မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဓမ္မ တရားတော် ၌ ယုံကြည်သက်ဝင်နားလည်ခြင်း

စာထဲပါတဲ့ သမိုင်းကြောင်း ပုံတိုပတ်စလေးတစ်ခုပါ
 ဟိုးးး…..လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကပေါ့
  ခု နှစ်အတိကျ ပြောရလောက်အောင် ပညာရှင်မဟုတ်သလို
 အဲ့သည်ခေတ်တုန်း ကျုပ်လည်း ငုတ်တုတ် ထိုင်ကျိမနေခဲ့ဘူး
 ဆိုတော့ကာ အတိကျတော့ ပြောနိုင်ဘူး။
 ယနေ့ပညာတတ်များကတော့ ငုတ်တုတ်ထိုင်ကြည့်ခဲ့ဘူးသလိုတောင်သိကြပါတယ်။
 လိင်ဗျံလည်းမရှိ မော်တော်ကားလည်းမရှိ သဘောင်္လည်းမရှိသေးတဲ့ခေတ်လို့ ဆိုရမလားဘဲ
ဒီခေတ်လို မိုးပေါ်မှာ သွားခြင်ရင်တော့ ဈာန် တန်ခိုးအဘိညဉ်တွေနဲ့ ပျံကြသပေါ့ ဈာန်မရှိ တန်ခိုးအဘိညဉ်မရှိဘဲ
အပေါ်မှာပျံခြင်ရင်တော့ ထန်းပင်မြင့်မြင့်ပေါ်တက်ပြီး ရွှေဘ ပလိုက်ဒိုင်ဘင်ပေါ့
( အောက်ရောက်လို့ ဘေးကျိုးသွားရင်တော့ ဒေါက်တာနဲ့ ကု ပျောက်ရင်ပျောက် မပျောက်ရင်တော့ ဘုန်းကြီးစား ပေါ့ )
နွားလှည်း မြင်းလှည်းခေတ် လှေ သဗ္ဗာန်ခေတ် ( လှေတွေကို အကောင်ကြီးကြီးဆောက်ထားရင် သင်္ဘောခေါ်ခြင်ခေါ်ကြပေမပေါ့ )
လက်ပတ်နာရီလည်းရှိပုံမရပါဘူး။ ( ထင်တာ )
အဲ့သည်တုန်းက အိန္ဒိယတိုက်ဖက်က အသောကရာဇာ လို့ခေါ်တဲ့ ဘုရင်ကြီးတစ်ပါးက ဗုဒ္ဓဘာသာလို့ဆိုရမယ့် ပိဋိကတ်တွေကို
သူ့နိုင်ငံကနေ အရပ်မျက်နှာအရပ်ရပ်ကို ပို့ပြီး သာသနာပြုစေခဲ့တယ်။
အဲ့သည်အထဲကမှ တစ်ခုသော သာသနာပြုမစ်ရှင်အဖွဲ့ဟာ မွန်တို့ဌာန သုဝဏ္ဏဘူမိလို့ခေါ်တဲ့
နေရာဒေသကိုရောက်လာပါလေရော။
ဒရန်တန်တန်
……….
