ဂဇတ်ရွာ သန်းခေါင်စာရင်းကောက်ခြင်း..

အော် ဆယ်အိမ်ခေါင်းရွှေတိုက်ဆိုပြီး ဘယ်သူမှမပေးဘဲ ကိုယ့်ဟာကို တပ်ထားတဲ့ရာထူးအကြီးကြီးကို မမှီမကမ်းအရပ်နဲ. ထမ်းထားရတော့လဲ.. ဟင်းးးးးး

ကဲကြည့်အခုလဲ သန်းခေါင်စာရင်းကောက်ရပြန်ပြီ… ဘယ်သူ.ညွှန်ကြားချက်မှ မပါ.. ကိုယ့်ဟာကိုပြဋ္ဌာန်း ကိုယ့်ဟာကိုအတည်ပြုပြီး ရွာထဲ ဖွချင်ရက်စက်စက်ယို ပြီး သန်းခေါင်းစာရင်းကောက်တယ်….

ပုဆိုးခါးတောင်းကျိုက် ကျောက်သင်ပုန်းနဲ. (အခုခေတ်တော့ အိုက်ပက်ပေါ့ဂျာ) တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်တာပေါ့.. အဲအဲ သန်းခေါင်စာရင်းဆိုလို. ညသန်းခေါင်းယံမှာ ကောက်တယ်မထင်လိုက်ပါနဲ….. မနက်အစောကြီး ထကောက်ရတာဗျ… ဘာလို.လဲဆိုတော့ သန်းခေါင်ကောက်လို.ကတော့ မူးအိပ်နေမယ့် ရွာသားတွေ၊ ညအပြင်မထွက်ရအမိန်.ကြောက်ပြီး ကေတီဗွီက မပြန်ရဲတဲ့ ရွာသားတွေ၊ ကိုရီးယားကားကို အသက်နဲ.လဲ ညလုံးပေါက်ကြည့်တဲ့ ရွာသူတွေ နဲ. ဆိုတော့လဲ…. ကျုပ် လူမစုံမှာစိုးလို. မနက်အစောကြီး ထကောက်ရတော့တာပေါ့……..

ကဲကဲ သန်းခေါင်စာရင်း ကောက်ရင်မေးမယ့်မေးခွန်းတွေကတော့…

၁။ ဒီဂဇတ်ရွာကို ဘယ်နှစ်ခုနှစ် က စရောက်သနည်း။

၂။ ပို.စ်ဘယ်နှစ်ခု တင်ပြီး သနည်း။

၃။ ရွာ့စည်းကမ်း ဘယ်နှကြိမ် ဖောက်ဖူးသနည်း။

၄။ စတစ်ကီ ဘယ်နှခါရဖူး သနည်း။

၅။ ရွာသူားများ ဝိုင်းဆဲတာ ခံဖူးပါသလား။

၆။ လူပျိုလား အပျိုလား အိမ်ထောင်ရှိလား။

၇။ ဘယ်နိုင်ငံမှာ နေသနည်း။

၈။ အင်တာနက်ကော်နတ်ရှင် ကောင်းကောင်းဖြင့်ရွာထဲ ဝင်ဖူးပါသလား။

၉။ အိမ်သာတက်ပြီးရင် ရေလောင်းတတ်သလား။

၁၀။ အများသုံးအိမ်သာမှာ အိမ်သာဆေးဘူးသလား။

၁၁။ အရက်၊ဆေးလိပ်၊ကွမ်း သောက်စားတတ်သလား။

၂၂။ သူကြီးပေးတဲ့ လက်ဆောင် အကြီးကြီးတွေ ရဖူးသလား။

၂၃။ သူကြီးကြိုက်တဲ့ ကိုဘေးနွားသား စားဘူးသလား။

၂၃။ ရွာထဲမှာ နာမည်တွေ (နစ်နိမ်း) အများကြီးနဲ. နေနေသလား။

၂၄။ ကော်မန်. တစ်ခုမှ မရဘဲနဲ. နေဖူးသလား။

၂၅။ ထမင်းစားရင် မြန်မာလို ရော ၊နိုင်ငံခြားလိုရော စနစ်တကျ စားတတ်သလား။

၂၆။ လမ်းကူးရင် မျဉ်းကြားကနေ စနစ်တကျကူးဖူးသလား။

၂၇။ လမ်းမှာ အမှိုက်၊ ကွမ်းတံတွေး ကိုစနစ်တကျထွေးဖူးသလား (သို.) လူပေါ်သို.ကွမ်းတံတွေးထွေးဖူးသလား။

၂၈။ မိန်းမဘယ်နှစ်ယောက်ရှိသနည်း။

၂၉။ ဂဇတ်ချစ်သူများစာပေဆု ရဖူးသလား။

၃၀။ ရွာထဲဝင်မရလို. သူကြီးကို ဘယ်နှခါ ကြိမ်ဆဲဖူးသလဲ။

၃၁။ သူကြီးဆီက အမှတ်တသိန်း ရဖူးသလား။

၃၂။ အခွန်ဆောင်ပြီး အလုပ်လုပ်သလား။

၃၃။ မိသားစုနဲ.အတူနေသလား။

၃၄။ ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာ၊ ဒဗလူစီဒီအမ်အေ၊ ကြိုးဖုန်း ထွက်သမျှအကုန်သုံးဖူးလား။

၃၅။ ကိုယ့်ကိုကိုယ့် ဘာလို.ထင်လဲ။ (ဥမမာ။         ။ လစ်ဗရယ်သမားလား၊ မျက်ကန်းမျိုးချစ်လား၊ သူများပြောတိုင်းခေါင်းငြိမ့်သမားလား၊)

၃၆။ တကယ်လို.ဒီရွာကနေ နယ်နှင့်ဒဏ်ပေးခံရရင် သင်ဘယ်လိုခံစားရမလဲ။

 

ကဲ အဲဒီ မေးခွန်း ၃၆ ခုကို မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ဖြေပါ…….. မဟုတ်တန်းတယား ဖြေသူများအား ၁၅၀ဝ ဆင်းကဒ် ကံစမ်းမဲစာရင်းမှ ထုတ်ပယ်မည်ဖြစ်ပြီး……….. ၁ဝသိန်းတန် ဖုန်းများ ပြန်လည်လက်ခံ လျော်ကြေးပေးပါက အဲဒီ စာရင်းမှ ထုတ်ပယ်မည်ဖြစ်သည်။…….

ပုံ

ဆယ်အိမ်ခေါင်းရွှေတိုက်

ခေတ္တ ယူနိုက်တက်စတိတ်အော့ဖ် သာကေတ

အပြည်ပြည်ဆိုင်ရာ အရက်သမားသမ္မဂ အမှုသောက်ဆောင်

79 comments

  • ကထူးဆန်း

    May 7, 2013 at 9:52 am

    ဒီမိုရွာကွ … ဖြေဘူး ..

  • Myo Thant

    May 7, 2013 at 9:58 am

    ဆရာရယ်
    မေးခွန်းတွေက ဆယ်တန်းလို ၃ နာရီစာ မကလို့ ဖြည်းဖြည်းချင်း ဖြေမယ်လေ နော့ ၊

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 7, 2013 at 10:02 am

    အမည် ။ ။ မိုက်ကယ်ဂျော်နီအောင်ပု
    လူမျိုး ။ ။ ကါ့ဗျား ( ကျုပ်အမေ သူယူခြင်တဲ့လင်သူယူလို့ ဒီဘဝရောက်သွားတာ တတ်နိုင်ဘူး )
    ဘာသာ ။ ။ ဟိန္ဒူ ဗုဒ္ဓ ခရစ် အစ္စလာမ် တစ်ခုမှမယုံတော့ဘူး

    • အော် ကိုအောင်ပု ပြတ်ပြတ်သားသားကိုဖြေသွားလိုက်တာပါလား…….. ကောင်းဒယ် ဘယ်သူ.မှမယုံဒါကောင်းဒယ်…..
      အော် ကိုအောင်ပု ကဗျားဖြစ်ရတာ အမေ့ကြောင့်ကိုးးးးးးးးးးးးး ဟဟဟ

  • Foreign Resident

    May 7, 2013 at 10:05 am

    ” ၂၈ ။ မိန်းမဘယ်နှစ်ယောက်ရှိသနည်း ”

    တရားဝင်ကို မေးတာလားဟင် ။
    ငယ်ငယ်တုန်းကလို သူငယ်ချင်း ခြေချောင်း လက်ချောင်း လေးတွေပါ ငှားရမလို ဖြစ်နေပြီ ။ ဟီ ဟိ ။

  • အဟမ်းး ဟမ်းး
    ဆယ်အိမ်ဂေါင်းဂျီး ကိုယ်ဒိုင် ကွင်းထဲဆင်း ငါးဖမ်း ဖားဖမ်း လာတာ ဆိုဒေါ့ဂါ
    ကျီနုတ်က သေသေဂျာဂျာ ဖြေပေးရဒေါ့မှာပေါ့ …
    ဂလိုဗျား ….

