Buddhism is National Religion of Myanmar

++++++++++++++++++++++++++++++++++++++++++++++++++++++++

9

++++++++++++++++++++++++++++++++++++++++++++++++++++++++

10

++++++++++++++++++++++++++++++++++++++++++++++++++++++++

11

++++++++++++++++++++++++++++++++++++++++++++++++++++++++

943091_532992680095381_872099929_n

++++++++++++++++++++++++++++++++++++++++++++++++++++++++

13

++++++++++++++++++++++++++++++++++++++++++++++++++++++++

14

++++++++++++++++++++++++++++++++++++++++++++++++++++++++

15

++++++++++++++++++++++++++++++++++++++++++++++++++++++++

16

++++++++++++++++++++++++++++++++++++++++++++++++++++++++

17

++++++++++++++++++++++++++++++++++++++++++++++++++++++++

18

++++++++++++++++++++++++++++++++++++++++++++++++++++++++

19

++++++++++++++++++++++++++++++++++++++++++++++++++++++++

20

++++++++++++++++++++++++++++++++++++++++++++++++++++++++

“” ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားတဲ့အကြောင်းလေးကို ထေရဝါဒဓမ္မကွန်ရက် က စာစောင်ထုတ်ထားပါတယ်..လောလောဆယ်တော့ ဒါလေးကို တင်ပေးလိုက်ပါတယ်.. အသေးစိတ်ကိုတော့ မကြာခင်မှာ တင်ပေးပါမယ်ရှင့်…. “”

++++++++++++++++++++++++++++++++++++++++++++++++++++++++

53 comments

  • kai

    May 6, 2013 at 11:40 pm

    ကမ္ဘာကတော့အောက်ကအတိုင်းလက်ခံထားတယ်..
    ဒီအကြောင်းတွေနဲ့ပါတ်သက်ပြီး…သေသေချာချာဆွေးနွေးချင်ပါတယ်..
    အင်မတန်အန္တရာယ်များတဲ့..” ပြည်တွင်းစစ်ခေါ်စာ” ဖြစ်လို့ပါ..
    ဗမာတိုင်းရင်းသားနဲ့.. ကျန်တိုင်းရင်းသားတွေထိပ်တိုက်တွေ့ကြလိမ့်မယ်..။
    ပြည်ထောင်စုပြိုကွဲလိမ့်မယ်..။

    ==
    Religion in Burma – Wikipedia, the free encyclopedia

    en.wikipedia.org/wiki/Religion_in_Burma‎
    Myanmar (Burma) is a multi-religious country. There is no official state religion, but the government shows preference for Theravada Buddhism, the majority …
    Alleged persecution – Religious freedom of Buddhists
    ==
    Freedom of religion in Burma – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Freedom_of_religion_in_Burma‎
    Most famous of all would be the first prime minister of independent Myanmar, U Nu. In 1961 the Government’s push to make Buddhism the state religion failed

  • kai

    May 7, 2013 at 12:04 am

    ဘာတွေဖြစ်သွားခဲ့သလည်း.. သိသာစေဖို့.. ကူးတင်တာပါ..။

    =
    http://www.ibiblio.org/obl/docs/LIOB04-KMW-rel.free.htm

    Religious freedom before 1962

    During the period of parliamentary democratic rule, from 1948 to 1962, Burma enjoyed the most democratic system of government in the region. The right to religious freedom was not questioned, nor were religious issues abused for political purposes.6 During debate over the 1947 constitution7, Burma’s first post-independence constitution, some Buddhist monks pressured the leaders of the independence movement to include in the constitution provisions recognizing Buddhism as the state religion. These demands were, however, rejected. Several members of the British government urged the Burmese independence leaders to study the experience of Ireland, where multiple religions are recognized and respected, despite the fact that Catholicism is practiced by the majority of the people. Ultimately the 1947 constitution included the following article:

    “Article 21

    (1) The State recognizes the special position of Buddhism as the faith professed by the great majority of the citizens of the Union.

    (2) The state also recognizes Islam, Christianity, Hinduism, and Animism as some of the religions existing in the Union at the date of coming into operation of this constitution.

    (3) The state shall not impose any disabilities or make any discrimination on the ground of religious faith or belief.

    (4) The abuse of religion for political purpose is forbidden; and any act which is intended or is likely to promote feelings of hatred, enmity or discord between racial or religious communities or sects is contrary to this constitution and may be made punishable by law.”

    Despite continual pressure from Buddhist monks to promote the status of Buddhism, U Nu, the first Prime Minister of the independent Burma, and a Buddhist himself, managed to maintain Burma’s official status as a secular state. He allocated a budget for all religions existing in the country, to allow them to be promoted. In this way, all religions were respected and promoted equally. The government arranged visits of Burmese Christian leaders to the Vatican and Burmese Muslim leaders to Saudi Arabia. The government not only encouraged the translation of Buddha’s Tripitaka8 from Pali9 into Burmese, but also the translation of the Koran from Arabic into Burmese. The Bible had been translated into Burmese in earlier days.

    While many Buddhists teachers taught Buddhism in the schools, other religions were also given the same opportunities. However, some Buddhist monks protested against the teaching of the Bible and Koran in schools. The government made it known publicly that if other religions were not allowed to be taught, the teaching of Buddhism would also not be allowed.10

    Nevertheless, a separate law was passed by the parliament in October 1961 that established Buddhism as the state religion. When this Bill was introduced in parliament, protests against it took place in some parts of the country. Leaders of other religions met U Nu and discussed the Bill. In his autobiography, U Nu wrote that as no limitations were placed on other religions, the Bill establishing Buddhism as the state religion was adopted by the parliament.11 Some Buddhists argued that, although Buddhism was declared to be the state religion, other religions were not threatened, as their existence was guaranteed in Article 21 of the constitution12 under which no person was allowed to utilize religious issues for the purpose of politics. They argued that the adoption of Buddhism as the state religion was not contrary to the 1947 constitution. The government continued its support for other religions, as it had before Buddhism was established as the state religion.

    At the same time, leaders of other religions demanded the amendment of Article 20 of the 1947 constitution13, by adding freedom of expression to it in terms of religious practices. When the amendment was made, religious leaders who had previously protested expressed their appreciation of the amendment and the efforts of Prime Minister U Nu.14

    In general, despite attempts to entrench the dominant role of Buddhism within Burmese society, misuse of religion for political purposes was avoided during this period. Religious freedom prior to 1962 was not threatened. Furthermore, no division of the Burmese people was made along religious lines. The most notable aspect of religious freedom before 1962 is that repression against non-Buddhist religions did not occur, despite the fact that Buddhism was promoted as the state religion.

  • ခင်ခ

    May 7, 2013 at 12:54 am

    လက်ခုပ်တီးတယ်ဆိုတာ အားပေးခြင်းရဲ့သင်္ကေတဆိုပေမယ့် ရန်ဆောင်ကာ ဖြစ်ပွားတဲ့
    ရန်ပွဲနှစ်ခုကြား ကိုယ်သန်ရာဘက်က မြောက်ပေးသော လက်ခုပ်သံမဖြစ်စေလိုပါဘူး။
    ငြိမ်ချမ်းရေးကို ကမ်းလင့်သောလက်
    နာကျင်သူကို ဖေးမထွေးပွေ့သောလက်
    သဗ္ဗေသတ္တာ သတ္တဝါတွေ ချမ်းသာကိုယ်စိတ်မြဲပါစေ
    ဥပရန်ဘေး ကင်းစင်ဝေး ငြိမ်အေးကြပါစေလို့ လက်ဆယ်ဖြာမိုးကာ
    ဆုတောင်းပေးသော လက်များဖြစ်ကြမယ်ဆိုရင်ဖြင့်လို့ မဆီမဆိုင် တွေးမိသွားတယ်ကွယ်။

  • ကိုရင်စည်သူ

    May 7, 2013 at 3:39 am

    လုံမလေးရေ.. ရည်ရွယ်ချက်ကောင်းပြီး ကြိုးစားတင်ထားတာတွေ့ပေမဲ့
    အချိန်အခါက နည်းနည်းများ လွဲနေလားလို့…။ ပွထနေတဲ့ တောကြောင် လော်ဘီတွေကို
    ဆွပေးလိုက်သလိုဖြစ်နေမှာစိုးရယ်… 😳 😳
    ကိုရင့်ရဲ့ အတွေးအခေါ်တိမ်တိမ်လေးနဲ့ ရှေ့မျိုးဆက် သုံးဆက်အထိ တွန်းကြည့်လိုက်တော့…
    … ဗမာပြည်ကြီး.. ပြည်ထောင်စု သမ္မတ မြန်မာ ဗုဒ္ဓ ဘာသာ နိုင်ငံ တော်… ဖြစ်ဖို့…။



    ဖြစ်ဖို့….
    ဖြစ်ဖို့…
    မရှိသေးပါခင်ည… :gee: :kwi:

  • pazflor

    May 7, 2013 at 6:42 am

    တိုတိုနဲ့ လိုရင်းဘဲမေးချင်ပါတယ်၊
    ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်လိုက်တော့ ဘာတွေဖြစ်သွားမှာတုန်း၊ ဘာတွေကောင်းသွားမှာတုန်း၊ သိချင်စမ်းပါဘိ။

  • Foreign Resident

    May 7, 2013 at 8:54 am

    အဘ ဒီကိစ္စကို ပြောရမယ် ဆိုရင် ၂ ပိုင်း ရှိပါတယ် ။

    ၁ ။
    ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနှင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်း ဖို့ကို ၊
    ပြင်းပြင်းထန်ထန် မ ကန့်ကွက်သော်ငြားလည်း ၊ မထောက်ခံနိုင်ပါဘူး ။

    ဘာဖြစ်လို့လဲ ဆိုတော့ ၊ တိုင်းရင်းသား ချင်း ၊ ကချင် ၊ ကရင် တွေနှင့် ၊
    ပြည်တွင်းစစ်ဖြစ်ပြီး ၊ ပြည်ထောင်စုကြီး ပြိုကွဲသွားမှာ သေချာလို့ပါ ။

    ဗမာတွေကို တစ်ခုလောက် ထောက်ပြချင်ပါတယ် ။
    လက်ရှိ အခြေအနေမှာ ၊ တိုင်းရင်းသား သူပုန်အဖွဲ့ အားလုံးကသာ ၊
    တစ်ညီတစ်ညွှတ်တည်း စုပေါင်း ပုန်ကန်ကြမယ် ဆိုရင် ၊
    လက်ရှိ မြန်မာ့ တပ်မတော်ဟာ ၊ တိုင်းရင်းသား သူပုန်အဖွဲ့ အားလုံး ကို ၊
    နိုင်အောင် မတိုက်နိုင်လောက်တော့ဘူးလို့ အဘ ထင်ပါတယ် ။
    ကိုယ့်ရဲ့ အင်အား အမှန်ကို သိခြင်းဟာလည်း မင်္ဂလာ တစ်ပါးပါပဲ ။

    ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းလိုက်လို့ကတော့ ၊
    တိုင်းရင်းသားတွေကလည်း ပြည်ထောင်စုကြီးထဲမှာ ဆက်နေစရာ ၊
    ဘာ အကြောင်းမှ မရှိတော့ပါဘူး ။ အကုန် လွတ်လပ်ရေး ကြေငြာကြပါလိမ့်မယ် ။

    အဲဒီတော့ကာ ၊ တန်တယ်လို့ ထင်ရင်တော့ ဆက်လုပ်ကြပေါ့လေ ။
    လူများစုကြီးရဲ့ သဘောပေါ့ ။ အဘ တားလို့လဲ ရတာမှ မဟုတ်တာ ။

    ၂ ။
    အခု ဖြစ်ခဲ့တဲ့ ဘာသာရေး နိုးကြားမှု ၊ ဗုဒ္ဓဘာသာ ကာကွယ်ရေး ကိစ္စတွေမှာ ၊
    အမျိုးသမီးတွေဟာ တော်တော်လေး ထဲထဲဝင်ဝင် ပါဝင်လာကြတာကိုတွေ့ရပါတယ် ။
    အဲဒါကို ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနှင့်တော့ အဘ ကျေနပ် အားရမိပါတယ် ။
    သိပ်တော့ အစွန်း မရောက်ကြနှင့်ပေါ့နော် ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 7, 2013 at 9:56 am

      အလာကောင်းပေမယ့် အခါနှောင်းသွားဘီ ဘါ့ဂျီးရေ
      မာနယ်ပလော မကျခင်ကတည်းက ဒီအစီစဉ်ကို ရေးဆွဲခဲဂျဘူးသဒဲ့
      ရေးဆွဲဘို့ အကြံပေးတာကလည်း 88 မျိုးဆက်တွေဖြစ်ပါသဒဲ့
      ရေးဆွဲခဲ့ဂျတဲ့အတိုင်းလည်း လုပ်ဂျဘါသဒဲ့
      လုပ်တဲ့အတိုင်းတော့ ဖြစ်မလါဘူးဒဲ့
      ဘါ့ကြောင့်မှန်းတော့ သိဘူးခည ဘါမှကိုထူးမလါဘူး
      ဇဂါးမစပ် ဝါ့စစ်တပ်မှာ လိင်ဗျံတွေ အဝေးပြစ် စနိုက်ပါတွေ ပိုင်ဆိုင်သွားတဲ့သဒင်းအတွက်
      ကွန်ဂရက်ကျူလေးရှင်းပါနော
      ဒါပေသိ ဗမာစစ်တပ်က ဗျူဟာအရ နယ်မြေချဉ်းကပ်မှူ့မှာ ဝါ့စစ်တပ်က
      ငယ်သံပါအောင် အော်ပြနေတာကတော့
      တရုပ်ကြီးသစ္စယဖေါက်ပြီးလားမပြောတတ်
      ( ဂက်စ်လိုင်းကြီးကရှိသဂိုး ဂက်စ်လိုင်းကြီးက ရှိသဂိုး )

    • Foreign Resident

      May 7, 2013 at 11:03 am

      ကိုရင် အောင်ပု ရေ ။
      အဘ တို့ တပ်မတော်ကြီး ခမျာမှာလည်း ၊ ၈၈ မတိုင်မှီကလို မဟုတ်တော့ဘူးကွယ့် ။

      ၁ ။ ဒီ ရဲဘော်လေးတွေက ကောင်းတယ် ရာရှင်တောင် ထုတ်ပေးစရာမလိုဘူး ။
      ထမင်းစားနားရင် အမေနို့ ပြန်စို့ကြတာဆိုတဲ့ ၊ အငယ်လေးတွေ ။
      ၂ ။ သူခိုး ဂျပိုးတွေကို မိရင် ထောင်ထဲဝင်မလား စစ်ထဲဝင်မလား ဆိုပြီး သွင်းထားတာတွေ ။
      ၃ ။ ၈၈ နောက်ပိုင်း ဘုန်းဘောလအော ပေးဝင်ထားတဲ့ အရာရှိတွေ ။
      ၄ ။ ရဲမေ ရဲ့ ထမိန်ဟာ ကြက်သွန်ခွံလို ပါးရိလွန်းလို့ ကွက်ကွက်ကွင်းကွင်း ဖြစ်နေတာတွေ ။
      ဆက်ပြောရရင် ၊ ဒီ့ထက်ဆိုးတာတွေ အများကြီးပါဗျာ ။ မပြောချင်လို့ပါ ။

      လိုရင်းပြောရရင် ၊ အဘ တို့ တပ်မတော်ကြီးလဲ အရင်ကလို မ မာနိုင်တော့ပါဘူးကွယ် ။
      တခြား မကြည့်နှင့် ၊ လောလော လတ်လတ် အခု KIA ကို တိုက်တော့လဲ ၊
      ဘယ်လောက်တောင် ကျဆုံးခဲ့ရတယ် ဆိုတာ သေချာ စုံစမ်းကြည့်ကြပါအုန်း ။
      နောက်ဆုံး စစ်တိုက်ဖို့ အမိန့်ပေးတာကို ငြင်းလို့ ဗျူဟာမှူးကို ထောင်ချလိုက်ရတယ် ။
      အရင်က ဒီလို အဖြစ်တွေ မရှိခဲ့ဘူး ကွယ့် ။

      အမှန်ပြောရရင်တော့ ၊ ငြိမ်းချမ်းရေး ယူထားတဲ့ အချိန်အတွင်းမှာ ၊
      စစ်တပ် ကလဲ လမ်းတွေဖေါက် ၊ Dumping တွေ စုခဲ့ကြတာပဲ ။
      သူပုန်တွေ ကလဲ လက်နက်တွေစု ၊ ပညာတတ်တွေစု ၊ ငွေတွေစု လုပ်ခဲ့ကြတာပဲ ။

      ဒါပေမယ့် ၊ အဆုံးသတ်မတော့ ၊ အဲဒီ ငြိမ်းချမ်းရေး ယူထားတဲ့ အချိန်အတွင်းမှာ ၊
      သူပုန်တွေဖက်က သူတို့ဖက်ကို အကျိုးရှိအောင် ပိုလုပ်သွားနိုင်ပုံ ထင်ရတယ် ။

      ” တရုပ်ကြီး ( ဝါ့စစ်တပ် ကို ) သစ္စာဖေါက်ပြီးလားမပြောတတ် ( ဂက်စ်လိုင်းကြီးကရှိသဂိုး ) ”

      အခုထက်ထိတော့ တရုပ်ကြီးက မြန်မာ့ တပ်မတော်ဘက်က ရပ်ပေးနေတုန်းပါပဲ ။
      မြန်မာ့ တပ်မတော် ကလည်း တရုပ်ကြီး နှင့် အဆင်ပြေနေပါသေးတယ် ။

      တရုပ်ကြီးကို စိတ်ဆိုးအောင် မလုပ်မိသရွေ့ အထိပေါ့လေ ။
      တရုပ်ကြီး စိတ်ဆိုး သွားရင်တော့ ၊ ဟဲ ဟဲ ။ သိသားနှင့် ။

  • ကထူးဆန်း

    May 7, 2013 at 9:39 am

    တိုင်းရင်းသား သူပုန် အဖွဲ့တွေက လည်း ဘယ်တော့မှ မစည်းလုံးလို့ ပူစရာ မရှိပါဘူး .. အားလုံးသာစည်းရုံးရင် ၁၉၈၈ ကတည်းက မြန်မာပြည် အစိတ်စိတ် အမွှာမွှာဖြစ်ခဲ့ပါပြီ.. လူထု ဆန့်ကျင်အားရှိတယ် ။ ကျောင်းသားအဖွဲ့ ဘာအဖွဲ့ ညာ အဖွဲ့ အဖွဲ့ပေါင်းစုံ တွေ ရှိတယ် .. အဖွဲ့ ပေါင်းစုံမို့လို့ မနိုင်ခဲ့ပါဘူး ..

