သင့် ဘက်က စပြီးသေချာပါစေနော်

etoneJuly 27, 20102min631
” သေချာမှု ” တဲ့
အဲဒီသေချာမှုကို လူတွေအားလုံးလိုချင်ကြတယ် ။

တစ်ခုခု လုပ်မယ်ဆို ကိုယ်လုပ်မယ့် ကိစ္စကို သေချာလား
မသေချာလား အရင်စူးစမ်းကြလေ့ ရှိပါတယ်။

ဒီသေချာမှုဆိုတဲ့ စကားလေးကို
ချစ်သူများရဲ့ ရှု့ထောင့်လေးက တင်ပြဆွေးနွေးပါရစေ ။

သမီးရည်းစားတွေ ပြတ်ကြ ၊ ကွဲကြတယ် ၊
ဒါဟာသဘာဝတစ်ခုပါပဲ မဆန်းပါဘူးလို့ ပြောလေ့ ရှိပါတယ် ။

မဆန်းပါဘူး ဟုတ်ပါတယ် ။
ဆန်းတာတစ်ခုက လူ့ စိတ်တွေပါ ။

အများအားဖြင့် ယောက်ျားလေးတွေပါ ။
ကို်ယ်ရစရာရှိရင် တော့ သေချာရဲ့ လား ၊ အလိမ်ခံရမှာလား
နစ်နာမှာလား သေချာစူးစမ်းလေ့ ရှိပေမယ့်

အချစ်ရေးကိစ္စမှာတော့ သုံးသပ်ခြင်းကင်းလေ့ ရှိပါတယ် ။
……………………………………………………………………………………………………………

တစ်ခါက ရွာတစ်ရွာမှာ
ဘိန်းစားတစ်ယောက်ရှိသတဲ့
ရွာထဲမှာ ဘိန်းရှု လို့ မရလို့
သူဟာ ရွာပြင်က ဇရပ်မှာ ထွက်ပြီး ဘိန်းရှုလေ့ ရှိပါတယ် ။

တစ်နေ့
ရွာက သူကြီး
တစ်ခြားရွာတွေက အခွန်ကောက်ပြီး မြင်းစီးပြန်လာတာ

အဲဒီဇရပ်နားက ဖြတ်တာကို ဘိန်းစားက မြင်တော့

ဗျို့ သူကြီး
သူကြီးလက်ထဲက ပိုက်ဆံထုပ်ကြီး
ကျုပ်ကို ပေးခဲ့ ပါလား လို့ လှမ်းပြီး အော်ပြောလိုက်တယ်

သူကြီးက

မင်းကို ငါက ဘာလို့ ပေးရမှာလဲ ဆိုပြီး ပြန်ပြောပြီး
ရွာထဲ ဝင်သွားတော့တယ် ။

ဘိန်းစားက ဘာပြန်ပြောလဲ ဆိုတော့
မပေးလည်းနေပေါ့
ပါးစပ်ပဲ စိုက်ရတာ ဆိုပြီး ပြန်မှိန်းနေလိုက်ရောတဲ့

…………………………………………………………………………………………..

ကျွန်တော်တို့ ယောက်ျားလေးတွေထဲက တစ်ချို့ ဟာ
propose လုပ်တာက်ို

“ဘာခက်တာမှတ်လို့ ပါးစပ်ပဲစိုက်ရတာ မရလည်း အရင်းပဲပေါ့ “

ဆိုုပြီး ပေါ့ပေါ့လေးပြောတတ်ကြတယ် ။

တကယ်တမ်းတော့ မိန်းကလေးတွေက ရွေးခွင့် ပဲ ရှိတာလေ ။
လာပြီး ကမ်းလှမ်းတဲ့လူတွေထဲပဲ ရွေးခွင့် ရှိတာ ။ အစဉ်အလာတွေ
ယဉ်ကျေးမှုတွေ ရဲ့ ကြားမှာနေ နေ ရပါတယ်ဆိုတဲ့ သူမတို့ ရဲ့ ဘဝက

ပျိုမျစ် ချိန် ခဏလေးပါ ။

ကိုယ်က တကယ်ချစ်တယ် မသေချာပဲ တွဲ ရင် ၊
ဒါမှမဟုတ် ချစ်တယ်လို့ ထင်ရုံလေးနဲ့ တွဲ ခဲ့ ရင် ။

သူတို့ မှာ နစ်နာမှုတွေ
ဆုံးရှုံးမှုတွေ အများကြီးပါပဲ ။
ကိုယ်တကယ်မချစ်တဲ့သူကို ရေရှည် အနွံတာခံဖို့ မလွယ်ပါဘူး ။

ကြာရင် ပြဿနာတွေ ဖြစ်ပြီး ကွဲကြတာပါပဲ ။
ဒါက လက်ရှိ သမီးရည်းစားအများစုမှာဖြစ်နေတဲ့ ပြဿနာပါ ။