    ၁။ လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်မှ
    ၂။ ၃၀၀ဝ ကျော်
    ၃။ အကြိမ် ၅၀၀
    ၄။ ၃၄၃ ခါ
    ၅။ ((ခံ)) ဖူးပါဘူး
    ၆။ ကလေး တစ်ဒါဇင်
    ၇။ ဗြဟ္မာပြည်
    ၈။ ရက်စ်၊ နိုး
    ၉။ စိတ်ကူးပေါက်တဲ့အခါ
    ၁၀။ ရက်စ်၊ နိုး
    ၁၁။ ရက်စ်
    ၂၂။ နိုးစ်
    ၂၃။ ရက်စ်
    ၂၃။ နိုးစ်
    ၂၄။ ရက်စ်
    ၂၅။ နိုးစ်
    ၂၆။ ရက်စ်
    ၂၇။ နိုးစ်
    ၂၈။ အားဂျီးဘဲ
    ၂၉။ ရက်စ်
    ၃၀။ အားဂျီးဘဲ
    ၃၁။ နိုးစ်
    ၃၂။ ရက်စ်
    ၃၃။ နိုးစ်
    ၃၄။ ရက်စ်
    ၃၅။ မဟာရာဂျာ
    ၃၆။ နိုးစ်

    ဂုလို စိတ်ရှေလက်ရှေ ဖြေပေးဒဲ့အတွက်
    လာထား ဘက်စ် ကော်မန့် ….
    ထပ်ပြီးဒေါ့ ဖြေရရင် ….
    နင့် တာမီးလေးကိုလည်း ကြိုက်တယ် …
    ကြီးလာရင် ကားတင်ပြေးမယ် … ဒဒိထား … :mrgreen:

    • ရွေးပေးလိုက်ပါတယ်…. နာတမီးယေားမမွေးသေးပဲ စပွန်ဆာရနေတော့ကားးးးးး
      ဝမ်းမြောက်ဝမ်းသာ ဘတ်ကော့မန်.ပေးလိုက်တယ်….
      ကားတင်ပြေးရင်တော့… တက်စီ လုပ်တဲ့ မာဇဒါ ဒယ်မီယို တို.၊ စူစိကီး စွပ်စ် တို.၊ ဟဲရီယာ တို. နဲ.တော့ရဘူးနော်…. လက်ချ်ဆက်တို.၊ ဘီအမ်ဒဗျူလူ တို.မှရမှာ…

      ~~~~ သမီးရယ် ကြိုက်လိုက်ပါသမီးရယ်… ဟိုကကောင်က မျက်နှာလေးထောင့် ကြိုက်လိုက်ပါသမီးရယ်…
      ~~~သမီးရယ် ကြိုက်လိုက်ပါသမီးရယ်….

  • Ma Ei

    May 7, 2013 at 10:32 am

    မေးခွန်းက ၃၆ ခုတဲ့…
    ၁၁ ကနေ ၂၂ ကို ခုန်ကူးသွားတာ…ဆိုတော့
    မနက်အစောကြီး သန်းခေါင်စာရင်းထကောက်တဲ့
    ဆယ်အိမ်ခေါင်းလဲ အမူးမပြေသေးထင်ပါ့နော်…

    • ဟုတ်ဘူးအာဒါ သေချာလုပ်ထားဒါ အထာလေးဒွေရှိတယ် ဟဲဟဲဟဲ…..
      ကြားထဲမှာ လူချင်းတွေ တိုးတိုးတိတ်တိတ်မေးခွန်းလေးဒွေရှိတယ်လေ…….. ဟာ.. ဂယ်ပဲ ဂယ်ပဲ ပိန်းပအေ………. ညည်းနှယ့်… ခိခိခိ
      :kwi: :kwi:

  • MaMa

    May 7, 2013 at 10:36 am

    ဆယ်အိမ်ခေါင်းရယ် ရွာသူားတွေကို စက်စက်ရက်ရက် မေးရက်ပါပေတယ်။
    မေးပေ့ါ ရှင်က ဆယ်အိမ်ခေါင်းကိုးးးးးးးး
    ဖြေတော့ ဖြေချင်ပါတယ်။
    ဒါပေမယ့် ကျောင်းတက်လာတဲ့ တလျှောက် စာမေးပွဲမေးခွန်းရဲ့အဖြေကို (က) (ခ) လောက်ပဲ ရွေးလာရတော့ :kwi:

      • MaMa

        May 7, 2013 at 1:59 pm

        ဟားဟားဟားးးးးး
        ဆယ်အိမ်ခေါင်းကိုတောင် နိုင်နိုင်တဲ့ အာဏာပါဝါကြီးပါလား။
        မက်မောလောက်တယ်နော်။ :kwi:

  • Novy

    May 7, 2013 at 11:08 am

    ဂေါင်ကြီး ( ၁ဝ အိမ်)
    အရင်ဖြေပြမှ မီးမီးတို့ လိုက်ကူးလို့ရမှာပေါ့
    12ကနေ21 အထိ ဖြေပေးနော်

    • အော် ဆယ်အိမ်ဂေါင်းကို ပြန်ကြပ်နေပြန်ပါပီအေ………မုန်းထာဟွန်..
      အဲဒီ မေးခွန်း အပျောက်ဆယ်ခုက လျှိုဝှက်ပါဆိုအေ……… မမနိုနော် နိုမှာဂျ………..အဟင့်

