အမျိုးသားအမျိုးသမီးများအတွက် ကင်ဆာရောဂါ ကာကွယ်ကုသဆေး ဆိုတာလည်း ပေါ်လာခဲ့ပါပြီ

etoneJuly 27, 20101min832

အမျိုးသားအမျိုးသမီးများအတွက် ကင်ဆာရောဂါ ကာကွယ်ကုသဆေး ဆိုတာလည်း ပေါ်လာခဲ့ပါပြီ

ရင်သားကင်ဆာ၊ အူလမ်းကြောင်းကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ အပါအဝင် ကင်ဆာရောဂါ အတော်များများကို ဆေးထိုးကုသရုံဖြင့် ပျောက်ကင်းစေနိုင်မည့် ဆေးတစ်မျိုးကို Middlesex University မှ ဆေးသိပ္ပံပညာရှင်များမှ
တီထွင်လိုက်နိုင်ပြီ ဖြစ်သည်။ အဆိုပါဆေးကို ဇူလိုင်လ ၁၂ ရက်နေ့က တရားဝင်
ထုတ်ပြန်ကြေငြာနိုင်ခဲ့သည်။

ယခုစမ်းသပ်အောင်မြင်သွားသော ဆေးသည် ကင်ဆာအလုံးအကျိတ်များကို ရှုံ့တွကြေပျက် သွားစေပြီး ပျံ့ပွားမှုကိုလည်း
ရပ်တန့်စေနိုင်သည်အထိ အစွမ်းထက်မြက်မှု ရှိသည်ဟု သိရသည်။
ထိုဆေးသည် စဖြစ်ခါစ လူနာများတွင် ကာကွယ်ဆေးအနေနှင့်ပါ သုံးနိုင်မည်ဟု သိရပြီး
ကင်ဆာရောဂါကြောင့် သေဆုံးမှု ထောင်ပေါင်းများစွာကို အကာအကွယ်
ပေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုဆေးကို ဖန်တီးသူ ပါမောက္ခ Ray Iles
က ဝမ်းသာဂုဏ်ယူစွာ ပြောပြသည်။

ထိုဆေးကို ကမ္ဘာတစ်ဝန်း ဆေးဈေးကွက်တွင် ကျယ်ပြန့်စွာ လွယ်လင့်တကူ ရောင်းချနိုင်ရန်အတွက်
အစီအစဉ်များ စီစဉ်ဆောင်ရွက်နေသော်လည်း တွင်ကျယ်စွာ နေရာတိုင်းတွင်
သုံးနိုင်ရန် အတွက်မူ နှစ်နှင့်ချီ၍တော့ စောင့်ဆိုင်းရဦးမည်ဟု သိရသည်။

(မည်သို့ပင် ဆိုစေကာမူ လက်ရှိကမ္ဘာ့အန္တရာယ်အကြီးဆုံး ရောဂါကြီး ဖြစ်သော ကင်ဆာရောဂါများကို ကာကွယ်ကုသ ပျောက်ကင်းနိုင်မည် ဖြစ်သော
ဆေးပေါ်လာခြင်းသည် ဤကမ္ဘာကြီးအတွက် မင်္ဂလာသတင်းတစ်ပုဒ် ဖြစ်ပါသည်။
ကမ္ဘာ့ဟောကိန်းပညာရှင်များ ဟောခဲ့သည့် “၂၀၅ဝ မတိုင်ခင်
ကင်ဆာရောဂါကုသနိုင်သောဆေး ပေါ်ပေါက်မည်” ဆိုသော အချက်တစ်ချက်လည်း
မှန်ကန်ခဲ့ပြီဟု ဆိုနိုင်ပါသည်)
လက်ရှိ ကမ္ဘာ့လူသားများ၏ ဓာတုပစ္စည်းများနှင့် နေ့စဉ်ထိတွေ့နေရသော
လူနေမှုပုံစံကြောင့် ဆေးပညာမည်မျှပင် တိုးတက်နေပါသည်ပြောပြော
ကင်ဆာရောဂါများကြောင့် သေဆုံးမှုသည် နှစ်စဉ် ဆတိုးမြင့်တက် လာနေသည်သာ
ဖြစ်ပါသည်။ ဥပမာ ဆိုရလျှင် အမျိုးသားများတွင် အဖြစ်အများဆုံး
ကင်ဆာများထဲမှ စတုတ္ထအဖြစ်အများဆုံး ဆီးအိမ်ကင်ဆာကြောင့်
ဗြိတိန်တစ်နိုင်ငံတည်းတွင်ပင် နှစ်စဉ်အမျိုးသား ၅၀၀ဝ သေဆုံးနေကြရသည်။
ထိုကင်ဆာမျိုးသည် ရောဂါရှိကြောင်း စသိရပြီဆိုလျှင်ဖြင့် အလွန်ဆုံး
နောက်ထပ်နေရလျှင်မှ ၅ နှစ်သာ ဖြစ်သည်။

