ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ…?

alinsettMay 7, 20131min23612
ဒဏ်ရာ....
ဒဏ်ရာ….

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ…?

ပြင်းပြတဲ့ သက်ပြင်းတွေကို

ရေမရောပဲ ချ လို့

ငါ ပြိုလဲ စိုရွှဲခဲ့တဲ့ နေ ့က

ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ

ဆိုးဆိုးဝါးဝါး နာကျင်မှုတွေနဲ ့

ငါ့ နှလုံးသား

တဖျတ်ဖျတ် ကွဲအက် ကြေမွသွားတဲ့ နေ့က

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ

အနုပညာနဲ့ မင်း မတန်သေးဘူး လို့

ငါ မင်းကို ပြောခဲ့တုန်းက

မင်းကို ငါ ကိုယ်ချင်းစာခဲ့ပါတယ်

အခုလို ပင်လယ်ကြီးတစ်ခုလုံး

ငါ့အပေါ် ပိ ကျ တဲ့နေ့မှာတော့

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ

ပလေတိုရဲ့ ကြေးမုံကြီး

ငါ့ကို ကြိုးတွေလို တုတ်ထားခဲ့လို့

သွေးစိမ်းရှင်ရှင် ကျပြီး ငါရုန်းထွက်ရတဲ့နေ့က

ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ

ဘယ်သူကိုယ်ချင်းစာသလဲ လို့

အာခေါင်ကွဲမတတ် ငါ အော်မေးနေတဲ့နေ့က

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ

မုန်းလည်း မုန်းတယ် ။
မုန်းလည်း မုန်းတယ် ။

လူတွေကို ငါ ကိုယ်ချင်းစာတဲ့နေ့ကတောင်

လူတွေက ငါ့ကို ကိုယ်ချင်းမစာကြဘူး ။

ပစ်ပစ်နှစ်နှစ် ဆဲရေးပစ်ချင်နေတဲ့ ငါ့လျှာကို

ငါကိုယ်တိုင် ဖိကိုက်ပြီး

သွေးစက်တွေ မြေကျခဲ့တဲ့နေ့က

ဘယ်သူမှ ကိုယ်ချင်းမစာနဲ့ ။

ရတယ်။

ချောင်ပိတ်ပြီး ထိုးကြတဲ့လက်သီးတွေ….

အာပုပ်စော်နံနေတဲ့ လက်ညိုးတွေ……

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့မျက်လုံးတွေ….

စာကို မခုတ် လူကို လာခုတ်တဲ့ကလောင်ဓါးတွေ….

ငါမှားရင် ငါ့ကို မုန်းတဲ့ဘက်က လိုက်မှားတဲ့ လူယဉ်ကျေးတွေ…

ငါ့ကို ပိုးစိုးပက်စက် ဝိုင်းတိုက်ခိုက်တဲ့နေ့က

ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ

လူတွေကို ငါကိုယ်ချင်းစာတဲ့နေ့မှာတောင်

လူတွေက ငါ့ကို ကိုယ်ချင်းမစာကြဘူး ။

ရင်နာတယ် ။

ထပ်ပြောမယ်ကွာ ။

ရင်

နာ

တယ်

 ရင်နာတယ်ကွာ....

ရင်နာတယ်ကွာ….

======================================================================

အလင်းဆက်

5 . 5 .2013 . 10 း 40 AM

alinsett.art@gmail.com

12 comments

  • P chogyi

    May 7, 2013 at 7:54 pm

    ဘာမှန်းမသိနိုင်အောင်ရှုပ်ထွေးတဲ့စာတွေကို
    အချိန်ကုန်ခံပြီး ဖတ်မိတဲ့ငါ့ကို
    “ ဘယ်သူ ကိုယ်ချင်းစာမလဲ“

  • အလင်းဆက်

    May 7, 2013 at 8:04 pm

    ကျွန်တော်..ကိုယ်ချင်းစာပါတယ်..ခညာ.။

    :kwi:

    ———————-
    ကုန်သွားတဲ ့..လေးလေးပီချိုရဲ ့
    တန်ဖိုးရှိတဲ ့ အချိန်တွေကို…
    အားနာပြီး…တော်တော် စိတ်မကောင်း ဖြစ်မိသွားတဲ ့ကျွန်တော့်ကို
    “ ဘယ်သူကိုယ်ချင်းစာမလဲ…..”