ဒီလိုနဲ့ဘဲ မွန်တို့ သထုံသုဝဏ္ဏဘူမိ ဒေသမှာ ဗုဒ္ဓသာသနာပြန့်ပွားထွန်းကားခဲ့တယ်လို့ ဆိုကြတာဘဲ။
ဒီနေရာမှာ တစ်ခုတွေးမိတာက အဲ့သည် ပိဋိကတ်တွေရောက်လာတဲ့အချိန်မှာ သူတို့ဒေသမှာ စာပေအရေးသားရှိနေပြီလား
မရှိသေးဘူးလား ကျုပ်လည်းသိဘူး
မရှိသေးဘူးဆိုရင်တော့ ယနေ့မြန်မာပြည်ကစာတွေ အသောကတို့ရွာကလာတယ်ဘဲ သဘောထားပြီး
ကလားမဘယာကြော် ငါအရင်စားဘူးတယ် သူအရင်စားဘူးတယ်ဆိုတဲ့ ဘယာကြော်ဇာတ်ထုတ် မြန်မြန်ဇာတ်သိမ်းလိုက်အေးရော။
( လာခြင်တဲ့နေရာကလာလေ ခွေးမသားလို့ ဆဲလိုက်ရင် အဓိပ္ပါယ်သိပြီးတာဘဲ ) ။
ဒါကတော့ အကြမ်းဖျင်းကလေးပါ အားလုံးသိကြပါတယ် ကိုယ်ထက်တောင်သိမယ်ထင်တယ်။
ဗုဒ္ဓဝင်တွေ ပိဋကတ် စာပေတွေဆိုလည်း သိကြမှာပါဘဲ။ အထူးသဖြင့် ပိဋကတ်လို့ခေါ်တဲ့ ဓမ္မစာပေတွေကိုဆို
ကမ္ဘာကြီးက အောချရလောက်အောင်သိကြမယ်ဟုတ်တယ်ဟုတ်။
( စာပေအတိုင်းလုပ်မလုပ်တော့ပြောတတ်ဘူး သိကြတယ်လို့ပြောတာ )
ဆိုခဲ့သလိုဘဲ အနှီး သထုံသုဝဏ္ဏဘူမိဒေသမှာ အဲ့သည်တုန်းက ကြီးဆိုးတဲ့ဘုရင်နာမည်က နု ပါတယ် ဘာနုလည်းတော့သိဘူး
ဂေဇက်ထဲက တီချယ်နု တော့မဟုတ်တာ သေချာတယ် ဦးနုလည်းမဟုတ်ဘူး ထားပါ ဘုရင်နုပေါ့
ဘုရင်နုဆိုတဲ့ ဘုရင်က ပိဋကတ်ကြီးဖက်ပြီးနေတာ ( ဖတ်ပြီးနေတာမဟုတ် ) သေခြာတာကတော့ အဲ့သည်ဘုရင် ပိဋကတ်ကို
နည်းနည်းလေးတောင်ဖတ်မကြည့်ဘူး ပြောနိုင်မလားဘဲ ဘုရား တရား သံဃာ 969 ကို ကိုးကွယ်ရင် ကျမ္မာမယ် ချမ်းသာမယ်
နတ်သမီးတစ်ဖက်ငါးရာ ရမယ် ဒီလောက်ဘဲသိပုံရတယ်။
ဒါကြောင့်လည်း ဗမာဘုရင် အနော်ရထာ ပိဋကတ်လာတောင်းတော့ ဓမ္မတရား မျှဝေပေးရစကောင်းမှန်းမသိဘဲ ငေါက်လွှတ်လိုက်တာ
ဟိုကလာဖဲ့တော့ သူခံလိုက်ရတာဘဲမဟုတ်လား။
သူ့ဖါသာ စောက်သုံးမကျလို့သေခြင်းဆိုးနဲ့သေတာက အကြောင်းမဟုတ်ဘူး သူ့နောက်က သူ့လူတွေလည်းသေမှာပေါ့။
ဟိုခေတ်တုန်းက မှတ်တမ်းတင်ဘို့ ကရိယာတန်ဆာပလာတွေမှ မရှိတာ
ဒီခေတ်မှာတောင် နင်က ကလား ငါကဗမာ တရုပ် ကရင် ကယား ကရင် ချင်း ရခိုင် ရှမ်း ပလောင် ဝ ဘါညာကွိကွ လုပ်နေကြတာ
ဟိုခေတ်တုန်းကဆို တွေးသာကြည့်ကြပေတော့ပေါ့။
ဘုရင်ဆိုတဲ့ကောင်က တောတောင်ရေမြေတွေ သူပိုင်တယ်လေ သူက ချ ဆိုရင် ဟုတ်သည်ရှိမဟုတ်သည်ရှိ
ကိုယ့်အမေလင်ဖြစ်နေရင်လည်း ချရတာပေါ့။
ဒါက ဘုရင်အာဏာရှင်စနစ်ရဲ့ အားလုံးသိပြီးသားသဘောလေးပါ။
ဒီနေရာလေးမှာပြောခြင်တာက
ဓမ္မတရား ဆိုတာဟာ လောကီလူတို့အမွေဆိုင်ဥစ္စာပစ္စည်းလို ဖက်တွယ်ထားပြီး ဥစ္စာရူးလို့ရတာမှမဟုတ်တာ။
တရားပိုင်ရှင်လို့ဆိုနိုင်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်တောင်မှ သူသိတဲ့တရား