အမျိုးသားတွေ စတုတ္ထအဖြစ်အများဆုံးကင်ဆာ ဖြစ်တဲ့ ဆီးကျိတ်ကင်ဆာကို စကုတ်ကြည့်ထားတဲ့ ပုံတွေပါ
ထို့အတူ ပန်ကရိယကင်ဆာကြောင့်ပင် နှစ်စဉ် ဗြိတိန်လူမျိုး ၇၆၀ဝ ခန့် သေဆုံးနေရသည်ဟု စာရင်းဇယားများ အရ သိရသည်။ ထိုရောဂါ၏
မျှော်မှန်းသက်တမ်းသည်လည်း အလွန်ဆုံး ၃ နှစ်သာ ဖြစ်ပြီး လပိုင်းအတွင်းပင်
အသက်ဆုံးနိုင်ပေသည်။ ဗြိတိန်နိုင်ငံ၏ အဖြစ်အများဆုံး ဖြစ်သော
ရင်သားကင်ဆာသည်လည်း နှစ်စဉ် အမျိုးသမီး ၄၅,၀၀ဝ ခန့်တွင်
တွေ့ရှိအတည်ပြုနေရပြီး တစ်လလျှင် လူတစ်ထောင်နှုန်း သေဆုံးသည်အထိ
ဆိုးဝါးမြင့်တက်နေရာ ယခုဆေးသည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်းစုံမှ
လူသားပေါင်းများစွာအတွက် မည်မျှတန်ဖိုးရှိမည်ကို မှန်းဆနိုင်သည်။

ကင်ဆာဆဲလ်နဲ့ ရိုးရိုးဆဲလ် နှိုင်းယှဉ်ပြထားပုံပါ
ကိုယ်တွင်းကလီစာကင်ဆာ အချို့သည် ကိုယ်ဝန်ဆောင်များတွင်မှ ထုတ်သော
human Chorionic Gonadotropin(hCG) ခေါ် ဟော်မုန်းတစ်မျိုးကို
လိုက်ထုတ်ကြသည် ဟူသော အချက်ကို အခြေခံ၍ ယခုဆေးကို တီထွင်နိုင်ခဲ့ခြင်း
ဖြစ်သည်။ (ကိုယ်ဝန်ရှိမရှိ ဆီးစမ်းပစ္စည်း ဆိုသည်မှာ hCG
ရှိမရှိကိုစစ်ခြင်း ဖြစ်သည်) ရင်သား၊ဆီးအိမ်၊ပန်ကရိယ၊အူ၊သား

ဥအိမ်နှင့် သားအိမ်ခေါင်းကင်ဆာများတွင် hCG ဟော်မုန်းကို ထုတ်ကြောင်း နှင့် ထိုဟော်မုန်းသည် ကင်ဆာဆဲလ်များ
ကြီးထွားရေးနှင့် ပျံ့ပွားရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း Middlesex
University သုတေသီတစ်ဦးဖြစ်သော ပါမောက္ခ Ray Iles က တွေ့ရှိခဲ့သည်။
ထို့ကြောင့် ခုခံစားစနစ်ကို ပြောင်းလဲ ကောင်းမွန်စေကာ hCG ဟော်မုန်းကို
ဖျက်ဆီးဟန့်တားနိုင်သော ထိုးဆေးတစ်မျိုးကို တီထွင်နိုင်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။ ထိုဆေးသည် hCG ဟော်မုန်း၏ သတ္တိကို ပိတ်ပင်တားဆီး
လိုက်သောကြောင့် ကင်ဆာဆဲလ်များကို ရှုံ့တွသေဆုံးသွားစေပြီး
ရောဂါပျံ့နှံ့ခြင်းကိုလည်း ထိရောက်စွာ ပိတ်ပင်တားဆီးနိုင်သော
အစွမ်းရှိကြောင်း တွေ့ရှိရသည်။

