EQ လား IQ လား

ဇီဇီMay 31, 20131min27517

 

ကျွန်တော်တို ့နိူင်ငံမှာ IQ မြင့်တဲ့သူတွေတော်တော် များများရှိပါတယ်။

ဒါပေမဲ့ အများစုကတော့ ဘဝမှာ မအောင်မြင်ဘဲ ရိုးရိုးသာမာန်ဘဝနဲ ့ဘဲ ပြီးဆုံးသွားကြတယ်။

ဒါဟာ IQ မြင့်တိုင်းလည်း ခရီးမပေါက်တာတွေ ့ရတယ်၊ဘဝမှာ အောင်မြင်ဖို ့EQ ဆိုတာလည်း အရေးကြီးပါတယ်။

EQ ဆိုတာ ဘာလည်းနဲ ့ ဘယ်လိုမြင့်အောင်လုပ်မလဲ ဆိုတာ အောက်က ဆောင်းပါးလေးက ရှင်းပြပါလိမ့်မယ် ။

 

EQ လား IQ လား

 

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခ့ရဲ ကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိ့ရသည်။

(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။

 

နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် –

 

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

 

(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

 

(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

 

(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားင့ညဲ ာနိုင်စွမ်းရှိခြင်း (Compassion)

 

(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

 

(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။

ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။

နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

 

သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘဝခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။

စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။

ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။

 

ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခ့သဲ ူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခ့သဲ ူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။

ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘမျးာထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။

လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။

ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

 

နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခ့လဲ ျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။

 

နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

 

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

 

(၂) မှန်ကန်စွာသိခြင်းဖြင့် ဘဝင်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

 

(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ဝမ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

 

(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

 

(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။

 

(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ေ့ရွှဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

 

(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

 

(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

 

(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

 

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘဝသို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘဝသို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘဝသို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။

မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်……

ရေးသူ။    ။ ကောင်းထက်

credit to။     ။ ခွန်အားရှိသောစာ

 

17 comments

  • marblecommet

    May 31, 2013 at 5:48 pm

    ဟမရေး …….
    တော်သေးတယ်
    ကိုယ့်ကိုယ်ကိုယ် အိုင်ကျူနိမ့်လို့
    ဝမ်းနည်းမှောက်ခုံဖြစ်နေတာ
    …..
    ဒါမဲ့
    အီးကျူကိုလည်း
    ဖြည်းဖြည်းချင်းစုဦးမွေးဦးမှ……
    ………

    • Ma Ma

      May 31, 2013 at 8:17 pm

      ကမ်းကြီးကို ထောက်ခံပါတယ်။
      ဟိုလူကြီးပြောသွားခဲ့တဲ့ လူတော်လူကောင်း မဟုတ်ပဲ လူကောင်းလူတော်ဖြစ်တယ်ဆိုတာ။
      အတော်အမျှော်အမြင်ကြီးတာပဲနော်။ :harr:

      ကိုယ့်အလုပ်မှာဆိုရင်လည်း တော်တဲ့လူထက် ကောင်းတဲ့လူကိုပဲ ပိုလိုလားတယ်။

      တချို့စိတ်ကောင်းစေတနာကောင်းလေးတော့ ရှိပါရဲ့ မကြိုးစားချင်တော့ မတိုးတက်ဘူး။
      ပြောရမယ်ဆို သိပ်သုံးမရဘူး။
      တချို့ကျတော့လည်း တတ်သိလွယ်ပြီး လုပ်တတ်ကိုင်တတ်ရှိပါရဲ့ အလုပ်မှာ စေတနာမပါဘူး။
      အဲဒါကြောင့် အားသန်တာနဲ့ အားနည်းတာသာ ရှိမယ်။
      အိုင်ကျူရော အီးကျူ ၂မျိုးစလုံး မဖြစ်မနေ ပါမှသာ သုံးစားရနိုင်မယ်။ :hee:

  • ကြက်အူလှည့်

    May 31, 2013 at 6:05 pm

    This is about EQ, not about IQ,
    don’t laugh me.. don’t laugh at me ..
    how dare u…
    ဖတ်…..
    ခွပ် …..