    ဘယ်တုန်းကမှ မစည်းလုံးကြလို့ ပါ ။ အခုလည်း စည်းလုံးမယ် မထင်ပါဘူး ..

    အခုမှ နိုင်ငံပေါင်းစုံဖိအားကြောင့် အစိုးရ က ရပ်ပြီး လွှတ်ပေးတော့မှ လေပွ ထလာကြတာ ..

    ဒါတောင်မှ ကချင်ကိုသွားဆော်လိုက်သေး .. အစိုးရတပ်က လည်းဘာလို့ ကုန်အောင်မတိုက်လဲ ..မနိုင်လို့တော့ မထင် .. မထင်.. ကချင် လိုင်ဇာ နားရောက်ပြီးမှ ပြန်ရပ်ထားပေးတယ် ။ အကြောင်းရှိမှာပေါ့ ..

    အစ္စရေးလို နိုင်ငံပိစိကိုလည်း အာရပ်ကမာ္ဘက အားလုံးညီရင်ပျောက်သွားမယ်လို့ ပြောခဲ့တာ ဆယ်စုနှစ်ပေါင်း မကတော့ပါဘူး … အမေရိက နောက်ခံလို့ မပြောပါနဲ့ .. အာရပ်တွေ အစ္စရေးနဲ့ peace လုပ်ချင်သူ မလုပ်ချင်သူ တွေနဲ့ ကွဲပြားပြီး အခုထိ မနိုင်နိုင်သေးပါဘူး ..

    • Foreign Resident

      May 7, 2013 at 12:04 pm

      ကထူးဆန်း ရေ ။

      အခုကိုပဲ သတင်းတွေ တက်လာပြီ ။
      မြိုင်ကြီးငူ ဆရာတော်က BGF ကိုလက်မခံနိုင်ဘူးတဲ့ ၊
      BGF အကုန် DKBA တံဆိပ်ပြန်တပ်ပြီး ၊
      ကရင်လက်နက်ကိုင် အဖွဲ့အားလုံး စည်းစည်း လုံးလုံး နှင့် ၊
      အာဏာရှင်ကို ဆန့်ကျင်ကြ ဆိုပြီး အမိန့်ရှိလိုက်လို့ ၊

      အခုပဲ ၊ KNU ၊ DKBA ၊ ABSDF ၊ BGF ( ၁၀၁၂ ) ၊
      ပူးပေါင်း အင်အား ၁၅၀ဝ နှင့် မြိုင်ကြီးငူ စခန်းကို ပြန်သိမ်းလိုက်ပြီတဲ့ ။
      —https://www.facebook.com/photo.php?v=123078301226506&set=vb.100005730097393&type=2&theater—
      KNU နှင့် ငြိမ်းချမ်းရေး ယူထားတာ ပျက်ပြီ ထင်တယ် ။

      မြန်မာ့ တပ်မတော် တော့ အကြီးအကျယ် ရွာပတ်ပြီ ။
      အဘ ရဲ့ တပ်မတော် ထဲက သူငယ်ချင်းတွေ ဘေးအန္တရာယ် ကင်းကြပါစေကွယ် ။

      ဒုက္ခ ၊ ဒုက္ခ ၊ ဗေဒင်ဆရာတွေ ဟောထားတဲ့ ဒီနှစ်လယ်မှာ ၊
      ကြီးကျယ်တဲ့ ပြောင်းလဲမှု ရှိမယ် ဆိုတာ မှန်မယ် ထင်တယ် ။

    • garuda

      May 8, 2013 at 3:33 pm

      အဲသဟာပေါ့…တွေးတတ်တဲ့ အခါ စာဖတ်တဲ့ အခါကြတော့.. အမှန်ကိုမြင်နေရတော့..
      ခြောက်တိုင်းလည်း မကြောက်တော့ဘူးပေါ့
      :hee:

  • အထက်မှာ စာဒတ်ပေဒတ် ပုတ်ဂိုဂျော်ဂျီးဒွေ …
    ပေါပီးတွားလို့ …
    ဘာမှ မပြောတော့ပါဘူး …
    ((ခပ်တည်တည် လေသံနှင့် ပေါတီဟု မှတ်ရန်)) :mrgreen:
    အပေါ်က ပုံဒွေလည်း ကျိရင်းနဲ့ …
    အောက်ဆုံးက ကဗျာလေးကိုပဲ ဖတ်တွားဒယ် …
    ဒါဘာဗျဲစ် …

  • ကိုးကိုယ်ရာ ဘာသာဆိုတာ ပြန်.ပွားအောင် ဘာသာဝင်လူများအောင်လုပ်ရတဲ့ဟာလို.တော့မထင်ဘူးဗျ…
    ကိုးကိုယ်ယုံကြည်မှုဆိုတာတော့ သူယုံကြည်ရာကိုးကွယ်ကြမှာပဲလေ…
    ကျွန်တော်တို. ထေရဝါဒဗုဒ္ဓဘာသာကတော့ ကိုးကွယ်လှည့်ပါ.. လိုတော့ မခေါ်ထားဘူး ဒါတွေ မလုပ်မနေရမရှိဘူး… ကျင့်ကြံကြည့် သိလိမ့်မယ်ပဲ…
    မကျင့်ကြံရင်ရော ဘာဖြစ်သလဲ ဘာမှမဖြစ်ပါဘူး….. ဘာသာသာသနာပျောက်မှာစိုးလို. ဘာသာဝင်လူများအောင် စည်းရုံးဖို.မလိုလောက်ဘူးထင်တာပဲ…. လက်ရှိ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တွေသာ ကျင့်ကြံထိန်းသိမ်း နိုင်အောင် စိတ်ဓာတ်ခိုင်ခိုင်မာမာ ကြိုးစားဖို.လိုတာပါပဲ….
    အနှောင့်အသွားမလွတ်တဲ့စကားတွေ နဲ. ထေရဝါဒဗုဒ္ဓဘာသာ ပြန်.ပွားအောင် မလုပ်ကြပါနဲ.လို. တောင်းပန်ပါရစေဗျာ………..

  • မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလို့ ကြေငြာဘို့ ဆိုင်းဘုတ်တတ်ဘို့ မလိုအပ်ပါဘူး။
    အခုအချိန်မှာ ဒီလို လုပ်လိုက်ရင် ရှုပ်ကုန်မှာအသေအချာပါဘဲ၊
    အခုအချိန်အရေးကြိးတာက တိုင်းပြည်အေးချမ်းအောင် တိုးတက်အောင်ဘယ်လိုလုပ်ကြမယ်ဆိုတာ
    က အဓိက အချက်ဖြစ်ပါတယ်။
    အဲဒါက မြန်မာပြည်မှာနေတဲ့ လူမျိုးမရွေးဘာသာမရွေး ပူးပေါင်းလုပ်ဆောင်မှာသာ
    တကယ်ဖြစ်လာမှာပါ။

  • min zaw

    May 7, 2013 at 2:42 pm

    တ​ဆိ​တ​်လောက် ပြောပါရစေဗျာ။ ပို့စ် တင်တဲ့သူကိုလဲ အားနာကြပါအုံးဗျာ။ ပို့စ်အကြောင်းပဲ ဆွေးနွေးကြပ်လားဗျာ။ ကျွန်တော် မင်းဇော်ပါ။ password မေ့သွားလို့ account အသစ်နဲ့ အလည်ပြန်လာတာပါ။ အားလုံးကို လေးစားပါတယ်။ ။

  • min zaw

    May 7, 2013 at 2:57 pm

    ဗုဒ္ဓဘာသာက ဘယ်တော့မှ ဘာသာခြားကို မစော်ကားဘူး။ မတ်လုံးပေးပြီးတော့လဲ မစည်းရုံးဘူး။ အခုဖြစ်နေတဲ့အဓိကရုဏ်းတချို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ ဘာသာကိုအထိမခံနိုင်တဲ့ စိတ်ကိုအသုံးချပြီး မဆူ ဆူအောင်လုပ်နေကြတာပါ။ ဒါပေမယ့် တခုပြောချင်တာက ဗုဒ္ဓဘာသာတိုင်းဟာ ကိုယ့်ဘာသာကိုယ်စည်းရုံးခွင့်၊ ကာကွယ်ခွင့် ရှိပါတယ်။

    • ခင်ခ

      May 7, 2013 at 3:17 pm

      မှန်ပါတယ် မောင်မင်းဇော် ဘာသာတိုင်းစည်းရုံးပိုင်ခွင့်၊ ကာကွယ်ပိုင်ခွင့်ရှိပါတယ်၊ ဒါက ဘာသာရေး ရှု့ထောင့်အရပေါ့၊ အဲ နိုင်ငံရေး ရှု့ထောင့်အရ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ဝန်ကြီးချုပ်ဦးနု ခေတ်တုန်းက ကြေငြာဖို့လုပ်ကြတယ် အဲဒီတော့ ဘာတွေဖြစ်သွားခဲ့လည်း အဲလိုဖြစ်သွားခဲ့တဲ့ သမိုင်းကြောင်းသိကြတဲ့ မှီခဲ့တဲ့သူတွေက ပိုစ့်ကိုအခြေခံပြီး ဆက်စပ်နွယ်ကာဆွေးနွေး ငြင်းခုံ ဝေဖန် အကြံပြုတာပါ။ ဒါကလည်း ရွာသူ/သား တိုင်းအဲလို မန့်ကြတဲ့ ဓလေ့ကိုသိကြပါတယ်၊ နိုင်ငံရေးဆိုတာ ဘာသာရေးရော စီးပွားရေးကော လူမှု့ရေးရော ကျန်းမာရေးရော အဲလို လူအသိုင်းဝန်းမှာ ဆက်စပ်နေတဲ့အရာတွေ အားလုံးဆက်နွယ်ကာဖြစ်တည်နေလို့ နိုင်ငံတစ်ခုဟာ ဘာသာရေးသက်သက်ကြည်ဘဲ ကြည့်ပြီးတည်ဆောက် နေထိုင်လို့တော့ မရနိုင်ဘူးဟုထင်တာပါဘဲဗျာ။
      အတွေးတွေ အရေးတွေ ဖြစ်လာအောင်ပေးတဲ့ ပိုစ့်တင်သူ လုံမလေးကိုတော့ အခုပိုစ့်အတွက် ကျေးဇူးပါ။

  • kai

    May 7, 2013 at 3:02 pm

    “Don’t shoot the messenger”
    Shakespeare in Henry IV, part 2 (1598)
    မန်းဂဇက်ရဲ့ဆောင်ပုဒ်တခုက.. “သတင်းစကားသယ်လာသူကို မသတ်စကောင်း”ပါ..
    ဆိုတော့…
    သတင်းစကားသယ်လာသူ.. (ပို့စ်တင်သူ)ကို.. ကျေးဇူးတင်လျှက်ရှိပါကြောင်း.. အချက်အလက်များကို.. ဆက်တင်စေလိုပါကြောင်း… ရယ်လို့..

  • လူကလေး

    May 7, 2013 at 4:22 pm

    ယခင့် ယခင် ကတည်းက ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် ရှိခဲ့တဲ့ ဒို့ မြန်မာ နိုင်ငံက အခုဆို နိုင်ငံတော် ဘာသာ ကို ဗုဒ္ဓဘာသာလို့ ပြဌာန်းလိုက်ရင် ပြဿနာတွေ ဖြစ်ဦးမတဲ့လား ..

    ဟိုသူများ တွေမှာဖြင့် နိုင်ငံတော် ဘာသာ လုပ်ထားတာတောင်အားမရလို့ ကမာ္ဘ့ဘာသာ လုပ်ဖို့တောင် စီမံကိန်းကြီးစွဲထားလေရဲ့..

    ခြေနှစ်ချောင်း မကယ်ကောင်းလို့ ပဲ ..ကယ်များကယ်မိရင်ဖြင့် “သူ့ခေါင်းမှာဖြင့် သပြေညို ငါ့ခေါင်းမှာတဲ့ သပြေညို” မဟုတ်တော့ပဲ “သူ့မျက်နှာပုဝါမည်း. .ငါ့မျက်နှာ ပုဝါမည်း” နဲ့ ဒို့ လမ်းတွေ့ရင်တောင် တယောက်နဲ့ တယောက် သိမယ်မထင်..

    ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ဘာသာ ဖြစ်လို့ တခြားဘာသာ မကိုးကွယ်ရဘူး ဆိုလို့လား. ဘာမှ မဆိုင်
    ကဲ ဒါဆို နိုင်ငံတော်ဘာသာကို ဘယ်ဘာ ဖြစ်စေချင်နေကြတာတုန်း..

    ကိုယ့်နိုင်ငံရဲ့ ကိုယ့်လူမျိုးရေးကို ကာကွယ်တာကို မတရားဘူးလို့ ဘယ်နိုင်ငံခြားသားက ထအော် ရသတုန်းဟ..

    တိုင်းရင်းသား ဘာသာခြားတွေလဲ မင့်တို့ ဘိုးဘေးဒွေကို ကြည့်စမ်းပါ ဗုဒ္ဓဘာသာတွေပါပဲ.. မဟုတ်ခဲ့ရင်တောင် ဗုဒ္ဓဘာသာနိုင်ငံတော် ဆိုတဲ့ အောက်မှာ နေခဲ့ကြသူတွေပါ.. မင့်တို့မှပဲ.. မကျေနပ် ဒို့ကို ထားခဲ့လေ..

    ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာ ပြဌာန်းပေးဖို့ ဒို့ဗုဒ္ဓဘာသာတွေက အတင်းအကြပ် တောင်းဆိုနေကြလို့လား.. ပြစမ်းပ

    ဖြစ်လာခဲ့ရင်တော့ ဒို့နိုင်ငံ၊ ဒို့လူမျိုး၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဆို တာမျိုးကို လာမယ့် မျိုးဆက်သစ်လေးတွေ ကောင်းကောင်းသိရမပေါ့..

  • GaviaGirl

    May 7, 2013 at 5:18 pm

    ိုပို့စ်ပိုင်ရှင် ငြိမ်နေသလိုဖြစ်နေတာ တောင်းပန်ပါတယ်ရှင့်…

    ဒီပို့စ်ကို တင်လိုက်တဲ့အချိန်မှာ ဒီဥပဒေက တည်ဆဲဥပဒေလား၊ ဖျက်သိမ်းပြီးလားဆိုတာ အငြင်းပွားဖွယ်ဖြစ်သွားပါတယ်… ဒီအကြောင်းကိုလည်း သေချာရှာဖွေနေပါတယ်… ဘာလို့လဲဆိုတော့ အသက်မဝင်ပေမယ့် တည်ဆဲဥပဒေဖြစ်တုန်းပဲလို့ သိထားလို့ပါ…

    ထားပါ… အဓိက ဒီပို့စ်ကို တင်ရတဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်ဘာသာမပျောက်အောင် ကာကွယ်စောင့်ရှောက်စေလိုတဲ့ ရည်ရွယ်ချက်ပါ… ငါးနိုင်ငံသာ ရှိတော့တဲ့ ထေရဝါရဗုဒ္ဓဘာသာကို မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်စေချင်တာပါ… နိုင်ငံတော်ဘာသာဖြစ်ရင် ဘာကောင်းမလဲလို့ မေးပါတယ်… သာသာနာ မပျောက်ကွယ်အောင်ပါ… သာသနာကို ချီးမြှောက်တာပါ… ဘာသာရေးနဲ့ လူမျိုးရေးက တစ်ခြားစီပါ… ကိုယ့်ဘာသာကို ကာကွယ်တာ ဘယ်ဘာသာကိုမှလည်း မထိခိုက်မစော်ကားသလို၊ ဘယ်လူမျိုးကိုမှလည်း မတိုက်ခိုက်ပါဘူး… ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်တဲ့ နိုင်ငံအနေနဲ့… သာသနာကို စောင့်ရှောက်တာပါ… နိုင်ငံတော်ဘာသာဖြစ်တာနဲ့ပဲ တစ်ခြားဘာသာရဲ့ သာသနာပြုမှုတွေကို မပိတ်ပင်ပါဘူး… ဗုဒ္ဓတရားတော်ကို ယုံကြည်သက်ဝင်အောင်၊ မိရိုးဖလာကနေ တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်အောင် လုပ်ဖို့အတွက်က တစ်ခေတ်တစ်ခါက တို့ဘိုးဘွားတွေဟာ သာသနာကို ဒီလိုချီးမြှောက်ခဲ့တယ်ဆိုတာလေး သိစေချင်လို့ပါ… လူမျိုးဘာသာ မခွဲခြားပါဘူး… ကိုယ့်ဘာသာကို မပျောက်ပျက်အောင် ကာကွယ်ရုံပါ… နောက်ဆုံး ဒီဥပဒေက ပျက်ပြယ်ပြီးသားဆိုရင်တောင် ဒီလိုရှိခဲ့ပါလားဆိုတဲ့ အသိလေးဝင်ရုံပါ… နောင်မျိုးဆက်တွေအတွက်ပေါ့…