သမီးရည်းစား၂ယောက် ကွဲတဲ့ အခါ
( ၁ ) မိန်းကလေးတစ်ယောက်ရဲ့ နုနယ်ပျိုမြစ်တဲ့ အချိန် တွေ အလဟာဿဖြစ်ကုန်ပါတယ် ။

( မိန်းကလေးတစ်ယောက်ဟာ ယျေဘူယျအားဖြင့် အသက် 25 နှစ်ကျော်တဲ့ အခါ နုနယ်မှု၊ လှပမှုတွေ ဆုတ်ယုတ်ကျဆင်းလာတတ်ပါတယ် ။
ယောက်ျားလေးများကတော့ အသက် လေးဆယ်အထိ ဖြတ်လတ်သန်မာနေနိုင်ပါတယ် ။ )

( ၂ ) ရည်းစားနောက်တစ်ယောက်ထားမိရင်တောင် ပတ်ဝန်းကျင်မှာ ရည်းစားများတယ် နာမည်ပျက်ရပါတယ် ။

နောက်တစ်ခုက
ကိုယ်က တကယ်မချစ်ပဲ တွဲနေတဲ့ အခါ ၊
သူ့ကို တကယ်ချစ်နိင် ၊ ဂရုစိုက်နိုင်တဲ့ သူတစ်ယောက်ယောက်နဲ့ လွဲသွားနိင်ပါတယ် ။

ဒါဟာ သူ့ ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အနိင်ကျင့်တာနဲ့ အတူတူပါပဲ ။

ကို်ယ့် မှာလည်း အမ တွေ ၊ ညီမတွေ ရှိနိင်ပါတယ် ။ ကိုယ့် ညီမတွေ အမတွေကို အဲဒီလို လာပြီး လုပ်ခဲ့ မယ်ဆိုရင်
ကြိုက်မှာ မဟုတ်ဘူးဆိုတာ ကိူးဆယ့် ကိုးရာခိုင်းနှုန်းသေချာပါတယ် ။
သူစိတ်ဆင်းရဲ့ သလို ကိုယ်လည်း စိတ်ချမ်းသာနိင်မှာမဟုတ်ပါဘူး ။

အဲဒီတော့ ယောက်ျားလေးများ ရည်းစားစကားပြောမယ်ဆို
အရင်ဆုံး စဉ်းစားစေချင်ပါတယ်
သေချာပြီလား လို့ ……..

ကြက်တူရွေးစကားသင်သလို
လက်တဲ့ စမ်းရမယ့် အလုပ်မျိုး
နဲ့ သူတပါးအကျိုးယုတ်စေတဲ့ အလုပ်မျိုးကို
ယဉ်ကျေးတဲ့ မြန်မာအမျိုးသားများလုပ်လေ့ မရှိပါဘူး ။

ဆင်ချင်ကြပါလို့ တို်က်တွန်းပါရစေ ။

မိန်းကလေးများဘက်ကရော
တကယ်မချစ်ပဲ accept မလုပ်ကြဖို့ ပြောချင်ပါတယ် ပါတယ်။
တစ်ခါတစ်လေ

ကိုယ်ဘက်က တစ်ခဏတာ အမှတ်တမဲ့ တစ်ခုဟာ
တစ်ဘက်မှာ တစ်ဘဝစာ အမှတ်တရဒဏ်ရာတစ်ခုဖြစ်သွားနိုင်လို့ ပါ ။

အပြင်ပန်းက ဒဏ်ရာရတာကို ဥပဒေအရအရေးယူနိုင်ပေမယ့်
နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်းရသွားနိုင်တဲ့
နာကျင်မှု စိတ်ဒဏ်ရာအတွက် ကာကွယ်ပေးနိင်မယ့် ဥပဒေမရှိတာမို့

သူ့ နေရာမှာ ငါသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ထည့် ထားပေးဖို့ တောင်းဆိုလိုက်ပါရစေ ။

တစ်ချိုု့ အွန်လိုင်းပေါ်မှာမို့ အပျော်ပါ တဲ့
အဲဒီအပျော် ဆိုတာလေးက
စကားကိုလွယ်လွယ်ပြောတတ်တဲ့

စကားမတည်တတ်တဲ့ အကျင့်လေးမသိစိတ်ထဲစွဲသွားပြီး
ကိုယ့် ကိုယ့် ကို လေးစားမှုလျော့ ကျသွားနိုင်ပါတယ် ။

” ကိုယ့် စကားကိုယ်လေးစားကြပါ လို့ . “…..

ဒါကြောင့် ” သင့် ဘက်က စပြီးသေချာပါစေ :” နော် ။

………………………………………………………………………..

သူငယ်ချင်းများအားလုံး အစစအရာရာ အဆင်ပြေကြပါစေ

မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို ချစ်တာမဟုတ်ပါဘူး။
မပြည့်စုံတဲ့သူကို ပြည့်ပြည့်ဝဝ ချစ်တာပါ။