ကောင်းတာလည်း ရှိတယ်။ …….ဆိုးတာလည်းရှိတယ်။

သုရွင္May 7, 20131min1536

ဒီဖက်ခေတ်ကြီးမှာ ဗိုင်းရပ်တစ်မျိုးပြန့်ပွားနေပါတယ်။ အစ္စလမိ္မုဖိုဗီးယားပဲဖြစ်ပါတယ်။ အစ္စလမ်ကြောက်သောရောဂါပင်ဖြစ်သည်။

http://www.islamophobiatoday.com/tag/anti-islam/

အရာရာတွင်အကောင်းအဆိုးဟူ၍ နှစ်မျိုးရှိသည်။ အားသာချက်၊အားနည်းချက်ဟူ၍ ရှိပါသည်။ အစ္စလမ်ဘာသာသည် အစွန်းနှစ်ဖက်တွင် ရှိနေပါသည်။ အလွန်ကောင်းသည့် ကိုယ်ကျင့်တရားနှင့် လူများကို မွေးထုတ်ပေးနို်င်သကဲ့သို့ အကြမ်းဖက်အစွန်းရောက်များကိုလည်း အုံနှင့်ကျင်းနှင့် မွေးထုတ်ပေးနေပါသည်။ အစ္စလမ်သည် အစ္စလမ်မဟုတ်သူတို့ မြင်သ လို ရိုင်းစိုင်းယုတ်မာသည့် ဘာသာဖြစ်သည်ဆိုပါက ကမ ္ဘာ့လူဦးရေ လေးပုံတစ်ပုံမှာ ထိုအယူဝါဒကို လက်ခံနေလိမ့်မည်မဟုတ်ပါချေ။ ထိုသူတို့တွင်လည်း တွေးခေါ်စဉ်းစားတတ်သော ဦးနှောက်ရှိသည်သာ။

အစွန်းနှစ်ဖက်ကို နင်းထားသော ဘာသာတစ်ရပ်အရ extremely sensitive အလွန်အမင်းတုံ့ပြန်လွယ်သော အမြင်ကို ဖြစ်ပေါ်လာစေပါသည်။ ကမ ္ဘာကြီးကို သည်းခြားပိုင်းထုတ် လိုက်သည်မှာ အစ္စလမ်ဘာသာဖြစ်ပါသည်။ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူဟူ၍ ဖြစ်ပါသည်။ မိမိကိုယ်ကိုယ် အသိုင်းအဝိုင်းတစ်ခုအဖြစ်သည်းသန့်ခွဲထုတ်သည့် အခါ လူမှုရေး နယ် ပယ်တွင် ပြဿနာအသေးအမွှားလေးတွေမှသည် ကြီးမားကျယ်ပြန့်သော ပဋ္ဋိပက္ခကြီးများ၊ အဓိကရုဏ်းကြီးများအထိ ကွဲပြားသွားစေပါတော့သည်။

မွတ်စလင်မဟုတ်သူများသည် သင့်တင့်လျှောက်ပတ်သောအခါတွင် ဘာသာတရား၏ အဆုံးအမ များကို လျစ်လျူရှု တတ်ကြသည်။ မိမိတို့ပတ်ဝန်းကျင် အလေ့စရိုက်များကို လွယ်လင့် တကူ ပေါင်းစည်းပြီး ရောထွေးနိုင်ကြသည်။ မွတ်စလင်မှာတော့ထိုသို့လုပ်၍မရချေ။ ဘာသာတရားကပြဌာန်းထားသော တရားများသည် ၎င်းတို့အားလုံးအတွက် ပြင်ပ ဥပဒေ များကပြဌာန်းထားသည် ထက်ပင် ပို၍လေးစားလိုက်နာကြသည်။ ထိုအခါ ခွဲခြားခွဲခြားလုပ်သည်ဟု မွတ်စလင်မဟုတ်သူတို့မြင်လာပါသည်။ ဤပြဿနာသည် မြန်မာတစ် န်ုိင်ငံထဲ တွင်မဟုတ် တစ်ကမ ္ဘာလုံးတွင်ဖြစ်နေသော ပြဿနာဖြစ်သည်။

ဗလီများအတွင်းမည်သူမဆိုလေ့လာ၍ ရအောင် ခွင့်ပြုမည်ဟု မြန်မာနိုင်ငံအစ္စလမ်အဖွဲ့ချုပ်မှကြေငြာစာကိုဖတ်လိုက်ရပါသည်။ ကောင်းသော ခွင့်ပြုချက်ပင်ဖြစ်သည်။ အစ္စလမ်ဘာသာ သည် ထင်သာမြင်သာနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်လာပါက ပို၍သာယာလှပသော အခြေအနေများဖြင့် ပြည့်နှက်နေသော နို်င်ငံတစ်ခုဖြစ်လာမည်ဟု ထင် ပါသည်။ အချို ့မွတ်စလင်ပညာတတ်များတွင်အလယ်အလတ်သဘောထားရှိသူများ များများပေါ်ပေါက်လာပါက အနာဂတ် လက်တွဲနေထိုင်နိုင်ဖို့ အခွင့်အလမ်းပိုများမယ်လို့ ယူဆ မိပါသည်။

