သန်းခေါင်စာရင်းပုံစံဖြည့်ခြင်း

Ko chogyiMay 7, 20131min29527

ရွာထဲက ဆယ်အိမ်ဂေါင်း ဆိုတော့လည်းကြောက်ရတယ်။ နောက်ပြီး သူကသမီးကလေးမွေးထားတာဆိုတော့ ဒေတာကြိုစုတာများလား။ ကိုယ်ကတော့မဆိုင်ပါဘူး ဒါပေမယ့် မေးတော့လည်းဖြေရတာပေါ့။

၁။ ဒီဂဇတ်ရွာကို ဘယ်နှစ်ခုနှစ် က စရောက်သနည်း။

သင်္ကြန်မှာ သင်ဇာကဲနေတဲ့ပုံကို ကြည့်ရင်း ရွာထဲကို လည်တယ်လည်တယ်နဲ့ရောက်လာတာမို့

    သိပ်မမှတ်မိဘူး။ ကိုယ့်ဘာသာတွက်ကြည့်လေ။

၂။ ပို.စ်ဘယ်နှစ်ခု တင်ပြီး သနည်း။

အားအားယားယား လျှောက်ရေးနေတာဘယ်လောက်ရှိပြီလဲတောင်မသိတော့ဘူး။

    ဒါနဲ့ဆို ၂၃ ပုဒ်ပေါ့။

၃။ ရွာ့စည်းကမ်း ဘယ်နှကြိမ် ဖောက်ဖူးသနည်း။

 အဲဒါတော့လာမပြောနဲ့ ရှင်းရှင်းပဲ လုံးဝပဲ။ အစကတည်းက စည်းကမ်းမလိုက်နာတတ်တာ။

၄။ စတစ်ကီ ဘယ်နှခါရဖူး သနည်း။

စတစ်ကီပေါ့၊ ဂျင်မီနဲ့လိုက်ပြေးသွားလို့ မရလိုက်ပါဘူး။

၅။ ရွာသူားများ ဝိုင်းဆဲတာ ခံဖူးပါသလား။

ဒီလောက်လူယဉ်ကျေးတွေနေတဲ့ရွာမှာ ဆဲမယ့်သူမရှိပါဘူး။ (ကျွန်တော်ကိုဆဲရင်တော့

     မယဉ်ကျေးလို့ဘဲ)

၆။ လူပျိုလား အပျိုလား အိမ်ထောင်ရှိလား။

တစ်ချို့ကလည်း လူပျိုကြီးလို့ ထင်နေတာပဲ။ အဲလိုထင်အောင် မဟေသီနဲ့အတူ ဘယ်မှမသွားဘူး။

    ရွာထဲလဲခေါ်မလာဘူး။

၇။ ဘယ်နိုင်ငံမှာ နေသနည်း။

ကျွန်တော်နေတဲ့ နိုင်ငံက အသံထွက်နဲ့ စာလုံးပေါင်း ဝိဝါဒကွဲနေလို့ မပြောတတ်ဘူး။

    အဘတွေပြောတဲ့နာမည်ကတစ်မျိုး၊ အမေကပြောတော့တစ်မျိုး ဖြစ်နေတယ်။

၈။ အင်တာနက်ကော်နတ်ရှင် ကောင်းကောင်းဖြင့်ရွာထဲ ဝင်ဖူးပါသလား။

အင်တာနက်ကော်နတ်ရှင် ကောင်းကောင်းဆိုတာ တစ်သက်တာမှာမကြားဘူးတဲ့ စကားစုပါဗျာ။ ငရဲကြီးတတ်တယ်မမေးနဲ့။