ဝေနေယျာတွေနားလည်နိုင်လောက်အောင် အစွမ်းကုန် ဆရာစားမချန် ဟောကြားသင်ပေးခဲ့တာဘဲ။
အနည်းဆုံးတော့ ကိုယ့်လက်ထဲရှိတဲ့ ပိဋကတ်တောင် ဟို အသောကမင်းကြီးဝေငှလို့ ကိုယ်ရတာဘဲလို့
ပါးပါးလေးတွေးကြည့်ပြီး သိဘို့ကောင်းတယ်။
အဲ့သည်ခေတ်ထဲ ဂေဇက်သဂျီးမင်း ဦးခိုင်များရှိလို့ကတော့ သမိုင်းမသိတဲ့ဘုရင် ဘာညာကွိကွဆိုပြီး ထန်းပင်ပေါ်တက်အော်လောက်မယ်။
ဒီလိုပြောလို့ ဘုရင်တစ်ပါးကို အပြစ်ဖွဲ့နေတာထက် သူ့ရဲ့အာဏာရှင်ဆန်ပြီး မသိတရားအတွက် ကျဆုံးသွားရရှာတဲ့
တိုင်းပြည်တစ်ပြည်တွက် သင်္ခန်းစာယူနိုင်ဘို့ပြောနေတာပါ။
ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားရဲ့ အတိမ်အနက်လေးကို သဘောတောင်မသိခဲ့လို့ ပျက်စီးခဲ့ရခြင်းကိုထောက်ပြတာပါ။
ဒါဟာ ကြီးမားတဲ့သင်္ခန်းစာပါ။
 ကြည့်လေ အဲ့သည်အချိန်ကလေးမှာ အဲ့သည်ဘုရင့်စိတ်ထဲ ဓမ္မတရား နည်းနည်းလေးဘဲကိန်းတော့ စစ်ဖြစ်စရာဘာမှမရှိဘူး။
အသောကမင်းကြီးလို အိမ်ရောက်အောင်တောင်မှ ပို့ပေးလိုက်ဦးမယ် နှစ်ပြည်ထောင်ချစ်ကြည် ငါ့သမီးနင့်ပေး နင့်သမီးငါဆော် ရွှေဂဟေဆက်
ဗမာနဲ့မွန်ဘော်ဘော်တွေဖြစ် နင့်အမျိုးငါယူ ငါ့အမျိုးနင်ယူ ရွှေမျိုးတွေဖြစ်
မွန်ပြည်နယ်လည်းပြောစရာမလိုတော့ဘူး ဗမာနိုင်ငံလည်းပြောစရာမလိုတော့ဘူး
အမေဒိဂန်တွေ ဂျပန်တွေ ကိုယ့်ဆီလာပြီး မီးသွေးဖုတ် ချိုင်းနားပို့ပြီး ဝမ်းစာရှာရတဲ့ဘဝရောက် ဟုတ်ဘူးလား
ခုတော့ သုတို့အိုးနင်းခွက်နင်းဖြစ်ခဲ့ကြတော့ ကိုယ့်ဖါသာတောပြုံးအောင်ခုတ် မီးသွေးဖုတ်ပြီး ချိုင်းနားပို့
ကိုယ်က ကောက်ရိုးရှို့လိုက် မြက်ရှို့လိုက်နဲ့ ထမင်းချက်နေရတာ မနိမ့်ဘူး။
ဆိုခဲ့ပြီးသလို လူတစ်ယောက်ကို အပြစ်ပြောတာမဟုတ်ပါဘူး ဘုရင်ဆိုတဲ့အာဏာရှင်စနစ်ကြောင့် လူမျိုးတိုင်းပြည်ရဲ့
အနာဂတ်ကြီးပျက်ဆီးသွားတာကို ထောက်ပြတာပါ
( အထူးသဖြင့် မိမိတို့ ယုံကြည်တဲ့ ဓမ္မတရားတော်မြတ်မှာ မိမိတို့ သိရှိနားလည်တာလေး ကွဲလွဲခဲ့လို့ ဖြစ်ခဲ့ရတဲ့ သဘောလေးကိုပါ )
ရှေးယ္ခင်ကတည်းက အာဏာရှင်စနစ်ကြောင့် အကျိုးမဲ့ခဲ့တာလေးကို သက်သေပြယုံသက်သက်ပါ ) 
လေ့လာဘူးတဲ့သူတွေသိကြမှာပါ အနော်ရထာမင်း သထုံကို စစ်တိုက်တဲ့အချိန်မှာ ဗျတ်ဝိ တို့ ဗျတ္တ တို့ ရဲ့ ဂမ္ဘီရ ဆန်းကျယ်မှု့တွေဟာလည်း
သာသနာ ညစ်နွမ်းခြင်းမှသည် တိုင်းပြည်ပျက်ခဲ့ရတဲ့ အကြောင်းတွေလည်းဆောင်ပါတယ်။
ဒီအကြောင်းတွေကို ကိုယ့်အလျှင် ဘယ်သူရေးထားနှင့်ပြီလားမသိတဲ့အတွက် တူသွားခဲ့ရင်တော့ နောက်လိုက်အတွေးလို့ဘဲမှတ်ယူနိုင်ပါတယ်။
……………………………………………………………………………………………………………………………………….