ပြင်ပ အစွန်းရောက်များ၏ ကလဲ့စားခြေမည်၊ လက်တုံ့ပြန်မည် ၊ တိုက်ခိုက်ခြေမှုန်းမည်ဟူသောအသံများကို သံယောင်လိုက် အဟုတ်ထင်ပါက နောက်ဆက်တွဲ မတွေးဝံ့စရာများ ဖြစ် လာနိုင်ပါသည်။ ဗမာတို့သည် အလွန်မဲတတ်သော သူများဖြစ်ပါသည်။ ကုလားမနို်င်ရခိုင်မဲ ဆိုသောစကားလည်းရှိပါသည်။ နီးရာလူကို မဲ တတ်သည်။ ဆိုင်သည် မဆိုင်သည် အပ ထား ပြဿနာဖြစ်လာပါက နီးရာလူတော့ ဆော်လိုက်ရမှ ကျေနပ်သည့်လူများဖြစ်သည်။ တစ်နေရာရာတွင် ဗုံးကွဲသည် ဟု အသံကြားကြည့်လိုက်လျှင်သိသာလာပါမည်။ ဘုရားကျောင်းကန်ဖြစ်ဖြစ် ၊ လူစည်ကားရာနေရာပင်ဖြစ်ဖြစ်၊ ပြီးလျှင် ထိုကဲ့သို့ဗုံးထောင် ဖောက်သည်မှ မွတ်စလင်များဖြစ်သည်ဟု တာလီဘန်ကြော်ငြာသလို ကြော်ငြာပါက ပို၍ ဆိုးမည်မှာ မလွဲ ပင်ဖြစ်သည်။

နှစ်ဦးနှစ်ဖက်လုံးအတွက်ကောင်းကျိုးထက်ဆိုးကျိုးများပိုရ နို်င်သည်ကို ဗေဒင်လည်းမေးနေစရာမလို။ နက္ခတ်လည်းကြည့်စရာမလိုပါ။ ၁၀၀% သေချာပါသည်။ သံသယများကို ပို၍ ကြီးထွားသွားစေနိုင်သည့် ပြည်ပအဖွဲ့အစည်းတစ်ချို ့အတွက် ပိုမိုရှုပ်ထွေးသော အဖြစ်အပျက်များဖြစ်လာမည် ဧကံမလွဲပါ။ ပြည်ပရှိမွတ်စလင်တို့သည် အဘယ်ကြောင့် ဤမျှ ဆူပွက် နေသနည်း ဟူသောမေးခွန်းကို ဖြေကြည့်ပါမည်။ပြည်တွင်းမွတ်စလင်တို့ကြောင့်ဖြစ်သည်။ ပြည်တွင်းတွင် အားကိုးစရာမမြင်သည့်အခါ ဓါတ်ပုံအတုများ ဖြင့်မွတ်စလင်များ မျိုးပြုတ် အောင်သတ်နေပါသည် ဟူ၍ ဝါဒဖြန့်သောကြောင့်ဖြစ်ပါသည်။ ဓါတ်ပုံအတုများကို ဤပေ့ချ်တွင်သွားကြည့်နိုင်ပါသည်။ http://ireport.cnn.com/docs/DOC-945746

၈၈ ကျောင်းသားခေါင်းဆောင်ကိုမြအေးက မွတ်စလင်မိန်းကလေးများ ခေါင်းမြီးခြုံသဖြင့် ပတ်ဝန်းကျင်နှင့် သည်းခြားကြီးဖြစ်နေကြောင်း ပြောသွားသည်ကို ဖတ်လိုက်ရပါသည်။ ခေါင်းမြီးခြုံခြင်းကြောင့် ဘာသာရေးအရလည်းကောင်း ၊ တဏှာရာဂကိုထကြွစေသော အဝတ်အစားများကို ရှောင်ကြဉ်ရာရောက်သောကြောင့် ကောင်းပါသည်။ အဝတ်အစားသည် အရေးမကြီးကြောင်း ကိုယ်ကျင့်တရားကသာအရေးကြီးကြောင်း မလေးရှားတွင်ကျင်းပသော အစ္စလမ်တရားပွဲတစ်ခုတွင် တရားဟောဆရာက ဟောကြားသွားသည်ကိုလည်း ကြားလိုက် ရ ပါသည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ စိတ်အရင်းအမှန်ကို အများသိအောင်ကြေငြာခြင်းဖြင့် ပွင့်လင်းမြင်သာမှုဖြစ်လာလျှင်ပိုကောင်းသည်ဟုမြင်ပါသည်။ အရင်က ကျီးထင်ကြောင်ထင် တွေထွက်စာလျှင် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းမှုရှိဖို့လိုသည်ဟုထင်သည်။

