သမီးများ ၊ သမီးရှင်များ နှင့် သားရှင်များ သိစေရန်

etoneJuly 27, 20101min887

ကောင်မလေးတွေကို ကောင်လေးတွေစာပေးတာတို့ စကားလိုက်ပြောတာတို့က ခုမလိုတော့ဘူး ခုချိန်က တို့ယောက်ျားတွေ ဈေးတန်တဲ့ခေတ်
21 ရာစုမှာ မိန်းမတွေရင်ထုပြီးရင်လင်လုရမယ်
ထို့ကြောင့် သားကညာ အခါမလင့်အောင် ကောင်မလေးတွေ ကိုရီးယားလိုတစ်မျိုး
တရုတ်လိုတစ်ဖုံ အင်္ဂလိပ်လိုတစ်သွယ် ရည်းစားစကားပြောနည်း သင်ထားကြရန် အထူးလိုအပ်နေပြီဖြစ်သည်
တက်ရောက်ပညာသင်ကြားသင့်သောသင်

တန်းများ

၁။ ။ ကိုရီးယားရည်းစားလုနည်း
၂။ ။ တရုတ်အိမ်ထောင်ရေး
၃။ ။ တလင်မရတလင်ပြောင်း
၄။ ။ ရေလာပင်လယ်ဖောက်လင်ကောက်နည်း
၅။ ။ စွဲစိနည်း
၆။ ။ ယောက်ခမအကြိုက်အလိုက်ဆောင်သားတောင်းနည်း
၇။ ။ မရမကအိမ်ပေါ်တက်နေနည်း
၈။ ။ မင်္ဂလာသတို့သမီးနေရာဝင်လုနည်း ( ဆုဖုရားလတ်လည်းသုံးဖူးတယ်)
၉။ ။ ယောက်ျားခိုးပြေးနည်း
၁၀။ ။ တင်တောင်းနည်း (ဒါကတော့ ချမ်းသာဖို့လိုတယ်)
၁၁။ ။ ငိုယိုတောင်းနည်း (ကလေးများထံမှသင်ထားကြရန်)
၁၂။ ။ မတွေ့က တခုလပ်မကျန် မုဆိုးဖိုအဆုံး ကတုံးပါ အသုံးချရန် (ကန်တော့ကန်တော့ ဘုန်းဘုန်းများသတိထားပါ )
၁၃။ ။ သား မွေးသည်သတင်းကြားရင်ဆေးရုံသွားခိုးရန်
၁၄။ ။ ကြက်ကို ဥမှ အကောင်ဖောက် သည်ထိ ကြည့်ကာ ဥဖောက်နည်းသင်ထားရန်( ထမင်း နဲ့ ကြက်ဥကြော်တတ်အောင်)

သားရှင်မိခင်များပြုလုပ်ထားသင့်သည့်အချက်များ

၁။ ။ ဆန်တစ်အိပ်နဲ့ မန်းလေးတောင်အသွားစရိ်တ်
၂။ ။ အိမ်တွင်းပိတ် သားများ သော့ခတ်သိမ်းထားရန်
၃။ ။ မ ဆိုလျှင် သားရှေ့ ခြေမပင် ငုံ့မကြည့်မိရန်
၄။ ။ ခါးတောင်းကြိုက်တတ်ရန် (လိုအပ်ရင်ပြေးရမှာ သမီးရှင်မိဘတွေက ခုတောင်….)
၅။ ။ စိန်တစ်ဆင်တင်တောင်းသော မိန်းကလေးများကို မပေးမိစေရန် (ဈေးနည်းသောကြောင့်)
၆။ ။ မြေအောက်ခန်းထားထားကြရန် (ပုန်းခိုနိုင်ဖို့)
၇။ ။ ရက်ကွက်ထဲတွင်ပလာတာမှအစ မုန့်ပစ်သလပ် အဆုံးရောင်းသည့်ဆိုင်များသို့ အသွားအလာမရှိစေရန်
၈။ ။ မိန်းကလေးများကို ခေါင်းခေါက်ရွေးတတ်ရန် သားနှင့်အတူ သင်တန်းတက်ထားရန်( ထို သင်တန်းကို ကျွန်တော့်သူငယ်ချင်းဦးစီးကာ တိုးတိုးတိတ်တိတ် ဖွင့်နေပါပြီ ) ( မိန်းကလေးများမသိစေချင်လို့)
၉။ ။ လာတောင်းမိန်းကလေးတို့အား စာမေးပွဲစစ်ဆေးရန်( ဆေးစစ်ဖို့လည်း မမေ့နဲ့နော် အဟိ)