၉။ အိမ်သာတက်ပြီးရင် ရေလောင်းတတ်သလား။

အိမ်သာတက်ပြီး ရေမလောင်းပါဘူး၊ ခလုပ်လေးဆွဲလိုက်ရင် သူ့ဘာသာကျလာတာကို။

၁၀။ အများသုံးအိမ်သာမှာ အိမ်သာဆေးဘူးသလား။

ဒဏ်ပေးခံရလို့ လုပ်ဖူးတာ ဘယ်တော့မှ မပြောပြဘူး။

၁၁။ အရက်၊ဆေးလိပ်၊ကွမ်း သောက်စားတတ်သလား။

ဘုရားမကြိုက်၊ နတ်မကြိုက်တာ တစ်သက်လုံးမလုပ်ဘူး၊ ကိုယ်ကြိုက်တာကိုယ်လုပ်တယ်။

၂၂။ သူကြီးပေးတဲ့ လက်ဆောင် အကြီးကြီးတွေ ရဖူးသလား။

သဂျီးပေးတဲ့ အကြီးကြီးတော့ မယူပါရစေနဲ့။ (လက်ဆာင်အကြီးကြီးပို့ရင် စရိတ်ကုန်မှာစိုးလို့ပါ) ကျစ်ကျစ်လစ်လစ် $ 100 တန် တစ်ရွက်

ဆိုရင်ရပါတယ်။

၂၃။ သူကြီးကြိုက်တဲ့ ကိုဘေးနွားသား စားဘူးသလား။

သဂျီး သမီးတော်ကလေး ခိုးကျွေးတာ မစားဘူးပါဘူး။ တစ်ကယ်ပါဗျာ။

၂၃။ ရွာထဲမှာ နာမည်တွေ (နစ်နိမ်း) အများကြီးနဲ. နေနေသလား။

ဘုရားစူး မြေဈေးတွေ ကြီးလွန်းလို့ တစ်အိမ်ပဲရှိပါတယ်။

၂၄။ ကော်မန့် တစ်ခုမှ မရဘဲ နေဖူးသလား။

ကော်မန့်တော့ မသိဘူး၊ ကော်ရည်ခေါက်ဆွဲတော့ကြိုက်တယ်။  

၂၅။ ထမင်းစားရင် မြန်မာလိုရော၊ နိုင်ငံခြားလိုရော စနစ်တကျစားတတ်သလား။

အိမ်မှာဆိုပုံစံတစ်မျိုး၊ ကျောင်းမှာဆိုပုံစံတစ်မျိုး၊ ခရီးထွက်တော့ တစ်ပုံစံ၊ ကြုံတဲ့နေရာ

     ကြုံသလိုစားတာပေါ့။

၂၆။ လမ်းကူးရင် မျဉ်းကြားကနေ စနစ်တကျ ကူးဖူးသလား။

ဖမ်းတဲ့ဦးကြီးတွေ ရှိလို့ကတော့ စနစ်တကျကူးတာပေါ့။ လစ်ရင်တော့လစ်သလိုပေါ့။

၂၇။ လမ်းမှာအမှိုက်၊ ကွမ်းတံတွေးကို စနစ်တကျထွေးဖူးသလား (သို့) လူပေါ်သို့ ကွမ်းတံတွေး

ထွေးဖူးသလား။

လမ်းပေါ်မှာ အမှိုက်ကိုစနစ်တကျပစ်တာပေါ့၊ အမှိုက်ပုံသွားရင်ဝေးလို့။ ကွမ်းတံတွေးလူပေါ်ထွေး

