သမီးတို့ရေ

သမီးရေ

အပြီးဖြေရမယ့် မေးခွန်းမဟုတ်ပေမယ့်

အရှုပ်တွေရဲ့ ရာဇဝင်ထဲမှာ

သမီးတို့ကို မပါစေချင်

တစ်ခါလေလျင် ဘဝဆုံးတတ်

အပြုံးရပ်မယ့် ဘဝမျိုး

ဘယ်တိုးလို့ဖြစ်မလဲ

မိုးလေတစ်ခွင်ထဲမှာ

ဘယ်အရာဟာ အဆိုး

ဘယ်အကျိုးက ဘယ်လိုအကြောင်း

ကောင်းကောင်း သိဖို့လို

အဖေဆိုတာ အမေလိုပါထိန်းနေရ

သိကြသကွဲ့ဆိုရင်

အဖေ ကြင်ရကျိုးနပ်ပြီကွယ် ၊

 

Untitled-1

30 comments

  • Myo Thant

    May 7, 2013 at 2:03 pm

    ကျုပ်က ရှောင်လင်သိုင်းကားတွေ အတွဲလိုက် ကြည့်ထားတာနော်

    • ဒီဂလည်း
      ပတ်ကွေ့ရှောင် သိုင်းကျမ်းကို
      အရေကျိုပြီး တောက်ထားဒူဘာဂျ …
      ငွင်းး ငွင်း .. :mrgreen:

      • Myo Thant

        May 7, 2013 at 2:16 pm

        ဒွတ်ခပါလားကွယ်

        ဖြစ်ဖူး ဖြစ်ဖူး သဂျီးကို တိုင်မယ်

        သဂျီးရေ . . . . .

  • ဗုံ ဗုံ

    May 7, 2013 at 2:17 pm

    ဟိုက်စ် .. ကောင်းကောင်းဘဲ ချောတယ်မှတ်နေတာ ယောင်းမလေးတွေလည်း လှတယ်ဟ.. :mrgreen:
    ယောက်ခမဂျီးနှယ် ရွာထဲက နူးဘား ဂိုဏ်းသားတွေကို မကြောက်ဘူးလား …. အိုက်ဒီအပေါ်က သဂျိုးကြီး အဆိုးဆုံးဘဲ… :mrgreen: :mrgreen:

    • Myo Thant

      May 7, 2013 at 2:21 pm

      ငါကိုက မှားတာပါ ချွေးမလေးရယ်

      ဒီလူဆိုးတွေရှိနေတာ မေ့ပြီးတင်မိပြီ ၊

  • KZ

    May 7, 2013 at 2:24 pm

    အဟမ်း။
    ကိုမျိုးသန့်ကြီး…
    အနော့မှာလည်း မောင်ဂလေးတွေ အများဂျီး အားဂျီးရှိတယ်။ :mrgreen:

    • Myo Thant

      May 7, 2013 at 2:28 pm

      နောက်တစ်ယောက် လာပြန်ပြီဗျို့

      စီဗီတင်ခိုင်းရမလိုဖြစ်နေပြီ

      🙂

  • P chogyi

    May 7, 2013 at 5:39 pm

    ကျွန်တော့မှာ သားနှစ်ယောက်ရှိတာမပြောဘူးနော်။

  • ဦး ကျောက်ခဲ

    May 7, 2013 at 5:56 pm

    ဆရာကိုမျိုးသန့်တော့ မွှားပြီ… အဲ မှားပြီ…
    ရွာထဲမှာ နှူးဘာဂိုဏ်းသားတွေ ဒီလောက်များတာ…
    များမကြာမီ သာမီးလေးတွေ ကြောင်ခြစ်ခံရတော့မည်… မျှော်
    ဟီ ဟိ :harr:

  • Mr. MarGa

    May 7, 2013 at 6:32 pm

    ဦးဦး မျိုးသန့်
    ဦးဦး မျိုးသန့်
    ရွာထဲက ကာလသားတွေကို စိတ်မချရလို့
    အဲဒီ နှစ်ယောက်လုံးကို ဦးမာဃ နတ်ပြည်ကို မ သွားပဗျို့ :mrgreen:

  • မောင် ပေ

    May 7, 2013 at 7:22 pm

    ရီးရဲ ဆလင်း မောင်ပေ ပလိစ် စတန် အပ်
    ဟီဟိ
    စကားမငရုတ်
    ဦးရီးသန် ့ … နေကောင်းလား
    စားပြီး ပြီလား
    နောက်တစ်ခါ မန်းတလေး လာရင် သူရို ့လေးတွေ ပါ ခေါ်ခဲ့ရမယ်နော

  • Myo Thant

    May 8, 2013 at 12:08 am

    ဒီလောက် သဂျီးကိုအော်ခေါ်နေတာတောင် မကြားမှတော့

    ရွာထဲ လူဆိုး ဝင်တာ မဆန်းလောက်တော့ပါဘူး၊

    အဲဒါ သဂျီးအပြစ် မဟုတ်ဘူးလို့ ငြင်းချင်ရင်

    အပြစ်မတင်နဲ့

    ရာအိမ်ခေါင်းဘွဲ့

    ငါ ယူလိုက်ရပြီကွယ် ။

    • kai

      May 8, 2013 at 12:26 am

      ရွာ့ကွမ်းတောင်ကိုင်လုံမပျိုများအဖြစ်.. စာရင်းထည့်လိုက်ရမလားဟင်င်င်.. :kwi:

      • Myo Thant

        May 8, 2013 at 12:45 am

        သဂျီးရေ

        အတော်ဆိုးတဲ့ ၆ မျက်နှာ မပါရင် စိတ်ချပြီဗျာ ၊

        ဒါနဲ့ စကားမစပ် သဂျီးမှာ သမီးတွေရှိတယ်ဆိုလား

        သား သား သိတတ်ဘူးနော် ။

        🙂

  • ဝင့်ပြုံးမြင့်

    May 8, 2013 at 1:11 am

    ကိုမျိုးသန့်ရေ
    “တဲပေါ်မှ တိုက်ပေါ်သို့ ”ပို့စ်မှာကတည်းက မန့်ချင်တာပါ။ ဝင်မရလို့။ ဆရာမကြီးကော နေကောင်းပါရဲ့လားလို့ မျှစ်ကြော်ပြုံး နှုတ်ဆက်လိုက်ကြောင်း ပြောပေးပါနော်။ မျှစ်ကြော်ပြုံးတို့ ငယ်ငယ်က ဆရာမကြီးစာတွေနဲ့ ကြီးလာခဲ့တာပါ။
    ကိုမျိုးသန့် သမီးလေးတွေလည်း အချောလေးတွေပဲနော်။

    • Myo Thant

      May 8, 2013 at 8:52 am

      ဟုတ်ကဲ့
      အမေ့ကိုပြောလိုက်ပါ့မယ်ဗျာ

  • မင်းမင်း

    May 8, 2013 at 10:11 am

    သမီးတို့ရေ။ဘာမှဟုတ်ဘူး။ခေါ်ကြည့်တာပါ။ဟီး

  • ဦးကြောင်ကြီး

    May 8, 2013 at 10:57 am

    သမီးတို့ရေ
    ညည်းတို့အဖေ
    ဖြီးလို့နေ
    တီးပို့စေ..

  • kaung kin pyar

    May 8, 2013 at 1:44 pm

    ်ဦးမျိုးသန့်ကြီးရဲ့ သားသမက်ဖြစ်ရေး တန်းစီသူတွေ များနေပြီ…။ ခေါင်းခေါက်ပြီးသာ ရွေးလိုက်တော့ ဦးမျိုးရေ…..။ ခေါက်ရင်လဲ နာနာလေး ခေါက်ပါ…။

    • Myo Thant

      May 8, 2013 at 1:52 pm

      ဪ . . .