    :harr:

    :kwi:

  • မောင် ပေ

    May 31, 2013 at 6:57 pm

    ကျုပ် လဲ လူငယ်ဘဝတုန်းကတော့ ချက်ကျူမျိုး လုပ်ခဲ့သေးတာပ
    အခုတော့ အမေပေးတဲ့ ဦးဏှောက် ၊ အမေပေးတဲ့ ခြေလက်အင်္ဂ ါအစုံအလင် နဲ ့ ဘဝကို ကြုံသလို လုပ်ကိုင်စားသောက်နေတာပေါ့ ။
    အီးကျူလဲမြင့် အိုင်ကျူလဲသင့် တဲ့ ယောက်ျားမျိုး တွေ ့ရင်
    သိပ် ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ ့။ ယူပစ်လိုက်ပါ အမဇာ
    ဟီ ဟိ

  • ကျုပ် သိထားတာတော့ …
    အီးကျူ မဟုတ်ဘူးဗျ …
    အီးချူပဲ သိထားတာ … ဟီးးးး
    အီး ညှစ်ပါလျက်နဲ့ မထွက်တဲ့ လူတွေ ပေါဂျဘာ …
    အီးချူတဲ့နည်း ချိ၏ … ခွီခွိ … :mrgreen:

    လဂါး နောက်ဒါ ….
    အီးကျူ အကြောင်း ဖတ်တွားဒယ် …
    တစ်ချို့ ရှိတယ်၊ အချို့ မရှိဘူး ..
    မရှိတာ ဖြည့်ယူရဦးမယ် .. ရှဲရှဲ သန်းကျူးဘာဘဲ …

  • အလင်း ဆက်

    May 31, 2013 at 9:12 pm

    နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

    ကိုယ် ့ ကိုယ်ကို အကဲခတ်လိုက်တော့……
    အမှတ် ( ဝ )

  • padonmar

    May 31, 2013 at 9:29 pm

    ဟား ဖတ်ရွေးဖို့ တစ်ပုဒ်ရပြီဆိုပြီး ဝမ်းသာအားရ ဖတ်လာတာ အောက်ကျတော့မှ ကောင်းထက်ဆိုလို့ မောသွားရော။
    အပေါ်ပြန်တက်တော့မှ ဖွဘုတ်ကို မမြင်မိတာကိုးလို့။
    ..
    ကောင်းလိုက်တဲ့စာ။
    အိုင်ကျူကောင်းပြီး အီးကျူမကောင်းတဲ့သူတွေကို အုပ်ချုပ်ရတာ ရှာလပတ်ရည်တိုက်နေလို့ စိတ်ညစ်နေတယ်။
    အီးကျူကောင်းပြီး အိုင်ကျူ မကောင်းပြန်တော့လည်း ဆူရခက် သနားရခက်။
    ဒါဆို ကိုယ်ကိုယ်တိုင်ကော ဘယ်ထဲပါလဲစဉ်းစားကြည့်တော့
    အိုင်လည်း သိပ်မကောင်း အီးလည်း သိပ်မကောင်း။
    အဲတော့ အိုင်အီးမကောင်းပေါ့နော။

    • အရီးခင်လတ်

      June 1, 2013 at 5:06 pm

      ဟုတ်ပါ့မလား။
      ဟုတ်ပါဘူးတော်။ :kwi:

  • ဝင့်ပြုံးမြင့်

    June 1, 2013 at 3:40 am

    အီးကျူကောင်းရင် အိုင်ကျူ တဖြည်းဖြည်းမြင့်လာမယ်လို့ ထင်ပါတယ်။
    အီးကျူကောင်းတဲ့အတွက်ကြောင့် သင်ယူလေ့လာတဲ့နေရာမှာ စိတ်တွင်းလက်ခံမှု ပိုကောင်းမလာဘူးလား။

  • kyeemite

    June 1, 2013 at 10:11 am

    ဂွတ်တဲ့ ဆောင်းပါးလေးရှယ်ပေးလို့ ကျေးဇူးပါနော…
    ကျုပ်တော့ အိုင် ရော အီးရောမစစ်ကြည့်ဖူးဘူးဗျ..
    ဒါကြောင့်ဘယ်အဆင့်ရောက်နေမှန်းမသိ…
    အင်း..မသိတာလဲကောင်းတာပါပဲလေ… 🙄

  • ဦးကြောင်ကြီး

    June 1, 2013 at 11:01 am

    အိုင်ကြူ အီးကြူတွေထက် လက်တွေ့ကျ ပိုမှန် အကျိုးရှိတာ ချက်ကြူ … ချက်တင်မှာ ကြူခြင်းဖြစ်ပါတယ်.. ဟုတ်တယ်လေ ကိုယ်က အသုံးမကျမှတော့ လျောက်မစဉ်းစားနဲ့ အချိန်ကုန်တယ် ခေါင်းစားတယ် ဆံပင်ကျွတ် နဖူးပြောင်မယ်.. ဒါကြောင့် ချက်တင်ကြူရင်းနဲ့ စော်ဖန် ဘဲရှာပြီး ညဏ်ကောင်း စိတ်ထားမြင့်သူလေးတွေ မွေးထုတ်ကြစို့.. :528:

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 1, 2013 at 12:31 pm

    အီးကျူဘဲဖြစ်ဖြစ် အိုင်ကျူဘဲဖြစ်ဖြစ် ကျူတာကတော့ ကျူတာဘဲပြောရမလား
    ကျုပ်က ခြောက်တန်းဘဲအောင်တော့ သူများကိုမမှီရှာလို့ ကိုယ်မှီသလောက်လွှတ်ရမယ်ဆိုရင်ဒေါ့ :mrgreen:
    လူသားတစ်ယောက်ရဲ့အောင်မြင်မှု့ဆိုတာတွေကိုေပြောတော့မယ်ဆိုရင်
    အပိုင်းတွေအများကြီး ( တစ်ကယ့်အများကြီး ) ပြောမှရတော့မယ်ထင်တယ်
    အောင်မြင်မှု့ဆိုတာဟာ သူ့အပိုင်းနဲ့သူရှိပေလိမ့်မယ်ဆိုခြင်ပါသေးတယ်
    ဒါကိုတစ်ဦးခြင်း ( ကိုယ်ပိုင်ခံယူချက်နဲ့ ) အများသတ်မှတ်နှုံးမတူတာတွေဟာ
    အထင်အရှားရှိတယ်ဆိုတာလည်းသိဘို့လိုပါလိမ့်ဦးမယ်
    ဥပမာ
    အောင်မြင်ခြင်းဟာ ဘာလည်းလို့ပြောရင် ဟိုလိုလိုဒီလိုလိုဖြစ်သွားမယ့်သဘောဖြစ်ပြန်ရော
    သာမန်သဘောထဲကပြောရရင်တော့ လောက်စာလုံး လုံးရောင်းပြီး ဒေါ်လာသန်းရှစ်ထောင်လောက်ရှိတဲ့လူကို
    အောင်မြင်သူလို့ဆိုတာလား
    ဒညင်းသီးအိုးစိမ်ရောင်းပြီးကျိကျိတက်ခြမ်းသာသူကို အောင်မြင်သူလို့ခေါ်တာလား
    ဖေ့စဘွတ်လို ဟာကြီးကိုတည်ထောင်ပြီး ချမ်းသာနေတဲ့လူကို အောင်မြင်သူလို့ခေါ်သလား
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဇာတ်တွေထိပြန်လှန်ရရင်
    စစ်ပွဲနိုင်လို့အောင်ပွဲခံနေတဲ့ဘုရင်က ပေါက်တူတစ်လက်မြစ်ထဲ ပြစ်ချပြီးအောင်ပွဲနေတဲ့ လူတစ်ယောက်ရဲ့
    အောင်မြင်မှု့ကို အသိမှတ်ပြုခဲ့ရတဲ့သဘောလေးပါ
    ဒါက စာဖတ်ပရိတ်သတ်ရဲ့ ကျူတွေကိုသိလို့ ချီးတုတ်ကဏန်းပေးလိုက်တာ
    ချီးမကုန်းခင် နည်းနည်းဖဲ့ပြီးသွားကြားထိုးလို့ရတယ်ဆိုတာကို သိနိုင်တဲ့ ဉဏ်တွေရှိတယ်ဆိုတာသိလို့
    အကြမ်းဖျင်းလေးပြောပြတာပါ
    ဆိုခြင်တာက
    အောင်မြင်မှု့ဆိုတာဟာ ဘာလည်း ဆိုတာလေးကို ခွဲထုတ်ကြဘို့ပါ
    ကိုယ့်အတွေးနဲ့ကိုယ်ဆို ကျုပ်လည်း အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်
    ဒဗျားးးးးးးးးးးးးးးးးးမှ မစိဘူး
    ဒဗျားးးးးးးးးးးးးးးးးးးမှ မစိတော့
    ဒဗျားးးးးးးးးးးးးးးးးးးးးးးးးးမှ ပူစရာမလိုဘူး
    ပူစရာမလိုတာဟာလည်း ကိုယ့်အတွေးနဲ့ကိုယ် အောင်မြင်မှု့ဘဲ
    လိုခြင်လာတဲ့အချိန်ကြတော့ ဂွတိဂွကျ ရှိလှသပေါ့