    🙂

    • နာ ကိုယ်ဂျင်စာဘာဒယ် .. ဟီးဟီး
      နင့်ဂိုလည်း ကိုယ်ချင်းစာဒယ် …
      ကမ္ဘာလောက ရှိရှိသမျှကိုလည်း ကိုယ်ချင်းစာဒယ် …
      ဒါနဲ့ ဆက်စပ်ပြီး ရှေးကဗျာ တစ်ပုဒ်လည်း ရှိသေးတယ် …
      ပေါမယ်နော် ..

      ကိုယ်နှင့်လည်း စာ
      သတ္တဝါကို ကြင်နာလှစေ
      သူ့အသက်ကို ချစ်ပါလေ ….. တဲ့ …။

      ဒီဆုံးမစာလေး ဖတ်ပြီး ကတည်းက
      နာ ခြင်တွေ မသတ်ဖြစ်တော့ဘူး …
      မောင်းရုံရင် မောင်းထုတ်ခဲ့တော့တာပဲ …..။

  • အလင်းဆက်

    May 7, 2013 at 8:31 pm

    တော်သေးတယ် ။
    အံအံ က တော့..ကိုယ်ဂျင်းစာတယ်..ဆိုလို ့။

    ကျနော်တော့..တရားထိုင်ရင်.. ခြင်ဆေးထွန်းပြီး ထိုင်တဲ ့ လူတွေကို..ကြည့်မရဘူးဗျာ ။
    :kwi:

    • kyeemite

      May 8, 2013 at 1:34 pm

      မလုပ်ပါနဲ့ အလက်ဆင်းရာ…
      နာ က ခြင်ဆေးခွေလုပ်ရောင်းနေတာကွ..
      မရောင်းရလို့ စားစရာမရှိတဲ့အခါ…
      “နာ့ဂို ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ..” :harr:

  • ရွာစားကျော် မင်းနန္ဓာ

    May 7, 2013 at 9:21 pm

    ဘယ်သူမှ ကိုယ်ချင်းမစာချင်နေ။ ရတယ်။
    ဒါပေမယ့်
    ချောင်ပိတ်ပြီး ထိုးကြတဲ့လက်သီးတွေ….
    … ..
    … …
    ငါမှားရင် ငါ့ကို မုန်းတဲ့ဘက်က လိုက်မှားတဲ့ လူယဉ်ကျေးတွေ…ကို
    ပစ်ပစ်နှစ်နှစ် ဆဲချင်သလို ဆဲလိုက်မယ် (စိတ်ထဲက ဖြစ်ဖြစ်ပေါ့)
    စိတ်ချ.. ငါ့လျှာကို ငါကိုယ်တိုင် ဘယ်တော့မှ ဖိကိုက်ပြီး ငါ့ သွေးစက်တွေ မြေကျခံမှာ မဟုတ်ဘူး..
    (ကိုယ်ကတော့ အဲလို လူပါ ညီရေ)

  • အလင်းဆက်

    May 8, 2013 at 7:23 am

    တစ်ခါတစ်ခါကျတော့ မျိုသိပ်ထားရသမျှ တွေကို
    စိတ် ရှိလက် ရှိ ဖောက်ခွဲပစ်လိုက် ချင် တယ်ဗျာ
    ဒါပေမယ့်
    ကျနော်က တော့
    ကိုယ့် လျှာ ကိုယ်ပြန် ကိုက် တာ အကျင့်ပါနေပြီ ထင် ပါရဲ့
    အင်းးးးးးး