  • Real အရှင် သခင် ဆရာ ကိုယ်တော် mobile

    May 7, 2013 at 11:53 am

    ၁။ သာသနာ သက္ကရာဇ် ၂၅၅၅ ခုနှစ်မှာ စပီးမန်ဘာ ဖြစ်ပါတယ်။
    (မန်ဘာမဖြစ်ခင် ၃/၄ လလောက် ကတည်းက ရွာထဲကို ရောက်ဖူးပါတယ်)
    ၂။ ကျနော် ရေးထားတဲ့ ပို့စ်တစ်ခုအတွင်းကို ဝင်ပီးကြည့်နိုင်ပါတယ်။
    ၃။ အသေးအမွှားလေးတွေကတော့ ခဏခဏပါပဲ။ အကြီးမားဆုံးကတော့ ၁၉၉၅ ခုနှစ်မှာ
    ပို့စ်မတင် ကွန်မန်း မရေးပဲ အမှတ်တိုးနည်း ဆော့ဖ်ဝဲ စမ်းကြည့်ဖူးပါတယ်(မအောင်မြင်ပါ)။
    ၄။ သေချာတော့ မှတ်မိတော့ဘူး။ ကျနော်တင်တဲ့ ပို့စ်တိုင်းလိုလို ရတယ်လို့ထင်ပါတယ်။
    ၅။ တစ်ခါတစ်ရံ အရိုင်းအစိုင်း လေးတွေနဲ့တွေ့တဲ့အခါမှာတော့ ကြုံဖူးပါတယ်။
    ၆။ လူပျိုလို့လဲပြောလို့ရပါတယ်။ မပျိုတော့ဘူးလို့လဲ ဆိုနိုင်ပါတယ်။
    အိမ်ထောင်ရှိမရှိဆိုတာကလည်း ရှေ့ကဆိုခဲ့သည့်အတိုင်းပါပဲ။
    ၇။ ဟေးလားဝါးလား သမားတွေများတဲ့/ မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်မယ်ဆိုသူတွေများတဲ့
    တလွဲဆံပင်ကောင်းနေတဲ့/ အစစအရာရာအကုန်လုံးနီးပါး ဈေးကောင်းပေးဝယ်ရတဲ့/
    လူ့အခွင့်အရေး ကျကျနနမရှိတဲ့/ လုပ်ခလစာ အင်မတန်နည်းပါးပီး အလုပ်အင်မတန်ရှားတဲ့/
    ကိုယ်ပိုင်လုပ်ငန်း ထူထောင်သော်ငြားလည်း အခွန်အတုပ် အလွန်များပြားတဲ့
    ကား စသဖြင့် လူစီးယာဉ် လုပ်ငန်းသုံးယာဉ်အားလုံး၊ ဖုန်း စသဖြင့် နည်းပညာပစ္စည်းအားလုံး
    လူတန်းစေ့မသုံးစွဲနိုင်အောင်(ဈေးနှုန်းအင်တန် ကြီးမားအောင်) ပြုလုပ်ထားတဲ့….. စသဖြင့် … စဖြင့်….
    ဆိုတဲ့ နိုင်ငံမှာနေပါတယ်။
    ၈။ ဝင်ဖူးပါတယ် မြန်မာ ၁၅ သိန်း ၅ သိန်း ၂ သိန်း ၁၅၀ဝ တန် ဘာနံပါတ်စ. ဘာနံပါတ်စ စသဖြင့် ဆင်းကဒ်တွေနဲ့ သုံးတိုင်း
    ဖေ့ဘုတ်တို့ ဘာတို့ တော်တော်များများ ဖွင့်မရတာကလွဲရင် ကော်နတ်ရှင်ကောင်းပါတယ်။
    ၉။ ဒီမေးခွန်းကတော့ ကျနော်နောက်မှာအမြဲးတန်းရှိတဲ့ ဘော်ဒီဂတ်တွေ လုပ်ရတဲ့အလုပ်ဖြစ်လို့ ကျနော် ဖြေလို့မရပါဘူး။
    ၁၀။ နဲဗား… တစ်ခါမှကို မလုပ်ဖူး စိတ်တောင် မကူးခဲ့ဖူးပါဘူး။ ကိုယ်ကသာ စည်းမဲ့ကမ်းမဲ့ လုပ်ထားခဲ့ဖူးတာ များပါတယ်။
    ၁၁။ နံပါတ်ဖိုးဟုခေါ်ဆိုသော ဂျုံမှုန်ကဲ့သို့ အရာများကို၎င်း၊ ချိတ်ပြားကဲ့သို ဆင်တူရိုးမှာရှိသော ဘိန်းမဲ ဟူသည်ကို၎င်း၊
    ဘာမီတွန် ဆေးပြားနှင့် ခပ်ဆင်ဆင် တူသည့်၊ ရာမ(ထိုင်းလို ဆေးပြား) ၊ ပဲလှော်၊ ချိုချဉ်၊ ကျောက်ခဲ၊ မြင်းဆေး ၊ ကျွဲးဆေး
    ခွေးဆေး၊ နွားဆေး ၊ စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ စသဖြင့် ပစ်ညက်တွေ အမျိုးမျိုးတပ်ထားသည့်
    အပြားလေးများကို၎င်း၊ ကြက်သားချက်ထဲတွင် မဆလာခတ်သကဲ့သို့ ခတ်ထည့်ပါက ကြက်သား အမြန်နူးစေသည့်
    ဖက်ကြမ်းဆေးလိပ်ထဲတွင် ထည့်ပီး သောက်လို့ရသည်…. ချဉ်ပေါင်ရွက်ဟုခေါ်သော……..
    ဂန်ဂျာ အရွက်များကို၎င်း၊ ဆယ်လုံးပါ တစ်ကဒ် နှစ်ကဒ် သုံးကဒ် စသဖြင့် အဆမတန် သောက်သုံးပါက
    ဟိုလိုလို ဒီလိုလို အရှိန်များတက်လာတတ်သည့် ချောင်းဆိုးပျောက်ဆေးများကို၎င်း၊
    အရက်၊ ဆေးလိပ် ၊ ကွမ်းယာ ၊ ဆေးပေါင်း၊ ကွမ်းပေါင်း၊ ခိုင်နည်း ၊ စသဖြင့် မူးယစ်ဆေးဝါးအားလုံးနီးပါကို
    ဘေားဆရာ ကပေ သင်ပေးလို့ လုပ်ဖူးပါတယ်………. (အခုတော့ ကွမ်းယာ နှင့် ဘီယာ အရက်သာ သောက်ပါသည်)
    ၂၂။ သူကြီးပေးတဲ့ ဆုလာဘ်ထဲမှာ အကြီးမားဆုံးဆုကတော့ သူ၏ သမီးတော်လေးကို ကျွန်ုပ်နှင့်
    ထိမ်းမြှားလက်ထပ်ပေးဖို့ ကျွန်ုပ်၏ မိဘများထံ သူကြီးကိုယ်တိုင် လာရောက်စကားကြောင်းလမ်း သည့်အရာကို
    အကြီးမားဆုံးဆုအဖြစ် ရရှိဖူးပါကြောင်း..
    ၂၃။ အထက်ပါ ၂၂။ အဖြေမှ သူကြီးလာရောက်စဉ် လက်ဆောင်ပနှာ အဖြစ် ယူဆောင်ခဲ့သောကြောင့်
    တစ်ကြိမ်တော့ဖြင့် စားသုံးဖူးပါကြောင်း။
    ၂၃။ နစ်ခ်နိမ်းတွေ အများကြီးနှင့်ပင်မက အကောင့်တွေ အများကြီးနှင့်ပင် နေဖူးပါကြောင်း။
    ၂၄။ အမြဲးတမ်း အခု ၁၀ဝ ကျော်ရရှိပါကြောင်း တစ်ကြိမ်တစ်ခါသာလျှင် ၉၉ ခုပဲရရှိဖူးပါကြောင်း
    ပို့စ်တင်ပီး စက္ကန့်ပိုင်း အတွင်းလောက်သာ ကွန်မန်း တစ်စောင်မှ မရပဲဖြစ်ဖူးပါကြောင်း။
    ၂၅။ ထမင်းငတ်နေတာ အတော်ကြာပီဖြစ်တဲ့အတွက် ဘယ်လိုစားဖူးလဲ မမှတ်မိနိုင်တော့ပါကြောင်း။
    ၂၆။ စနစ်တကျ ကူးလိုသော်ငြား လူကူးမျဉ်းကြားက လိုအပ်သည့်နေရာတိုင်းတွင်မရှိ(မလိုအပ်သည့်
    အရှိန်လျော့တုံး စလိုးဒေါင်း များသာအလွန်ပေါးများသဖြင့်) ယာဉ်ရှင်းလျှင်ရှင်းသလို ပြေး၍သော်၎င်း
    ကြုံသလိုသော်၎င်း တိုက်ခံရလည်း အရော်တောင် ရ၏ဟုဆိုသည့် စိတ်မွေး၍ ကူးဖြတ်ဖူးပါကြောင်း။
    ၂၇။ မိမိအိမ်မှာနေလျှင်တော့ စနစ်တကျ ပြုလုပ်ပါသည်။ လမ်းမှာဆိုရင်တော့ ကြုံသလို စည်းကမ်းဖောက်ဖျက်ပါ၏
    လူပေါ်ကို ထွေးချရလောက်အောင်ထိတော့ နမော်နမဲမနေ မရမ်းကား( ထိုးခံရမည်ကို လည်းကြောက်ရသဖြင့်)
    လူပေါ်ကိုတော့ မထွေးဖူးပါ။
    ၂၈။ နိုး… လုံးဝ (လုံးဝ) အခါ ဆယ်ငါးသန်း တစ်ယောက်မှမရှိပါကြောင်း ယုတ်မာစွအဆုံး
    ဆယ်ပေပတ်လည်အတွင်း မျှပင်နီးနီးကပ်ကပ် နေခဲ့ဖူးသည့် မိန်းကလေးမရှိအောင်
    ကျွန်ုပ်ဖက်မှ သတိတရားကြီးမားစွာ ရှောင်ရှားခဲ့ပါကြောင်း။
    ၂၉။ မန်ဘာဝင်ပီးသည်မှစ၍ ပို့စ်တင်သည့်လတိုင်း အမြဲးတမ်း ရရှိဖူးပါကြောင်း။
    ၃၀။ အနန်ဒေါး အနန်ဒ ဂိုင်းဝင် ယောက်ခမဂျီးဖစ်သည့်အတွက် ပစ်ဆာနန်ဒိယ ကန်ထိုက်မည်ကိုလည်း ကြောက်သဖြင့်
    တစ်ကြိမ်တစ်ခါမျှပင် မပြုလုပ် စိတ်ဖြင့်ပင် မပစ်မှားခဲ့ဖူးပါကြောင်း။
    ၃၁။ ကျွနိုပ်၏ ပိုင်ဆိုင်မှု ၉၉ ပုံ ၉၈ ပုံ သည် သူဂျီးထံမှ ရရှိထားသည့် အမှတ်တစ်သိန်းများ သာဖြစ်ကြောင်း။
    ၃၂။ ဖွန်ကြောင်၍ အခွန်ဆောင်ရသည်များသာ ရှိပီး။ လိုင်စင်မဲ အလုပ်လုပ်ပါကြောင်။
    ၃၃။ မိမိခြေထောက်ပေါ် မိမိရပ်နိုင်သည့်( တစ်နှစ်သားကျော်ကျော်) အချိန်မှစ၍ အမွေခွဲပေးဖို့ တိုက်ပွဲဝင်
    ဆန်ဒပြ ၁၈ နှစ်ပြည့်သည်အထိ မအောင်မြင်သဖြင့်။ အိမ်မှလွယ်လင့်တကူ ခိုးယူလို့ရရှိသည့် ရွှေတိုငွေစ
    အနည်းငယ်ကို ခိုးယူပီး အိမ်မှထွက်ပြေးနေရပါကြောင်း။
    ၃၄။ မိမိနှင့် လားလားမျှ မဆိုင်သကဲ့သို့ ဝယ်ယူရအင်မတန်ခက်ခဲ ဈေးကြီးသည့် နောက်တစ်မျိုး ပေါ်ပေါက်
    ထပ်မံ ရောင်းချလာလျှင်လည်း ခွေးရှုံး နွားရှုံး ရှုံးတတ်သည့် အသုံးပြုနေလျှင်လည်း
    အကုသိုလ် များရသည့်ပစ္စည်းများကို တစ်ကြိမ်တစ်ခါမျှပင် အသုံးမပြုဖူးပါကြောင်း။
    ၃၅။ လစ်ဗရယ်မျက်ကန်းပုတ်သင်ညို သမားတစ်ခုမှ မဟုက်။ ကြုံရင်ကြုံသလို မိမိတစ်ဦးတစ်ယောက်အတွက်
    အကျိုးရှိနိုင် အခွင့်အရေးရနိုင် သည့်လုပ်ငန်းများ… လူထင်ကြီးခံရနိုင်လောက်သည့် လုပ်ငန်းများကို
    နိုင်ငံရေးအနေဖြင့် လုပ်ဖူးပါတယ်….
    ၃၆။ နယ်နှင်ဒန် ပေးခံရမယ်ဆိုရင် အဲ့ဒီအချိန်မှာ ကိုယ်က ရွာအပေါ် သံယောဇဉ်မပြတ်နိုင် အမှတ်တစ်သိန်း
    ထပ်မံရှာချင်စိတ် ရှိနေမယ်ဆိုရင်တော့ မလိပ်တစ်ပတ်နည်းနဲ့ ကာရိုက်တာ ပြောင်းပြီး ပြန်ဝင်လာမပေါ့…..
    အခြားတော့ ဘာမှအထွေအထူး ခံစားချက်မရှိပါဘူး… အင်း…ဒါပေမယ့် …ရပီးသား အမှတ်လေးတွေကိုတော့
    ထမင်း ၁၆ ရက်လောက်စားမဝင်နိုင်အောင် နှမျှေားမိပေမပေါ့……………….