     ရင် လိုက်ရိုက်ခံရမှာပေါ့။

၂၈။ မိန်းမဘယ်နှစ်ယောက်ရှိသနည်း။

ကမ္ဘာပေါ်မှာ မိန်းမတွေက ယောက်ကျားတွေထက်များလို့ အတိအကျမသိပါဘူး။

      ဇနီးဆိုရင်တော့  ဟဲဟဲ  ပြောပြပါဘူး။

၂၉။  ဂဇတ်ချစ်သူများစာပေဆု ရဖူးသလား။

သူတို့မှမပေးတာ ဘယ်ရမလဲဗျ။ ကိုယ်ကတော့လိုချင်တာပေါ့။

       စာရေးချင်အောင် မြောက်ပေးတဲ့အနေနဲ့ ဇကာဆိုတာဟာကြီးပေါ်တော့ ပစ်တင်တာ  ခံရဖူးတယ်ဗျ။

၃၀။  ရွာထဲဝင်မရလို့ သူကြီးကို ဘယ်နှစ်ခါကြိမ်ဆဲဖူးသလဲ။

  ရွာထဲဝင်မရတာ သဂျီးလုပ်လို့မှမဟုတ်တာ၊ ကော်နတ်ရှင်မကောင်းလို့ ဝင်မရတာကို။၏

       သဂျီးနဲ့ ရန်လာတိုက်ပေးနေတယ်။

၃၁။  သူကြီးဆီက အမှတ်တစ်သိန်းရဖူးလား။

ရခါနီးပါပြီ ၈ သောင်းကျော်လောက်ပဲလိုတော့တယ်။ တစ်နှစ်လုံးဝင်တာမှ တစ်သောင်းငါးထောင်

       ကျော်ကျော်ပဲရတယ်။  တစ်သိန်းပြည့်ဖို့ ရ နှစ်စောင့်ရမှာ။

၃၂။ အခွန်ဆောင်ပြီး အလုပ်လုပ်သလား။

အခွံက မဆောင်လို့မရဘူး၊ အလုပ်အပြန် အလစ်သုတ်ပြီး ပစ်စည်းတွေ မဖို့ဆောင်ထားတာ။

၃၃။ မိသားစုနဲ့ အတူနေသလား။

စားစရိတ်သက်သာလဲ မနည်းဘူးဆိုပြီး၊ သူ့မိဘအိမ်ခဏခဏတော့ သွားပို့ထားမိပါတယ်။

၃၄။ ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာ၊ ဒဗလူစီဒီအမ်အေ၊ ကြိုးဖုန်း ထွက်သမျှအကုန်

သုံးဖူးလား။

လူကြီးသမီးနဲ့လည်း အိမ်ထောင်မကျ၊ ဖုန်းရုံးမှာလည်း အလုပ်မရတော့ အဲဒါတွေ ဘယ်လိုသုံးဖူးမှာလဲ၊ လာနောက်မနေနဲ့ဗျာ။

၃၅။ ကိုယ့်ကိုကိုယ် ဘာလို့ထင်လဲ။ (ဥပမာ။  ။လစ်ဗရယ်သမားလား၊ မျက်ကန်းမျိုးချစ်လား၊ သူများ

ပြောတိုင်း ခေါင်းငြိမ့်သမားလား။

ပြေတီဦးထက်ချောပြီး၊ ကျော်ရဲအောင်ထက်ပိုခန့်တယ်လို့ ထင်တာပါပဲ။ အလှူမှာ လက်ဖက်သုတ်စားတော့ ပုစွန်ခြောက်ချိုပြီး၊

      လက်ဖက်ကစားကောင်းတော့ သူများပြောတာ ခေါင်းလေး တစ်ငြိမ့်ငြိမ့်နဲ့တော့ ပြောသမျှနားထောင်ပြီး စားခဲ့မိတယ်။

၃၆။ တစ်ကယ်လို့ ဒီရွာကနေ နယ်နှင်ဒဏ်ပေးခံရရင် သင်ဘယ်လိုခံစားရမလဲ။

ဒီမိုရွာမှာ နှင်ထုတ်တိုင်းသွားမယ်ထင်လား၊ နှင်ထုတ်ရင် ယူအက်စ်မှာ သဂျီးနဲ့သွားနေမယ် ဝမ်းတောင်သာရဦးမယ်။

ဆယ်အိမ်ဂေါင်းဆိုတဲ့သူ မေးလိုက် မြန်းလိုက်နဲ့ တော်တော် စပ်စုတာပဲ။ နောက်တစ်ခါလာမမေးနဲ့ မဖြေတော့ဘူး။

 

27 comments

  • KZ

    May 7, 2013 at 6:11 pm

    ကဲဗျာ။
    ဂလို ဖြေလိုက်တော့လည်း ပြီးသွားတာပဲ။
    :harr:

  • ဦး ကျောက်ခဲ

    May 7, 2013 at 6:27 pm

    လိမ်လိမ်မာမာ ဒီလိုဖြေတော့ ပို့စ်တစ်ပုဒ်ရတာပေါ့ ကိုချိုကြီးရယ်…
    ပို့စ်တင်တော့တစ်ခါပိုက်ပိုက်ရ ကွန်မန့်တွေကလည်းရ…
    ဟို အရပ်အမောင်းကောင်းတဲ့ ဆယ်အိမ်ဂေါင်းကို ကျေးဇူးတင်လိုက်ဗျို့…
    အား ဟိ :harr:

    • ဟုတ်ဒယ် .. ဟုတ်ဒယ် …
      ကျုပ် ဥငေး ပေါဒါ ရေလည် မှန်ဒယ် …
      တကယ် … တကယ် …
      ဥငေးပီပီ တို့များ စီးပွားရေး ကွက်ကျော်မြင်ဒတ်ပုံများ
      ပေါ ပေါဂျင်ဒေါ့ဝူး …. :mrgreen:

      • P chogyi

        May 7, 2013 at 7:51 pm

        အံစာ၊ ပန်ကာလို့ လှည့်ခံထိတော့မယ်။

  • Mr. MarGa

    May 7, 2013 at 6:30 pm

    ဟီဟိ
    ကိုပီချိုနောက်ကနေ လိုက်ရင်ကောင်းမလား
    နှစ်ဆယ်နဲ့ တစ်ရာ ဘယ်ဟာယူရင်ကောင်းမလဲမသိ :kwi:

  • မောင် ပေ

    May 7, 2013 at 7:12 pm

    မနှစ်တုန်းက ပျင်းပျင်းရှိတိုင်း ပို ့စ် မှန်သမျှ ဝင်ဖတ်ပြီး မန် ့ချင်ရာမန် ့ခဲ့တာ ၊ ကွန်မင့် အများဆုံး ဆု ကို ရခဲ့သဗျား ။ ဒီနှစ်တော့ အချိန်ကလဲ မလောက် ။ ဝမ်းတစ်ထွာ အတွက် နဲ ့လဲ ခရီးတွေ ခဏခဏထွက်ရတာနဲ ့ ၊ ပို ့စ်တိုင်းလဲ ဝင်မဖတ်အား ၊ ဖတ်ဖြစ်ရင်လဲ မန် ့တဲ့အခါ ကွန်နက်ရှင် စုတ်လို ့ အရာမထင် ။
    သံယောဇဉ်မပြတ်နိုင်သေးလို ့
    ဆက်ရှိမိနေတယ်
    ကိုကိုချို ရေ

  • P chogyi

    May 7, 2013 at 7:49 pm

    အဖိုးတန်အချိန်များအား အလဟသဖြုန်းတီးပြီး
    ကျွန်တော့်ပို့စ်ကို ဖတ်ရှုသွားကြသော
    KZ, ဦးကျောက်ခဲ၊ Mr. Mar Ga နှင့် ဦးပေတို့အားလုံး ကျေးဇူးပါ။
    ဒီလအတွက် တင်ဖို့တွေရှိပေမယ့် အချိန်မရလို့ မတင်နိုင်ချိန်မှာ
    ဦးကျောက်ပြောသလိုပဲ အရပ်အမောင်းကောင်းတဲ့ ဆယ်အိမ်ဂေါင်းကျေးဇူးနဲ့
    ပို့စ်တစ်ပုဒ်ရသွားတာပေါ့

    • ဟက်လူဂျီး …
      ကျုပ် နံမယ် ပါဒေးဝူး …
      ခညား တရားဝူးးနော် ….
      ငအံ ဒဲ့ .. တစ်အံ ဘဲ ချိဒယ် …
      ဒါဗျဲ ပေါမယ် .. ငွင်းး ငွင်းး …. :mrgreen:

      • P chogyi

        May 7, 2013 at 8:09 pm

        ပါချင် တစ်ရာ(ကျပ်)ပေး၊ ပြီးရင်ရေလောင်းခဲ့ဦးနော်။
        ကျုပ်မန့်နေတုန်း ခီဗျားက အပေါ်မှာ ဝင်ရေးသွားလို့
        မသိလိုက်ဘူးဗျ။

  • အလင်းဆက်

    May 7, 2013 at 7:56 pm

    ၃၆။ တစ်ကယ်လို့ ဒီရွာကနေ နယ်နှင်ဒဏ်ပေးခံရရင် သင်ဘယ်လိုခံစားရမလဲ။

    ———–
    ကျနော်ဆိုရင်တော့..
    ချစ်သုဝေ…ဆီ ပြေးသွားပြီး…နင်နဲ့ပဲ…ငါ အတူနေတော့မယ်..ဟာ..လို ့ပြောလိုက်မှာ ။

    :kwi:

    • Novy

      May 8, 2013 at 11:47 am

      အလင်းဆက်ရဲ့ ချစ်သုဝေရောဂါကမသေးဘူးနော်
      မြွေတွေ့လည်း ချစ်သုဝေတ
      နယ်နှင်ဒဏ်ပေးခံရလည်း ချစ်သုဝေတ

