လူသားတို့၏သမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်လေထုထဲ၌ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏ ၄၀ဝ PPM ( Part Per Million) အထိ ရောက်ရှိနေခြင်း

Mr WorldWideMay 6, 20131min1132

ကျွန်ုပ်တို့၏ ကမ္ဘာ့လေထုထဲ၌ကာဘွန်ဒိုင်အောက်ဆိုဒ်များ အပုံတစ်သန်းပုံလျင် ၄၀ဝ ပုံအထိပါဝင်လာခြင်းသည် လူသားတို့သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းသမိုင်းမှတ်တမ်းသစ်သည် အချို့ သိပ္ပံပညာရှင်များ၏ ရာသီဥတုပြောင်းလဲစေနိုင်သည်ဆိုသော ညွှန်းချက်များကဲ့သို့ ဂရုစိုက်ထားရန် မလို အပ်သော်လည်း အရေးပါသော စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်တစ်ခုဖြစ်စေခဲ့သည်။

P

လွန်ခဲ့သော နှစ်ပေါင်း ၈ သိန်းခန့်၊ မျိုးတူသက်ရှိများ အာဖရိကမှ ဥရောပနှင့် အာရှအတွင်းသို့ ပြောင်းရွှေ့ချိန်ကို ပြန်သွားကြည့်လျင်ပင် လေထုအတွင်း၌ ကာဘွန်ဒိုင်အောက်ဆိုဒ်များ များစွာပါဝင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပေမည်။ နှစ်ပေါင်း ၈ သိန်းကျော်ကာလကို ကျော်လွန်လာခဲ့ပြီးနောက်တွင် သဘာဝတရား၏ အပူအအေးပြောင်းလဲခြင်းသံသရာ တစ်စိတ်တစ်ပိုင်းဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုဒ် ပါဝင်နှုန်းသည် ၂၀ဝ စစာ  မှ ၃၀ဝ စစာ အတွင်းတွင် တက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။ ကုန်လွန်ခဲ့ပြီးသော ရာစု ၂ ခုတွင်လည်း စက်မှုတော်လှန်ရေးသည် မရပ်မနားဖြစ်ပျက်နေခဲ့ပါသည်။
ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှုကို စောင့်ကြည့်လေ့လာရေးပရိုဂရမ်၏ လက်ရှိကာလတွင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော ဘူမိရူပဗေဒပညာရှင် ရယ်ဖ်ကီလင်းမှ ၎င်းတွေ့ရှိချက်သည် အမှန်တကယ် မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေကြောင်း၊ ယခုကဲ့သို့ ဖြစ်နေမည်ဆိုပါက လာမည့်ရာစုနှစ်အနည်းငယ်အတွင်း ၄၅ဝ PPM အထိဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
နောက်ဆုံးအကြိမ်လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ၄၀ဝ PPM ပါဝင်နေမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂.၆ သန်းနှင့် ၅.၃ သန်းအတွင်း Pliocence ကာလ၌ ဖြစ်ပေါ်ခဲ့ဖူးကြောင်း ယုံကြည်ရကာ ထိုကာလ- ပင်လယ်ရေမျက်နှာပြင်မှာ ယနေ့ထက် ၂၅ မီတာခန့် ပိုမိုမြင့်တက်ခဲ့ပြီး ပျမ်းမျအပူချိန်မှာလည်း ၂ ဒီဂရီမှ ၃ ဒီဂရီထိ ပိုမိုပူနွေးခဲ့ကြောင်း သိရှိရသည်။

Source ; Geogia Tech ;  Scientific Report Journal

2 comments

  • အလင်းဆက်

    May 7, 2013 at 7:46 am

    ဗဟုသုတ ရ စရာ သတင်း အချက် အလက်တွေကို
    မပြတ် တင်ပြ ဝေမျှ ပေးနေလို့
    ကျေးဇူး တင်လျက် ရှိပါကြောင်း

  • မင်းမင်း

    May 7, 2013 at 9:34 am

    ဗဟုသုတ ရပါတယ်ခင်ဗျာ။ဖတ်ခွင့်ရလို့ကျေးဇူးပါ။
    တနေ့ကိုပိုစ်၂ခုပဲတင်ရမယ့်အခြေခံစည်းမျဉ်းကို
    ပြင်ဆင်ဆောင်ရွက်ပါက ဆရာ့၏ သုတပိုစ့်များများ
    ဖတ်ခွင့်ရမည်ထင်ပါသည်။

Leave a Reply