  • ခင်ခ

    May 7, 2013 at 12:41 pm

    ဆယ်အိမ်ခေါင်းအရှိန်အဝါသုံးပြီး မေးလိုက်တဲ့မေးခွန်တွေက များလှကြည်လား။
    ပြီးတော့မေး မကောင်းတဲ့မေးခွန်တွေကပါလိုက်သေးတယ်၊ ဘာတဲ့ လူပျိုလား အပျိုလား အိမ်ထောင်ရှိလား။
    မိန်းမဘယ်နှစ်ယောက်ရှိသနည်းတဲ့။ အဲဒီအပြင်ဆိုးတာက အင်တာနက်ကော်နတ်ရှင် ကောင်းကောင်းဖြင့် ရွာထဲ ဝင်ဖူးပါသလားတဲ့ ဒါမထီမဲ့မြင်မေးခွန်ဘဲ ခုတလော ရွာသူ/သား(ပြည်တွင်းနေ)တွေ ရွာထိပ်မှာ ရွာထဲဝင်မရလို့ တီးတိုးညံနေတာ အဲဒီ ကွန်ကိစ္စဘဲဗျာ။ အဲဒီတော့ ဆရာကြီး ဆယ်အိမ်ခေါင်း သင် မသိလို့ မေးလေသလား ဆင်ချင်မေးပါ။ ဒါမှမဟုတ် လူစုက ဆန္ဒထုတ်ဖော်ပွဲလုပ်ရပါလိမ့်မည် ဒါဘဲ။

    • ဆန္ဒထုတ်ဖော်ပွဲလုပ်လို.ကတော့ ကော်မရှင်ဖွဲ. စစ်ဆေးပြီး ခေါင်းဆောင် ကိုခင်ခအား… ဘာညာကွိကွ လုပ်ပလိုက်မှာ…….ဟွင်းဟွင်းဟွင်း….

  • ရွာစားကျော် မင်းနန္ဓာ

    May 7, 2013 at 1:04 pm

    ဒီမှာဗျို့ ကရွှေတိုက်
    ရော့.. ၁၅၀ဝ (လက်သိပ်ထိုး.. လူမသိ သူမသိ).. ဆင်းကဒ်မဲပေါက်လည်း ခင်ဗျားပဲယူထားလိုက်နော်
    မေးခွန်းအားလုံး ကျုပ် ဖြေပြီးပြီးဘီလို့ စာရင်းတို့လိုက်ပါဗျာ.. ဟီး ၁၅ သိန်းတန်ဖုန်းတွေ ငွေပြန်အမ်းရင် ကျုပ်ကို ထိပ်ဆုံးက ပေးပါဗျာနောာာ
    :harr:

    • အော် ကိုရွာစားကျော်ရယ်… ကျုပ်က မရလို.ပါ .. ရရင်လုပ်ပေးပါတယ်ဗျာ.. မရလို.ပါ
      :kwi: :kwi:
      ကိုရွာစားကျော်ကို ကျုပ်က ထိပ်ဆုံးမှာ ထားပေမယ့် ကျုပ်ထိပ်ပို.ပေးတာတပိုင်းပေါ့ ဆုံးဖြတ်မှာက သူကြီးဗျ.. အဲဒီတော့ သူကြီးကိုလဲ………….ဟဲဟဲဟဲ
      (အဲလိုဘဲ မျှစားရဒါပေါ့ဗျားးးးးးးးးးးးးးး ခီးခီးခီး)

  • KZ

    May 7, 2013 at 1:43 pm

    ဆယ်အိမ်ခေါင်း မေးချင်ရာမေး တာမီးလည်း ဖြေချင်ရာဖြေမယ်။
    အိမ်မှာ လူဘယ်နှစ်ယောက်ရှိတုန်းဆိုတော့…….
    -ထမင်းချက် တစ်ယောက်
    – ဟင်းချက် ၂ ယောက်
    – အဝတ်လျှော်တစ်ယောက်
    – မီးပူတိုက် တစ်ယောက်
    – အနှိပ်သည်တစ်ယောက်
    – ပန်းကန်ဆေး တစ်ယောက်
    – မာလီတစ်ယောက်
    – ခြံစောင့်တစ်ယောက်
    – ဒရိုင်ဘာ ၃ ယောက်
    – စာတော်ဖတ်တစ်ယောက်
    – သန့်ရှင်းရေးတစ်ယောက်
    – လူဖော်လောင်ဖက် တစ်ယောက်
    – အိမ်တော်ထိန်းတစ်ယောက်

    အနော်ကလား။ အိမ်မှာ လူပြည့်သွားလို့ နေစရာမရှိလို့ အဆောင်မှာ ငှါးနေနေတယ်လေ။
    :harr:

    • ဟင် ဒါ သက်သက် အရပ်ကို စော်ကားဒါ… ဒီမယ် ဆယ်အိမ်ခေါင်း ကို အရပ်ကလေး နှစ်ပေ့တစ်လက်မနဲ. မခန်.လေးစား လာလုပ်တယ်ပေါ့….
      ဒီမယ် ဒီမယ်… ရွှေတိုက်တဲ့ လာမစမ်းနဲ.နော်… တစ်တိုက်ထဲ ရှိတယ် နှစ်တိုက်ရှိရင် ငှားစားပစ်မယ်… ဟွင်းဟွင်းဟွင်း..
      မေးနေတာကတမျိုး သူဖြေချင်တာဖြေသွားဒယ်… မုန်းထာအေ….ဟွန်.

  • ဦးဦးပါလေရာ

    May 7, 2013 at 2:52 pm

    ၁။ ဒီဂဇတ်ရွာကို ဘယ်နှစ်ခုနှစ် က စရောက်သနည်း။
    ဖြေ= အဲ့ဒါ သေချာမှတ်မိတာပေါ့…
    ကျုပ်သမီး မိကဲ ရည်းစား စထားတဲ့နှစ်..
    သူ့ခြေလှမ်းတွေသိချင်လို့ အင်တာနက်ထဲလှည့်မွှေရင်း ဒီရွာထဲ ခြေချော်လက်ချော်ရောက်လာတာ…။

    • တိန် ကောင်းရော…….
      လူပျိုကြီး သမီး ရည်းစားထာတာ အင်တာနက်ထဲရှာစရာလား… ဒီက သမီးမွေးမလို.ဟာ ဦးပါလုပ်မှ ဖင်ကျိမ်းဒယ်……..အဟင့်အဟင့်

  • ဦးဦးပါလေရာ

    May 7, 2013 at 2:56 pm

    ၂။ ပို.စ်ဘယ်နှစ်ခု တင်ပြီး သနည်း။
    တင်တာကတော့ ရာကျော်တယ်ဟေ့….
    တကယ်တက်တာက လေးငါးဆယ်ပဲ ရှိသေးတယ်…
    အနာဟောင်းကို လာဆွနေတယ်..
    ဟွန့်…

    ၃။ ရွာ့စည်းကမ်း ဘယ်နှကြိမ် ဖောက်ဖူးသနည်း။
    ရွာစည်းကမ်းဆိုတာ ဘယ်တုန်းကရှိလို့တုန်း…….. ဟင်….