164234_547929101926483_187916041_n

မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ။ ဗုဒ္ဓ၏ အဆုံးအမများကို တန်ဖိုးထားပြီးလိုက်နာကျင့်သုံးမည်ဆိုပါက စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနေရမည်ဖြစ်သည်။ ဗုဒ္ဓ ဘာသာဝင်ဖြစ်စေကာမူ ဘုရားအဆုံးအမအတိုင်းမလုပ်နို်င်ရင် နွားမွေးပြီး နွားနိ်ု့ရဲ့အရသာကို မသိတဲ့ နွားကျောင်းသားလိုဖြစ်တဲ့အကြောင်း ဘုရားဟောဖူးတာ ဖတ်ဖူးပါတယ်။ တစ်ခါက မွတ်စလင်ဘာသာဝင် အဖိုးကြီးတစ်ယောက် က သူသေခါးနီးမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို စာအုပ်တစ်အုပ်တိတ်တဆိတ်ပေးတယ် တဲ့။ အဲဒီစာအုပ်က ဗုဒ္ဓဘာသာဝင်တွေ တောင် တော်တော်များများ မသိတဲ့ ဝိသုဒ္ဓိမဂ္ဂ ဆိုတဲ့စာအုပ်ဖြစ်နေတယ် ဆိုပဲ။ အဲဒီအဖိုးကြီးက သူ့သတ်တမ်းတစ်လျှောက်မှာ ဗုဒ္ဓရဲ့ ဟောကြားထားတဲ့ စာပေတွေနဲ့ငြိမ်းချမ်းနေတာပါ။ ဒါပေမယ့် ကိုယ့်ဘာသာ ကိုယ့်သိက္ခာကိုလည်း ထည့်တွက်ရဦးမယ်မဟုတ်လား။ ဒီလိုလူတွေလည်း ရှိတယ်ဆိုတဲ့အကြောင်းပြောချင်တာပါ။

သုရှင်

6 comments

  • ခင်ခ

    May 7, 2013 at 9:51 pm

    ကိုသုရှင်ရေ ပွင့်လင်းစွာပြောချင်တာတစ်ခုက အကြွားပိုကာ မိန်ရေယှက်ရေ
    သတ်တဲ့ကိစ္စကြီးတစ်ခုကတော့ ဆိုးတယ်ဗျာ။ ကျွန်တော်အမြင်မှာပြောတာနော်။

  • သုရှင်

    May 7, 2013 at 10:08 pm

    အင်းဗျာ တတ်နိုင်သလောက် အကောင်းဖက်ကမြင်ကြည့်နေတာပါ

  • ခင်ခ

    May 7, 2013 at 10:30 pm

    ခံယူချက်ခြင်း မတူတဲ့နှစ်ခုကြား ပြသနာငြိမ်းကာ တူယှဉ်တွဲနေဖို့ကတော့
    သူလည်းမရိုင်းလေနဲ့ ကိုယ်လည်း မနှိုင်းလေနဲ့ အဲလိုဖြစ်ဖို့တော့ လိုမယ်ထင်ပါတယ်။
    မြတ်စွာဘုရားက ဥပက္ခာတရားကိုလည်း ဟောထားခဲ့ပါတယ်။

  • padonmar

    May 25, 2013 at 7:11 am

    ကိုသုရှင်ရဲ့ မျှတအောင်ဝေဖန်ချက်လေး သဘောကျပါတယ်။

  • Mr. MarGa

    May 25, 2013 at 12:47 pm

    ကိုသုရှင်ရေ့
    အယူမတူရင်တော့ လွပ်လပ်စွာ ကိုးကွယ်ခွင့် လွပ်လပ်စွာ ယုံကြည်ခွင့်နဲ့ နေသင့်သပေါ့
    တစ်ဖက်ဖက်က လွန်လာရင် နှစ်ဖက်စလုံး မကောင်းတော့တာတော့အမှန်

  • အလင်း ဆက်

    July 7, 2013 at 5:46 pm

    အင်းး
    ကျွန်တော်ကတော့ ဘယ်သူကမှ ဘယ်သူ့ကိုမှ မကြောက်စေချင်

    အဲ

    ဘယ်သူက မှ ဘယ်သူ ့ကိုမှလည်း မခြောက်လှန် ့စေချင်

Leave a Reply