      အလင်းဆက်ကယ်ပါ…
      မွှားလို့ ချစ်သုလေးရေကယ်လိုက်ပါနော်

    • ကိုအလင်းဆက်ရေ ချစ်သုဝေ တော့မသိဘူး ချစ်သုအုပ်တော့ အိမ်မှာ ဗိုက်ကလေးပွတ်ပြီး ပွစိပွစိလုပ်နေလေ့.ဟေဟေဟေး

  • P chogyi

    May 7, 2013 at 8:10 pm

    ဪ အဲဒါကြောင့် ချစ်သုဝေ မယ်သီလဝတ်တော့မယ်လို့ ပြောတာကိုး။

  • အလင်းဆက်

    May 7, 2013 at 8:18 pm

    ချစ်သုဝေ..မယ်သီလ ဝတ်တော့မယ်..ဆိုတဲ့သတင်းက သတင်းမှား ကြီး ဖြစ်ပါလိမ့်မယ်.။

    ဟိုနေ့ကတောင် အနော့်ကို..သိပ်ချစ်တာပဲ…ကိုလင်းရယ်…လို ့.ပြောသွားသေးဒယ် ။
    (အိပ်မက်ထဲမှာ)
    🙂

  • ရွာစားကျော် မင်းနန္ဓာ

    May 7, 2013 at 9:07 pm

    သူကသမီးကလေးမွေးထားတာဆိုတော့ ဒေတာကြိုစုတာများလား။

    ဆယ်အိမ်ခေါင်းတော့ ကိုယ့်အတတ်နဲ့ ကိုယ် စူးဘီ…
    ဒီကိစ္စ ဒီမှာတင် ရှင်းနော်..
    တော်ကြာ ရွာကာလသားတွေက မဲဖောက်ပေးမှာလား.. အရစ်ကျနဲ့ပေးမှာလား မေးလာရင် ကိုယ်က သမီးရှင်နော်.. ကရွှေတိုက်..
    အာဟိ…

  • ကိုချို ဆိုတဲ့အသံကြားတိုင်း
    ကြေးအိုးရယ် ဘတ်စ်ကားကြီးရယ်တွဲမြင်မိတယ်။
    ကံကောင်းလို့နော်

  • ခင်ခ

    May 7, 2013 at 10:51 pm

    ကိုချိုကနည်းလမ်းလေးပြလိုက်တော့ ကျန်တဲ့ရွာသူရွာသားများလည်း တစ်ယောက်တစ်ပိုစ်ုနဲ့ဖြေကြဗျာ။
    အဲလိုတာဖြေကြရင် သဂျီးမင်း အိပ်ကပ်ထဲက အကြွေတွေ မျက်စပစ်လို့နေဖြစ်ကာ ဆယ်အိမ်ခေါင်းတော့ အထောင်းခံရဖွယ်ဘဲဗျ။

  • P chogyi

    May 8, 2013 at 7:25 am

    ရွာစားရေ သူပြောတာကတော့ ဆင်းကဒ်လိုမဲဖောက်မယ်တဲ့၊ အဲမှားလို့ ဆင်းကဒ်မဲဖောက်မယ်တဲ့။
    ကိုကြီးပေါက် သင်္ကြန်ပြီးလာမယ်ဆို မလာဖြစ်ဘူးလား။
    ကိုခင်ခရေ လမ်းပြတာမဟုတ်ပါဘူး။ ကြောက်လို့ ခိုင်းတဲ့အတိုင်းလုပ်တာပါ။

  • kyeemite

    May 8, 2013 at 1:23 pm

    အော်..ကိုချို..ကိုချို..
    အကြံကုန်တော့ ဂဠုန်ဆားချက်တာပေါ့လေ…
    ကောင်းပါလေ့ဗျာ… :kwi:

    • P chogyi

      May 9, 2013 at 9:25 am

      ဆားချက်ပြီးရောင်းဖို့က ဘင်္ဂလားဒေ့ကအခြေအနေမကောင်းလို့
      ဝယ်မယ့်လှေတွေမလာဘူးဗျ။