    ၄။ စတစ်ကီ ဘယ်နှခါရဖူး သနည်း။
    ကျုပ်ပို့စ်တွေက ဘုန်းကံကြီးတော့ ဘုန်းကံနိမ့်တဲ့လူတွေ ကပ်လို့မရဘူး…
    ဒါကြောင့် စတစ်ကီတစ်ခါမှမရဘူးတာ..
    ဘာမှတ်လဲ.. ဟွင်း…. ဟွင်း….

  • ဦးဦးပါလေရာ

    May 7, 2013 at 3:01 pm

    ၅။ ရွာသူားများ ဝိုင်းဆဲတာ ခံဖူးပါသလား။
    ဘဲဒီး အော့ဖဲန်း ပေါ့ကွယ်…
    ကိုယ်က အနေအထိုင်လဲ မတတ် ၊ အပြောအဆိုကလဲ သိတဲ့အတိုင်း

    ၆။ လူပျိုလား အပျိုလား အိမ်ထောင်ရှိလား။
    ရွာသားတစ်ယောက်ကတော့ လူပျိုကြီး ဆိုပြီး ကြော်ငြာပေးဘူးတာပဲ….

    ၇။ ဘယ်နိုင်ငံမှာ နေသနည်း။
    ဧည့်သည်မဟုတ်ပဲ ဧည့်စာရင်းတိုင်ရတဲ့နိုင်ငံမှာဟေ့….

    ၈။ အင်တာနက်ကော်နတ်ရှင် ကောင်းကောင်းဖြင့်ရွာထဲ ဝင်ဖူးပါသလား။
    နိုင်ငံခြားရောက်တုန်းက တစ်ခါဝင်ဖူးတယ်

    ၉။ အိမ်သာတက်ပြီးရင် ရေလောင်းတတ်သလား။
    ဟဲ့…
    နေရာတိုင်း ရေလောင်းတတ်တယ်
    အခုတောင် မကြာခင် မြို့နယ်ရုံးသွားလောင်းရဦးမှာ….
    အဲဒီပညာလေးနဲ့ အသက်ရှင်ထမင်းစားနေရတဲ့ဟာကို

  • ဦးဦးပါလေရာ

    May 7, 2013 at 3:10 pm

    ၁၀။ အများသုံးအိမ်သာမှာ အိမ်သာဆေးဘူးသလား။

    Yes !!
    ကျောင်းမှာ
    ရိပ်သာမှာ
    ကျုပ်လက်အောက်ဝန်ထမ်းတွေ အလစ်ဆိုရင် – အလုပ်မှာ

    ၁၁။ အရက်၊ဆေးလိပ်၊ကွမ်း သောက်စားတတ်သလား။

    ယောက်ျား ပါဆိုမှ….

    ၂၂။ သူကြီးပေးတဲ့ လက်ဆောင် အကြီးကြီးတွေ ရဖူးသလား။
    အကြီးဆုံးကတော့သတင်းစာပဲ
    တစ်တောင်ထွာပတ်လည်လောက်ရှိတယ်…

    ၂၃။ သူကြီးကြိုက်တဲ့ ကိုဘေးနွားသား စားဘူးသလား။
    သူကရော တကယ်စားဖူးလို့လား.. ?

    ၂၃။ ရွာထဲမှာ နာမည်တွေ (နစ်နိမ်း) အများကြီးနဲ. နေနေသလား။
    ငါးခုလောက်ကို အများကြီးလို့မပြောပါနဲ့ကွယ်…

    ၂၄။ ကော်မန်. တစ်ခုမှ မရဘဲနဲ. နေဖူးသလား။
    ဟင့်အင်း..
    သူများကော်မင့်မရေးရင် ကိုယ့်ဟာကိုယ်ရေးတယ်

    ၂၅။ ထမင်းစားရင် မြန်မာလို ရော ၊နိုင်ငံခြားလိုရော စနစ်တကျ စားတတ်သလား။
    အဲဒီနှစ်မျိုးလုံးက ဝါးပြီးမြိုချတာမဟုတ်လား…။
    အစာအိမ်မှန်ပြောင်းကြည့်တုန်းကတစ်ခါပဲ မဝါးပဲ မြိုဖူးတယ်…

    ၂၆။ လမ်းကူးရင် မျဉ်းကြားကနေ စနစ်တကျကူးဖူးသလား။
    မျဉ်းကျား စံနစ်တကျရှိတဲ့နိုင်ငံရောက်ရင်တော့…
    Yes !!!!!

    ၂၇။ လမ်းမှာ အမှိုက်၊ ကွမ်းတံတွေး ကိုစနစ်တကျထွေးဖူးသလား (သို.) လူပေါ်သို.ကွမ်းတံတွေးထွေးဖူးသလား။
    လူပေါ်ကို ကွမ်းတံတွေးတော့ အထွေးခံရဖူးတယ်…
    ပြောရင်းနဲ့အန်ချင်လါပြီ
    ဝေါ့ …..

  • ဦးဦးပါလေရာ

    May 7, 2013 at 3:24 pm

    ၂၈။ မိန်းမဘယ်နှစ်ယောက်ရှိသနည်း။

    ကိုဘလက်ချောတို့၊ ကိုနိုဇိုမိ တို့ရဲ့အဖြေအတိုင်းပဲ…….
    တကယ့်ကို တစ်ယောက်ပဲရှိပါတယ်..
    ကိုဘလက်ချောကျိန်သလို ကျိန်ပြမယ်
    ဘုရားစူး၊ မိုးကြိုးပစ်၊ ဟိုဒင်းလေးနဲ့ ဟိုဟာပြုရစေရဲ့ ……

    ၂၉။ ဂဇတ်ချစ်သူများစာပေဆု ရဖူးသလား။
    အဲဒါက လူကြိုက်လောက်တဲ့စာရေးမှ ရတော့မပေါ့ ……

    ၃၀။ ရွာထဲဝင်မရလို. သူကြီးကို ဘယ်နှခါ ကြိမ်ဆဲဖူးသလဲ။

    အိုက်ဒါ သူကြီးအပြစ်မဟုတ်ပါဘူးအေ…..
    သူ့ရွာလေး ဆယ်လံခြောက်ခွက်လောက်ကို အလုအယက်ဝင်ချင်တဲ့ ကျုပ်တို့အပြစ်….

    ၃၁။ သူကြီးဆီက အမှတ်တသိန်း ရဖူးသလား။

    နောက်ဘဝမှ ဖြေပါရစေကွယ်….

    ၃၂။ အခွန်ဆောင်ပြီး အလုပ်လုပ်သလား။

    ခရိုနီတွေကို အရင်မေး….
    ကျုပ်တို့က အခွန်ကို တိုက်ရိုက်လဲဆောင်ရတယ် သွယ်ဝိုက်လဲဆောင်ရတယ် ကိုယ်ထူကိုယ်ထ ဆိုပြီးတော့ နားလှည့်ပါးရိုက်ခံပြီးတော့လဲ ဆောင်ရပါ့…….

    ၃၃။ မိသားစုနဲ.အတူနေသလား။

    နေ့ လားး ည လားးးးး

    ၃၄။ ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာ၊ ဒဗလူစီဒီအမ်အေ၊ ကြိုးဖုန်း ထွက်သမျှအကုန်သုံးဖူးလား။

    ဒီအချိန်ခါမှာ…..
    ရင် နာ စရာတွေဟာ…..
    အသစ်….. ဖြစ်…. ပြန်တယ်…….

    ၃၅။ ကိုယ့်ကိုကိုယ့် ဘာလို.ထင်လဲ။ (ဥမမာ။ ။ လစ်ဗရယ်သမားလား၊ မျက်ကန်းမျိုးချစ်လား၊ သူများပြောတိုင်းခေါင်းငြိမ့်သမားလား၊)

    ((((( ဆရာကြီး ))))))

    ၃၆။ တကယ်လို.ဒီရွာကနေ နယ်နှင့်ဒဏ်ပေးခံရရင် သင်ဘယ်လိုခံစားရမလဲ။

    စိတ်သက်သာရာရတာပေါ့…ဟယ်…
    ရွာအဝင် ပိုစ့်အဖွင့် လော့အင်အဝင်အတွက်စောင့်ရတဲ့ အင်တာနက်ဘိုးလေးတွေကို
    လှူလဲလှူ၊ စားလဲစား၊ နောက်လာနောက်သားတွေအတွက်လဲ အမွေပေးခဲ့နိုင်တာပေါ့ ……

    • နံဘတ် ၆ နဲ့ နံဘတ် ၂၈ မေးခွန်း …
      ထိုမေးခွန်း နှစ်ခု ဖြေဆိုပုံကို ထောက်လိုက်သော် ..
      အထက်ပါ လူဂျီးသည်ကား
      မိန်းမ အလစ်တွင် သူ့ကိုယ်သူ လူပိုဂျီးဟု ပြောပြောနေတတ်သူဂျီး ပါတကား ဟူ၍
      ကျွန်ုပ် တွေးမိလေဒေါ့ဒဒီး .. ဟီး .. ဟီး .. :mrgreen:

    • ဟူးးးးးးးးး ဦးပါ အဖြေတွေဖတ်ရမှာ မေးမိတဲ့ ဆယ်အိမ်ခေါင်း မျက်ရည်တောက်တောက် ကျသွားရပါပေါ့လားဗျာ…..
      အော် ဦးပါရယ်…. အဟင့်အဟင့်..
      အနာပေါ်တုတ်ကျတဲ့ မေးခွန်းတွေများ ကျွန်တော်မေးမိလေသလားရည်လို. ကိုယ့်ကိုကိုယ်တောင် ပြန်မေးမိပါပေါ့လား….. တောက်တောက်တောက်(မျက်ရည်ကျသံ)

  • ဆယ်အိမ်ဂေါင်း ကတိုက်စိုး …
    … ချိ ….