    • မောင် ပေ

      May 7, 2013 at 7:56 pm

      ဘာမှတော့ သိပ်ထွေထူး ပူစရာ မရှိတော့ပါဘူးကွယ်
      တစ်ကမ်ဘာလုံး ကို လိုက်ကိုက်နေတဲ့ ခွေးတွေ မျိုးကန်းတော့မှာပါကွယ်
      နောင်နှစ်ငါးဆယ်အတွင်း
      ပျောက်ပျက်သွားလောက်တယ်

    • ခင်ခ

      May 7, 2013 at 10:10 pm

      လုံမလေးရေ ဖော်ပြပါပြဌာန်းချက်က မဆလရဲ့ ၁၉၇၄ အခြေခံဥပဒေ အရ တည်စဲမဟုတ်သလို။ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေအရလည်း အသက်မဝင်တော့တာကို တွေ့ရပါလိမ့မယ်။ ပြီတော့ ၁၉၆၂ ခုနှစ်ဗိုလ်နေဝင်းစစ်အာဏာသိမ်းရန် အကြောင်းပြချက် တိုင်ပြည်မငြိမ်သက်စေမှု့တစ်ခုအဖြစ်လည်း အဲဒီပြဌာန်းချက်က တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ ရေးရရင်တော့ အတော်အခန်းဆက်ပေါ့သမီးရေ။ ခုတော့ရပ်ပါရစေ။

  • Mr. MarGa

    May 7, 2013 at 9:08 pm

    အဟမ်း………….
    ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းစဉ်က ဖြစ်ခဲ့တာတွေကိုလဲ သိပြီးသူတွေ ပြောခဲ့ကြပြီမို့ အဲဒါကိုတော့ မပြောလို
    ကိုယ့်အမြင်ကိုယ်ပဲ ပြောရရင်
    လွပ်လပ်စွာ ကိုးကွယ်ခွင့်ကိုပဲ ပေးသင့်တယ်လို့ ပြောရမလားမသိ
    တရားမျှတမှုရှိရှိပဲ ဆုံးဖြတ်တာ ကောင်းပါတယ်
    နိုင်ငံတော် ဘာသာ သတ်မှတ်ချင်တယ် ဆိုရင်ဖြင့်
    ဆန္ဒခံယူပွဲ ကျင်းပလို့ လုပ်ဆောင်မယ်ဆိုရင်တော့ ပြောစရာလဲ အကွက်နည်းလို့
    တရားမျှတစွာ ဆောင်ရွက်တယ်လို့လဲ ပြောလို့ ရသွားမှာမို့
    အဲဒီလိုဆိုရင် ဘယ်လိုလဲ ဆြာတို့ရေ :hee:

  • S@i S@i Fin K@i

    May 8, 2013 at 6:15 am

    ဒီမှာဆရာ ကျွန်တော်တို့က လူကြိုက်အောင်လုပ်နေကြတာ မဟုတ်ဘူး
    ဒီလိုမဟုတ်မဟတ်ကို စိတ်ထင်ရာတွေ လျှောက်လုပ်နေကြမယ်ဆိုရင်
    ကျွန်တော်တို့တိုင်းပြည်ကြီးဟာ မကြာမီ ပျက်စီးပြိုကွဲပြီး
    ကျွန်သဘောက်ဖြစ်သွား ကြမှာဘဲ။ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရား
    လက်ထက်ကတည်းက ရှိခဲ့ကြတဲ့ မူဆလင်တွေရှိတယ်၊ ဘုရင်ဂျီတွေရှိတယ်၊ အစကတည်းက
    ရှိလာခဲ့ကြတဲ့ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ ရှိတယ်။ တချို့
    ခရစ်ယန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေ ရှိတယ်၊ သူတို့တတွေဟာလဲ အားလုံး
    နိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်ကြတုန်းက
    ကျွန်တော်တို့ချည်း မဟုတ်ဘူး၊ သူတို့တတွေပါ ပါကြပါတယ် ။ အခု ကျွန်တွင်းက
    လွတ်မယ်မှ မကြံကြသေးဘူး၊ သူတို့တတွေ အပေါ်မှာအနိုင်ကျင့်ပြီး
    ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်လို့လုပ်လိုက်ရင်
    ကျုပ်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကြတဲ့
    အကောင်တွေဖြစ်သွားကြမှာပေါ့။ဆရာ တိုင်းပြည်ကို တိုင်းပြည်ရေးလို့
    တွေးစမ်းပါ။ ဘာသာတွေ ဘာတွေ ညာတွေလုပ်မနေပါနဲ့၊ ကျွန်နော်တို့ဟာ
    ကျွန်တော်တို့ တိုင်းပြည်တခုလုံးစည်ရုံးနေဘို့ လိုတယ် ။အမျိုး၊
    ဘာသာ၊ သာသနာ၊ ပညာ ဆိုတာတွေဟာ ရှေးရှေးပဒေသရာဇ် မင်းတရားကြီးတွေရဲ့
    စိတ်ကူးယဉ် ဘဝင်လေပင့်ပြီး ပြောခဲ့တဲ့ စကားတွေပါ။ အခုအချိန်မှာ
    ကျွန်တော်တို့ လိုကြတာက ပြည်ထောင်စုကြီးထဲမှာ ရှိနေကြတဲ့လူမျိုးအားလုံး
    ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမဲ့လူတွေ ပေါ်မလာစေဘဲ
    နိုင်ငံစိတ်ဓါတ် တခုထဲ ရှိနေအောင် သွင့်းပေးဘို့ စည်းရုံးပေးဘို့လိုတယ်။
    နိုင်ငံတော် ဘာသာ ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး
    အမည်ခံပြီး သာသနာ့ဒါယကာတော် တက်လုပ်။ ပြီးတော့ စည်ကုံးခရိုင်နဲ့တကွ
    စိုးမိုးအုပ်ချုပ်တော်မူသော သီရိပဝရဓမ္မရာဇာ ဘဝရှင်မင်းတရားကြီး သာသနာ့
    ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာဟာ ဆရာကြေညာ၊ ကျွန်တော်မပါဘူး ။

    နှစ် ၆ဝကျော်ပြီ မှန်တုန်းပဲ နော…

    တိုင်းပြည်ကို တိုင်းပြည်ရေးလို့
    တွေးစမ်းပါ။ ဘာသာတွေ ဘာတွေ ညာတွေလုပ်မနေပါနဲ့၊ ကျွန်နော်တို့ဟာ
    ကျွန်တော်တို့ တိုင်းပြည်တခုလုံးစည်ရုံးနေဘို့ လိုတယ် ။အမျိုး၊
    ဘာသာ၊ သာသနာ၊ ပညာ ဆိုတာတွေဟာ ရှေးရှေးပဒေသရာဇ် မင်းတရားကြီးတွေရဲ့
    စိတ်ကူးယဉ် ဘဝင်လေပင့်ပြီး ပြောခဲ့တဲ့ စကားတွေပါ။

    အာဟိ…

    :harr:

    • kai

      May 9, 2013 at 1:25 am

      ကျုပ်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကြတဲ့အကောင်တွေဖြစ်သွားကြမှာပေါ့

      ဦးအောင်ဆန်းအပြောအရဆိုရင်တော့.. မူရင်းပို့စ်မှာ. အဲဒီလိုလူစာရင်းတက်နေတာဖြစ်နေပြီ..
      သူ့စကား… မှန်သလား..မှားသလားဆိုတာတော့.. သမိုင်းပြန်ကြည့်ပေါ့..

      ၁၉၆၂ မတ်လ ၂ရက်နေ့မှာ.. ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းတယ်..။
      တကယ်က.. ၁၉၅၈မှာကတည်းက..ရန်ကုန်အစိုးရ(ရန်ကုန်ပဲအုပ်ချုပ်နိုင်တဲ့အစိုးရ) ဦးနုအပ်လို့.. အာဏာကိုင်ထားပြီးနေပြီ..။
      ၁၉၆ဝ မှာ.. ရွေးကောက်ပွဲနို်င်တဲ့.. ဦးနုဆီအာဏာပြန်အပ်တယ်..
      ၁၉၆၁မှာ.. ၁၉၄ရအခြေခံဥပဒေကိုဆန့်ကျင်ပြီး.. ဦးနုက.. နို်င်ငံတော်ဘာသာဥပဒေတင်တယ်..
      ၁၉၆၂မှာ.. အာဏာအသိမ်းခံရပြီး… တိုင်းပြည်ခွေးဖြစ်တော့တာပဲ..
      ==
      ၁၉၆၁ နိုင်ငံတော်ဘာသာအက်ဥပဒေဟာ.. ဥပဒေဖြစ်ပြီး.. သက်ရောက်မှုရှိသွား/မသွား.. အခုထိမသေချာသေးပါ..
      ကျုပ်သိထားတာက.. အဲဒါက.. ဥပဒေကြမ်း(Bill)အဆင့်မှာပဲရှိခဲ့တယ်သိထားတာ..
      လွှတ်တော်ကအတည်ပြုပြီး.. သမ္မတလက်မှတ်ထိုးလိုက်တယ်ဆိုတော့.. ဥပဒေဖြစ်သွားပုံရပါတယ်..
      အဲဒီသုတအတွက်.. ပို့စ်တင်သူGaviaGirlကို ကျေးကျေး.. :harr:
      =

      Ne Win was asked to serve as interim prime minister from 28 October 1958 by U Nu, when the AFPFL split into two factions and U Nu barely survived a motion of no-confidence against his government in parliament. Ne Win restored order during the period known as the Ne Win caretaker government’.[3] Elections were held in February 1960 and Ne Win handed back power to the victorious U Nu on 4 April 1960.

      Less than two years later, on 2 March 1962, Ne Win again seized power in a coup d’état. Ne Win became head of state as Chairman of the Union Revolutionary Council and also Prime Minister.

    • kyeemite

      May 10, 2013 at 8:52 am

      မန့်ချက်တွေ အားလုံး ဖတ်ရတော့ အင်မတန်အကျိုးရှိသဗျာ…
      ဗိုလ်ချုပ်အောင်ဆန်း ဟာ အဲအချိန်က အသက်ငယ်ပေမဲ့
      အတွေးအခေါ်နဲ့ သတ္တိ ကတော့ သူမတူအောင်ပါပဲ…
      ဆက်ပီးစောင့်ဖတ်အုံးမယ်…

  • Foreign Resident

    May 8, 2013 at 7:34 am

    ကျွန်တော်တို့က လူကြိုက်အောင်လုပ်နေကြတာ မဟုတ်ဘူး ။

    သူတို့တတွေ အပေါ်မှာအနိုင်ကျင့်ပြီး ၊
    ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်လို့လုပ်လိုက်ရင် ၊
    ကျုပ်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ ၊
    အကောင်တွေဖြစ်သွားကြမှာပေါ့ ။

    အခုအချိန်မှာ ၊
    ကျွန်တော်တို့ လိုကြတာက ပြည်ထောင်စုကြီးထဲမှာ ရှိနေကြတဲ့လူမျိုးအားလုံး ၊
    ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမဲ့လူတွေ ပေါ်မလာစေဘဲ ၊
    နိုင်ငံစိတ်ဓါတ် တခုထဲ ရှိနေအောင် သွင့်းပေးဘို့ စည်းရုံးပေးဘို့လိုတယ် ။

    ဘဝရှင်မင်းတရားကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ၊
    ဆရာဟာ ဆရာကြေညာ၊ ကျွန်တော်မပါဘူး ။

    ( ဗိုလ်ချုပ် အောင်ဆန်း )

    သူကြီး ခဏ ခဏ ကြုံးဝါးနေတဲ့ ” ဒိုဘာမန် ” ဆိုတာ ဒါ့ကြောင့်ကိုး ။
    အာာာာာာ ဝူးးးးးးးးးးးးးး ။ ဝုတ် ဝုတ် ဝုတ် ။

    စိတ်တော့ မပူပါဘူး ။
    လက်ရှိ နိုင်ငံ ခေါင်းဆောင် အဆင့်တွေမှာ အဲဒီလို စိတ်ဓါတ် မရှိကြပါဘူး ။

    ဦးသိန်းစိန် မှာလည်း လူမျိုး ဘာသာ ခွဲခြားတဲ့ စိတ် မရှိဘူး ။
    ( နောက်ဆုံး မိန့်ခွန်း သာ ဖတ်ကြည့်လိုက် )
    အမေစု မှာလည်း လူမျိုး ဘာသာ ခွဲခြားတဲ့ စိတ် မရှိဘူး ။
    ၈၈ တွေ မှာလည်း လူမျိုး ဘာသာ ခွဲခြားတဲ့ စိတ် မရှိဘူး ။

  • ဦးကြောင်ကြီး

    May 8, 2013 at 10:42 am

    လုံမလေး
    ကြုံရသေး
    မုန်ထကွေး
    ပုံပြကျွေး
    ဂုဏ်လှအေး
    တုံမနှေး (အီးဒုံး)
    အုံပွဖွေး
    ခုန်ချပြေး..

  • GaviaGirl

    May 8, 2013 at 10:53 am

    ကြည့်ရင်းကြည့်ရင်းနဲ့ ကိုယ့်ပို့စ်ဟာ မီးပွားတစ်ခုဖြစ်သွားမှာကို ပို့စ်တင်တဲ့သူအနေနဲ့ စိုးရိမ်မိခဲ့တာ အမှန်ပါ… လူမျိုးဘာသာ ခွဲခြားလိုစိတ်နဲ့ ဒီပို့စ်ကို တင်ခဲ့တာ မဟုတ်ပါဘူး… ဒီသမိုင်းလေး ဒီလို ရှိခဲ့ပါတယ်…ဒီလူတွေ ဒီလိုလုပ်ခဲ့ပါတယ် ဆိုတာလေးကို ခုမှသိရလို့ ဗဟုသုတအနေနဲ့ တင်လိုက်တာပါ… (သိထားပြီးသား သူတွေလည်း ရှိမယ်ဆိုတာ သိပါတယ်..)

    ဘာပဲဖြစ်ဖြစ်… ဘယ်လိုပဲ ကန့်ကွက်ခဲ့ ကန့်ကွက်ခဲ့.. ဝန်ကြီးချုပ်ဦးနုတင်သွင်းခဲ့တဲ့ ၁၉၆၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေကြမ်းကို ဩဂုတ်လ (၂၆) ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့တာတော့ အမှန်ပါ…သက်တမ်း (၇)လလောက်သာ ကြာပြီး အဲဒီဥပဒေအသက်မဝင်ခဲ့တော့ပါဘူး… နောက်အသစ်ထပ်ဆွဲတဲ့ အခြေခံဥပဒေတွေအရ ဒီအက်ဥပဒေက တည်ဆဲမဟုတ်တော့ဘူးဆိုတာနဲ့ ပတ်သက်လို့ကတော့ သိထားတာနဲ့ လွဲနေပေမယ့် သေချာမပြောနိုင်သေးတာကိုလည်း ဝန်ခံပါတယ်…

    ဒါကြောင့် တည်ဆဲမဟုတ်တော့ဘဲ ပျက်ပြယ်ကြောင်း အတိအလင်းကြေညာထားပြီးသားဆိုရင်လည်း ဒါကို ပြန်လုပ်ပေးပါလို့ တောင်းဆိုချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်တာမဟုတ်ဘူးလို့ ထပ်ပြောချင်ပါတယ်… ဒါပေမယ့် တည်ဆဲဖြစ်နေရင်လည်း ဒါကိုအကြောင်းပြပြီး အခြားဘာသာတွေကို ခွဲခြားလိုစိတ်ရှိလို့ မဟုတ်ပါဘူး.. ဒီဥပဒေရဲ့ နောက်ဆက်တွဲအနေနဲ့ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေ၊ သာသနာကိုချီးမြှောက်ထောက်ပံ့ရေးအက်ဥပဒေတွေရှိပါတယ်… (အဲဒီဥပဒေတွေကိုလည်း ပျက်ပြယ်ကြောင်း၊ ဖျက်သိမ်းကြောင်း ကြေညာထားတာ မတွေ့ပါဘူး) ဒါတွေကလည်း အခုအချိန်မှာ အသက်မဝင်တော့တဲ့အတွက် ကိုယ့်ဘာသာဘက်က မသိနားမလည်တဲ့ဘာသာဝင်တွေကို သိလာအောင်၊ ဒါတွေနဲ့ ကာကွယ်လို့ရတယ်ဆိုတာ သိထားစေချင်တာပါ.. ဒါက တစ်ချက်ပေါ့…

    နောက်တစ်ခုက ဆင်းရဲခြင်းကို အကြောင်းပြပြီး ကလေးမွေးနှုန်းနည်းလာတာတွေ၊ မွေးလာတဲ့ကလေးတွေကလည်း သာသနာဘောင်ဝင်တာ နည်းလာတာတွေ၊ သာသနာသုံးရပ်မှာ ပထမဆုံးလုပ်ရမယ့် ပရိပတ္တိသာသနာကို ထမ်းရွက်မယ့် သာသနာ့ဝန်ထမ်းတွေ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာတာတွေ၊ ဒါတွေဟာ သာသနာကွယ်ပျောက်မယ့် အန္တရာယ်ကို မသိကြလို့၊ သာသနာအပေါ်မှာ ယုံကြည်သက်ဝင်မှုနည်းကြလို့ ဖြစ်လာကြတာတွေပါ။ ဒါကြောင့် အနည်းဆုံးတော့ တစ်ချိန်က တို့သာသနာအပေါ်မှာ ဒီလိုချီးမြှောက်ခဲ့ပါလားဆိုတဲ့ အသိကလေးကို ရစေချင်တာကြောင့်ပါ….