  • ကြည့်ချမ်းကြည့်ချမ်း ဂျာနယ်လစ်တွေများ လုပ်စားတတ်လိုက်ကြတာ.. ဆယ်အိမ်ခေါင်းလုပ်စားလို.မှမကုန်သေးဘူး သူက ထပ်တင်တယ် တင်ပေါ့ တင်ပေါ့ ဒီက ကိုချိုကြီးကို အပီချုပ်ထားပီးသား………လက်ဝါးရိုက်ထားတာ.. ရှယ်နော် လာထား အာဒကေ အာဒကေ…

    သမီးရှင် ဆိုပါလား……ဒီကမွေးတောင်မမွေးသေးဘူး… ရွာကာလသား နသိုးကြိုးပြတ်တွေ ရုံးရင်းဆန်ခတ်ဖြစ်အောင်မလုပ်ကြနဲ.နော်….. သမီးလေး မွေးကတည်းက ယိုးဒယားပို. ဟိုဒင်းပြောင်းပလိုက်မှာဗျ……… အဲဒီသတင်းကို ဟိုမျက်နှာခြောက်ထောင့်ကောင် ဖွ တာနေမှာ တွေ.အုံးမယ်နင်တော့ လူချင်းတွေ.ပလေ့စေ… ကွမ်းယာကို နှုတ်ခမ်းချင်းတေ့ပီး ဝါးကျွေးအုံးမှာ..
    အံချာဒုံး ……….

    အော်ကိုပီချိုကြီး အာဒကေနော် အာဒကေ ဟေးဟေးဟေး

  • ရာမည

    May 8, 2013 at 2:15 pm

    ဪ …. ဒီလိုဖြေတော့လည်း ရတာပဲ
    ရာအိမ်မှုးရော ရှိပါသလားခင်ဗျာ :mrgreen:

    • kai

      May 8, 2013 at 3:29 pm

      ဟိုစာဖတ်နေသူကြီးလုပ်သလို.. ၁ဝအိမ်ခေါင်း.. ၁၁အိ်မ်ခေါင်း..၁၂အိမ်ခေါင်း..စသဖြင့်.. ၁၀ဝအထိ..ရာအိ်မ်ခေါင်းအထိ..ရာထူးတွေထိုးထားလိုက်မှနဲ့တူတယ်..

      ပြီးတော့မှ.. ကျုပ်က.. ရွာမှုးချုပ်ကြီးလုပ်မယ်လေ..
      ဒီပို့စ်တင်တဲ့.. ကိုရင်ပီချိုကြီးကျတော့… ဆယ်အိမ်ခေါင်းစကားနားထောင်သူမို့.. ကိုးဒဿမငါးအိ်မ်ခေါင်းရာထူးထားပေးလိုက်မယ်..

      သာဓု.. :kwi:

      • P chogyi

        May 9, 2013 at 9:27 am

        အဲဒီလို တစ်ဝက်တစ်ပျက်တော့မလုပ်ပါနဲ့ သဂျီးရယ်
        ၁ဝ အိမ်အပြည့်မရတော့ ၉ အိမ်နဲ့ နတ်စင်တစ်လုံးပဲပါတယ်။
        နတ်စင်ကနတ်ပါ ခိုင်းစားပစ်မှာနော်………..

  • အရီးခင်လတ်

    May 8, 2013 at 3:35 pm

    ကိုချိုကြီးတို့ တော်ချက်ကတော့။
    ပိုင်သကွယ်။
    လူတိုင်း ဒီလို လုပ်သင့်သလားဘဲ။ 😆

    • P chogyi

      May 9, 2013 at 9:28 am

      အရီးရေ ကြံမိကြံရာလုပ်လိုက်တာပါ
      မင်းသိင်္ခ ပြောသလိုပေါ့ “ ဖျတ်ကနဲပေါ်ရင် ဇတ်ကနဲ့လုပ်လိုက်” တဲ့။

  • ဦးကြောင်ကြီး

    May 9, 2013 at 9:50 am

    ပုံစံဖြည့်
    ဒုံပျံကွေ့
    လုံရန်ပေ့
    နုံချံသွေ့
    ကုံထံလေ့
    ယုန်မြန်စွေ့
    ဗုံသံဟေ့
    ဂုဏ်ပန်ခြွေ့..

Leave a Reply