      သမီးရှင်ဘဝက အတော်မျက်နှာပွင့်တာပါကလား

      သို့ပေသည့်

      အရွေးမှားသည့်နောက်မယ်

      ကြောက်စဘွယ် နောင်တ တရားတွေနဲ့မို့

      စဉ်းစားလို့ဖြင့်နေဦးမည် ၊ 🙂

  • kaung kin pyar

    May 8, 2013 at 2:15 pm

    စဉ်းစားရင်းနဲ့ ဦးမျိုးသမီးဒွေ ပျိုဂျီးဒွေ ဖစ်တော့မယ်….။ ငါ့အဖေနဲ့ ဦးမျိုး ပေးမတွေ့မှ ဖြစ်တော့မယ်…။

    • Myo Thant

      May 8, 2013 at 2:34 pm

      ( ငါ့အဖေနဲ့ ဦးမျိုး ပေးမတွေ့မှ ဖြစ်တော့မယ် )

      သူ့အဖေက ဘူပါလိမ့်

      ဂေါင်းစားသကွယ်

  • သူကလေး

    May 8, 2013 at 2:38 pm

    အူးမျိုးသန့်
    အဲဒါ တကယ်ကြီး အူးမျိုးသန့်သမီးတွေလား
    ချစ်ချာလေးတွေတော့ .. အဲဒါမှန်းသိ ယောကျာ်းလေးဖြစ်ပါရစေလို့
    အရင့်အရင်ဘွက ဆုတောင်းခဲ့ပါတယ်စ် 😀

    • Myo Thant

      May 8, 2013 at 2:48 pm

      သားလေးလည်း ရှိသေးတယ်

      ဒါပေမယ့် သူကလေး နောက်ကျတယ်

      ဗုံဗုံ ဦးသွားပြီကွယ် 🙂 🙂 🙂

  • kyeemite

    May 8, 2013 at 3:04 pm

    ကိုမျိုးသန့်နှယ်…ကျားမကြောက် ၊ ကြောင်မကြောက် :kwi:

    “တစ်ခါလေလျင် ဘဝဆုံးတတ်
    အပြုံးရပ်မယ့် ဘဝမျိုး
    ဘယ်တိုးလို့ဖြစ်မလဲ”…တဲ့
    ဒီအပိုဒ်လေးတော့ကြိုက်တယ်ဗျာ..

    • Myo Thant

      May 8, 2013 at 3:15 pm

      ကျားဆို ကိုးတောင်ကျားမကလို့ ဘီယာကျားပဲဖြစ်ဖြစ်

      ကြောင်ဆိုလည်း ကြောင်ကြီးမကလို့ ကြောင်ဝတုတ်ပဲဖြစ်ဖြစ်

      ကြောက်ဘူး 🙂 🙂 🙂

  • Ma Ei

    May 8, 2013 at 4:59 pm

    အချောလေးတွေပဲ..
    ဒီအဖွား နဲ့ အဖေရဲ့ အရိပ်အောက်က
    ကလေးတွေဆိုတော့ လိမ္မာပြီးသားဖြစ်မှာပါ…
    မြင်ရတာတော့ ပွင့်လင်းထက်မြက်သူကလေးနဲ့
    တည်ကြည်အေးချမ်းသူလေးလို့ ခံစားရပါတယ်…

  • နေဝန်းနီ

    May 8, 2013 at 9:34 pm

    သမီးတွေရှိတာ လာကြွားတော့ ပြန်အစခံလိုက်ရတာပေါ့ ရွာသားတွေက ဒါမျိုးဆိုရင် သွက်ကသွက်ဆိုတာလည်းသိသားနဲ့…..။

  • Myo Thant

    May 9, 2013 at 9:16 am

    ရွာသားတွေထဲမှာ ဘယ်သူ အတက်ကြွဆုံးဖြစ်မလဲ စမ်းကြည့်တာ ၊

    ခု သိပြီ ၊ ဝေးဝေးရှောင် သတိဆောင်ရမယ့်သူကို ၊

Leave a Reply