အသားလိုလို့ အရိုးတောင်းတယ်လို့ ဆိုကြပါတယ်။ ကျုပ်ကိုသမက်တော်ခြင်ရင် သမီးပေးရပါလိမ့်မယ် ( ကိန်ကိန် )
အထက်ကအကြောင်းအရာကို တည်ပြီးပြောခြင်တာက အောက်က အကြောင်းအရာကိုပြောခြင်လို့ပါ။
ဓမ္မတရားကို အမှန်တစ်ကယ်ယုံကြည်တယ်ဆိုရင်တော့ အဂတိကင်းဘို့လိုပါတယ်။
အထူးသဖြင့် တဏှာ လောဘ ကင်းဘို့လိုပါမယ်။
အိမ်ကဟာကြီးတွေကို ပြစ်သွားဘို့မလိုပါဘူး။ ပြောပါတော့မယ်
 ဗေပုံထီးပုံထိ ဗေပုံထီးပုံထိ ဗေထိ ဗေထိ
ဓညဝတီလို့ခေါ်တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုတော်တစ်ဆူကို
ဗမာဘုရင်တို့က ပြည်ထောင်ခြင်း စစ်နိုင်ခြင်းမှသည် ဓညဝတီမှ မန္တလေးကို ပင့်ဆောင်ခဲ့ကြတယ်လို့ သမိုင်းရှိပါတယ်။
ဒီသမိုင်းအတော်ခိုင်မာတယ်လို့ ဆိုနိုင်ပါတယ်
………………………………………………………..
မပြီးသေးဘါဘူး……….. ဆက်ရေးဦးမှာပါ
ဒီနေ့ နည်းနည်းပျဲသွားလို့ နောက်နေ့ ဒီနေရာကနေ ရေးဖြစ်အောင်ကို .. ရေးမှာပါ
………………………………………………….      မိုက်ကယ်ဂျော်နီအောင်ပု

……………………………………………………………………………………………..
တစ်ဆက်တည်းရေးလိုက်ရင် ကော်မန့်အချို့အဓိပ္ပါယ်ပျက်သွားမယ့်သဘောရှိတဲ့အတွက် မဆက်ထားတော့ပါဘူးး
……………………………………………………………………………………………………………………………………….
……………………………………………………………………………………………………………………………………….
ဆိုတော့ကာ ဆင်းတုတော်တစ်ဆူကို ဘယ်လိုယုံကြည်မှု့နဲ့ ကိုးကွယ်ကြသလည်းဆိုတာကိုတော့ ကိုယ့်ကဏ္ဍနဲ့ကိုယ်
သိရှိနားလည်ကြမှာပါဘဲ။
စာတတ်ပေတတ်ကျမ်းဂန်တတ် ရှင်လူရဟန်းတွေဆို ပိုတောင်သိနိုင်သေး။ ဒီနေရာမှာ နည်းနည်းလေး အထူးပြုခြင်တာက
ဓမ္မတရားပါ သက်သေလိုဖြစ်နေတာက ဆင်းတုတော်ပါ။
ကျုပ်နားလည်ထားသလောက် ဓမ္မဘောင်ထဲကနေ ကြည့်မယ်ဆိုရင် ကျုပ်သာအဲ့သည်အချိန်တုန်းက
 စစ်နိုင်တဲ့ ဘုရင်ဖြစ်ခဲ့ရင် ဆင်းတုတော်တစ်ဆူကို ဓမ္မတရားထဲကနေ ကြည်ညိုခဲ့မယ်ဆိုရင်
အဲ့သည်ဆင်းတုတော်ကြီး ရခိုင်ဒေသကနေ မန္တလေးပင့်လာစရာဘာအကြောင်းမှမရှိဘူး
ဓမ္မတရားရဲ့ အနှစ်သာရကိုက ဆင်းတုတော်ကိုမပြောနဲ့ ပိဋကတ်စာတွေ အရည်ကျိုသောက်ထားဦးတော့
မကျင့်ကြံအားမထုတ်နိုင်ရင် အချဉ်းနှီးဘဲ ( သဒ္ဓါဖက်ကသပ်သပ်ပေါ့ )