    • အရီးခင်လတ်

      June 1, 2013 at 10:02 pm

      ဘပု

      အစိမ်းအရောင်ပေါင်းပေးသွားပေးတယ်။
      ကျုပ်ဆရာတစ်ယောက် အင်မတန်တော်တယ်။
      ဘိုလိုမှုတ်အားလဲအင်မတန်ကောင်းတယ်။
      နိုင်ချံဂါးပြန်ဘွဲ့ကြီးလဲရှိတယ်။
      အဲဒါ ဟိုးကထဲက အမေရိကားနိုင်ငံကြီးမှာ အလုပ်လုပ်ဖို့ အော်ဖာ ရတယ်။
      အဲဒီမှာ သွားလုပ်နေလို့ကတော့ အခုဆို အဲ့မှာ မီလျံနာလောက်ဖြစ်နေမှာ။
      အဲလာ သူက မသွားဘူး။
      သူ့ဟာသူ ပြည်တွင်းမှာဘဲ နေရတာ ပျော်သတဲ့။
      မချမ်းသာချင်လဲ နေတဲ့။
      ကိုယ့်ဖက်က ကြည့်ရင် သူ့မှာ ပိုပြီး အောင်မြင်တဲ့ နေရာ ရှိပါရက်နဲ့ မလုပ်ဘူးပေါ့။
      သူကတော့ စိတ်ပျော်နေရင် အဲဒါ အောင်မြင်တာဘဲတဲ့။

      ဒါပေသည့် ရှင် ပြောသလိုပါဘဲ။
      စိတ်ပျော်ခြင်း/ မပျော်ခြင်း ဆိုတာကို ဘာနဲ့ တိုင်းမလဲ လို့။

      ဥပမာ –
      မိန်းမ စိန်နားကပ်ပူဆာလို့ မကြိုက်တဲ့ အလုပ်လုပ်နေရတာ။
      ဒါကို ပြန်စဉ်းစားရင်လဲ ဒီလို စိန်နားကပ်ကြိုက် တဲ့ မိန်းမ ကို သူ စိတ်ပျော်လို့ ယူခဲ့တာ ဘဲ။ နော။
      နဂိုထဲ က ဒီလို စိတ်မပျော်တာ မလုပ်ချင်ရင် စိန်နားကပ်ကြိုက် တဲ့ မိန်းမ မယူနဲ့ပေါ့။
      အဲဒီ ကျတော့ လဲ ဒီမိန်းမမှ မရရင် စိတ်မပျော်ဘူး။
      စိတ်မပျော်ရင်ယူ။
      ယူရင်တော့ စိန်နားကပ်ဝယ်ပေးရမှာမို့ စိတ်မပျော်တာ လုပ်ရတော့မှာ။
      ဒါဆို မယူနဲ့။
      မယူရရင် စိတ်မပျော်ဘူး။
      တောက်စ် (မူ- ဂဂ) 👿

      အဟဲ …
      နမူနာပြောပြတာပါ။
      တစ်ခါတစ်လေ တော့လဲ လောကကြီးမှာ ဒီလို ဘဲ ကိုယ်ထင်ရာ ဟုတ်သလို ပြောရင်း တွေးရင်း ပြီးတော့လဲ နံရံ၏တစ်ခြားတစ်ဖက် သို့ ပေါ့။

  • Mr. MarGa

    June 1, 2013 at 3:04 pm

    အီး…………ကျူ
    အိုင်……….ကျူ
    ဘာပဲကျူကျူ
    ကျူရင်ပြီးတယ်မလားကွယ် :mrgreen:

  • အရီးခင်လတ်

    June 1, 2013 at 5:04 pm

    အုပ်ချုပ်သူက အီးကျူ မြင့်လွန်းပြီး အင်မတန်သဘောကောင်း ခွင့်လွှတ် နေရင်
    ခေါင်းပေါ်တက်နင်းမဲ့ အိုင်ကျူမြင့်ပြီး အီးကျူ မမြင့် တဲ့ သူတွေ လဲ တန်းစီ ရှိပါ့။
    ဒါဆိုရင်လဲ လုပ်ငန်းမှာ မအောင်မြင်နိုင်တာတွေ ဖြစ်လာမယ် ထင်ရဲ့။
    တွေးကြည့်တာ။
    😉

  • uncle gyi

    June 1, 2013 at 10:56 pm

    တွေးကြည့်တာ
    အလွန်မှမှန်ပါကြောင်း
    တမဲပေးသွားပါကြောင်းအရီးရေ

  • starqueen kaungmalay

    January 23, 2014 at 6:47 pm

    ဘယ်လိုပြောရမလဲဆိုတော့
    IQ=EQ ဖြစ်ဖို့ကတော့ အခက်သားနော်….
    ကောင်းတာတွေရဲ့ အခြားတစ်ဖက်မှာ…
    ဆိုးတာတွေလည်း ရှိတယ်ဆိုတာ ကြားဖူးတော့လေ..??/

Leave a Reply