ကညနအဖွဲ့ရခိုင်ပြည်နယ်အတွင်းမော်တော်ယာဉ်လိုင်စင်များလုပ်ရာတွင်ငွေပိုကောက်ခံနေ

Nu ThanMay 6, 20131min850

ရခိုင်ပြည်နယ်ကညနအဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်းမော်တော်ယာဉ်လိုင်စင်များ
အားသတ်မှတ်နှူန်းထားများထက်ပိုမိုပြီးကောက်ခံခြင်း
ရခိုင်ပြည်နယ်ကညနအဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်းမော်တော်ယာဉ်လိုင်စင်များ
အားသက်တမ်းတိုးခြင်း၊ဆိုင်ကယ်လိုင်စင်ပြုလုပ်ခြင်း၊ ယာဉ်မောင်းလိုင်စင်များကိုနိုင်ငံ တော်အစိုးရ၏သတ်မှတ်နှူန်းထားများထက်ငွေကျပ်သောင်းနှင့်ချီပိုမိုပြီးကောက်ခံပြီး ဆောင်ရွက်ပေးနေပါသည်၊တကယ်တမ်းကညနလိုင်စင်ရဲ့တရားဝင်ငွေရရှိကြောင်းပြေ စာတွင်ရာဂဏာန်းထောင်ဂဏန်းလောက်ဘဲဖေါ်ပြထားပေမယ်လက်တွေ့မှာတော့ကျပ်သောင်းနှင့်ချီကာတောင်းခံသဖြင့်ပေးခဲ့ရကြောင်း၊လက်တွေသက်တမ်းတိုးလုပ်ဆောင်ခဲ့သူဦးမောင်လှမှသတင်းဂျာနယ်သို့ပြောကြားခဲ့ပါသည်၊ဆိုင်ကယ်လိုင်စဉ်၊သက်တမ်းတိုးဆောင်ရွက်ရာတွင်လည်း လုပ်ငန်းနှင့်မည်သို့မှ မဆိုင်သောမြွေအန္တရယ်အသက်အာမ
ခံကိုပြုလုပ်ရပြီး ။သတ်မှတ်ငွေကောက်ခံလွှာတွင်အသက်အာမခံ(၂၀၀)ဟုရေးထားပြီး
ငွေကောက်သည့်အခါ(၁၀၀၀)ကျပ်ကောက်ခံနေပါသည် ။ထို့အပြင်တရားမဝင်ပြေစာ
ရရှိခြင်းမရှိပေးဆောင်ရသည့်ဒဏ်ငွေများစွာရှိပြီး၊တရားမဝင်ခဲခြစ်မှစပြီးပြီးဆုံးသည်အထိပြေစာရရှိခြင်း( သို့ )နိုင်ငံတော်သို့ပေးသွင်းမရှိသောကြားပေါက်ငွေအနည်းဆုံး
(၁၂၀၀ဝိ/)ပေးနေရပါသည်။၎င်းတို့ကိုထိရောက်စွာအရေးယူပေးပါရန်နှင့်ငွေကောက်ခံမှုအားလုံးအတွက်ပြေစာထုတ်ပေးပါရန်တင်ပြအပ်တိုင်ကြားအပ်ပါသည်။
ထို့ကဲ့သို့သတ်မှတ်နှုန်းထားများထက် ကျပ်သောင်းနှင့်ချီကာပေးဆောင်
ကြပြီးလိုင်စင်သက်တမ်းတိုးခြင်း၊ လူလို်င်စင်ပြုလုပ်ခြင်းအစရှိသော ကိစ္စများဆောင်
ရွက်ရာတွင်ငွေကြေးမြောက်များစွာတရားမဝင်တောင်းခံနေကြပြီးထိုသို့တောင်းခံမှလုပ်
ကိုင်ပေးကြပါသည်၊ရခိုင်ပြည်နယ်လုပ်ငန်းလိုင်စင်များသက်တမ်းတိုးဆောင်ရွက်ပေးရာ
တွင်တရားမဝင်ငွေကြေးများစွာ ကညနအဖွဲ့မှတရားမဝင်ငွေကြေးများစွာရရှိပြီမိမိတို့
အိမ်များကိုမွေးရေ ဘဏ်များမှတစ်ပတ်လျှင်ကျပ်သိန်း (၁၀၀) နှင့်ချီရရှိကြပြီးငွေလွဲကြ ကြောင်း၊ကညနအဖွဲ့ဝင်များ၏တရားမဝင် ငွေရှာဖွေနေမှုကိုတင်ပြလိုက်ရပါသည်။