သမီးရှင်မိဘများ ပိုင်ဆိုင်သင့်သည့်အချက်များ

၁။ ။ သားတွေ့လျှင် အိုအိုပျိုပျို အမြန်ပေးစားရန်
၂။ ။ အသက်ကြီးအသက်ငယ်မခွဲခြား တွေ့လျှင် သမီးများကိုစွဲစိ ခိုင်းရန်
၃။ ။ ယောက်ျားလေးဘော်ဒါဆောင်များသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးရန်
၄။ ။ သမီးများကို လက်ဝတ်ရတနာများဆင်ထားရန် (တွေ့တာနဲ့ခိုးပြေးလို့ရအောင်)
၅။ ။ လိုအပ်ရင် ကိုယ်တိ်ုင်ကိုယ်ကျ တစ်အိမ်တက်တစ်အိမ်ဆင်း ယောက်ျားတောင်းပေးရန်
၆။ ။ အိမ်တွင် ကာယဗလပုံများ ကပ်ထားရန်(ကြီးလေကောင်းလေ)
၇။ ။ အိမ်တွင် အင်တာနက်နှင့် ဆက်သွယ်ရေးအဆုံအလင်ထားရှိစေရန်။(ဝင်လာသောသူ လိပ်စာမေးကာ အိမ်သွားခိုးခို်င်းရန်)
လိုအပ်သောပစ္စည်းများ—–1.စာရွက်နှင့်ခဲတံ
2.အိမ်ဖုန်း
3. ဟမ်းဖုန်းနှင့် အသံဖမ်းထောက်လှမ်းရေးဆက်
4.ကွန်ပြူတာနှင့် အင်တာနက်
5.ကား(ဈေးကြီးလေကောင်းလေ)
၈။ ။ လုံးဝမဖြစ်နိုင်တော့လျှင်အရေးပေါ်အခြေအနေအဖြစ် ကိုယ်တု်င်ကိုယ်ကျ သူတောင်းစားတောင်းတောင်းရန်(အဟိ )

သားတိုက ဘုန်းနဲ့ကံနဲ့ ရွှေသဇင် ယောက်ျားလေးများ တတ်ထားသင့်သည့်အချက်တွေကထည့် ပြောစရာလိုဘူးထင်ပါတယ်
တတ်တယ်မလား

မတတ်ရင်လည်းမေးမြန်းနိုင်ပါတယ်။ းP .

7 comments

  • k19

    July 27, 2010 at 7:18 am

    ကြိ ုက်သွားပြီးဗျာ…..
    နောက်လဲတင်ပေးပါအု့းဗျ….
    အဲလိုပေါတောတောလေးတွေ…
    ဟားဟား….ဟား….

  • Yin Nyine Nway

    July 27, 2010 at 8:30 am

    ဟုတ်ပါ့ ပေါရဲတယ်နော်
    ဟီး
    ရီရပါတယ်

  • ghost

    July 27, 2010 at 10:46 am

    အော်…ဒါတွေ တကယ်ဖြစ် နေတာ မသိဘူးထင်တယ် ကို etone ရေ နမူနာပါ ပါရင် ပိုကောင်းမယ်ဗျာ

  • Htoo

    July 27, 2010 at 10:59 am

    ဟုတ်ပါတယ်ဗျ။ ခေတ်တွေကလဲပြောင်းကုန်ပြီကိုး။
    ဒါပေမဲ့ မိန်ကလေးအားလုံးတော့မဟုတ်ဘူးပေါ့ဗျာ။
    အချို့ဆိုဒီထက်ဆိုးပါတယ်ဗျ။

  • fatty

    July 27, 2010 at 1:36 pm

    ကျွန်နုပ်၏သားချောနှစ်ယောက်အားကတုံး တုံးရျ် ဘုံးဘုံးကျောင်းသို့ပို့ထားရာမှ
    ထိုထိုသောအကြောင်းတို့ကြောင့် မာမီစိန် ထံသို့ပြောင်းထားလိုက်ပါကြောင်း။

  • maykyalzinthant

    July 29, 2010 at 8:29 am

    ငပေါကြီးဘဲထင်ရဘူး

  • thantminoo

    August 1, 2010 at 7:53 am

    hi
    I write is first time so ……
    I like that…

Leave a Reply