ကင်ဆာဆဲလ်တွေ ပျံ့နှံ့ပုံကို ပန်းချီနဲ့ သရုပ်ဖော်ထားတာ ဖြစ်ပါတယ်
ကျွန်တော်တို့ နေထိုင်နေသော ကမ္ဘာကြီးပေါ်တွင် နှစ်စဉ် လူပေါင်း ၁၅၅,၀၀ဝ သည် ကင်ဆာရောဂါများကြောင့် သေဆုံးနေရခြင်း ဖြစ်ပြီး အများဆုံးသေဆုံးရသော
အကြောင်းရင်းမှာ စဖြစ်သော ခန္ဓာကိုယ် အစိတ်အပိုင်းမှ ကင်ဆာကြောင့် မဟုတ်ဘဲ
ကင်ဆာဆဲလ်များပျံ့နှံ့ခြင်း (Metastasis) ကြောင့် ဖြစ်ပါသည်။ ထိုဆေးသည်
ထိုအချက်ကို မည်သည့် အတိုင်းအတာအထိ တားဆီးနိုင်မည်ကို ကျွန်တော်တို့
စောင့်ကြည့်ရဦးမည်သာ ဖြစ်ပါသည်။
တိရိ စ္ဆာန်များတွင် စမ်းသပ်စစ်ဆေးမှုများအရ လွန်စွာအစွမ်းထက်သည် ‘extremely good’ ဟူသော
ရလဒ်ရရှိခဲ့ပြီး လူသားများနှင့် စမ်းသပ်မှုတွင်လည်း ဘေးကင်းသည်ဟူသော
အခြေရရှိခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ဗြိတိန်တွင် ဆီးအိမ်ကင်ဆာ
စတွေ့တွေ့ချင်း လူနာ ၆ဝ ကို ဤဆေးနှင့် စတင်ကုသနေပြီ ဖြစ်ပြီး အမေရိကန်တွင်
ရင်သားကင်ဆာတအတွက် စတင်သုံးစွဲနေပြီဟု ပြီးခဲ့သော ရက်ပိုင်းက
သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိခဲ့သည်။
ဤဆေးသည် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းတစ်မျိုး ဖြစ်သော hCG ကို ဟန့်တား
ဖျက်ဆီးသောကြောင့် ဘေးထွက်ဆိုးကျိုး အနေဖြင့် အမျိုးသမီးများ၏
ကလေးရနိုင်စွမ်းကို ယာယီဟန့်တားထားမည် ဖြစ်သော်လည်း ကုသမှု
ပြီးဆုံးပြီးလျှင် တစ်နှစ်အတွင်း ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း
သိရသည်။
(ကင်ဆာဟုသာ ခြုံ၍ ခေါ်သော်လည်း ကင်ဆာရောဂါအချို့သည် ဖြစ်ရသော အကြောင်းအရင်း၊
ရောဂါပုံစံ၊ ပျံ့ပွားပုံ စသော အချက်တော်တော်များများ၌ တစ်မျိုးတစ်ဘာသာ
ကွဲထွက်နေရာ မည်မျှ အစွမ်းထက်သည် ဖြစ်စေ ကင်ဆာဆေး တစ်မျိုးတည်းနှင့်တော့
လူသားများ၏ ကင်ဆာရောဂါမျိုးစုံ ၁၀၀% ကို ကုသပျောက်ကင်းနိုင် ဖို့ရာတော့
မလွယ်ကူလှကြောင်း ဗဟုသုတအဖြစ် ဖော်ပြအပ်ပါသည်)

သူငယ်ချင်းမိတ်တွေများကိုကျန်းမာရေး ဗဟုသုတရစေရန်သာ ရည်ရွယ်ပါသည်
တခြားမည်သည်စိတ်ကူးမျှမရှိပါ.

ကျန်းမာပျော်ရွှင်သောဘဝများပိုင်ဆိုင်နိုင်ကြပါစေ..

——– copy from post.

2 comments

  • alfred

    August 16, 2010 at 4:09 pm

    တော်တော် ဝမ်းသာစရာကောင်းတဲ့ ကိစ္စပါ။ အရင်တုန်းကဆိုရင် ကင်ဆာဆိုတာနဲ့ လူတွေလန့်နေကြတာ။ ပြီးတော့ သိဖို့ဆိုတာကလည်းမလွယ်တော့ ကင်ဆာဖြစ်တာနဲ့သေတာများပါတယ်။ အခုတော့ ဆေးထွက်တော့မယ်ဆိုတော့ တော်တော် ဝမ်းသာဖို့ကောင်းပါတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့လူတွေ အတွက်တော့ ဝမ်းနည်းစရာပါပဲ။ သူတို့အတွက် မှီနိုင်လိမ့်မယ်လို့မထင်ပါဘူး။ ဆေးတွေကို စီးပွားဖြစ်မြန်မြန်ထုတ်နိုင်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရသည်မဟုတ်ပေမယ့် ကျွန်တော်အမေ သားအိမ်အကျိတ်ဖြစ်တုန်းက ကင်ဆာမဟုတ်ခဲ့ပေမယ့် တော်တော်ပူပန်ခဲ့ရတာကြောင့် ကင်ဆာရောဂါဝေဒနာရှင်များကို နားလည်ပါတယ်။ ထို့ကြောင့် ဒီသတင်းကို လူတိုင်းသိသွားအောင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသင့်တယ်လို့ထင်ပါတယ်။ ခံစားနေရသူတွေ အတွက် အားဆေးတစ်မျိုးလည်းဖြစ်နိုင်လို့ပါ။ ကျွန်တော် ဝက်ဆိုက်မှာလည်းဖြန့်ဝေလိုက်မယ်နော်။

  • Pyaung Gye

    August 17, 2010 at 1:42 am

    လူသားအားလုံး အတွက်
    မင်္ဂလာရှိသော—- သတင်း တစ်ပုဒ်ပါဘဲ

Leave a Reply