲ့…
    စီးပွါးရေးကတော့ ဖြစ်အောင်သာလုပ်ဗျို့ ရွာသူရွာသားများကတော့ အားပေးမှာအသေအချာ…
    ဆိုင်ဖွင့်ဖြစ်ရင်လည်း ရွာထဲမှာ ကြော်ငြာတင်ပါဦး…

  • kai

    May 6, 2013 at 1:47 pm

    ဘုရင့်နောင်ဖောင်ဖျက်တာမျိုးမလုပ်ဖို့ပါပဲ..
    ဆိုတော့…
    ပြန်မယ်ဆို… ပြန်ထွက်ဖို့လေးပါ.. တခါတည်း.. ပြင်ဆင်ထားပါဦး..

    အဲ..
    ဆတ်ဂျိုနုမပါတဲ့.. ကောက်ညင်းဆန်အချက်ချက်နည်း.. ရဆာပီလေးတောင်းထားပြီး..မြန်မာပြည်မှာတင်.. သေသေချာချာထုတ်လုပ်နိုင်ရင်တော့… မြန်မာပြည်မှာ.. အခြေကျသွားနိုင်ချေရှိသဗျ… :kwi:

  • kyeemite

    May 6, 2013 at 1:56 pm

    ကထူးဆန်းပြောသလိုပဲဗျ…ဆေးခန်းနေရာရွေးဖို့က ကိုယ်ပြတဲ့(အပ်တဲ့) အိုဂျီပေါ်မူတည်တယ်..
    လယ်အိုဂျီနဲ့ ပြသင့်တယ်ဆိုတာတော့ ရွာထဲက ဆရာဝန်တွေ အကြံပေးပါလိမ့်မယ်… :528:

  • ဆူး

    May 6, 2013 at 3:01 pm

    စာဖတ်လိုက်ရတာ.. ပြန်ရမှာတော်တော် ပျော်နေတယ်လို့ စိတ်ထဲမှာ ခံစားလိုက်ရတယ်။
    ရန်ကုန်မှာ ဆိုင်ပြန်ဖွင့်ရင်တော့.. အချက်အချာ ကျတဲ့ နေရာ သွားရေး လာရေး လွယ်တဲ့ နေရာမှာ ဆိုရင်တော့ ရွာသားတွေ ဆုံမှတ် နေရာ အဖြစ် လုပ်ရင်လည်း ဖြစ်နိုင်တာပဲ..

  • bigchef

    May 6, 2013 at 3:42 pm

    သူကြီးရေ ကောက်ညှင်း အရက်က ချက်ရတာ လွယ်ပါတယ်. နေရာကျယ်ကျယ်ဝန်းဝန်းရယ် ရေကောင်းကောင်း ရှိရင်ဖြစ်ပါတယ်. မွေးမြူရေးနဲ့ တွဲလုပ်ပို အဆင်ပြေပါတယ်. စွန် ့ပြစ်ပစ္စည်း အတွက်ပူစရာမလိုတော့ ဘူးပေါ့. ဆူးပြောသလို ကျတော်ပျော်တာထက်မဟေသီက ပိုပါတယ်.လောလော ဆယိ တော ့ ရက် ၄ဝ ကျော်လောက် ခွင် ့ရထားတော့ တစ်ခုခုတော့ သိတန်ကောင်းပါရဲ့.

  • Myo Thant

    May 6, 2013 at 3:49 pm

    ကချင်ပြည်နယ်ကဆိုပါလား ၊ ဇာတိတူတွေပေါ့ ၊

    မီးဖွားတာကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကို အားကိုးပါ ၊

    ကျနော့်ကလေးတွေကတော့ ဒပ်ဖရင်မှာချည်း ရိုးရိုးမွေးခဲ့တာပါ

    အားလုံး အဆင်ချောမွေ့ပါစေဗျာ ၊

  • etone

    May 6, 2013 at 3:54 pm

    ရန်ကုန်မှာပဲ မွေးမယ်ဆိုလျှင်တော့ …. ဗဟိုအမျိုးသမီးဆေးရုံကို ညွှန်ချင်ပါတယ် … ။ သီးသန့်ခန်းရဖို့ …. ဘွတ်ကင်တင်တာမျိုးတော့ .. ကြိုးစားကြည့်လိုက်ပါ ။ အစိုးရဆေးရုံဆိုပေမယ့် ၊ ယခုလက်ရှိနာမည်ကြီး အထူးကုဆေးရုံကြီးတွေက လုပ်သက်ရင့် အိုဂျီဆရာမကြီးတွေလည်း ယခုထက်တိုင် တာဝန်ထမ်းနေဆဲမို့ပါ … ။
    နေ့စေ့လစေ့ဆိုလျှင် ဗိုက်အပ်ထားသင့်ပါပြီ …. အပ်ထရာစောင်းရိုက်တာကလည်း ဆရာဝန်ညွှန်ကြားလို့ ရိုက်ထားတာဖြစ်မယ် ..အဲ့တုန်းက ..ပြထားတဲ့ အိုဂျီနဲ့ တိုင်ပင်ကြည့်ပါနော် ။ ကြိုစီစဉ်ရမှာတွေ များပါတယ် … ။

  • bigchef

    May 6, 2013 at 4:40 pm

    ခုလောလော ဆယ် မြန်မာနိုင်ငံမှာ မဟုတ်ဘူးမအိတုန် . ပြန်လာမှ အပ်ရမှာ. တစ်လ တစ်ခါတော့ ဒီက ဆရာဝန်တွေ နဲ့ ပြတယ်. သားဦးမို ့ မဟေသီက မိဘဆီမှာ ပြန်မွေးချင်တာပါ. scan ကတော့ လတိုင်းဖတ်တယ်. supplementary တွေက လည်းသောက်ရတာများလိုက်တာ. သူ ့အမျိုးတွေထ ဲ ဒပ်ဖရင်ကို လမ်းညွန်ပါတယ်။

Leave a Reply