    ဒါကြောင့် လူမျိုးဘာသာခွဲခြားလိုစိတ်၊ အခုဖြစ်နေတဲ့ပြဿနာတွေအပေါ်မှာ သွေးထိုးလိုစိတ် လုံးဝ (လုံးဝ) မဟုတ်ဘဲ ကိုယ့်သာသနာသမိုင်းကြောင်းလေးတစ်ခုကို ပြန်လည်အောက်မေ့တဲ့အနေနဲ့ တင်ခြင်းဖြစ်ကြောင်း ပို့စ်ပိုင်ရှင်အနေနဲ့ အတိအလင်း ပြောလိုပါတယ်..

    အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်…

    • garuda

      May 8, 2013 at 3:43 pm

      ဘာမှ မစိုးရိမ်နဲ့ တူမကြီးရေ..ကိုယ့် ခံယူချက်နဲ့ကိုယ် တင်နိုင်ပါတယ်။ တူမကြီးပိုစ့်မှာ ဘာမှလှုံ့ဆော်ထားတာ မတွေ့မိပါဘူး။
      သဘောထားကွဲလွဲမှုတွေတော့ ရှိမှာပေါ့လေ။ မှားတာမှန်တာ အပထား မြန်မာ အမျိုးသမီးငယ် တစ်ယောက် အနေနဲ့ ဒီလိုပိုစ့်မျိုးတင်ရဲ တာတော့ ချီးကျုး အားပေးပါရဲ့။
      ရွာထဲမရောက်တာ အတော်ကြာ မန့်ချင်စရာပို့စ်တွေ တော်တော်များနေပါလား.. :hee:

  • kai

    May 9, 2013 at 4:36 am

    ဘာသာ သာသနာကို ခုတုံးလုပ်အသုံးချသော အုပ်စိုးသူများ

    တူမောင်ညို(၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်)

    ဒီဆောင်းပါးအရှေ့က ကျနော့်ဆောင်းပါးကို ကျနော့်မိတ်ဆွေများက “ခရိုနီရွှေစင်ဆု” ဆောင်းပါးဆိုပြီး ဩဘာပေးကြပါတယ်။ သူတို့သဘောထားနဲ့ထင်မြင်ချက်၊ ဝေဖန်ချက်တွေလည်းပေးကြပါတယ်။ အဲဒီလိုပေးကြတဲ့ ထင်မြင်ချက်တွေထဲမှာ ယခုလို ဘာသာရေး မုန်းတီးမှုတွေ (အကြမ်းဖက်လူသတ်မီးရှို့မှုတွေ) ဖန်တီးဖြစ်ပေါ်နေချိန်မှာ ဆရာတော် ၂ ပါးကို “ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်” ခါတော်မီ ပေးအပ်ဆက်ကပ်တာနဲ့ပတ်သက်ပြီး ကျနော့်ရဲ့သဘောထားအမြင်ထုတ်ဖေါ်ရေးပါဦးဆိုတဲ့ တိုက်တွန်းချက် တစ်ခု လည်းပါဝင်ပါတယ်။

    ဘာသာရေး၊ လူမျိုးရေးဆိုတာဟာ အင်မတန်အကဲဆတ်လှတဲ့ကိစ္စဖြစ်ပါတယ်။ သို့သော်လည်း ကျနော့်မိတ်ဆွေများ တိုက် တွန်းချက်ကို အလေးမူပြီး ရေးသင့်ရေးထိုက်တယ်လို့လည်း ယုံကြည်ယူဆတဲ့အတွက် ကျနော့် သဘောထားအမြင်ကို ရေးသားတင်ပြ လိုက်ပါတယ်။

    ပထမအချက်က ပေးတဲ့အချိန်ကာလကိုကြည့်တာပါ။

    ယခုလို ဘာသာရေး မုန်းတီးမှုတွေ (အကြမ်းဖက်လူသတ်မီးရှို့မှုတွေ) ဖန်တီးဖြစ်ပေါ်နေချိန်မျိုးမှာ (တကယ်ပဲပေးသင့်တယ် ထားဦး) ခေတ္တခဏဆိုင်းထားသင့်ပါတယ်။ အခုဟာက တမင်ရည်ရွယ်ပြီး ပေးတာမှန်းသိသာပါတယ်။ မိထ္ထီလာ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ ဥက္ကံ စတဲ့ နေရာဒေသတွေမှာ အကြမ်းဖက်မှုတွေကြောင့် အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးရတဲ့ နိုင်ငံသားပြည်သူများအပေါ် စော်ကားတဲ့ သဘော၊ မစာနာ မညှာတာတဲ့သဘောသက်ရောက်ပါတယ်။ ရိုင်းစိုင်းတဲ့အပြုအမူဖြစ်ပါတယ်။

    ကျနော်တို့မြန်မာနိုင်ငံသားများဟာ အိမ်နီးချင်းအိမ်မှာ နေမကောင်းသူရှိနေရင် ကိုယ့်အိမ်မှာ ရေဒီယို/ကက်ဆက် ကျယ်ကျယ် ဖွင့်ဖို့ဝေးစွ၊ အသံကျယ်ကျယ် ပြောဆို ရယ်မောတာကိုပင် လူကြီးမိဘများက ဆုံးမတားမြစ်ပါတယ်။

    တစ်ဖက်အိမ်မှာ ပူဆွေးသောကရောက်နေချိန်မှာ အခြားတစ်အိမ်က သီချင်းဖွင့်ပြီး ကခုန်ရယ်မောနေတဲ့လုပ်ရပ်ဟာ ယဉ်ကျေး သောသူများရဲ့ အပြုအမူမဟုတ်ပါဘူး။ အခုလည်းဒီသဘောပါပဲ။ အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးရတဲ့ မိထ္ထီလာ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ ဥက္ကံ စတဲ့ ဒေသတွေက ဘာသာကိုးကွယ်မှုမတူတဲ့ နိုင်ငံသားပြည်သူများ အပေါ် ညှာတာ စာနာထောက်ထားရမယ်မဟုတ်ပါလား။

    ဤမျှလွယ်ကူရိုးစင်းသော လူမှုအသိစိတ်ကိုပင်မထားရှိနိုင်တော့ဘဲ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဟာ မျက်နှာပြောင်တိုက်ပြီး ဆရာတော် ၂ ပါးကို “ဂုဏ်ထူးဆောင်လက်မှတ်” ပေးအပ်ခဲ့ပါတယ်။

    ဆရာတော်တွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကူညီကယ်ဆယ်ရေးလုပ်နေခဲ့တာကြာလှပြီပဲ။ ဟိုတုန်းက ဆုမပေးခဲ့ဘဲ။ အခုမှ ဘာကြောင့်ပေးရတာလဲ။

    ဒုတိယတစ်ချက်က “ဂုဏ်ထူးဆောင်လက်မှတ်” ဆက်ကပ်တဲ့ ဒေါက်တာဆရာတော် ၂ ပါးအနက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ က မိတ္ထီလာပဋိပက္ခမီးတောက်လောင်လို့ မရှေးမနှောင်းမှာ “ ဗုဒ္ဓဘာသာဟာ အိမ်ရှင်ဘာသာဖြစ်တယ်၊ ဧည့်သည် ဘာသာ တွေက မစော်ကားသင့်ဘူး” ဆိုတဲ့သဘောပါတဲ့ စကားကိုမိန့်ကြားခဲ့သူဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာ/သာသနာဟာ အခိုင်အမာသမိုင်းကြောင်းအချက်အလက်တွေအရပြောရရင် မြန်မာတိုင်းရင်းဖြစ်ဘာသာသာသနာ မဟုတ်ဘူး၊ ခရစ် နှစ် ၄ ရာစုပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံကိုစတင် ဝင်ရောက်လာတယ် ဆိုတဲ့ သမိုင်းအချက်အလက်တွေကို ဒေါက်တာ ဆရာတော်အသေအချာသိရှိနားလည်တာပေါ့။ ဘိုလိုဟောပြောနေတဲ့ အဓိပတိဆရာတော်ပဲ။ ကျနော်လိုငပမွှားက စာချလို့ မဖြစ်ရေးချ မဖြစ်ပါဘူး။

    ကျနော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်ပြီး ခရစ်ယာန်ဘာသာ သာသနာ၊ ဗုဒ္ဓဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာတို့သည် လူမျိုးပေါင်းစုံ ပြည်သူများ ကိုးကွယ်ယုံကြည်နေကြသော ဘာသာ သာသနာများဖြစ်ပါ တယ်။

    မည်သည့်ဘာသာသနာကိုမျှ ရည်ရွယ်ချက်တစ်ခုခုအတွက် ခုတုံးလုပ်အသုံးမချသင့်ပါဘူး။ ပုံစံမျိုးစုံဖြင့် ခွဲခြားချိုးနှိမ်မှု လည်း မပြုသင့်ပါဘူး။ ဤသို့သောအဆိုပြုချက်ကို ယဉ်ကျေးသော၊ သမာသမတ်ရှိသောမည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ကမဆို ညွတ် ညွတ်နူးနူး ကြိုဆိုလက်ခံကြလိမ့်မည်လို့ ကျနော်လေးလေးနက်နက် ယုံကြည်ပါတယ်။

    သို့သော်လည်း ကျနော်တို့နိုင်ငံတွင် တည်ရှိခဲ့ဖူးသော အခြေခံဥပဒေ ၂ ခု(၁၉၄၇/၂၀၀၈) ၊ ဖဆပလအစိုးရနှင့် (ဗိုလ်) ဦးသိန်း စိန်ကြံ့ဖွံ့အစိုးရတွေကတော့ ဘာသာရေးကိုခွဲခြားခဲ့ပြီး၊ ခုတုံးလုပ်အသုံးချခဲ့ပါတယ်။ ခွဲခြားတဲ့ သဘောထားနဲ့ လုပ်ရပ်များကို တစ်ခုချင်း တင်ပြပါမယ်။

    ပထမဦးစွာ ၁၉၄ရ အခြေခံဥပဒေနှင့်ဖဆပလအစိုးရခေတ်ကာလကို ကြည့်ပါစို့။

    ဖဆပလခေတ်တွင် ဒီမိုကရေစီကို အလွန်ရိုကျိုးကိုင်းရှိုင်းစွာယုံကြည်ပါသည်ဆိုသော ဝန်ကြီးချုပ်ဦးနုနှင့် စစ်တပ်စိတ်ဓါတ်စစ်ဆင်ရေးဌာနသည် “ကွန်မြူနစ်ဆန့်ကျင်ရေး” နိုင်ငံရေးဦးတည်ချက်အတွက် ဗုဒ္ဓဘာသာကိုခုတုံးလုပ် အသုံးချခဲ့ကြပါတယ်။ “ဓမ္မန္တရာယ်” ဟူသောစကားသည် ထိုစဉ်က စစ်တပ်စိတ်ဓါတ်စစ်ဆင်ရေးဌာန၏ လက်သုံးစကားဖြစ်ခဲ့ပါတယ်။ ဆင်းရဲသော လယ်သမားအများစုပြည်သူ များကို အဲဒီ“မှိုင်း”တိုက်ခဲ့ကြပါတယ်။

    ထို့အပြင် ဝန်ကြီးချုပ် ဦးနု၏ “ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းရေး” ဆိုသည့်ကိစ္စမှာ အင်မတန်ထင်ရှားသော အကြီးစား ဘာသာရေးခုတုံးလုပ်မှုကြီးပင်ဖြစ်ပါတယ်။ ဤလုပ်ရပ်သည်“၁၉၄ရ အခြေခံဥပဒေ” ပုဒ်မ ၂၁ ။ ပုဒ်ခွဲ (၄) ကို ဝန်ကြီးချုပ် ကိုယ်တိုင်က အတိအလင်း ချိုးဖောက်မှုလည်းဖြစ်ပါတယ်။ တစ်ဖက်တွင်ဝန်ကြီးချုပ်ဦးနုသည် ဗလိနတ်စာကျွေးသော နတ်ကိုးကွယ်မှုနှင့် ယတြာချေမှု များကိုလည်း ယုံကြည်စွာလုပ်ဆောင်လေ့ရှိပါတယ်။

    “၁၉၄ရ အခြေခံဥပဒေ” ထဲက “ဘာသာသာသနာရေးဆိုင်ရာအခွင့်အရေးများ”ဆိုသည်ကိုလေ့လာကြပါဦးစို့။

    ထိုအခြေခံဥပဒေ၏ ပုဒ်မ ၂၁ ၊ ပုဒ်မခွဲ (၁) နဲ့ (၂) ကို မူရင်းအတိုင်းရေးသားဖေါ်ပြပါ့မယ်။

    ၂၁။ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသ နှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ်သည် ဟု ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည်။

    (၂) နိုင်ငံတော်သည် အစ္စလာမ်ဘာသာ သာသနာ၊ ခရစ်ယာန်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့်နတ်ကိုးကွယ် သောဘာသာတို့ကို ဤအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်၌ရှိနေကြသော ကိုးကွယ်ရာ ဘာသာအချို့ဟူ၍ အသိအမှတ် ပြုသည်။

    စာဖတ်သူများထင်ရှားမြင်သာအောင် စာလုံးမည်းဖြင့်ဖေါ်ပြထားသောစကားလုံးများကို ကြည့်ယုံဖြင့် ထိုစဉ်က ဖဆပလ အုပ် စိုးသူများ၏ ဘာသာကြီးဝါဒနှင့် ခွဲခြားမှုကို အလွယ်တကူမြင်တွေ့နိုင်ပါတယ်။

    ဗုဒ္ဓဘာသာကို “ဂုဏ်ထူးဝိသောနှင့်ပြည့်စုံသော ဘာသာကြီးဖြစ်သည်” ဟု သီးခြားခွဲခြားရေးသား အသိအမှတ်ပြုပြီး ကျန် ဘာသာသာသနာများကို နတ်ကိုးကွယ်မှုဖြင့် တတန်းတစားတည်းထားခဲ့သည်ကို အရှင်းသားတွေ့မြင်ကြရသည်မဟုတ်ပါလား။

    “၁၉၄ရ အခြေခံဥပဒေ” ပုဒ်မ ၂၁၊ ပုဒ်မခွဲ (၁) နှင့် (၂) သည် “၁၉၄ရ အခြေခံဥပဒေ” ပုဒ်မ ၁၃ တွင်ပြဌာန်းထားသည့် အချက်များနှင့် ရှေ့နောက်မညီဘဲ။ ဆန့်ကျင်ကွဲလွဲနေပါတယ်။ အခြေခံဥပဒေ၏ ရှေ့နောက်မညီမှုလည်းဖြစ်ပါတယ်။

    ပုဒ်မ ၁၃။ ဇာတိမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ ယောက်ျားမိန်းမ မရွေး၊ လူမျိုးမရွေး၊ နိုင်ငံသားဟူသမျှသည်၊ နိုင်ငံတော် တရားဥပဒေအရာတွင် အညီအမျှသာဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံသားတဦးနှင့်တဦးကို၊ သို့တည်းမဟုတ် နိုင်ငံသား လူတန်းစား တစား နှင့်တစားကိုတစ်ဖက်သတ်သဘောအတိုင်း ခွဲခြားခြင်းမပြုရ။

    “တစ်ဖက်သတ်သဘောအတိုင်း ခွဲခြားခြင်းမပြုရ” ဟု မည်သို့ပင်ဆိုထားသော်လည်း ပုဒ်မ ၂၁ (၁) တွင် “ဂုဏ်ထူးဝိသော နှင့် ပြည့်စုံသော ဘာသာကြီးဖြစ်သည်” နိုင်ငံတော်ကခွဲခြားအသိအမှတ်ပြုထားခဲ့သည်မဟုတ်ပါလား။

    ဤသည်တို့မှာ ၁၉၄ရ အခြေခံဥပဒေ၊ ဖဆပလ အစိုးရ နှင့် ဝန်ကြီးချုပ်ဝန်ကြီးချုပ်ဦးနုတို့၏ ဘာသာရေးခွဲခြားမှု၊ ခုတုံးလုပ် အသုံးချမှုများအနက်အချို့ဖြစ်ပါတယ်။

    ယခုတဖန် ၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်းချက်များကိုလေ့လာကြည့်ကြပါဦးစို့

    “၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၃၆၁နှင့်ပုဒ်မ ၃၆၂ တို့ကို မူရင်းအတိုင်းရေးသားဖေါ်ပြလိုက်ပါတယ်။

    ပုဒ်မ ၃၆၁။ ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသ နှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။

    ပုဒ်မ၃၆၂။နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့်နတ် ကိုး ကွယ်သောဘာသာတို့ကို ဤအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်၌ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိ အမှတ် ပြုသည်။

    အထက်ပါပြဌာန်းထားချက်များသည် ပုဒ်မ ၃၄၈ နှင့် ရှေ့နောက်မညီဘဲ။ ဆန့်ကျင်ကွဲလွဲနေပါတယ်။

    ပုဒ်မ ၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိူးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြ ၍ခွဲခြားမှု မရှိစေရ။

    အထက်ပါအတိုင်း ပြဌာန်းထားသော်လည်း ပုဒ်မ ၃၆၁နှင့် ပုဒ်မ ၃၆၂ တို့တွင် “နိုင်ငံတော်သည်” ဗုဒ္ဓဘာသာကို ဖက်သို့ ဘက်လိုက်၍ “ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည်” ဟူသော အကြောင်းပြချက်ဖြင့် ခွဲခြားထားသည်မဟုတ်ပါ လား။

