Civil Authorize Negotiate Organization (C.A.N-Org) လူထု ရပိုင်ခွင့်များ ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ (မြန်မာပြည်) မှ မန္တလေးမြို့ရှိ လူငယ်များအတွက်

“လူငယ်များအတွက် လူ့အခွင့်အရေးပညာသင်တန်း” “Human Rights Education Training for the Youths” သင်တန်းကို မေလမှ စတင်၍ လစဉ် အခမဲ့ ဖွင့်လှစ်သင်ကြားသွားပါမည်။

သင်တန်းအပတ်စဉ်တစ်ခုလျှင် သင်တန်းသား (၂၀) သာလက်ခံမည်။
လူ့အခွင့်အရေးပညာရပ်နှင့် စပ်လျဉ်း၍ အထူးပြုလေ့လာထားသော လူငယ်ပညာရှင်များမှ နိုင်ငံတကာမှ သင်ကြားပို့ချနည်းများ ဖြစ်သည့် သင်တန်းသား ဗဟိုပြုနည်းလမ်း၊ အတွေ့အကြုံအပေါ် အခြေခံသည့် နည်းလမ်း၊ ပူးပေါင်းပါဝင်မှု နည်းလမ်းများကို အသုံးပြု၍ မြန်မာနိုင်ငံမှ လူငယ်များနှင့် ကိုက်ညီမည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
သင်တန်းတွင် သင်တန်းသားများနှင့် အတူ လူ့အခွင့်အရေး အခြေခံ အယူအဆနှင့် သဘောတရားများ၊ လူ့အခွင့်အရေး သမိုင်းကြောင်းများ၊ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေးတို့ ဆက်စပ်မှုများ၊ လူ့အခွင့်အရေးနှင့် တာဝန်ခံတတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအား စနစ်တကျ ကိုင်တွယ် ဖြေရှင်းပုံများကို
လူ့အခွင့်အရေးပညာရပ်နှင့် စပ်လျဉ်း၍ အထူးပြုလေ့လာထားသော လူငယ်သင်တန်းနည်းပြများမှ ဦးဆောင် ဆွေးနွေးသွားမည် ဖြစ်ပါသည်။

၂၀၁၃ မေလ အတွက် သင်တန်းကာလ

၁၁.၅.၂၀၁၃ မှ ၁၅.၅.၂၀၁၃ အထိ

သင်တန်းကြေး – အခမဲ့ (မနက် tea break၊ နေ့လည်စာ၊ နေ့လည် အအေးbreak တို့ကျွေးပါမည်။ စာရေးကိရိယာများ ပေးပါမည်)

သင်တန်းလိပ်စာ – C.A.N Community Centre ဒဏ္ဍာ၇ီ လမ်းသွယ်၊ ၃၆ x ၃၇ ကြား၊ ၅၈x၅၉ ကြား၊ ရွှေခဲပွားရပ်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

လမ်းညွှန် – ၃၅ လမ်းအတိုင်း လာပြီး ၅၈ လမ်းရောက်လျှင် တောင်ဘက်ကွေ့၊ လမ်းအနောက်ဘက်တွင် ခေတ်ကျောင်းသား အိမ်ဆောက်ပစ္စည်းနှင့် ကုန်မာဆိုင် တွေ့လျှင် ၄င်း လမ်းကြားထဲချိုးဝင်။

ဆက်သွယ်ရန်
Pollux Shanti ဦးဝေယံမိုးမြင့်
Program Operation Officer
09 4026 765 94
pollxangel@gmail.com
canorg.myanmar@gmail.com

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။