ဟိုရှေ့က မြန်မာပြည် ။

Kyi LwinMay 6, 20131min876

ဟိုရှေ့က မြန်မာပြည်။

ဟိုရှေ့က ဆူဆူညံ၊ ဘာသံလဲမေး။

ရခိုင်ပြည် ဘင်္ဂါလီ အရေး တွေးဆ ကွဲ့လေး။ ။

ဟိုရှေ့က ညှော်စော်နံ၊ ဘာတွေလဲ မေး။

လက်ပံတောင်းတောင် စမ်းသပ်တဲ့ ဘာဘီကယူး ပွဲတဲ့လေး။  ။

ဟိုရှေ့က ပူညံ ပူညံ၊ ဘာဖြစ်လဲမေး။

လယ်ယာမြေပြန်တောင်း တဲ့ လယ်သမားတဲ့လေး။  ။

ဟိုရှေ့က ဒိန်းဒိန်းသံ၊ ဘာသံလဲ မေး။

ကချင်ပြည်တိုက်နေဆဲမို့၊ ပြည်သူတွေပြေး။  ။

ဟိုရှေ့က ဖုံးဒိုင်း သံ ဘာသံလဲ ဝေး။

ကေအင်ယူ တိုက်ပွဲမို့ ပြည်သူတွေပြေးနေဆဲ ဝေး။  ။

ဟိုရှေ့က ရှမ်းရိုးမ ပေါ် ဘာတွေလဲမေး။

လက်နက်ကိုင် ရှမ်းတပ်ဖွဲ့နဲ့ တိုက်နေဆဲလေး။  ။

ဟိုနားက တဟေး ဟေး သံ ဘာသံလဲမေး။

အာဏာပိုင်တွေ မမိလိုက်တဲ့ ဆူသူတွေလေး။  ။

ဟိုရှေ့က လက်ခုတ်သံ ဘာကြောင့်လဲမေး။

ပြောင်လိုက်တဲ့ သမတ မို့ ငြိမ်းချမ်းရေးဆု ပေးပွဲတဲ့လေး။  ။

( မှတ်ချက် ။  ။ ပြောင်ခြင်း ၂ ပါးနှင့်ပြည့်စုံသော မြန်မာ့ သမတကြီး။

၁။ နဖူးပြောင်ခြင်း။

၂။ မျက်နှာပြောင်ခြင်း။ )

အဟောသုခံ  ချမ်းသာစွ မြန်မာပြည်။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်။

ရန်ကုန်မြို့။

၆.၅.၂၀၁၃

6 comments

  • ကို ငြိမ်းမောင်

    May 6, 2013 at 1:46 pm

    ဟိုရှေ့က တပြုံးပြုံးနဲ့ လူတစုလေး ဘာတွေလဲမေး။
    ၁၅၀ဝ နဲ့ ဖုန်းရတာမို့ ပျော်နေကြလေး။
    ဟိုနားကတစ်စုစု ဘာတွေလဲမေး။
    အရင် သိန်းထောင်ကျော်ကားများ အခု ၂၀ဝ လောက်ရသမို့ ကားပြပွဲလေး။
    ဟို နားက ဆိုင်းဘုတ်ကိုင် လာနေကြသေး။
    ဆန္ဒထုတ်ဖော် ပြခွင့်ရသမို့ လမ်းလျှောက်တဲ့လေး။

    • Kyi Lwin

      May 6, 2013 at 2:27 pm

      ကျေးဇူးတင်ရဲ့နော်။ဖတ်ပေးတဲ့အတွက်ရော ဆက်ရေးပေးတဲ့အတွက်ပါ။

  • kai

    May 6, 2013 at 2:45 pm

    ကမ္ဘာကကြည့်ရင်.. မြန်မာပြည်အပြောင်းအလဲဟာ.. တော်တော်မြန်တယ်ပြောရမယ်/ ပြောကြတယ်..
    အရေးအကြီးဆုံး.. လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို.. အတိုင်းအတာတခုရပြီပဲ..
    ကျန်တာ.. လူထုအပိုင်းနဲ့အများကြီးသက်ဆိုင်ပါတယ်..

    ၂၁ရာစုဦးမှာ..အခုဖြစ်နေတဲ့.. မြန်မာ့အပြောင်းအလဲအရေးဟာ.. ကမ္ဘာနို်င်ငံရေးကျမ်းစာထဲ.. သင်ရိုးညွှန်းတန်းအဖြစ်ဝင်သွားလောက်ပါတယ်.. :harr:

  • (အရေးအကြီးဆုံး.. လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို.. အတိုင်းအတာတခုရပြီပဲ..)
    မှန်သပေါ့။
    ဒီရတဲ့လွတ်လပ်ခွင့်ကို မှန်ကန်စွာအသုံးချနိုင်ဘို့အရေးကြီးပါတယ်။
    အရင်က ပြောလို့မရတာတွေ အခုပြောလို့ရနေပြီ။
    လိုအပ်ချက် ချို့ယွင်းချက်တွေကို ကောင်းသောရည်ရွယ်ချက်ရှေ့ထားပြီးထောက်ပြခွင့်ရနေပါပြီ။
    ဒါကို အလွဲသုံးစားလုပ်ပြီး ပေါကြောင်ကြောင်တွေ မရေးမိဘို့ကတော့ ရေးသူများဘက်က ဆင်ခြင်ရမှာပါ။
    တန်ဘို့လျောကျသွားမှာစိုးလို့ပါ။

  • KZ

    May 6, 2013 at 8:06 pm

    ကဗျာကို သဘောကျတယ်၊
    ဘာလို့တုန်းလို့ မမေးနဲ့။
    သဘောကျတယ်။
    :harr:

    • မောင် ပေ

      May 6, 2013 at 8:17 pm

      ကိုကြည်လွင် ခင်ဗျ
      ကျုပ်လဲ ကေဇက် နဲ ့တစ်သဘောထဲ ဖြစ်ပါကြောင်း
      အဲဒါ အဲဒါ

Leave a Reply