    “၁၉၄ရအခြေခံဥပဒေ” နှင့် “၂၀၀၈ အခြေခံဥပဒေ”တို့တွင်ပါရှိသော ဘာသာသနာဆိုင်ရာ ပြဌာန်းချက်များကိုနှိုင်းယှဉ်ကြည့် လျှင် စာလုံးအချို့ဖြုတ်ပယ်/ နေရာ ရွေ့ပြောင်းခဲ့သည်မှအပ အုပ်စိုးသူများ၏ (ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသော ဘာသာ သာသနာ ဟူ သော) “ဘာသာရေးရှော်ဗင်ဝါဒ” သဘောထားပြောင်းလဲခြင်းမရှိဘူးဆိုတာကို စာဖတ်သူပြည်သူများ အလွယ်တကူမြင်နိုင်ပါတယ်။

    သို့ဖြင့် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ ဘာသာရေးရှော်ဗင်ဝါဒသဘောထားနှင့် ဒေါက်တာဆရာတော်၏ “အိမ်ရှင်ဘာသာ” သဘာထားသည် ဘာမျှခြားနားခြင်းမရှိတော့ပါ။ “ဆရာဒကာညီညွတ်မှု” ပင်မဟုတ်ပါလော။ ဤအချက်ကပင် “ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်” ဆက်ကပ်မှုကို အချိန်ကိုက်ဖြစ်ပေါ်စေခဲ့ပါတော့တယ်။

    အထက်ပါအချက်အလက်များအပေါ်ကနေ နိဂုံး ကောက်ချက်ချကြပါစို့။

    (ဖဆပလ) အုပ်စိုးသူများနှင့် ကြံ့ဖွံအစိုးရတို့သည် ဘာသာသာသနာကို ခုံတုံးအသုံးချခဲ့ကြတယ်။ အသုံးနေချနေကြပါတယ်။

    “၁၉၄ရ အခြေခံဥပဒေ”နှင့် “၂၀၀၈ အခြေခံဥပဒေ” တို့တွင်ပြဌာန်းထားသည့် ဘာသာသနာဆိုင်ရာပြဌာန်းချက်များသည် ဘာသာသာသနာများကို တစ်ခုနှင့်တစ်ခုခွဲခြားဖေါ်ပြထားပါတယ်။ တန်းတူရည်တူသဘောမထားပါ။ ထို့အပြင်အခြေခံဥပဒေပါ ပြဌာန်း ချက်များသည်လည်း တစ်ခုနှင့်တစ်ခု ရှေ့နောက်မညီပါ။

    ဒီမိုကရေစီသမားကြီး ဝန်ကြီးချုပ်ဦးနု သည် ဘာသာရေးကို ခုတုံးလုပ်အသုံးချခဲ့တယ်။ အခြေခံဥပဒေကိုချိုးဖောက်ခဲ့ပါတယ်။

    စစ်ဗိုလ်လူထွက်၊ သမ္မတ(ဗိုလ်) ဦးသိန်းစိန်သည် လည်း ဘာသာရေးကို ခုတုံးလုပ်အသုံးချနေပါတယ်။

    ဝန်ကြီးချုပ် ဦးနုနှင့် သမ္မတ (ဗိုလ်) ဦးသိန်းစိန် အကြားခြားနားသည့်အချက်မှာ ဦးနုသည် ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှား မှု က မွေးထုတ်ပေးခဲ့သော သခင်နိုင်ငံရေးသမားတစ်ဦးနှင့် နိုင်ငံ့လွတ်လပ်ရေးသမိုင်းတွင် ထင်ရှားအရေးပါခဲ့သူတစ်ဦးဖြစ်ပြီး။

    သမ္မတ (ဗိုလ်) ဦးသိန်းစိန်သည် စစ်အာဏာရှင်စနစ်က မွေးထုတ်ပေးလိုက်သော စစ်ဗိုလ်ချုပ်ကြီးတစ်ဦး နှင့် (နဝတ-နအဖ) စစ်အုပ်စုက နိုင်ငံရေးစင်တင်ပေးခဲ့သော ဇာတ်ကောင်တစ်ဦးမျှသာဖြစ်ပါတယ်။

    သူတို့ ၂ ဦး၏ ဘုံတူညီချက်မှာ ဘာသာ သာသနာကို ခုတုံးလုပ်အသုံးချမှုပင်ဖြစ်ပါတယ်။

    http://moemaka.com/archives/34513
    မှတ်ချက်…။ မိုမခမှကူးယူသည်။

    • GaviaGirl

      May 9, 2013 at 1:10 pm

      ရှေ့နောက်မညီဘူးဆိုတာ ဘာလဲတော့ မသိဘူး… ဘာသာနဲ့ လူမျိုး.. သက်သက်စီပါ… မြန်မာစကားက အရှင်းကြီးကို.. ဘာတွေ ဘယ်လို နားလည်တာလဲတော့ မသိဘူး….

      ပုဒ်မ ၃၆၁။ ဗုဒ္ဓဘာသာ သာသနာတော်သည်
      ပုဒ်မ ၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ

      လိုရာဆွဲတွေးပြီး ရေးတတ်ပါ့…. ဘာသာမတူတာနဲ့ပဲ (နိုင်ငံတော်ဘာသာကို မကိုးကွယ်တာနဲ့ပဲ) နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်တဲ့အခွင့်အရေး ဆုံးရှုံးမယ်လို့များ ဖော်ပြထားတာ ရှိပါသလား..

      ဘာပဲဖြစ်ဖြစ် ၂၀၀၈ ထဲက ဖော်ပြထားချက်တွေကို သိလိုက်ရလို့ ဆွဲထုတ်လာသူ သဂျီးကို ကျေးကျေးပါ…

  • ဦးဦးပါလေရာ

    May 9, 2013 at 11:53 am

    ဝင်မပြောဘူးလို့ နေတာပဲ…
    မိုးမခက ဆောင်းပါး ဆွဲထုတ်လာလို့ တစ်ခွန်းနှစ်ခွန်းတော့ ပြောရဦးမယ်…

    နိုင်ငံရေးသမားတွေက ဘာသာရေးကို ခုတုံးလုပ်အသုံးချတယ် ဆိုပါစို့..
    အဲဒီမှာ စ မှားတာ…
    နိုင်ငံရေးသမားဆိုတာ ဘာသာရေးမှမဟုတ်ဘူး… ဘာကိုမဆို တွေ့ရာမြင်ရာ အကုန်အသုံးချမှာ ဖြစ်ပါတယ်။
    အဓိက က အသုံးချမခံရဘို့ကို နိုင်ငံရေးသမားမဟုတ်သူတွေက လုပ်ဆောင်ရမယ်…။
    ဘာသာရေးကို ခေတ်အဆက်ဆက် ဘာကြောင့် ခုတုံးလုပ် အသုံးချကြသလဲဆိုတော့
    ဘာသာရေးက ရှေ့တန်းရောက်နေလို့ပေါ့ …..
    တကယ်လို့များ(တကယ်လို့များ) ဘာသာရေးဟာ လူ့ဘဝမှာ ဒုတိယတန်းမှာပဲရှိမယ်ဆိုရင် ????
    (တကယ့်တကယ်မှာလဲ လူ၉၉ရာနှုံးအဖို့ ဘာသာတရားဟာ ဒုတိယ ဒါမှမဟုတ် အဲဒီနောက်မှာပဲရှိတာပါ)
    ဗုဒ္ဓမြတ်စွာဘုရားက လူတွေကို တနေ့ သုံးခါသော်လည်းကောင်း ငါးခါသော်လည်းကောင်း ဘုရားမရှိခိုးခိုင်းဘူး…
    သီလကိုပဲ တသက်လုံးစောင့်ခိုင်းတာ….

    ဘာသာတရားဟာလူတွေအတွက်ပဲ ဖြစ်စေချင်တယ်
    လူတွေဟာဘာသာတရားအတွက် မဖြစ်စေချင်ပါ။

  • ဦးဦးပါလေရာ

    May 9, 2013 at 12:10 pm

    မိုးမခရဲ့ ဆောင်းပါးရှင်က ဘာသာတရားအားလုံးကို (တစ်ခုနှစ်ကျပ်ခွဲစီ) အညီအမျှ သဘောမထားဘူးလို့ ဆိုပါတယ်..။
    နေပါဦး…
    ဘာလို့ အညီအမျှသဘောထားရမှာတုန်း…
    လူဦးရေ ၈၀%ကျော်ကိုးကွယ်တဲ့ဘာသာနဲ့ ကျန်တဲ့ဘာသာတွေ ဘယ်လိုလုပ်အညီအမျှဖြစ်နိုင်မှာတုန်း..
    အတင်းဖြစ်အောင်လုပ်ရင်ရော အဆင်ပြေပါ့မလား…။
    လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာ
    အားလုံး သုံးမျိုးတစ်ထောင် ကြိုက်ရာယူ ဆိုတဲ့ လမ်းဘေးဈေးသည်ရဲ့ ညီမျှမှု့မျိုးလို့ ကျုပ်မယုံကြည်ဘူး…။
    အဲသလို ညီအောင်ညှိရင် အများစုက လက်မခံတဲ့အတွက် သွေးချောင်းစီးသွားလိမ့်မယ်…။
    လွန်ခဲ့တဲ့ဆယ်နှစ်ကလဲ ဗလီပေါ် လော်စပီကာတင်အော်ခွင့်ပေးလိုက်လို့ ဗြောင်းဆန်သွားတာမမှတ်သေးဘူး…။

    ကျုပ်နားလည်တဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာ
    လူနည်းစုကလဲ ကိုယ့်ဘုရားကိုယ် လွတ်လပ်စွာရှိခိုးပါ
    လူများစုကိုလဲ အနှောက်အယှက်မလုပ်ပါနဲ့
    လူများစုကလဲ လူနည်းစုကို အနှောက်အယှက်မလုပ်ပါနဲ့ …
    ဆိုတာမျိုး လို့ပဲ နားလည်တယ်။

    အဲဒါကြောင့် ကျောင်းတွေမှာ ဘာသာကြီးလေးမျိုးကို အညီအမျှထည့်သင်ရမယ်ဆိုတဲ့ အကြံအစည်မျိုးကို
    လုံးဝ လက်မခံဘူး..။
    ဖြစ်ရမှာက ကျောင်းတွေမှာ ဘာသာသာရေးသင်ခန်းစာမှ ထည့်မသင်နဲ့
    ကိုယ်ဘာသာကြိုက်သလို အပြင်မှာ လေ့လာ ဆိုပြီးဖြစ်ရမှာ….။

    အော်…….. ဖြစ်ရလေခြင်း ဒီမိုကရေစီကျောက်ရူးများရယ်……..

    • လူကလေး

      May 9, 2013 at 2:17 pm

      ဦးဦးပါလေရာရေ. အတိအကျ ဒပ်ထိ ဂွပ်ထိ ပြောချင်နေသော စကားများ ဖြစ်လို့ အလွန့်လွန်ကျေးဇူး တင်ရှိပါကြောင်း..

  • uncle gyi

    May 9, 2013 at 10:20 pm

    ဦးဦးရေကျောင်းတွှေမှာဘာသာရေးသင်တာလက်မခံဘူးဆိုလို့နဲနဲပြောချင်တယ်
    ၇၈၆ဗလီတွေမှာစာသင်တာဘာသာရေးထည့်မသင်ဖူးလို့ပြောရဲလား
    ကျွန်တော်တို့ငယ်စဉ်ဘိုကျောင်းမှာစာသင်တော့
    0ur father mather ဆိုပြီးလုပ်ခဲ့ရသေးတာပဲ
    အခုလည်းမြန်မာကျောင်းမှာဗုဒ္ဓဘာသာသင်တာဘာဖြစ်မှာတုန်း
    သူတို့ကိုဘာသာပြောင်းခိုင်းတာမှမဟုတ်တာ

  • ဦးဦးပါလေရာ

    May 10, 2013 at 12:13 am

    ဒီလို အန်ကယ်ကြီးရေ-
    အခုဖြစ်နေတာက စာသင်ကျောင်းတွေမှာ ဗုဒ္ဓဘာသာနဲ့နွယ်တဲ့အကြောင်းအရာတွေ ထည့်သင်မယ်ဆိုရင် အားလုံးအညီအမျှဖြစ်အောင် အခြား ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာတွေအကြောင်းပါ ထည့်သင်ရမယ်လို့ ကြေးတိုက်တဲ့ အသံထွက်လာတယ်။
    အဲသည်စကားက အခြားလူကပြောတာဆိုတော်သေးတယ်။ ကျုပ်တို့မျှော်လင့်ချက်လေးယောင်ရမ်းထားမိတဲ့ ၈၈ ကျောင်းသားဟောင်းထဲကထွက်လာတယ်ဆိုကြတော့ ကျုပ်ဖြင့်တော်တော်ကိုစိတ်ပျက်မိတာပဲ…။
    အဲသလို ဘာသာလေးမျိုးကို ရောထည့်သင်လို့ အမေရိကန်မှာ အင်္ဂလန်မှာ ဘာမှမဖြစ်နိုင်ပေမယ့်
    ကျုပ်တို့နိုင်ငံမှာဆိုရင်တော့ ကျောင်းတိုင်းမှာ လက်ဝှေ့ပွဲတွေဖြစ်လာမှာ
    အဲသည်ကျောင်းတွေကတဆင့် တနိုင်ငံလုံး မီးလောင်မှာ…….။
    ဒါကြောင့် အဲသလောက် ချာပလာတူးတဲ့အကြံနဲ့စာရင်တော့ သိပ်ပြီးအညီအမျှဖြစ်ချင်ရင်
    ဘာ ဘာသာရေးအကြောင်းမှ ကျောင်းတွေမှာမသင်တာက ကောင်းသေးတယ်လို့ ယူဆတာပဲ…။

    • ရာမည

      May 10, 2013 at 11:14 am

      ဟား ဟား ဟား ဟား ဟား ရီရတယ်ဟေ ့ !!!!!!!!!!!
      ဘာသာကြီးလေးမျို းကို ကျောင်းမှာရောသင်ရမဒဲ ့လား ??????
      သီးစုံချဉ်ရည် ဟင်းချက်တယ်များအောက်မေ ့နေသလား မျောက်လောင်းတွေရယ်
      ကျောင်းဆိုတာ စာပေ ပညာ အတွေးအခေါ် စတာတွေကိုမြှင့်တင်တာလေ ငပေါတွေရဲ ့
      ဘာသာရေး စာပေ အနည်းငယ်ပါသွားတာက မြန်မာစာသင်ရလို ့ကွ
      အဲဒီမြန်မာစာ နဲ့ပတ်သက်တာကို ရှေးမြန်မာစာပညာရှင်တွေက ဇတ်တော်တွေ
      ဇာတက ဝတ္ထုတွေန ဲ့ အစွမ်းပြရေးထားလို ့ဟေ့ 88 ဖွတ်တွေရဲ ့
      မင်းတို ့ပြောသလိုဆို အဲဒီမြန်မာစာရေးထားခဲ့ဒဲ ့ ပညာရှင်တွေကို
      ဇာတက ဝတ္တုတို ့ ဇတ်နိပါတ်တော်တို ့မရေးဘဲ jjအီစွပ်ပုံပြင်ရေးခိုင်းရမလိုဖြစ်နေဘီ ။
      မင်းတို ့ပြောသလို သင်ခန်းစာမှာ ဘာသာလေးမျိုးထည် ့သင်ရမယ်ဆိုရင် ——-
      မြန်မာ ကဗျာအစား …… မဟာဘရတ ကိုသင်
      မြန်ာမာ စကားပြေအစား ….. အီစွပ် ပုံပြင်ကိုသင်
      အလင်္ကာ ရသ အစား …… သမ္မာကျမ်းစာ ကိုသင်
      အဲ့ လိုပြောချင်တာလား …? ၆ရူး ကောင်ဒွေ

      ပို့စ်ပိုင်ရှင်ရေ ခွင့်လွှတ်ပါခင်ဗျာ ။

      • GaviaGirl

        May 10, 2013 at 12:24 pm

        တကယ်တော့ ကျောင်းမှာ ဘာသာရေး ထည့်မသင်ပါဘူး… ဇာတ်တော်တွေသင်တာကလည်း ကောင်းတာကို အတုယူစေချင်လို့ သင်တာပါ… ဥပမာ… ရွဲကုန်သည်အကြောင်းသင်တယ်.. ဘုရားလောင်းရွဲကုန်သည်ကို ကြည်ညိုခိုင်းတာမှ မဟုတ်တာ… စိတ်ထားကောင်းတဲ့သူက ကောင်းတာဖြစ်တယ်.. စိတ်ထားမကောင်းတဲ့သူက ဒုက္ခဖြစ်တယ်… လောကရဲ့ မှန်ကန်တဲ့နိယာမကို သင်တာပဲ… ဒါကိုမှ ကံနဲ့ ကံရဲ့အကျိုးဆိုပြီး ဘုရားရဲ့တရားလို့ ဆွဲထည့်ရင်တော့ မပြောတတ်ဘူး…

        ကိုရာမညရေ… လုံမလည်း ၈၈ က သူတို့ရဲ့ အတွေးအခေါ်ကို နည်းနည်းတော့ အံ့ဩမိပါရဲ့.. အိုဘယ့်.. ဒီမိုကရေစီ…. အိုဘယ့် လူ့အခွင့်အရေး…. 🙂

        • pazflor

          May 10, 2013 at 2:16 pm

          အဲ့လို ကောင်းတာကို အတုယူစေချင်လို့သင်ခဲ့ကြတဲ့ မြန်မာအများစုက ဘာလို့ စိတ်ဓါတ်အောက်တန်းကျနေကြလည်းမသိဘူးနော်။ ဟဟ….. အများစုက ဗုဒ္ဒဘာသာ မဟုတ်ရင် မိစ္ဆာဒိဠိ လိုသတ်မှတ်ချင်ကြသနော်။
          ကလေးတွေရဲ ့ စိတ်ထဲမှာ ဂေါတမဗုဒ္ဒ ကသာ လူသားတွေ အကျိုးဆောင်ခဲ့တာမဟုတ်ဘူး၊ အခြားဘာသာတွေလည်း သူဟာနဲ့သူအလျှောက် လူမှူ့ ကျင့်ဝတ်တွေကို ထိန်းကျောင်းခဲ့တယ်ဆိုတာ သိရ ရင် ပိုမကောင်းပေဘူးလား။ အခု မြန်မာတွေ အများစုရဲ ့ Tolerance က တအားနည်းနေတယ်။ ကိုယ်နဲ့ အယူမတူရင် ရန်သူဖြစ်ချင်တဲ့ စိတ်တွေများနေတယ်။

        • GaviaGirl

          May 10, 2013 at 3:30 pm

          ခိခိ.. အဲ့လို ပြောကြေးဆိုရင်… ဂေါတမဗုဒ္ဓကို အလ္လာက မွေးထားတာပါလို့… သင်ပေးနေကြတာတွေကရော… ဘုရားသခင်ကို မယုံကြည်ရင် ငရဲကျမယ်..(ထာဝရငရဲ ဆိုလား ပြောလိုက်သေးတယ်..) လို့ ပြောတာကရော….