    ==========
    ကဗျာလေးကို ခံစားပေးလို့ ကျေးဇူးပါ
    ကိုရွာစားကျော်ရေ
    =============================

    ဦးကြီး မိုက်
    ခြင်ဆေးခွေ ရောင်းတယ်ဆိုတာ ခုမှ သိတယ်
    ဂေါ်ဇီလာ လား ဖိုက်တာလား

    သားက ခြင်ဆေးထွန်းပြီး တရားထိုင် တဲ့လူတွေကိုပဲ အညင် ကပ်တာပါ
    ရောင်းဒဲ့ လူတွေကိုတော့ ကပ်ပါဘူး
    :kwi:

    ဦးကြီးမိုက် ကွန်မန့်ကို အခုမှ မြင်ရလို ့ အခုမှ ပြန်ပြောနိုင် တယ်
    🙂

    ဟိဟိ

  • ဦးကြောင်ကြီး

    May 8, 2013 at 8:32 am

    “ပလေတိုရဲ့ ကြေးမုံကြီး” တောက်စ်.. ဒင်းပြောတော့ ကြောင့်တယောက်ထဲ ကြေးမုံဘဲ.. ဒဲ့… ဖမ်းကွာ ကြေးမုံဂျီးကို လိမ်လည်လှည့်ဖျားမှုနဲ့… :kwi:

  • KZ

    May 8, 2013 at 9:30 am

    ကိုယ်ဂျင်းစာ နာခဲ့ရဘီလေ။
    ကိုယ်ဂျင်းစာ နာခဲ့ရဘီလေ။
    အဲ့ဒီ သီချင်း အဲ့ဒီတစ်နေရာပဲရလို့ပါ။ :mrgreen:

    ဘယ် ကိစ္စမဆို ကိုယ်ချင်းစာတရားလေး လက်ကိုင်ထားရင် ပြဿနာ တော်တော်များများပြေလည်ပါတယ်။
    ဟီး။ :mrgreen:
    ခက်တာက လူဆိုတာလည်း ကိုယ့်ဒုက္ခမှ ပိုများတယ်ထင်၊ ကိုယ့် အသားနာမှ နာတယ်ထင်၊ ကိုယ့် အသက်မှပဲ သေတတ်တယ်မှတ်နေကြတာကလား။

  • kaung kin pyar

    May 8, 2013 at 10:17 am

    ကိုယ်ချင်းစာတယ်ဆိုတာ… ကိုယ်ကဲ့သို့ ခံစားခြင်းဖြစ်မယ်ထင်ပါတယ်…။ အားလုံးဒီလိုစိတ်မျိုးထားကြရင်…အေးချမ်းပါလိမ့်မယ်….။ (ချရာမဂျီး ဝင်လုပ်ကြည့်ဒါ…) 😀

  • အလင်းဆက်

    May 8, 2013 at 11:42 am

    အုကြောင်
    အားနာလိုက်ထှာ
    ကျတော် ပြောတဲ့ ပလေတိုရဲ့ ကြေးမုံကြီးက
    အုကြောင် ရဲ ့ကြေးမုံဂျီး ဟုတ်ဘူး
    ပုံတူကူးခြင်း အနုပညာကို
    စိတ် အချဉ် ပေါက်လာလို့ပါဗျ
    ဟိဟိ
    🙂

  • အလင်းဆက်

    May 8, 2013 at 12:00 pm

    မမခိုင် ဇာ
    အက်ဒါ အမှန်ပဲပေါ့အေ
    ကိုယ့် အသက်မှ သေတတ်တယ် ထင်နေဆဲ
    အလက်ဆင်း
    :kwi:

    ================

    ကောင်းကင်ပြာ

    ဖတ် ရှုခံစား အားပေးစကားလေးအတွက်
    ကျေးဇူး အထူး တင် ပါဒယ် လို့

    🙂

Leave a Reply