ဒီကိစ္စမှာ သဒ္ဓါထက်ကို အာဏာရှင်အဓမ္မဆန်ခဲ့မှု့ကိုပြောလိုတာပါ။ ဒီခေတ်ထဲလည်း လက်ညိုးထိုးပြလို့ရပါတယ်
နိုင်ငံဘတ်ဂျက်တွေဖြုံးပြီး ဘုရားတည်သလိုပါဘဲ။
ဒီလိုပြောလိုက်လို့ သဒ္ဓါတရားကို ကဲ့ရဲ့တယ်လို သာမန်မြင်နိုင်ပေမယ့်
အဲ့သည်သဒ္ဓါဟာ ( လောဘကြောင့်လိုခြင်တဲ့ ကုသိုလ်ကိုရည်ဆူးပြီး ) အဓမ္မပြုမိတဲ့ သဘောကိုဆိုတာပါ။
မည်သို့ဆိုစေ သဒ္ဓါဟူသမျှ ကုသိုလ်ရစမြဲပါ အလွယ်ပြောရရင်တော့ ညောင်ပင်လောက်လှူ ညောင်စေ့လောက်ရဆိုသလိုပါ။
( သူညောင်စေ့လောက်ရဘို့က အများဆုံးရှုံးတဲ့သဘော )
 ဓမ္မတရားတော်မြတ်အရ သာသနာမှာ တစ်ကယ်ကြည်ညိုတော့မယ်ဆိုရင် ဆင်းတုတော်ကြီးကိုယ့်ရှေ့ရှိမှ
ပုထိုးတော်ကြီး ကိုယ့်အိမ်ခေါင်းရင်းရှိမှ ဆိုတဲ့ သဘောကို အထူးမဆောင်လှပါဘူး။
( လုံဝလို့မဆိုလိုပါဘူး )  ဒါ လူတိုင်းနည်းပါးသိပါတယ်။
ဓမ္မသဘောထဲက သတ္တဝါတစ်ဦးရဲ့ ကျွတ်လွတ်ခြင်း မှာ ဆရာတပည့်သာဝက သဘောလည်း ရှိပါတယ်။
လွယ်အောင်ပြောရရင်တော့ မြတ်စွာဘုရားသာသနာပါဘဲ
မြတ်စွာဘုရားဟောလို့ တရားရသွားသူရှိသလို မြတ်စွာဘုရားရဲ့ တပည့်တွေဟောလို့ တရားရသွားသူလည်းရှိပါမယ်။
သက်ဆိုင်ရာ တပည့်တွေ လက်ဆင့်ကမ်းဟောလို့ ရကြတဲ့သဘောပါ။
ဆိုခြင်တာက ဆရာတပည့် ပုဂ္ဂိုလ်အတွဲရှိတယ်လို့ဆိုလိုတာပါ။
ဒါပေမယ့် ဆင်းတု စေတီပုထိုးတော်တွေမှာကြတော့ ဟိုဆင်းတုတော်ကိုရှိခိုးမှ
ဒီပုထိုးတော်ကို ကိုးကွယ်မှ တရားရမယ်ဆိုတဲ့ တပည့်သာဝက ပုဂ္ဂိုလ်စွဲလို့မရပါဘူး။
အချို့ဗေဒင်တွေမှာတောင်သိဘူးကြမလားဘဲ ဘာကိုဆောင်ပြီးတရားအားထုတ်ရင် တရားထူးရမယ်ဘာညာ။
ဒီတော့ကာ ဟိုရှေးခေတ်က ဓမ္မမသိတဲ့ဘုရင်က အရူးထပြီး သူများအိမ်က မ လာတဲ့ဆင်းတုတော်ကြီး
သူ့နေရာသူပြန်ထားပေးလိုက်ပေါ့။
အကောင်းဖက်ကတွေးရင် သူ့မူရင်းနေရာက ဟိုမှာရှိတာဘဲ ကြည်ညိုကုသိုလ်ရဘို့ဆိုတာ
ဒီဆင်းတုတော်ကြီးနဲ့မှမဟုတ်ပါဘူး ဘာသာတူကြတာဘဲ
ဟိုလူတွေဖက်ကလည်းတွေးပေးလို့ရတာဘဲ ဓမ္မတရားထဲက ဒီဆင်းတုတော်ကြီးမှ ဘုရားမဟုတ်ပါဘူး
စေတီ ဆင်းတုဆိုတာ ပဉက်ပါ။ သူတို့ အဲ့သည် ဆင်းတုကြီးနဲ့မှ ဘုရားတရားမြဲမယ်ဆိုရင် ရှိပါစေတော့ ယူထားလိုက်
ကုသိုလ်ရတယ် ကိုယ်နှလုံးသွင်းတတ်ဘို့ဘဲလိုတယ်။