          မိစ္ဆာဒိဌိဆိုတာ အယူမှားပါ… အကျိုးတရားတိုင်းမှာ အကြောင်းတရားရှိတယ်လို့ ယုံကြည်တာ သမ္မာဒိဌိပါ… ကိုယ်တိုင်ကျင့်ကြံမှရမယ်လို့ ယုံကြည်တာ သမ္မာဒိဌိပါ… ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့်လည်း… သဘာဝတရားနဲ့ဆန့်ကျင်တဲ့ အရာတွေကိုယုံကြည်နေရင် မိစ္ဆာဒိဌိလို့ သတ်မှတ်ပါတယ်…

          ဗုဒ္ဓဘာသာဆိုတာ လူကို ကိုးကွယ်တာမဟုတ်…. ဗုဒ္ဓဆိုတဲ့ လူသားက ရှာဖွေတွေ့ရှိပြီး ဟောကြားထားခဲ့တဲ့ သဘာဝတရားတွေကို လိုက်နာကျင့်ကြံတာပါ… တကယ်က religion မဟုတ်ပါဘူး.. philosophy ပါ….

          အတုယူခြင်း၊ မယူခြင်းဆိုတာ လိုက်နာတဲ့သူနဲ့ပဲ ဆိုင်ပါတယ်… ကောင်းတာကို ပြောထားတာကို မလိုက်နာဘဲ မကောင်းကျိုးဖြစ်တာကတော့ လူနဲ့ပဲ ဆိုင်ပါတယ်…

          ကိုယ်နဲ့မတူရင် ရန်သူဖြစ်ချင်တဲ့စိတ်က ဘယ်သူတွေဆီမှာ ရှိတာလဲဆိုတာကတော့ လူတိုင်းသိနေတဲ့ကိစ္စမို့လို့ ထပ်မရှင်းတော့ပါဘူးနော်….

        • GaviaGirl

          May 10, 2013 at 3:43 pm

          အော်.. တစ်ခု ကျန်ခဲ့လို့… ဗုဒ္ဓတရားတော်က မျက်စိမှိတ်ပြီး မယုံခိုင်းဘူးရှင့်… ရှိပါတယ်လို့ ပြောထားတဲ့အရာတွေကို ရှိမရှိသိချင်ရင် လက်ရှိဘဝမှာတင် ကျင့်ကြံကြည့်ရင် သိနိုင်တယ်… လေ့လာစမ်းသပ်ခွင့်ပြုတယ်… သိပ္ပံနည်းကျတယ်… (အဲ.. ကျင့်ရင်တော့ လမ်းစဉ်မှန်နဲ့ကျင့်ပေါ့နော်… အဓမ္မဝါဒနဲ့တော့ မတိုးစေနဲ့ပေါ့..)

        • ရာမည

          May 10, 2013 at 3:58 pm

          ဪ ဟော် … မြန်မာမကောင်းပြောရင် ထမင်းစားဝင်ဒဲ့သူထင်တယ်
          ကို ့လူကြည့်ရတာ နိုင်ငံဂျားနေပီး ဗမာလိုချီးမပါတတ်တော့ဘူးထင်ပ
          အခုပြောနေတာပညာရေးပိုင်း
          လူမျိုးရေး ဘာသာရေးလာမရှုပ်ပါနဲ့ ။မဖွပါနဲ့ ။ ပြဿနာမီးထွန်းမရှာပါနဲ့

        • pazflor

          May 10, 2013 at 4:44 pm

          ma Gavia Girl ရေ….” ဂေါတမဗုဒ္ဓကို အလ္လာက မွေးထားတာပါလို့… သင်ပေးနေကြတာတွေကရော… ဘုရားသခင်ကို မယုံကြည်ရင် ငရဲကျမယ်..(ထာဝရငရဲ ဆိုလား ပြောလိုက်သေးတယ်..)” ဆိုတာတော့ ဘယ်သူပြောလည်း ကျနော်မသိဘူးဗျ။ သက်သေအထောက်အထားမရှိဘဲ ကြားစကားနဲ့ အမုန်းပွားမယ်ဆိုရင် ကိုယ်ဘဲအကုသိုလ်များမှာလေ။ ကျောင်းမှာသင်ဖို့ဆိုတာ ပရိတ်ကြီး ၁၁ သုတ် အလွတ်ကျက်သလို၊ သူတို့လူမျိုးတွေ ဘုရားရှိခိုးရင် အာရေဗီစာနဲ့ ဆိုသလိုမျိုးမဟုတ်ဘူးလေ။ ဂေါတမ မြတ်စွာဘုရားဆို ဘယ်မှာပွင့်ခဲ့တယ်၊ ဘယ်လို ဖြစ်စဉ်တွေရှိခဲ့တယ်ပေါ့။ ခရစ်တော်ဆိုလည်း ခရစ်တော်အလျှောက် ဘယ်လိုရှိခဲ့တယ်..စသဖြင့် ကြားဖူးနားဝရှိအောင်သင်ထားဖို့လေ။ သင်တဲ့သူက တော့ အစွဲကင်းဖို့လိုတာပေါ့။ ဗုဒ္ဒဘာသာဝင်ဆရာမက သင်လို့ အခြားဘာသာတွေက ကြိုးကြောင်းဆီလျှော်မှူ့မရှိဘူး၊ဘာညာဆိုရင်တော့ ပြဿနာတွေ တက်မှာပေါ့ဗျာ။

          “ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့်လည်း… သဘာဝတရားနဲ့ဆန့်ကျင်တဲ့ အရာတွေကိုယုံကြည်နေရင် မိစ္ဆာဒိဌိလို့ သတ်မှတ်ပါတယ်… ” ဒါကတော့ ငြင်းစရာမရှိ သဘောတူပါ၏။

          “အတုယူခြင်း၊ မယူခြင်းဆိုတာ လိုက်နာတဲ့သူနဲ့ပဲ ဆိုင်ပါတယ်… ကောင်းတာကို ပြောထားတာကို မလိုက်နာဘဲ မကောင်းကျိုးဖြစ်တာကတော့ လူနဲ့ပဲ ဆိုင်ပါတယ်…” မှန်တာပေါ့ဗျာ။ ဒါပေမဲ့ ဘာလို့ ကောင်းတာအတုမယူချင်သူတွေ များနေကြသလည်းဆိုတာတော့ စဉ်းစားစရာဘဲနော်။ ကျနော်တို့ society မှာ တခုခုများမှားနေသလား????

          ရန်လိုတာကတော့ နှစ်ဘက်စလုံးက ဖြစ်နေကြတယ်လို့ပြောလို့ရတယ်။ ဟိုဘက်သူဘာသူ ဘယ်လောက်ဆိုးတယ်ပြောပြော၊ အခုတလောဖြစ်စဉ်တွေမှာ စာရင်းဇယားအရ သူတို့ဖက် အထိအခိုက်ပိုများနေတယ်။

          နောက်ဆုံးအချက်အရ ကပ်ငြင်းတာတော့ ဟုတ်ဘူးဗျ။ သိပ္ပံနည်းကျတယ်ဆိုတာမျိုး သုံးလို့မရဘူး။ သိပ္ပံနည်းကျဆိုရင် စမ်းသပ်စစ်ဆေးလို့ရ ရမယ်၊scale တစ်ခုခုနဲ့ စံတင်နိုင်ရမယ်။

          ကိုရာမညရေ..တင်ထားတဲ့ ပိုစ်က ဘာသာရေးပိုစ်၊နောက်ပြောရင်းနဲ့ ဘာသာရေးပိုင်းရောက်သွားတယ်။ ပညာရေးနဲ့ ဘာသာရေး အနည်းငယ်တော့ စပ်ဆက်မှူ့ရှိတယ်ထင်ပါတယ်။ ဥပမာပြောရရင် ရှေးကမြန်မာပညာရေးဟာ ဘုန်းတော်ကြီးကျောင်းတွေမှာ အခြေခံတာမို့ ဘာသာရေးနဲ့စခဲ့တယ်ဆို မမှားဖူးလို့ဆိုနိုင်မယ်ထင်ပါတယ်။

        • GaviaGirl

          May 10, 2013 at 5:07 pm

          ိကို pazflor ရေ…
          ကျွန်မ ဒီပို့စ်မှာ ဘာသာရေးအကြောင်း ဆက်မပြောတော့ပါဘူး.. ဒီပို့စ်ကို တင်တဲ့ရည်ရွယ်ချက်ကလည်း ကိုယ့်ဘာသာ သူ့ဘာသာ အငြင်းပွားဖို့ မဟုတ်တဲ့အတွက် ကိုယ့်ယုံကြည်ချက် သူ့ယုံကြည်ချက် .. လွတ်လပ်စွာ ယုံကြည်ခွင့်ရှိပါတယ်…

          ပညာရေးအကြောင်းပြောရရင်တော့ မြတ်စွာဘုရားရဲ့ ဗုဒ္ဓဝင်ဖြစ်စဉ်ကို ကျွန်မတို့သိခဲ့ရတာ စာသင်ကျောင်းကသင်လို့ မဟုတ်ပါဘူး… ဒီလိုပဲ… ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့်လည်း ခရစ်တော်ရဲ့ ဖြစ်စဉ်တွေကို ကျွန်မတို့ သိပါတယ်… ဒါကြောင့် သက်ဆို်င်ရာဘာသာတွေက ဘာသာရေးသင်တန်းတွေ ဖွင့်ကြပါတယ်… မိရိုးဖလာယုံကြည်မှုမဖြစ်ချင်ရင် အားလုံးကို အပြင်မှာ လေ့လာလို့ရပါတယ်… ဒါကြောင့် ဘာသာရေးဗဟုသုတဆိုတာ စာသင်ကျောင်းမှာ သင်ဖို့မလိုပါဘူးလို့… ဘယ်သူမှလည်း မသင်ပါဘူးလို့…အဲဒါလေးပါ…

    • ခင်ခ

      May 10, 2013 at 3:16 pm

      ၈၈ တွေ အဲလိုထဲ့သင်စေချင်ရင် ကိုယ်ပိုင်စာသင်ကျောင်းဖွင့်ပြီး အဲဒီကျမှ ဒင်းတို့ကိုယ်တိုင် သင်ကြပေါ့လို့ ဘဲပြောရမယ်ထင့် ဦးပါရေ။
      သူတို့အုပ်စုလည်း ကြာလာလေ အချော်လွှတ်တွေ များလာနေတယ်ဗျ။

    • garuda

      May 10, 2013 at 11:31 pm

      လက်ဝှေ့တော့ မဖြစ်နိုင်ဘူးဗျ။ ပျော့တယ်လေ.. UFC လောက်ကိုဖြစ်မှာထင်တယ် :harr:

  • garuda

    May 11, 2013 at 1:36 am

    ကိုကို pazflor ရေ
    မြန်မာအများစုက ဘာလို့ စိတ်ဓါတ်အောက်တန်းကျနေကြလည်းမသိဘူးနော်။ ဟဟ…..
    ဆိုတာရော ခင်ဗျားက ဘာစစ်တမ်းကောက်ချက် အထောက်အထားနဲ့ “အများစု” ပြောမလဲ?

    ဂေါတမဗုဒ္ဓကို အလ္လာက မွေးထားတာပါလို့… သင်ပေးနေကြတာတွေကရော…
    ဘုရားသခင်ကို မယုံကြည်ရင် ငရဲကျမယ်..(ထာဝရငရဲ ဆိုလား ပြောလိုက်သေးတယ်..)”
    ဆိုတာတော့ ဘယ်သူပြောလည်း ကျနော်မသိဘူးဗျ။ သက်သေအထောက်အထားမရှိဘဲ
    ကြားစကားနဲ့ အမုန်းပွားမယ်ဆိုရင် ကိုယ်ဘဲအကုသိုလ်များမှာလေ။

    ကြုံဖူးတာပါ…ကျွန်တော် ၃တန်းအရွယ်တုန်းက အမဲသားစားတဲ့ ဘာသာခြား
    သူငယ်ချင်းက သူတို့ရပ်ကွက်ထဲပ အမဲသားမစားတဲ့ ဘာသာခြားတွေရဲ့ ဘုရားကျောင်း
    ထဲကို အသားတုံးတွေ ပစ်ပြီးနောက်တာ ပြောပြခဲ့ဖူးတယ်။ ကလေးအရွယ်တွေဆိုတော့
    မသိလို့ဖြစ်ပါလိမ့်မယ်။အဲဒီတုန်းက ကိုယ်နဲ့ပြဿနာမရှိခဲ့တဲ့ သူငယ်ချင်းလေးပါ သဘောကောင်းပါတယ်။ ကိုယ်လည်း
    သူဘာလို့ အမဲသားတုန်းတွေ ပစ်ရလည်းနားမလည်နိုင်ခဲ့ဘူး။ အဲဒီအရွယ်ကတည်းက ဘာသာ
    ကြီးလေးရပ်ကို သိခဲ့ပေမဲ့…အစားမှာ ရှောင်တယ်မရှောင်ဘူးဆိုတာတွေရှိတာ မသိခဲ့လို့ပါ။
    ဘာသက်သေလဲဆိုတော့ ကိုယ်ကြုံခဲ့တာကိုယ်ပြောပြတာပါ ယုံတာမယုံတာ ကတော့ခင်ဗျား
    သဘောပဲလေ။နောက်တစ်ခုက လွန်ခဲ့တဲ့ ၁၂နှစ်လောက်က ခရစ်ယာန် သူငယ်ချင်းကို သူ့အသိ ဘာသာတူ
    တရားဟော ဆရာယောင်ယောင် လူတစ်ယောက်က ဘုရားသခင်ကို ဘယ်လိုအကြွင်းမဲ့ယုံရမဲ့ အကြောင်း
    အတင်းကို ယုံယုံယုံ လို့ပြောတော့ သယ်ရင်းက ပညာတတ်လည်းဖြစ် ဘာအကြောင်းပြ
    ချက်မှမရှိပဲ အတင်းယုံခိုင်းတာကို မကြိုက်လို့ “ကဲ..ယုံရအောင် အကြောင်းပြချက်ပေး”
    ဆိုတော့ မပေးနိုင် အတင်းကိုယုံခိုင်းတာ၊မယုံရင် ငရဲကျမယ်တွေပြောလိုပြောနဲ့
    နောက်ဆုံး ရန်ထမဖြစ်တာ ကံကောင်း :hee:
    စိတ်အားနည်းတဲ့ သူတွေကို စိတ်ညှို့နည်းတစ်မျိုးပေါ့ဗျာ။ နောက်ဆုံးသယ်ရင်းက မယုံဘူး
    ကွာလို့တောင် ပြောလိုက်တယ်။ သက်သေအဖြစ်မြင်ချင်ရင်တော့ ရတယ်နော်။ သူက အခု တက္ကသိုလ်
    တစ်ခုမှာ ဆရာဖြစ်နေတယ်။ ဒါပေမဲ့ သူက ပြီးခဲ့တဲ့ တပတ် April လကုန်ပိုင်းကကျွန်တော်နဲ့ စကား
    ပြောခဲ့တဲ့အထိ တော့ခရစ်ယာန်ဘာသာပါပဲ။ဒီနေ့မှ ဘာသာပြောင်းသွားရင်တော့ မသိဘူး။ :harr:
    သူက သူ့ဘာသာမယုံလို့ တော့မဟုတ်ဘူး။ အဲသလို အပြောမတတ်တဲ့ သူတွေကြောင့် သောက်ညင်ကတ်
    ပြီး မယုံဘူးပြောလိုက်တာပါ။ ၁ဝစုနှစ် တစ်ခုအတွင်းတောင် ဘာသာမပြောင်းသေးဘူးဆိုရင်တော့
    သူ့မှာ ယုံကြည်မှုရှိနေလို့ပေါ့။ ဗုဒ္ဓဘာသာမှာလည်း ဘုရားကို တန်ခိုးရှင်လို ရောထွေးထင်နေတဲ့ လူတွေ
    အများကြီးပါ…ဗုဒ္ဓဘာသာမှာလည်း အဲဒီ ဘာသာဆရာ ယောင်ယောင်လို အတင်းယုံခိုင်းတဲ့ သူတွေလည်းရှိပါတယ်။ ဒါကသေ
    သေချာချာ မလေ့လာထားတဲ့ သူတွေမို့လို့ပါ။ အမုန်းပွားတယ် မပွားဘူးဆိုတာတော့ ခင်ဗျားကိိုတိုင်ကိုက
    ဘာစာရင်း အထောက်အထားမှမရှိပဲနဲ့ မြန်မာ အများစုက လို့ပြောနေမှတော့ တကယ်ဘာမှ မလုပ်ခဲ့တဲ့ မြန်
    မာတွေက ခင်ဗျားကို မမြင်ရပဲနဲ့ အမုန်းပွားနေရင်းနဲ့ ဂေဇက်ပေါ်က ဆရာကြီးတစ်ယောက်လို
    အကိုသိုလ်ပွားရင်းမြန်မာနဲ့ မုန့်လုံးစက္ကူကပ် ဖြစ်နေပါအုံးမယ်။

    ဒါပေမဲ့ ဘာလို့ ကောင်းတာအတုမယူချင်သူတွေ များနေကြသလည်းဆိုတာတော့ စဉ်းစားစရာဘဲနော်။
    ကျနော်တို့ society မှာ တခုခုများမှားနေသလား????