    စကစ်တီ ဘယ်နှခါ ရဖူးလဲ …
    … နင့် ညက်လုံး ကန်းနေဒလားဟဲ့ ….

    :mrgreen: :mrgreen:

    • ဗျာကို……
      ဟုတ် မကန်းပါဘူး…. ဟုတ်ကဲ့ သိပါတယ်မြင်ပါတယ်ခင်ဗျ..
      ဒါနဲ. အခုပြောနေတာဘူလေးလဲ အဲဒါ ဘူလေးလဲ…

  • အာဂ

    May 7, 2013 at 4:09 pm

    မိမိဖာသာ မိမိ ပေးထားသော ဆည်အိမ်ဂေါင်းကြီး။ (ခ)ရာထူး အပြည်ပြည်ဆိုင်ရာ အရက်သမားသမ္မဂ အမှုသောက်ဆောင် ဂျီးခင်ဂျာ

    အနော်တို့ နယ်စည်းမခြား အရက်သမား သမဂ္ဂအတွက် သန်းခေါင်းစာရင်း အဲ အရက်သမားစာရင်းလေးများရှိရင် ကောက်ခံပေးပါရန် ပန်ကြာ း
    အပ်ပါသည်။…..

    နယ်စည်းမခြားဂေဇက်အရက်သမား သမဂ္ဂဝင်များ ကိုယ်စား…

    မောင်အာဂ…
    ခေတ္တလူပြည်…။
    နယ်စည်းမခြားအရက်သမားသမဂ္ဂ အဖွဲ့ဝင်

    • မကြည်ပြာ

      May 7, 2013 at 4:16 pm

      အယက်သမား သမဂ္ဂ နံမယ် ယူသုံးချင်ရင် မူပိုင်ခွင့် အရင်တောင်းသင့်ကြောင်း….
      အဟွတ်…အဟွတ်…သများခုတလော အသက်ရှုတေကျပ်..ကျပ်နေလို့ :kwi:

  • water fish

    May 7, 2013 at 4:23 pm

    ရွာထဲမှာပို့စ်ဘယ်နှပုဒ်ရေးဖူးသလဲဆိုတာကိုကျောရရင်ဖြင့်…..
    ..ကျုပ်တော့တထောင့်တညပုံပြင်လိုကျောရမယ်နဲ့ တူပါတယ် …
    ကျုပ်ရေးခဲ့တဲ့ပို့စ်ပေါင်းဟာဆိုရင်ဖြင့် ဘယ်သူမှလိုက်မှီနိုင်မယ်မထင်ဘူးးး….ဒါကြောင့်ပါ
    :P:P:P

    • kai

      May 7, 2013 at 11:50 pm

      ဒီနံမယ်ကြားဖူးလိုက်ပါတယ်..
      ဓါတ်ပုံတွေထဲပြန်ရှာမှ.. :harr:

  • ၁။ ဒီဂဇတ်ရွာကို ဘယ်နှစ်ခုနှစ် က စရောက်သနည်း။ (အမေ့ ဘိုက်ထဲမှာကတည်းက )

    ၂။ ပို.စ်ဘယ်နှစ်ခု တင်ပြီး သနည်း။ (များလွန်းလို့ မမှတ်မိ)

    ၃။ ရွာ့စည်းကမ်း ဘယ်နှကြိမ် ဖောက်ဖူးသနည်း။ (လူလစ်လျင်လစ်သလို)

    ၄။ စတစ်ကီ ဘယ်နှခါရဖူး သနည်း။ (နှခါတော့ မရဘူး ဘူး နှမ တော့ ရချင်တယ်)

    ၅။ ရွာသူားများ ဝိုင်းဆဲတာ ခံဖူးပါသလား။ (ကိုယ့်ရှေ့မှ လာမဆဲတာ ဘယ်သိမလဲအေ့)

    ၆။ လူပျိုလား အပျိုလား အိမ်ထောင်ရှိလား။(ဘာလာလာလာလာလာလာလာလာ)

    ၇။ ဘယ်နိုင်ငံမှာ နေသနည်း။( သူကြီးအားမလိုအားမရဖြစ်နေတဲ့နှစ်တစ်ထောင်ကျိန်စာမိနေတဲ့နို်င်ငံ)

    ၈။ အင်တာနက်ကော်နတ်ရှင် ကောင်းကောင်းဖြင့်ရွာထဲ ဝင်ဖူးပါသလား။( ဓါးထိုးခံချင်တယ်နဲ့တူတယ်)

    ၉။ အိမ်သာတက်ပြီးရင် ရေလောင်းတတ်သလား။ (မလောင်းဘူးပါ ခြုံထဲဝင်ပါတော့ရေလောင်းစရာမလို)

    ၁၀။ အများသုံးအိမ်သာမှာ အိမ်သာဆေးဘူးသလား။ ( အိမ်သာရေဆေးတယ်ဆိုတာ ဘာပြောတာလဲမသိ)

    ၁၁။ အရက်၊ဆေးလိပ်၊ကွမ်း သောက်စားတတ်သလား။ (လူမှန်ရင် အကုန်လုပ်ဖူးရသတဲ့)

    ၂၂။ သူကြီးပေးတဲ့ လက်ဆောင် အကြီးကြီးတွေ ရဖူးသလား။(ရဘူးတယ် မိတိုက်ဆိုတဲ့ကောင်လူကြုံယူလာခဲ့တာလေ ကရိန်းငှားပြီး သယ်ခဲ့ရတာတဲ့)

    ၂၃။ သူကြီးကြိုက်တဲ့ ကိုဘေးနွားသား စားဘူးသလား။ (ကိုဘေးနွားတော့ မသိ ကိုဘနွားဘဲစားဘူးတယ်)

    ၂၃။ ရွာထဲမှာ နာမည်တွေ (နစ်နိမ်း) အများကြီးနဲ. နေနေသလား။(နစ်နိမ်းတော့မရှိဘူး ကီးဘုတ်နိမ်းဘဲရှိတယ်)

    ၂၄။ ကော်မန်. တစ်ခုမှ မရဘဲနဲ. နေဖူးသလား။ (များမှများ×

    ၂၅။ ထမင်းစားရင် မြန်မာလို ရော ၊နိုင်ငံခြားလိုရော စနစ်တကျ စားတတ်သလား။
    (အခုတော့ တရုပ်လို တူနဲ့ဘဲစားတယ်)

    ၂၆။ လမ်းကူးရင် မျဉ်းကြားကနေ စနစ်တကျကူးဖူးသလား။
    (ကျုပ်နေတဲ့မြို့က မျဉ်းကျား မရှိဘူး)

    ၂၇။ လမ်းမှာ အမှိုက်၊ ကွမ်းတံတွေး ကိုစနစ်တကျထွေးဖူးသလား (သို.) လူပေါ်သို.ကွမ်းတံတွေးထွေးဖူးသလား။
    ( ပက်လက်လှန်ပြီ းကိုယ့်မျက်နှာပေါ် ကျအောင်ထွေးဘူးတယ်)
    ၂၈။ မိန်းမဘယ်နှစ်ယောက်ရှိသနည်း။
    (မေးခွန်း မပြည့်စုံ၍ ဖြေရန်မလိုပါ -လူမိန်းမ ပြောတာလား ကိုယ်နဲ့အတူူအိပ်တဲ့မိန်းမပြောတာလား
    တစ်ပါတ်တစ်ခါ အတူအိပ်တဲ့ မိန်းမပြောတာလား နာရီပိုင်းနဲ့ အိပ်တဲ့မိန်းမပြောတာလား တိကျစွာမေးပါ)
    ၂၉။ ဂဇတ်ချစ်သူများစာပေဆု ရဖူးသလား။

    ၃၀။ ရွာထဲဝင်မရလို. သူကြီးကို ဘယ်နှခါ ကြိမ်ဆဲဖူးသလဲ။( ဒီလိုနိမိတ်ပြပေးခွန်းများ မေးခြင်းကို တားမြစ်ပါသည်)

