အော် ဆယ်အိမ်ခေါင်းရွှေတိုက်ဆိုပြီး ဘယ်သူမှမပေးဘဲ ကိုယ့်ဟာကို တပ်ထားတဲ့ရာထူးအကြီးကြီးကို မမှီမကမ်းအရပ်နဲ. ထမ်းထားရတော့လဲ.. ဟင်းးးးးး

ကဲကြည့်အခုလဲ သန်းခေါင်စာရင်းကောက်ရပြန်ပြီ… ဘယ်သူ.ညွှန်ကြားချက်မှ မပါ.. ကိုယ့်ဟာကိုပြဋ္ဌာန်း ကိုယ့်ဟာကိုအတည်ပြုပြီး ရွာထဲ ဖွချင်ရက်စက်စက်ယို ပြီး သန်းခေါင်းစာရင်းကောက်တယ်….

ပုဆိုးခါးတောင်းကျိုက် ကျောက်သင်ပုန်းနဲ. (အခုခေတ်တော့ အိုက်ပက်ပေါ့ဂျာ) တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်တာပေါ့.. အဲအဲ သန်းခေါင်စာရင်းဆိုလို. ညသန်းခေါင်းယံမှာ ကောက်တယ်မထင်လိုက်ပါနဲ….. မနက်အစောကြီး ထကောက်ရတာဗျ… ဘာလို.လဲဆိုတော့ သန်းခေါင်ကောက်လို.ကတော့ မူးအိပ်နေမယ့် ရွာသားတွေ၊ ညအပြင်မထွက်ရအမိန်.ကြောက်ပြီး ကေတီဗွီက မပြန်ရဲတဲ့ ရွာသားတွေ၊ ကိုရီးယားကားကို အသက်နဲ.လဲ ညလုံးပေါက်ကြည့်တဲ့ ရွာသူတွေ နဲ. ဆိုတော့လဲ…. ကျုပ် လူမစုံမှာစိုးလို. မနက်အစောကြီး ထကောက်ရတော့တာပေါ့……..

ကဲကဲ သန်းခေါင်စာရင်း ကောက်ရင်မေးမယ့်မေးခွန်းတွေကတော့…

၁။ ဒီဂဇတ်ရွာကို ဘယ်နှစ်ခုနှစ် က စရောက်သနည်း။

၂။ ပို.စ်ဘယ်နှစ်ခု တင်ပြီး သနည်း။

၃။ ရွာ့စည်းကမ်း ဘယ်နှကြိမ် ဖောက်ဖူးသနည်း။

၎။ စတစ်ကီ ဘယ်နှခါရဖူး သနည်း။

၅။ ရွာသူားများ ၀ိုင်းဆဲတာ ခံဖူးပါသလား။

၆။ လူပျိုလား အပျိုလား အိမ်ထောင်ရှိလား။

၇။ ဘယ်နိုင်ငံမှာ နေသနည်း။

၈။ အင်တာနက်ကော်နတ်ရှင် ကောင်းကောင်းဖြင့်ရွာထဲ ၀င်ဖူးပါသလား။

၉။ အိမ်သာတက်ပြီးရင် ရေလောင်းတတ်သလား။

၁၀။ အများသုံးအိမ်သာမှာ အိမ်သာဆေးဘူးသလား။

၁၁။ အရက်၊ဆေးလိပ်၊ကွမ်း သောက်စားတတ်သလား။

၂၂။ သူကြီးပေးတဲ့ လက်ဆောင် အကြီးကြီးတွေ ရဖူးသလား။

၂၃။ သူကြီးကြိုက်တဲ့ ကိုဘေးနွားသား စားဘူးသလား။

၂၃။ ရွာထဲမှာ နာမည်တွေ (နစ်နိမ်း) အများကြီးနဲ. နေနေသလား။

၂၄။ ကော်မန်. တစ်ခုမှ မရဘဲနဲ. နေဖူးသလား။

၂၅။ ထမင်းစားရင် မြန်မာလို ရော ၊နိုင်ငံခြားလိုရော စနစ်တကျ စားတတ်သလား။

၂၆။ လမ်းကူးရင် မျဉ်းကြားကနေ စနစ်တကျကူးဖူးသလား။

၂၇။ လမ်းမှာ အမှိုက်၊ ကွမ်းတံတွေး ကိုစနစ်တကျထွေးဖူးသလား (သို.) လူပေါ်သို.ကွမ်းတံတွေးထွေးဖူးသလား။

၂၈။ မိန်းမဘယ်နှစ်ယောက်ရှိသနည်း။

၂၉။ ဂဇတ်ချစ်သူများစာပေဆု ရဖူးသလား။

၃၀။ ရွာထဲဝင်မရလို. သူကြီးကို ဘယ်နှခါ ကြိမ်ဆဲဖူးသလဲ။

၃၁။ သူကြီးဆီက အမှတ်တသိန်း ရဖူးသလား။

၃၂။ အခွန်ဆောင်ပြီး အလုပ်လုပ်သလား။

၃၃။ မိသားစုနဲ.အတူနေသလား။

၃၄။ ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာ၊ ဒဗလူစီဒီအမ်အေ၊ ကြိုးဖုန်း ထွက်သမျှအကုန်သုံးဖူးလား။

၃၅။ ကိုယ့်ကိုကိုယ့် ဘာလို.ထင်လဲ။ (ဥမမာ။         ။ လစ်ဗရယ်သမားလား၊ မျက်ကန်းမျိုးချစ်လား၊ သူများပြောတိုင်းခေါင်းငြိမ့်သမားလား၊)

၃၆။ တကယ်လို.ဒီရွာကနေ နယ်နှင့်ဒဏ်ပေးခံရရင် သင်ဘယ်လိုခံစားရမလဲ။

 

ကဲ အဲဒီ မေးခွန်း ၃၆ ခုကို မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ဖြေပါ…….. မဟုတ်တန်းတယား ဖြေသူများအား ၁၅၀၀ ဆင်းကဒ် ကံစမ်းမဲစာရင်းမှ ထုတ်ပယ်မည်ဖြစ်ပြီး……….. ၁၀သိန်းတန် ဖုန်းများ ပြန်လည်လက်ခံ လျော်ကြေးပေးပါက အဲဒီ စာရင်းမှ ထုတ်ပယ်မည်ဖြစ်သည်။…….

ပုံ

ဆယ်အိမ်ခေါင်းရွှေတိုက်

ခေတ္တ ယူနိုက်တက်စတိတ်အော့ဖ် သာကေတ

အပြည်ပြည်ဆိုင်ရာ အရက်သမားသမ္မဂ အမှုသောက်ဆောင်

About ရွှေတိုက်စိုး

has written 79 post in this Website..