    “ကျနော်တို့” မဟုတ်ဘူးဗျို့! တကမ္ဘာလုံးကိုယ့်အကြောင်းနဲ့ကိုယ်ဗျို့!
    ကြည့်တတ်ရင်မြင်တယ်…အဲ..မဟုတ်ရင်တော့…အရင်အစိုးရအဆက်ဆက်
    ကျင့်ပေးခဲ့တဲ့ ကိုယ့်အမှားလို့ပဲ အမြဲထင်တတ်တဲ့စိတ် ကနေတက်တော့မှာ မဟုတ်ဘူး
    အေး…မသိသူများလည်း..မသေမချင်းမှတ်ထား..အဲဒါကိုမှ “သိမ်ငယ်စိတ်”
    လို့ခေါ်တာ(ထင်ပါတယ်)။ (သိသူများကို မမှတ်ခိုင်းပါ) :kwi:

    ရန်လိုတာကတော့ နှစ်ဘက်စလုံးက ဖြစ်နေကြတယ်လို့ပြောလို့ရတယ်။
    ဟိုဘက်သူဘာသူ ဘယ်လောက်ဆိုးတယ်ပြောပြော၊ အခုတလောဖြစ်စဉ်တွေမှာ
    စာရင်းဇယားအရ သူတို့ဖက် အထိအခိုက်ပိုများနေတယ်။

    ဒါကရှင်းရှင်းလေးပဲ ဒီဖက်ကအုပ်တောင့်လို့ ဟိုတစ်ဖက်က ခံလိုက်ရတာ
    ဟိုဖက်ကအုပ်တောင့်ရင်ကော….ဒီထက်ပိုဆိုးမလား?? ခင်ဗျားဟာ ခင်ဗျား
    စဉ်းစားကြည့်နော်။ တစ်ခြားဟာတွေလည်း ထဲ့စဉ်းစားနော်..အုပ်နဲတဲ့
    ဖက်က ဘာသာရေးခေါင်ကို စပြီးသတ်တာနော်..မနဲတဲ့ သတ္တိခေါ်မလား မိုက်ရူးရဲချက်
    ခေါ်မလား။ အဲသလိုမသတ်ဘဲ..အိမ်တွေ၊ဆိုင်တွေလောက်ကို ပြန်ဖျက်ဆီးတာဆိုရင်
    အဲသလောက် အထိပြဿနာကြီးထွားနိုင်ပါ့မလား?

    နောက်ဆုံးအချက်အရ ကပ်ငြင်းတာတော့ ဟုတ်ဘူးဗျ။ သိပ္ပံနည်းကျတယ်ဆိုတာမျိုး သုံးလို့မရဘူး။
    သိပ္ပံနည်းကျဆိုရင် စမ်းသပ်စစ်ဆေးလို့ရ ရမယ်၊scale တစ်ခုခုနဲ့ စံတင်နိုင်ရမယ်။

    သိပ္ပံနည်းကျ ဆိုတာက ကျွန်တော့်အမြင်တော့ ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတာတွေကို ဗုဒ္ဓဘာသာမှာ
    ရှင်းပြထားတာတွေကို နောက်နှစ်ပေါင်းထောင် လောက်ရှိမှ ဆေးသိပ္ပံနည်းအရ လက်ခံတွေ့ရှိခြင်းကို
    ဆိုလိုခြင်းဖြစ်မယ်ထင်ပါတယ်။ စံတင်ဖို့ဆိုတာတော့ လက်ခံထားတာတွေရှိပါတယ်
    ပြန်ရှာပြီးပြောရရင်တော်တော်ရှည်လိမ့်မယ်။ ဂူဂဲလ်မှာပဲ
    ရှာကြည့်လိုက်ပါနော်။ ရွှေအိမ်စည် ဖဘ မှာလည်း ရှာတွေ့နိုင်မယ်ထင်ပါတယ်။
    သီတဂူဆရာတော်တို့ ချမ်းမြေ့ဆရာတော် စသည်တို့ကို ချဉ်းကပ် မေးမြန်းနိုင်မယ်
    လို့ထင်ပါတယ်။ အဲ..စကားမစပ်..ဗုဒ္ဓဘာသာဆိုတာ ဈာန်ပျံတာမဟုတ်ဘူးနော်။
    ဟို အမေဂျစ်ကန်က လူကြီးလို..စကောနှစ်ချပ် လက်မှာကပ်ပြီး ပျံလို့ရတဲ့
    ဘာသာလို့တော့ မမြင်စေ့ချင်ဘူး။ :harr:

    ကလေးတွေရဲ ့ စိတ်ထဲမှာ ဂေါတမဗုဒ္ဒ ကသာ လူသားတွေ အကျိုးဆောင်ခဲ့တာမဟုတ်ဘူး၊
    အခြားဘာသာတွေလည်း သူဟာနဲ့သူအလျှောက် လူမှူ့ ကျင့်ဝတ်တွေကို ထိန်းကျောင်းခဲ့တယ်ဆိုတာ
    သိရ ရင် ပိုမကောင်းပေဘူးလား။ အခု မြန်မာတွေ အများစုရဲ ့ Tolerance က တအားနည်းနေတယ်။
    ကိုယ်နဲ့ အယူမတူရင် ရန်သူဖြစ်ချင်တဲ့ စိတ်တွေများနေတယ်။

    ပထမဆုံး ပြောခြင်တာကတော့ ဗုဒ္ဓဟာ ခင်ဗျားနားလည်သလို လူသားတွေ အကျိုးကို ဆောင်ခဲ့တယ်
    ဆိုတာထက် လူသားတွေကို လွတ်မြောက်ရာလမ်းကို ပြခဲ့တာပါ။ ယူတတ်ရင်ရမယ် မယူတတ်ရင်မရဘူး။
    လူသားတိုင်းဟာဖြင့် ထိုလမ်းကိုလိုက်ဖို့ ကိုယ့်လွပ်မြောက်ရာကို ကို့ဟာကိုယ် ရှာဖွေရမှာဖြစ်လို့..တစ်ချို့
    စာဖတ်များတဲ့ လူကြီးများက အတ္တဆန်တဲ့ ဘာသာလို့တောင် အထင်လွဲကြသေးတယ်။ အဓိကသိစေချင်တာ
    က တစ်ခြားဘာသာတွေနဲ့ မတူတဲ့ အချက်က အဲဒါပါပဲ။ အကျိုးမပြုဘူး..မကယ်တင်ဘူး..နည်းမှန်လမ်းမှန်ပေး
    ခဲ့တယ်။ မိမိကိုယ်ကိုယ်သာကိုးကွယ်ရာ ဖြစ်သည်ဆိုသည့် အလျှောက် လမ်းမှန်လျှောက်သူသာလျှင်ရမည်
    ဖြစ်ပါသည်။ ကဲ မြန်မာ အများစုရဲ့ Tolerance က တအားနည်းနေတယ်။ကိုယ်နဲ့ အယူမတူရင် ရန်သူဖြစ်ချင်တယ်ဆို
    တာကိုရော ခင်ဗျားက ဘယ်လို count လုပ်ထားလို့ “အများစု”လို့ပြောနိုင်ပါသလဲ??

  • pazflor

    May 11, 2013 at 7:48 am

    ကို Garuda ရေဒီလောက်ထိအောင် စိတ်ရှည်ရှည်နဲ့ reply လုပ်တာကျေးဇူးတင်ပါ့ဗျာ။
    ၁။ အများစုဆိုတာကို ယေဘုယျပြောရရင် အခုလောလောဆယ် ကိုရာမညရဲ ့ “ဖားပြုတ်အရက်နှင့်ရက်ရက်စက်စက်ငွေရှာကြသူများ” ၊ကိုမျိုးသန့်ရဲ ့ “တက္ကစီ၊ ကယ်ရီ တို့နှင့်တွေ့ဆုံခြင်း” ၊ နောက် ဆရာမ ဝင့်ပြုံးမြင့်ရဲ ့”၄ဝ ကျော် ကျွန်မရဲ ့ အသည်းကွဲတမ်းချင်း” စသဖြင့်စသဖြင့် ဂဇာတ်ထဲက ဆောင်းပါးလေးတွေကို ပြန်ကြည်ရင်ဘဲ လူထုအလွာပေါင်းစုံရဲ့တစ်မျိုုးစီ ပျက်စီးနေပုံကို မြင်နိုင်မယ်လို့ထင်ပါတယ်။ စာရင်းဇယားနဲ့ပြောရင် မြန်မာနိုင်ငံရဲ ့အကျင့်ပျက်ချစားမှူ့အဆင့်၊ ဘာသာရေးလွတ်လပ်ခွင့် စသဖြင့်စာရင်းကောက်ထားတာကြည့်ရင် သိပါလိမ့်မယ်ခင်ဗျ။
    ၂။ ကျနော်လည်း တောင်လုံးပြန်မှာ မြန်မာနဲ့ မွတ်စလင်ရန်ဖြစ်လို့ တောင်လုံးပြန်က ဗလီထဲကို ဝက်တွေမောင်းသွင်းတယ်ဆိုတာမျိုးကြားခဲ့ရဖူးတယ်။ အမုန်းပွားတယ်မပွားဘူးဆိုတာ ဒီနေ Fb လိုဟာမျိုးထဲကြည့်ရင်သိနိုင်တာဘဲလေ။ တစ်ယောက်ကများ မြန်မာဗုဒ္ဒဘာသာတွေ ခံနေရပြီ စသဖြင့်လုပ်လိုက်ရင် အများစုက မှန်၊မမှန် မစဉ်းစားကြဘဲ အမုန်းစပွားကြပြီလေ။ နောက်အဲ့ အမုန်းတွေက အပြောစကားနဲ့ အပြင်သူဆီကို ပြန့်၊ သူတို့လည်းအမုန်းပွား……
    ၃။ ကောင်းတာကို အတုမယူချင်တဲ့ စိတ်က “သိမ်ငယ်စိတ်” ကြောင့်လား၊ ကျနော်တော့ ဉာဏ်မမီလို့ နားမလည်ပါဘူးခင်ဗျ။
    ၄။ ခွေးတောင်ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်မှာဘဲဗျ။ မြန်မာတွေ တရားဥပဒေကို အပြည့်အဝလိုက်နာပေးဖို့ လိုအပ်မယ်ထင်တယ်ဗျ။ လူအုပ်စုများတိုင်း အနိုင်ကျင့်လိုက်တိုင်း အမှန်မဟုတ်ဘူးခင်ဗျ။ မှန်ကန်သောဖြေရှင်းနည်းလည်းမဟုတ်ဘူး။
    ၅။ ဗုဒ္ဒဘာသာဟာ သိပ္ပံနည်းကျတယ်ဆိုတာနဲ့ ပက်သက်ပြီး ကျနော်သိပ်မရှင်းချင်တော့ပါဘူး။ ဘိုးလှိူင် (ဒေါက်တာတင်လှိူင်) ရေးထားတဲ့ “အနုစိတ်သိသမျှရုပ်လောက” ဆိုတာ စာအုပ်လေးကိုဖတ်စေချင်ပါတယ်။ အဲ့မှာ ဘာသာရေးနဲ့ သိပ္ပံ ဆိုပြီးလည်း တစ်ခန်းသပ်သပ်ပါ ပါတယ်။ အဲ့စာအုပ်က စာပေဗိမာန်ဆုလည်းရထားတယ်ဗျ။
    ၆။ ကျနော်တို့ အများစုက ဗုဒ္ဒဘာသာအဖြစ်မွေးလာကျတော့ နိဗ္ဗာန်တို့၊မဂ်တို့နဲ့ သိပ်မစိမ်းဘူးဗျ။ ဘာသာခြားတစ်ယောက်အနေနဲ့ ကျ အဲ့ concept ကအရမ်းဝေးလွန်းနေတယ်။ နောက် mature မဖြစ်သေးတဲ့ ကလေးတွေအနေနဲ့လည်း ဒါမျိုးနားလည်ဖို့ဆိုတာ မလွယ်သေးဘူး။ ကျောင်းတွေမှာ သင်တဲ့အခါမှာ အဲ့လောက်အယူဝါဒပိုင်းဆိုင်ရာ detail သွားဖို့မလိုဘူးလို့။ ဘာသာတိုင်းရဲ့ ကောင်းတဲ့ အချက်တွေကိုဘဲ Highlight လုပ်ပေါ့။
    ကျနော်အနေနဲ့ research or count လုပ်ထားတာမရှိလို့ 80% 70% စသဖြင့် အတိအကျမပြောနိုင်ပါဘူး။ ဒီရခိုင်အရေးအခင်းဖြစ်ပြီးနောက် ပတ်ဝန်းကျင်မှာ ကြုံရတဲ့ လူတွေနဲ့စကားပြောဖြစ်ရင် ၈ယောက်လောက်က မွတ်စလင်ဆို မုန်းတယ်၊သတ်မယ် ဖြစ်နေကြတယ်ဗျ။ ဒါတောင် ခေတ်ပညာတတ်အသိုင်းအဝိုင်းကလို့ ပြောရမဲ့သူတွေ။ ကျနော်ကိုယ်တိုင်လည်း အရင်က Tolerance နည်းပါတယ်။ ဥပမာ မိုးပြာနဲ့ဆိုင်ပြီး တင်တဲ့ ပိုစ်တွေဆို အတင်းလိုက်ဝေဖန်သလိုမျိုးဖြစ်ခဲ့တယ်။ အခုတော့ နည်းနည်း Tolerance တက်လာပြီလို့ ကိုယ်ဘာသာကိုယ်ထင်တာဘဲဗျို့။ :hee:

    • garuda

      May 11, 2013 at 3:50 pm

      အိုကေ..အရင်ရှင်းလင်းအောင်မေးမယ်။ခင်ဗျားပြောတဲ့ မြန်မာအများ
      စုဆိုတာ မြန်မာ/ဗမာတိုင်းရင်းသားကိုပြောတာလား ဗမာနိုင်ငံသားကိုပြောတာလား?
      ကျွန်တော်က ခင်ဗျားတိုင်းရင်းသားတစ်ခု အနေနဲ့ ပြောနေတယ်ထင်လို့ပါ။
      အေးဗျာ..နိုင်ငံသားကိုပြောတာဆိုရင်တော့ ရှင်းလင်းရမှာက ပိုရှည်လိမ့်မယ်။