    ၃၁။ သူကြီးဆီက အမှတ်တသိန်း ရဖူးသလား။( တသိန်းတော့ မသိဘူး တစ်သိန်းတော့ သိတယ်)

    ၃၂။ အခွန်ဆောင်ပြီး အလုပ်လုပ်သလား။( မေးစရာ ရှားလာအေ့)

    ၃၃။ မိသားစုနဲ.အတူနေသလား။ (ကိုယ်တစ်ယောက်ထဲကျန်)

    ၃၄။ ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာ၊ ဒဗလူစီဒီအမ်အေ၊ ကြိုးဖုန်း ထွက်သမျှအကုန်သုံးဖူးလား။
    (နိုဆီခွက်တယ်လီဖုန်း သုံးနေပါသည်)
    ၃၅။ ကိုယ့်ကိုကိုယ့် ဘာလို.ထင်လဲ။ (ဥမမာ။ ။ လစ်ဗရယ်သမားလား၊ မျက်ကန်းမျိုးချစ်လား၊ သူများပြောတိုင်းခေါင်းငြိမ့်သမားလား၊)
    (လကတက ဖသ လို့ထင်ပါတယ် )

    ၃၆။ တကယ်လို.ဒီရွာကနေ နယ်နှင့်ဒဏ်ပေးခံရရင် သင်ဘယ်လိုခံစားရမလဲ။
    (နှင်လို့ကတော့ ရွာမီးရှိုပလိုက်မှာပေါ့)

    ဒါနောက်ဆုံးသဘောထား။
    အလကားအလုပ်မရှိ အုအုသန်းရှာလာမလုပ်နဲ့တော့

    • တိန် မေးခွန်းတွေ အကုန် လျောလျောရှူရှူဖြေလာပြီးမှ နောက်ဆုံး အုအုသန်းရှာဆိုတဲ့ မေးခွန်း မမေးမိပါလား ဂျာ……. ပိုဖြေတွားဘီ…….ဟိဟိဟိ…
      လကတက ဖသ ကြီး လေးပေါက်ရေ. :kwi: :kwi:

  • သုရှင်

    May 7, 2013 at 5:09 pm

    ကွန်းမန့်ပေးချင်တာ ။ ဘာပေးရမှန်းတောင်မသိတော့ဘူး။
    မှတ်ပုံတင်ထုတ်ပေးရင်တော့ တစ်မျိုးပေါ့ဗျာ။ သန်းခေါင်စာရင်းကောင်ပြီးရင်။

  • ဦး ကျောက်ခဲ

    May 7, 2013 at 5:51 pm

    ဒီမယ် ဆယ်အိမ်ခေါင်း ကိုရွှေတိုက်…
    ရွာထဲမှာ အရပ်အမောင်းကောင်းတယ်ဆိုပြီး ဟိုမေးသည်မေး လျှောက်မမေးပါနဲ့…
    ရှော့ရှိတယ်… မဖြေဘူး…
    ကျုပ်နာမည် ဦးကျောက်ခဲ၊ မကျေနပ်ရင် ဂေါင်းချင်းပြိုင်တိုက်မလား… အား ဟိ
    :harr:

    • ဥငေးး
      သွား မစမ်းလေနဲ့
      ဟိုက ကလေးတစ်ယောက်တောင် ရနေဘီ …
      ဂေါင်းချင်းပြိုင် ဥငေးဘဲ ရှုံးလိမ့်မယ် …
      ဟီး .. ဟီး … :mrgreen:

      မိတိုက် …
      နာ နင့် လုပ်ကျွေးနေဒါ များနေဘီနော် …
      ဘောပေါက် .. တောင်မ …

    • သိပါတယ် သိပါတယ် ကျောက်ခဲရေညှစ်ဘာမှမထွက်ဘူး….. အရက်ပဲထွက်မယ်ဆိုတာ…
      အရပ်ကိုမစော်ကားနဲ.နော် ယအက နဲ. တွေ.သွားမယ်………ငှဲငှဲငှဲ..
      ဦးကျောက်ခဲ့ဒဲ့ နာမယ်ကိုက မာရေကျောရေနဲ… ဟိဟိဟိ..

  • မောင် ပေ

    May 7, 2013 at 7:10 pm

    ပေါ တစ်လီ တစ်ပေါ
    ပေါ နှစ်လီ နှစ်ပေါ
    ပေါ သုံးလီ မောင်ပေ
    အဲဒါ အဲဒါ

    • တစ်ခါတုန်းက ဒို.ရွာမှာ
      ဘောကောင်းပြီး ဘောလောင်းဒယ်..
      ကိုပေါ လို.အများခေါ်တယ်… ဘောချာချာလူတစ်ယောက်ရယ်..
      သူဘောလောင်းတဲ့အိမ်က ဘောပွဲဒိုင် သဋ္ဌေးသမီးကို
      ရင်မှာ မျိုသိပ်ဖစ်ညှစ်ရှာ လောင်းရှာလေတော့တယ်….
      ခိခိခိ

  • မိုး မင်းသား

    May 7, 2013 at 7:19 pm

    ကိုရွှေတိုက်ရေ…….

    ကိုပေါက်နဲ ့တွေ ့မှ…မှတ်ကရောထို ့တောင်….

    မအော်နိူင်တော ့ဘူးမဟုတ်လား……

    ကြံကြံဖန်ဖန်….တွေးတတ်တဲ ့ကိုရွှေတိုက်နဲ ့….

    ကြံ ကြံဖန်ဖန်ရေးတတ်တဲ ့…ကိုပေါက်

    တွေ ့မှတွေ ့တတ်ပလေတယ်….

    ခိခိx၁၀၀၀

    ဟိဟိx၁၅၀၀

    ခင်လို ့ချတာနော်…..အဲလေ…စတာနော်

    ကိူတိုက်…ဆိတ်မခိူးဘူးနော်

    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

  • အလင်းဆက်

    May 7, 2013 at 8:01 pm

    ရွှေတိုက်တို ့ကတော့..လုပ်ချလိုက်ပြန်ပြီ ။

    ဖြေသေးဘူး…။ ပြန် စဉ်းစားရဦးမယ်..။
    :kwi;

  • ဦးကြောင်ကြီး

    May 8, 2013 at 8:28 am

    သဂေါင်စာရင်း
    ကြောင်မင်း
    ယောင်တင်း
    မှောင်ဗျင်း
    ရှောင်ကွင်း
    လောင်ထင်း
    ပြောင်စင်း
    နောင်ဒင်း..

  • surmi

    May 8, 2013 at 10:35 am

    လျှို ့ဝှက်မေးခွန်းများသာ ဖြေဆိုမည်ဖြစ်ပါကြောင်း ……

    • ဒါဆို လျှို.ဝှက်တွေ.ဆုံ စကားပြောမှရမည်ဖြစ်ပါကြောင်း………. ညနေဘယ်ဆိုင်မှာတွေ.မလဲ ကိုရင်ဆာမိ…

      • surmi

        May 8, 2013 at 10:51 am

        ညနေတိုင်း ညတိုင်း ဂျူတီဝင်ရပါသဖြင့်
        နေ ့လည် 1 နာရီမှ ညနေ 3 နာရီအတွင်းသာ …. 🙂
        မင်္ဂလာဒုံ လေတပ်ရိပ်သာအနီးရှိ “”ကောင်း”” လက်ဘက်ရည်ဆိုင်၌ ရှိနေတတ်သည် ဖြစ်ပါကြောင်း …
        :kwi:

  • kaung kin pyar

    May 8, 2013 at 11:04 am

    ရီရဒယ်…ဟား..ဟား…ဟားးးးးး။ ဟာသစာအုပ်ငှားမဖတ်တော့ဘူး..။ ရွာထဲပဲ ဝင်မွှေတော့မယ်…။

    • တိန် သူပြောမှ သများလဲ လူပြက်လုံးလုံးဖစ်တော့ဒါဘဲအေ……… ဒီက အတည်ပြောဒါ အတည်ပြောဒါ.. လာမနောက်နဲ.နော် ငိုမှာဗျ……….. ဗြဲဗြဲ

  • GaviaGirl

    May 8, 2013 at 11:22 am

    နံပတ် (၂၈) သည် ရွာသူများဖြေဆိုရန် မကိုက်ညီပါ… ယောက်ျားများအတွက်သာဖြစ်သည်… ထို့ကြောင့်… တစ်ဖက်သတ်ဆန်သော မေးခွန်းဖြစ်ပါသဖြင့် မည်သည့်မေးခွန်းကိုမှ ဖြေဆိုတော့မည် မဟုတ်ပါဂျောင်း..

    ဒါဗျဲ.. ဖြေဝူး… :kwi:

    (ဟိဟိ… အဲ့လိုပဲ မဖြေရအောင် ပတ်ရှောင်ကြည့်တာ.. ရမလားလို့..)