      (၁) ကိုပြောမယ်နော်..အဲဒီ ပိုစ့်တွေကြည့်ပြီးတော့ အများစုလို့ပြောလို့မရဘူးလေ။
      သူတို့လည်း သူတို့အမြင်တွေရေးထားတာပဲလေ။ ဘာသာရေးလွတ်လပ်ခွင့် စာရင်း
      ဇယားလို့ ပြောရအောင် အထက်လူကြီးတွေနဲ့ပေါင်းပြီး ဘေးပတ်ဝန်းကျင်အိမ်တွေ
      မသိအောင် ဘာသာရေးအဆောက်အအုံတွေခိုးဆောက်တာဟာ ရိုးသားမှုရှိတဲ့ ဘာသာ
      ရေးလွပ်လပ်ခွင့်လား။ လူကြီးတွေ ဘုရားတည်တဲ့ကိစ္စဟာလည်း ပြည်သူပိုက်ဆံနဲ့
      သူ့ဟာသူနိုင်ငံရေး လုပ်နေတာ လူတိုင်းအသိ..ပြောချင်ရင် ခင်ဗျား အစိုးရကိုပြော
      မြန်မာလို့ သိမ်းကျုံးပြောစရာ အကြောင်းမရှိ။ လူနည်းစု ဘာသာရေးအထိမ်းအမှတ်
      နေ့တွေ ကို Public holiday ပေးထားတာ ဘယ် နှစ် ၁၀ဝ အထက်ဒီမိုကရေစီကျင့်သုံး
      တဲ့နိုင်ငံတွေမှာ ရှိခဲ့သလဲ?? ဒါက အကောင်းဖက်ကလည်းကြည့်တတ်ဖို့၊
      ပြည်တွင်းကအကြောင်းအရာတစ်ခုကို ပြောပြတာနော်။
      အိုင်ယာလန်မှာ..ကုလားမလေးတစ်ယောက် မီးဖွားဖို့ အခက်အခဲဖြစ်နေတာ
      မိခင်အသက်ကိုကယ်ဖို့ ခလေးဖျက်ချရမယ့်ဟာကို ဆေးရုံက ကက်သလစ်
      ဘာသာအရ ဖျက်ချခွင့်မရှိလို့ မလုပ်ပေးဘူး။ ဟိုက ကျမက ဘာသာခြားပါ
      ပြောတာတောင်မရဘူး။ နောက်ဆုံး သေသွားရတယ်လို့ ထင်တယ်။
      မနှစ်ကမှ ဒီမိုကရေစီနိုင်ငံကြီး တစ်ခုမှာဖြစ်သွားတာ။
      ပြောခြင်တာက ဘာ ဘာသာရေးအခွင့်အရေးတွေ အများကြီးဆုံးရှုံးနေ
      ုလို့လည်း…ကိုယ်လိုချင်တာတွေ အကုန်လုံးရနိုင်မယ်လို့တော့ မမျှော်လင့်နဲ့လေ
      သူ့နေရာနဲ့သူတော့ ရှိမှာပဲ။ ဒီသဘောတရားကိုနားလည်ပါ
      ဘယ်ဗုဒ္ဓဘာသာမှ သီတင်းကျွတ်ပိတ်ရက်ပေးဖို့
      ဘယ်နိုင်ငံမှာ မှတောင်းတာ မတွေ့ဖူးသလို။ အမေရိကမှာလည်း မရှိသေးဘူး။
      မြန်မာပြည်မှာ ဘယ်ဟီန္ဒူတွေက တောင်းတာရော တွေ့ဖူးလဲ။ ကျွန်တော်သိ
      သလောက်တော့ မကြားမိဘူး။ ဒါပေမဲ့ သူတို့မှာ ပွဲလမ်းသဘင် လုပ်ချင်ရင်လုပ်လို့ရတယ်။
      အတင်းအကျပ် ပိတ်ပင်ထားတာမျိုးမရှိဘူး။ ဘာသာရေးအဆောက်အအုံ အားဖြင့်တော့
      တစ်ခြားဘာသာနဲ့ စာရင်နဲကောင်းနဲနိုင်တယ်။ အခုဟာက လွပ်လပ်ခွင့်ထက၊် ရလေလိုလေ
      အိုတစ္ဆေ ဆိုတာမျိုးဖြစ်နေတဲ့ ဘာသာခြားတစ်ချို့ကရှိနေတယ်။ တစ်ချို့တိုင်းရင်းသားပြည်နယ်တွေမှာ
      ခရစ်ယာန်များပေမဲ့ ဗုဒ္ဓဘာသာတစ်ချို့လည်းနေထိုင်နေကြတယ်။ စစ်တပ်က လက်ဝါးကပ်တိုင်တွေ
      ဖြိုတယ်လို့သတင်းတစ်ချို့ထွက်ပေမဲ့၊ အဲဒီစစ်သားတွေဟာ ဗုဒ္ဓဘာသာတွေလို့ပြောရခက်တယ်။
      အရေးအခင်းတွေမှာ..ရန်ကုန်ကလူတွေက ပစ်မိန့်ပေးရင် မနာခံမှာစိုးလို့။ နယ်စွန်နယ်ဖျား
      ချင်းတို့ ရှမ်းတို့က တပ်တွေခေါ်ပြီးပစ်ခိုင်းတယ်ကြားဖူးတယ်။ သူတို့က ဘာသာရယ်ဆိုတာ
      တောင်ရှိရဲ့လားမသိ။အဲသလို အရိုင်းအစိုင်းတွေလုပ်တဲ့ဟာကို “အများစု”လို့တော့ မပြောသင့်
      ဘူးလေ။
      အကျင့်ပျက်ချစားတာဆိုတာ အစိုးရကပြင်ရမယ့်ကိစ္စ၊ ဒါက လူ့သဘာဝပဲလေ။
      လုပ်လို့ရရင်လုပ်မှာပဲ။ သေသေချာချာရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ပါ၊ဖတ်ပါ
      ဒါပဲပြောချင်တယ်။ ပျက်စီးတယ်ဆိုတာ ဖျက်စီးထားလို့ပျက်စီးတာ။ အားလုံးထဲမှာ
      ကရင်လူမျိုးဟာ..အရိုးသားဆုံးဆိုတဲ့ ဂုဏ်ရှိတာ ကြားဖူးမှာပါ။ ဘယ်လောက်ရိုးတယ်
      ပြောပြော ရန်ကုန်ရောက်တော့ ရန်ကုန်မှာ အနေကြာလာတော့ ပျက်သွားတဲ့ ကရင်တွေ
      အများကြီးပါ။ ကိုယ့်လူမျိုးအချင်းချင်း နှမချင်းမစာ မနာတဲ့ ကိစ္စတွေတောင် မြင်ခဲ့ကြုံခဲ့လို့
      ပြောတာပါ။ ဖျက်ထားလို့ ပျက်နေတယ်ဆိုတဲ့ သဘောတရားကို နားလည်စေချင်တယ်။
      (၂)ကတော့ ခင်ဗျားကိုယ်တိုင် သက်သေမရှိတဲ့ ကြားဖူးတဲ့ဟာလေးကို ပြောသွားပီဆိုတော့
      ဘာမှမပြောလိုတော့ဘူး :hee: အဲသလိုပဲပေါ့ သူများတွေလည်းကြားဖူးတာ ပြောကြတာပေါ့လေ။
      Fb မှာအမုန်းပွားတဲ့ ကိစ္စကတော့ ဟိုဖက်ဒီဖက်ဖြစ်နေတာကြာပြီလေ။ ဒီတူမကြီးပြောလိုက်လို့တော
      ဘာမှမိုထူးပြီး အမုန်းပွားသွားမယ် မထင်မိပါ။ ဗုဒ္ဓဘာသာတွေခံနေရပြီလို့မပြောစေချင်ရင် မစနဲ့ပေါ့
      ဗျာ။ ကောလဟာလလဲရှိသလို..တစ်ကယ် အစခံခဲ့ရတဲ့ အဖြစ်တွေကလည်း အများကြီးပါ။
      စတိုင်းသာဖြစ်ရမယ်ဆိုရင်တော့..ပွဲက ဒီထက်တောင်ကြမ်းအုန်းမှာ။
      (၃)ကောင်းတာကို အတုမယူချင်တဲ့ကိစ္စကို ပြောနေတာမဟုတ်ဘူး။ “ကျနော်တို့ society” ဆိုတဲ့
      စကားစုကို ပြောနေတာ။ အဲသလို အတုမယူချင်တာ တကမ္ဘာလုံးမှာ ဖြစ်နေတာကိုပြောနေတာ
      ခင်ဗျားအနားမှာရှိတဲ့ လူတွေအတွင်းမှာပဲဖြစ်နေတာမဟုတ်ဘူးလို့ပြောခြင်တာ။ သိမ်ငယ်စိတ်ဆိုတာ
      က ငါ့လူမျိုးကျမှ ဘာလို့မကောင်းတာလည်း၊ ငါလုပ်တာ ဘာလို့မကောင်းတာလည်း၊
      ငါ့နိုင်ငံကြီး တံတွေးခွက်ထဲပက်လက်မြောနေပြီလား၊..ရှက်လိုက်တာ..ဒါမျိုးအတွေးအခေါ်တွေဟာ
      သိမ်ငယ်စိတ်တစ်မျိုးပေါ့ဗျာ။ အဲသလိုအတွေးခေါ်ရှိနေတဲ့သူများနေသရွေ့..နိုင်ငံတိုးတက်ဖို့
      ဆိုတာ အလှမ်းဝေးနေအုံးမှာပဲ။ အဲဒီတော့ ခင်ဗျားလည်း အဓိပ္ပါယ်မရှိ တဖက်သတ် blame လုပ်နေ
      ရင် ဘယ်သူမှတော့ခံနိုင်မှာ မဟုတ်ဘူး။ အရှေ့မှာ ခင်ဗျားပဲပြောခဲ့တယ်.. နှစ်ဘက်စလုံးက ရန်လိုတယ်ဆိုတာ။
      ဟော တော်ကြာ ဗုဒ္ဓဘာသာ အများစုက မှန်၊မမှန် မစဉ်းစားကြဘဲ ပြောလိုပြော။ ဖြစ်နေတယ်လေ။ တစ်ခြားဖက်က
      ရော စဉ်းစားလို့လားဆိုတာ ထည့်တွက်ရမယ်လေ။ ရွှေဆိုင်ဖျက်တဲ့အချိန် ဘုန်းကြီးကို လည်လှီးမီးရှို့ပြီးသွား
      ပြီလေ။ သူတို့မှာရော ဆင်ခြင်ဉာဏ်ရှိလို့လား။ သိမ်ငယ်စိတ်မရှိတဲ့ သူဟာ ဘာတွေတကယ်ဖြစ်နေလည်း
      အမှန်မြင်ဖို့လိုတယ်။
      (၄)မှန်တုုာပေါ့ ခွေးတောင်ချောင်ပိတ်ရိုက်ရင်ပြန်ကိုက်မှာပဲ။ သေသေချာချာကြည့် ဘယ်သူတွေကချောင်ပိတ်ရိုက်
      ခံခဲ့ရသလဲ။ အခုဟာက ချောင်ပိတ်ရိုက်တဲ့ကောင်က သတ်သတ် ခွေးကကြောက်ပြီး မဲမဲမြင်ရာပြန်ကိုက်တော့
      အကိုက်ခံရသူက ဘေးကလူတွေ။ အဲဒီတော့ ခွေးကဆိုးတယ် ကိုက်တတ်တယ်ဆိုတာ မျိုးဖြစ်နေ မလားပဲ။
      ကျွန်တော်ပြောပြီးပါ ရော..လူအုပ်စုများတိုင်းအနိုင်ကျင့်တယ်ဆိုတာ…တမင်သက်သက် ထသွားပြီးအနိုင်ကျင့်
      တာမှမဟုတ်တာ..ပြဿနာကို မီးမွှေးမွှေးနေတဲ့ မီးစကို အရင်ရှင်းရမှာ။ မီးစကို မရှင်းနိုင်သရွှေ့ ဒီမီးစလွှင့်နေသရွေ့
      ကတော့ မီးလောင် အုန်းမှာပဲ။ တရားဥပဒေလိုက်နာရအောင် ပညာမတတ်ကြပါဘူးလို့ ဘာသာခြားများ
      မြန်မာနိုင်ငံသားဖြစ်ရတာ သိမ်ငယ်နေတဲ့ ပညာတတ်များက ဒီလောက်တစ်ဖွဖွပြောနေတာ ခင်ဗျား
      ဖွဘုတ်ပေါ်မှာတွေ့မှာပါ။ အဲဒီတော့ ပညာမဲ့လို့၊ နားမလည်လို့ ဥပဒေမလိုက်နာနိုင်ခင် ဥပဒေဘက်တော်သား
      များက ထိန်းသိမ်းရပါလိမ့်မယ်။ သူတို့ကိုယ်တိုင်ကော ဥပဒေကို တကယ်လိုက်နာနေပြီလား စဉ်းစား
      ရပါမယ်။ အနောက်က ဆွပေးနေသူတွေကို ထိန်းသိမ်းရပါမယ်။ တဖက်ကပြသနာစအောင် မီးမွှေးနေသူတွေ
      ကိုလည်း ရှင်းထုတ်ရပါမယ်။
      (၅)စာအုပ်တွေ ဖတ်တာကောင်းပါတယ်။ ဒါပေမယ့် ဝိပဿနာ တရားစခန်း တစ်ခုမှာ တစ်ခါလောက် ခင်ဗျား
      တရားထိုင်ဘူးရင် သိပံပညာရဲ့ ဘယ်အရာမှမမြဲဘူးဆိုတဲ့ သဘောတရားကို၊ ခင်ဗျားကိုယ်တိုင် တရားတွေ့တာ
      မဟုတ်တောင် စိတ်မှန်းလောက်နဲ့ နားလယ်လာပါလိမ့်မယ် ထင်တယ်။ ပံဏိတရာမတို့. ဆရာကြီးဦးဘခင်တို့
      ဆရာကြီးဂိုအင်ကာ တရားစခန်းတွေကတော့ လူတွေအထိုင်များကြတာပါပဲ။ ကျွန်တော်ကတော့ စာဖတ်တာထက်
      နေ့တိုင်းသောက်ဖြစ်နေတော့။ အဲဒီစာအုပ်တွေ ဖတ်ဖို့ဝေးနေအုံးမယ်ထင်ပါ တယ်ဗျာ။
      (၆)ခင်ဗျားပြောတဲ့ concept နားလည်ဖို့ဆိုတာထက်..စိတ်စေတနာကောင်းရင် ဗုဒ္ဓဘာသာ တော်တော်
      များများက လက်ခံလေးစားမှာပါ။ မာသာထရီစာ ဟာ ခရစ်ယာန်ဘာသာ တစ်မျိုးပါ။ သူဟာ ကုလား
      ပြည်မှာ တော်ရုံတန်ရုံလူသားများမလုပ်နိုင်တဲ့ လူသားအကျိုးပြုလုပ်ငန်းတွေလုပ်ခဲ့ပါတယ်။ သူ့ဘာသာထဲဝင်ဖို့
      ဆိုတဲ့ ရည်ရွယ်ချက်လုံးဝမရှိခဲ့ပါ။ အဲဒါကြောင့်..သူ့စေတနာကြောင့် ဘာသာပြောင်းသူတစ်ချို့ရှိပေမဲ့။ ဘယ်သူမှ
      မငြိုငြင်သလို..လက်သင့်ခံကြပါတယ်။ သူရဲ့ရည်ရွယ်ချက်ကိုက ဘာသာအလိုအတိုင်း လူသားတွေကိုကယ်တင်
      ဖို့လေ..ကိုယ့်သာသနာထဲကို မက်လုံးပေးပြီး အားကိုးအောင်လုပ်ပြီး သိမ်းသွင်းခဲ့တာမဟုတ်ဘူး။
      မြန်မာနိုင်ငံသားများကလည်း သူတို့ချစ်တဲ့အမေစုကို အဲသလိုမြင့်မြတ်တဲ့ သီလရှင်ကြီးနဲ့ ယှဉ်တွဲခိုင်းနှိုင်းတဲ့
      ပုံတွေတောင် ဖွဘုတ်မှာပျံ့နှံ့ခဲ့တယ်လေ။ concept တွေဘာတွေမလိုဘူး။ အလုပ်နဲ့ပဲ သက်သေပြစေချင်တယ်။
      မြန်မာအများစုက နိဗ္ဗာန်တို့၊မဂ်တို့နဲ့ သိပ်မစိမ်းရင်သာရှိမယ်..နားလည်လားမေးကြည့်ပါလား။ ဘာမှန်း သေသေချာ
      ချာသိကြတာ မဟုတ်ဘူး။ ဘာသာတွေကို ကောင်းတာတွေပဲ highlightလုပ် သင်ဖို့ဆိုတာလွယ်သလား။
      ကလေးတွေက အရင်ခေတ်ကလို မဟုတ်ဘူး အမေးအမြန်းထူလာကြပြီ။ သူတို့က သတင်းတွေ တီဗွီတွေ
      မကြည့်တော့ဘူးလား? လက်တွေ့နဲ့ အပြင်မှာဖြစ်နေတာမတူရင် သင်သမျှက ညာနေသလိုမဖြစ်နေဘူးလား??
      မူစလင် မုန်းမယ်သတ်မယ် ဘာလို့ဖြစ်လည်းဆိုတာ ခင်ဗျားဟာခင်ဗျားပြန်လေ့လာကြည့်အလကားနေရင်ဖြစ်လာတာ မဟုတ်ဘူး။
      ရခိုင်စဖြစ်တယ်။ မုဒိမ်းမှုလူသတ်မှု..မိတ်ထိလာ..ရိုက်မှု.နောက်ဆက်တွဲ..ဖုန်းကြီးလည်လှီးမှု
      စသည်စသည် အားလုံးဟာ..မြှောက်ပေးသူရှိတယ်ဆိုပေမဲ့..အကြောင်းတရားတွေရှိလို့ ဒီလို အကျိုးဆက်တွေဖြစ်
      လာတာပါ။ အင်တာနက်ပေါ်မှာ မဟုတ်တန်းတရားပုံတွေ နိုင်ငံတကာအထင်လွဲအောင် လွှင့်တယ်။ ပြည်တွင်းနေ တစ်ချိုု့ကလည်း
      အဲဒီ ကျုးကျော်သူတွေဖက်က ပါလာတယ်၊ ဆိုတော့ ဖြစ်မှာပဲလေ..အစကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်
      သားသား ကင်းကင်းရှင်းရှင်းနေရင် ဖြစ်စရာဘယ်ရှိမလည်းနော်။ စကားမစပ်..ခေတ်ပညာတတ်ခြင်း မတတ်ခြင်းဟာ
      သတ်ခြင်း မသတ်ခြင်း စဉ်းစားဉာဏ်ရှိခြင်းနဲ့ လားလားမျှမဆိုပါဆိုတာကို ခင်ဗျား ဗုဒ္ဓ္ဓဘာသာဆိုရင် နားလည်သင့်တယ်။
      ဗုဒ္ဓဘာသာဖြစ်သူမှ နားလည်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ ဝမ်းသာပါတယ် ခင်ဗျားရဲ့Tolerance တက်လာတယ်
      ဆိုလို့။ကောင်းတာပေါ့ အဲဒီတက်လာတဲ့စိတ်ကလေးနဲ့ နှစ်ဖက်မျှမျှတတ ကြည့်ပြီး ပြောပေးပါဗျာ။
      ကျုပ်တော့ သောက်ချိန်ရောက်လို့ သောက်ပြီဗျို့။

  • pazflor

    May 11, 2013 at 5:10 pm

    ကို Garuda ရေ အကို အမြင်တွေ အကုန်မှန်ပါတယ်ခင်ဗျ။

  • โทรศัพท์มือถือ

    June 24, 2013 at 8:42 pm

    ဒီပို့စ်ကို ဝင်ဖတ်လိုက်ရတာ အင်မတန်ကို ဗဟုသုတွေ တိုးပွားစေပါတယ်…..
    ကွန်မန်းအရှည်ကြီးတွေနဲ့ အလန်းစားမန်းချက်တွေကိုလည်း တစ်ဝကြီး
    လေ့လာခွင့်ရခဲ့လို့… ပို့စ်ပိုင်ရှင်နှင့်တကွ အားလုံးကို ကျေးဇူးတင်ပါကြောင်းးးးးးးးးးးးးးး
    ကျုပ်လည်း ပျင်းပျင်းရှိတာနဲ့ အစတွေဆွဲထုတ်နေတာ………
    တော်ကြာမီးလောင်တဲ့အထဲ ပါသွားရင် မဖတ်ဖြစ် မဖတ်လိုက်ရမှာစိုးလို့……

Leave a Reply