    • အောင်မလေးလေး မဖြေချင်မဖြေချင်ဘူးပြောဘာအေ…….. မေးခွန်း ၂၈ ကို ထပ်ဖြည့်ရင် ယောင်္ကျားဘယ်နှစ်ယောက် ရှိသလဲ မေးလို.မှ မရဒါအေ့.. ဆင်ဆာမိသွားမှာပေါ့….
      ဘယ်နှယ့်အေ……… နာမေးထည့်လိုက်ရ နာဒေါ့မယ်……… ဟွင်းဟွင်း
      အလီဘာဘာဂဲတော့……

      • S@i S@i Fin K@i

        May 8, 2013 at 11:33 am

        မေးသာမမေးတယ်.. အုခ် … သူလုပ်မှ ပိုဆိုးတော့တယ်..
        အလီဘာဘာနဲ့ ခိုးသား xxx

        ပြေးဘီဗျို့….
        ဝှစ် ..ဝှစ်.. (ပေါက်ဖော် အမှတ်တရ…)

        • GaviaGirl

          May 8, 2013 at 4:39 pm

          မတိဝူး..လစ်ဘရယ်ပဲ..မေးမယ့်မေး မျှမျှတတမေး… ခိခိ… (အနိုင်ပိုင်းတာ..)
          တီတီတွေ..မမတွေ ချိတ်မချိုးနဲ့နော်…

          စကားအတင်းစပ်..ကြော်ငြာဝင်ရင်တော့ ခုချိန်ထိ..အော်မေ့ဂိုဏ်းဝင်ဘာ… ဒါဗျဲ… :harr:

  • kaung kin pyar

    May 8, 2013 at 11:34 am

    ဦးတိုက်ကလဲ…၁ဝအိမ် ဂေါင်းကြီး ဖစ်နေပြီး ဒီလောက်ဒေါကြီးရလား….။ စိတ်လျှော့ပါ….။

    • အော်သမီးရယ် ၁ဝအိမ်နဲ.ဂေါင်းကိုတွဲပြောရဒယ်ကွယ့်…. သမီးက ခွဲပြောတော့ အုအု ဟိုဒင်းကြီးဖစ်တွားမှာပေါ့လို……… အဟင့်အဟင့်အဟင့်
      စိတ်ကလျော့လို.မရဘူး……. လူထက်တိုတယ်……..အဟိ

  • Good™

    May 8, 2013 at 12:25 pm

    မေး။ ။၃၄။ ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာ၊ ဒဗလူစီဒီအမ်အေ၊ ကြိုးဖုန်း ထွက်သမျှအကုန်သုံးဖူးလား။
    ဖြေ။ ။ဘာဖုံးမှ အပိုင်မရှိဘူး။ ၁၅၀ဝ cdma လည်း ရာအိမ်မှူး နဲ့ မတည့် လို့ မဲ မပေါက်ဖူး။

  • Mr. MarGa

    May 8, 2013 at 1:53 pm

    မနေ့က အားရပါးရ ဖြေထားတယ်
    ဒါပေမင့် မှားနှိပ်မိတာ ပျက်သွားပြီ
    ဒါကြောင့် အခု ပြန်ဖြေတယ်
    ဆိုတော့
    မေးခွန်းတစ်ခုပဲ ဖြေနိုင်မယ်
    မေးခွန်းနံပါတ် ၈။
    နှစ်တစ်ထောင် ကျိန်စာ မိနေတဲ့ နိုင်ငံရဲ့ အမြန်ဆုံးလို့ ဆိုရမယ့် ကော်နက်ရှင်နဲ့ပဲ သုံးတယ်ကွယ်
    ဒီမှာ စစ်ကြည့်လိုက်
    http://www.speedtest.net/result/2630699970.png
    :harr:

  • မယ်ဘုတ်

    May 8, 2013 at 2:56 pm

    အကုန်လုံးကို မှန်မှန်ကန်ကန် ဖြေမယ်ဆိုရင်ရော …
    ဘာဒွေများဆုချမှာပါလဲ ဦးဂေါင်းကြီး ချင့် …. :kwi:

    • ဆုတော့ချမှာပေါ့အေ……ဒါပေမယ့် ဆယ်အိမ်လေးတော့ ပြန်ဖြည့်ခေါ်ပါအေ.. ညည်းနှယ့်
      ဘယ်နှယ့် ဂေါင်းကြီးချင့် ဒုံး……. အဟင့် အသဲယားထာ……..

  • အရီးခင်လတ်

    May 8, 2013 at 3:32 pm

    မယ်ဘုတ် ပြောတာ နည်းလမ်းမှန်တယ်။
    သူများ တွေ ဆီ မှာ ဆိုရင် အဲလို မေးခွန်းတွေ ဖြေရင် အနည်းဆုံး ကံစမ်းမဲ ဖောက်ပေးတယ်။
    ကံစမ်းမဲ ဖောက်ပေးရင် ဖြေမယ်။

      • အရီးခင်လတ်

        May 8, 2013 at 3:53 pm

        စောဒီးပါတော်။
        မေးခွန်းတွေ အပြီး မှတ်ချက်တွေ ကို ကျော်ဖတ် မိလို့။
        စာမကျေတာ လူမိသွားပြီ။ 😆

  • TNA

    May 8, 2013 at 4:13 pm

    နာ့ကွန်နက်ရှက်နဲ့ဖြေရရင်တော့အေ။ ဒီမေးခွန်းတွေဖြေဖို့ ၁ဝ နှစ် ၁ဝ နှစ်ဆိုတာလိုဖြစ်နေဘီအေ။ ကွန်နက် ရှင်များပြောချင်ပေါင်။ ရွာထဲဝင်မရတာ ၃ရက်ရှိပြီ။ နောက်နေ့မှဖြေမယ်အေ။ ဖုန်းကဒ် နာ့ဖို့ထားလိုက် 😀

  • ကိုရင်စည်သူ

    May 8, 2013 at 6:19 pm

    ကိုတိုက်စိုးမေးခွန်းတွေက အတ္တကျော်ရေးတဲ့ စာအုပ်တွေထဲက
    လူတွေရဲ့ စိတ်သဘောကို လှည့်ထားတဲ့အမေးပုံစံမျိုးလေးတွေပဲ…
    တစ်ခုတော့ ဖြေသွားမယ်ဂျ… :mrgreen:
    ၂၂။ သူကြီးပေးတဲ့ လက်ဆောင် အကြီးကြီးတွေ ရဖူးသလား။
    ရဖူးပါတယ်.. ပန်းရင့်ရောင်တီရှပ်အင်္ကျီပါ… အဆင်ကလည်း ဒီရုပ်ရည်ကို နုလို့ထင်တယ်..
    ပေါင်၁၇ဝ ခန်ဒါကိုယ်နဲ့ မတော်လို့ အမှတ်တရ.. တကူးတက ကမာ္ဘပတ်သယ်နေကြောင်းနဲ့…
    နောက်များ ကံထူးလို့ ရခဲ့ရင်လည်း ကြီးကြီးလေးတွေသာ အားလုံးကို လက်ဆောင်ပေးစေလိုပါကြောင်း။
    ရွာထဲက ရွာသူားများအားလုံး ဆိုဒ်… အကြီးကြီးတွေသာဖြစ်ကြောင်း.. :kwi:

  • လင်းဇော် ထက်

    May 10, 2013 at 11:03 pm

    မေးခွန်း၂၈ ကို ဖြေသွားမယ် တစ်ယောက်မှ မရှိဘူးးးးးး တစ်ခါတည်းဖြေထားမယ် အဲ့ဒီမေးခွန်း နှောင် လေးငါးနှစ် မမေးနဲ့ ဒါဗြဲ 😆

  • သူကလေး

    May 11, 2013 at 1:54 pm

    သူဂလေးကျတော့လေ .. ရွာထဲဝင်တာ ၁လစွန်းစွန်းလေးပဲရှိသေးတော့လေ
    ဒီတော့ဂါ….ဖြေလို့ရလားလို့ပေါ့နော် .. အဲဒါ အရင်လာမေးတာ 😀

    • အမလေး ၁လမကလို. ၁ပတ်ဖြစ်အုံး ဖြေလို.ရပတော်……….
      သူကလေး
      ဘူပေး..
      ရှုဆေးလေးတော့
      ယူပေးပေါ့နော……….. ခိခိခိ

  • kyaw hteik

    May 16, 2013 at 11:39 pm

    ရွှေတိုက်တို့များ လည်ချက် ဇနီးရမှကော်မန့်များများရတဲ့ ပို့တင်ပြီ
    စီးပွားရှာတယ်။
    စိတ်မဆိုးရဘူးနော် မှန်တာပြောလို့။

    • ဟုတ်ကဲ့ မဆိုးပါဘူးခင်ဗျ….. မှန်တာစွတ်မပြောနဲ.နော် ရွာပြင်ထုတ်ခံနေရအုံးမယ်……ဟိဟိဟိ

Leave a Reply