ဒီလိုမှမဟုတ်ဘဲ နှစ်ဖက်စလုံးက ပုဂ္ဂိုလ်တွေက ဒါ ဒို့တွက် သမိုင်းဝင်ပစ္စည်းဘဲ ရှေးဟောင်းပစ္စည်းဘဲဆိုရင်တော့
တကယ့်ရိုက်ပေါက်ဘဲ။
 နိဗ္ဗာန်ရောက်ကြောင်း သံသရာမှလွတ်မြောက်ကြောင်းအတွက် ကိုးကွယ်တဲ့ ဓမ္မ တရားတော်မြတ်ကို
သမိုင်းဝင်တို့ ရှေးဟောင်းပစ္စည်းတို့ လုပ်ခြင်ကြရင်တော့ဖြစ်လည်း ကိုယ့်စပိနဲ့ကိုယ်သွားကြပေရော့ဘဲ။
အထူးသဖြင့် မန္တလေးဆိုတာ ဓမ္မတရားနဲ့ပတ်သက်ရင် ရဟန်းရှင်လူ တတ်သိပညာရှင်ပေါကြွယ်လှတယ်ပြောရမှာပါဘဲ။
ပညာရှိတွေအနေနှင့် ပညာရှိအတွေးများ တွေးပေးသင့်ပါတယ်။ ကိုယ်က ဓမ္မတရားထဲယုံကြည်နေတာဘဲ
ဗုဒ္ဓသာသနာတော်မှာ ဒီဆင်းတုတော်ကိုရှိခိုးမှ ကုသိုလ်ရတာမဟုတ်ပါဘူး
အခြားဆင်းတုတော်ကို ဘုရားအဖြစ်အမှတ်ထားပြီး ရှိခိုးလည်း ကုသိုလ်ရမှာပါဘဲ ( နှလုံးသွင်းတတ်ဦးမှ )
ကိုယ်က နားလည်သိတတ်တဲ့သူဘဲ သူတို့စိတ်တွေချမ်းသာကြပါစေပေါ့
ပြောလို့ပြောတာ နှစ်ဖက်စလုံးက ပုဂ္ဂိုလ်တွေစိတ်ထဲ ကျုပ်လိုအတွေးမျိုးသာရှိကြည့်
အဲ့သည် ဆင်းတုတော်ကြီး အချောင်နိုင်ငံပတ်ပြီး ဒေသစာရီကြွချီနေရမှာ။
ကျုပ်သာ ဓမ္မယုံကြည်တဲ့ ရခိုင်သားတစ်ယောက်ဖြစ်ကြည့်
အေးအေး ဒီဆင်းတုတော်ကြီး မင်းတို့မှာရှိမှ စိတ်ချမ်းသာမယ်ထင်ရင်ယူထားကိုးကွယ်ကြ သာဓု သာဓု သာဓု
ဒီဆင်းတုတော်ကြီးဒို့ဆီမှာမရှိလည်း နိဗ္ဗာန်ဘုရားပစ္စည်းရောင်းတဲ့ဆိုင်က ဆင်းတုတစ်ဆူဝယ်ပြီး
ဘုရားအမှတ်ထား ရှိခိုးလည်း ကုသိုလ်ရတာဘဲ ( ကိုယ်ကစိတ်ထားတတ်တာကိုး ) ။
ဟော  
ကျုပ်သာ မန္တလေးက ဓမ္မယုံကြည်တဲ့သူ ဖြစ်ကြည့်ဦး
ဒီဆင်းတုတော်ကြီး ရှေးခေတ်ဘုရင် ဓမ္မမသိဘာမသိ စစ်နိုင်တိုင်းနဲ့ မါ့လာတာ
အချို့မသိနားမလည်သူတွေ ဒီဆင်းတုတော်ကြီးကို ဥစ္စာလိုစိတ်ထားပြီး စိတ်ဆင်းရဲနေကြတယ်
မသိနားမလည်သူတွေ စိတ်ချမ်းသာကြပါစေ ဘာသာခြားလက်ထဲပေးလိုက်ရတာမှမဟုတ်တာ
ဆင်းတုတော်ကြီးလည်း နေရာမှန်ပြန်ပြီးကိန်းဝပ်စံပယ်ရတာပေါ့
ဘာညာ ဓမ္မနားလည်သူ နှစ်ဦးနှစ်ဖက်က
နင်တို့ပြန်ယူပါ နင်တို့ဘဲယူထားပါနဲ့ အပြန်အလှန်နားလည်မှု့တွေ ကောင်းလွန်းလို့ ဆင်းတုတော်ကြီးက
ဟိုနေရမလိုလို ဒီနေရမလိုလိုနဲ့ ဆယ်ဘီးကားပေါ်တင် မြန်မာနိုင်ငံဒေသစာရီကြွချီရပါလေရော
အဲ့သည်မှာ ကျုပ်က ဂေါဘဂ :mrgreen:
နိဂုံးအနေနှင့်ပြောရရင်တော့ နှစ်ဦးနှစ်ဖက်စလုံးက ဓမ္မသဘောထားပြည့်ဝကြရင်တော့ ဟိုတုန်းက ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့
လက်ရှိမှာ ဆင်းတုတော်ကြီးက မန္တလေးမှာ ကိန်းဝပ်စံပယ်နေပြီဖြစ်တဲ့အတွက် အပင်ပမ်းခံပြီး အလုပ်ရှုပ်ခံပြီး
အပေးအယူလုပ်မနေတော့ပါဘူး ဆင်းတုကဆင်းတုပါဘဲ နှလုံးသွင်းတတ်ရင် ဘယ်ဆင်းတုရှိခိုး ရှိခိုး ကုသိုလ်ရတာပေါ့
ဟုတ်ဘူးလား။
ဒီနေရာမှာ အဂတိကင်းဘို့လိုပါတယ် ငါတို့ကတော့ နှလုံးသွင်းကောင်းတာပေါ့ကွာ
နှလုံးသွင်းညံ့တဲ့သူတွေက ပြန်လိုခြင်နေကြတယ် ပြန်ပေး
ဒါမှမဟုတ်
ငါတို့ကတော့ နှလုံးသွင်းကောင်းတယ် နှလုံးသွင်းမကောင်းတဲ့သူတွေက ပြန်မပေးနိုင်ဘူး ပေးဘူးကွာ ဆိုတာမျိုး
ဖြစ်ခဲ့ကြမယ်ဆိုရင် သက်ဆိုင်ရာ နှလုံးသွင်းကောင်းသူများအနေနှင့် နှလုံးသွင်းမကောင်းသူများကို
ဓမ္မတရားဘောင်ထဲမှ ဆင်းတုတော်များ ပူဇော်ကိုးကွယ်ခြင်းအကြောင်းများကို ၎င်းတို့၏ ရင်ထဲ အသည်းထဲ သီးခြေထဲ
ရောက်အောင် ရှင်းလင်းပြောပြစေကြခြင်းမှသည် ဓမ္မသဘော၌ ယုံကြည်သက်ဝင်သူလူသားတို့တွင်
ငါတို့သည် လူသားများပင်ဧကန်စင်စစ်ဖြစ်ကြပါလေပြီး လူမျိုးပြည်နယ်နိုင်ငံ ဟု မခွဲခြားဘဲ
အတူတစ်ကွနေထိုင်နိုင်ကြကုန်သော စိတ်များကိန်းအောင်းကြစေသောဝ်ဟု
ဓမ္မယုံကြည်သူ လူသားများဖြစ်ကြပါစေကုန်သတည်း။
……………………………………………………………………………………………………………………………………….
အထူးသဒိပေးချက် / ဝမ်နင် ။ ။ အထက်ပါအကြောင်းအရာသည် သမိုင်းတစ်ခုကို ပြန်လှန်ခြင်းမဟုတ်ဘဲ
သမိုင်းထဲမှ ဓမ္မနှင့်ပတ်သက်ခြင်းကို ချည်းကပ်ရေးသားခြင်းသာဖြစ်ပါကြောင်း။
သမိုင်းနှင့်ပတ်သက်သော အထောက်ထားများဖြင့် ပြောဆိုလိုပါက ကိုယ့်စပိနှင့်ကိုယ် သွားရမည်ဖြစ်ပါသည်။
တောင်ထိပ်ကနေအဆင်းမှာ ဘီးတပ်ပေးရမယ်ဆိုလျှင်ဖြင့်
 ဥပမာ
 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက အဲ့သည်ဆင်းတုကြီးကိုယ့်ငွေ့ခြုံပေးတယ်လို့ဆိုတဲ့အခါ
ရုပ်တုတွေဟာ ဘယ်ရာစုနှစ်တွေမှာစပြီးပေါ်ထွန်းခဲ့တယ် ဘါညာကွိကွ အင်တာနက်ထဲက မှီရာကန်းရာ
နှိုက်ထုတ်ကျိရှု့ ချိန်ဆဂျဂုဏ်စေသောဝ်။ ပြေးဘီ။ ကိန် ကိန် ကိန်
…….
ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း
အင်တာနေရှင်နယ်အပျီပျီဆိုင်ရာ ဆာယေးစယာ အကျော်အမော်
မိုက်ကယ်ဂျော်နီအောင်ပု

 

46 comments

  • ရာမည

    May 8, 2013 at 12:43 am

    သာသနာတော်ကို စောင့်ရှောက်တယ်ဆိုတာ
    ကိုယ်တိုင်ကိုယ်ကျ လေးလေးစားစား လိုက်နာကျင့်ကြံ အားထုတ်ခြင်းလို ့သိထားပါတယ် ။
    ဘုရားဟောအရ တစ်ကျိတ်နှစ်ယောက်သော ပုဂိ္ဂိုလ်တို ့ရှိပါက သာသနာတော် မကွယ်ပျောက် လို ့
    ဆိုထားပါတယ် ။
    ထိုတစ်ကျိတ်နှစ်ယောက်သော ပုဂိ္ဂုလ်တွေထဲမှာ
    ၉၆၉ ဆရာများ ဓါးထမ်းလမ်းလျှောက်မျက်ကန်းမျိုးချစ်များ
    ဘိုးတော်များ နတ်ကတော်များ စသည်များမဟုတ်တာတော့ အလွန်သေချာ
    ပါသည် ခင်ဗျာ ….
    အထက်ပါပို ့စ်ကို ထောက်ခံပါကြောင်းနှင့်
    သဘောတရားများကိုနားလည်ပါစေကြောင်းဆုတောင်းပါတယ် ။

    %%%%%% ပထမ ကွန်မန့် ့ တင်လို ့မရခဲ့ပါ ။ပျောက်သွားပါသည် ။%&&&&

  • ဝင့်ပြုံးမြင့်

    May 8, 2013 at 1:19 am

    ဆြာပု – ပို့စ်နဲ့တော့ မဆိုင်ဘူးနော်။ မေးချင်တာကို ဖြေပေးမှာလား။ တကယ်မသိလို့မေးတာပါ။
    သတ္တဝါ ဆိုတာ ရုပ်နဲ့နာမ်နဲ့ တွဲနေတာ မဟုတ်လား။ ပုရွက်ဆိတ်လို အကောင်လေးတွေနဲ့ အနုဇီဝပိုးမွှားလေးတွေ၊ ကုန်ကုန်ပြောရင် ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်လို ပိုးမွှားလေးတွေကော ရုပ်နဲ့နာမ် တွဲနေတာပဲလား။ သူတို့တွေကော တနေ့ကျရင် အကောင်ကြီးတွေ ဖြစ်လာမှာလား။ အကောင်ကြီးတွေဖြစ်လာ ပြီးတော့ နိဗာန်ကိုရောက်မှာလား။
    အဲဒါ မျှစ်ကြော်ပြုံး ရဲ့ တကယ့် စိတ်တွင်းပြဿနာဖြစ်နေလို့ ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။
    မဖြေချင်လို့ ဆဲချင်လည်းဆဲဗျာ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 8, 2013 at 10:16 am

      ဒါဂဒေါ့ ဆရာမရယ်
      ဓမ္မတရားတော်အရ သံသရာဆိုတာရှိသတဲ့
      သံသရာဆိုတာကြောင့် သတ္တဝါတွေ သံသရာထဲဆွေမျိုးတော်ဘူးကြသတဲ့
      တစ်ခါတစ်လေတွေးကြည့်မိဘူးပါတယ်
      ဒိုင်နိုဆောပြတိုက်ထဲက အရိုးစုကြီး
      ငါ့ဟိုဘဝကအရိုးစုကြီးများဖြစ်နေမလားလို့
      အနူစိတ်ကိုတော့
      ကျုပ်ရဲ့ စယာ ဘဒ္ဒ န္တကြောင်ကြီးကို ချဉ်းကပ်မေးကျိဘါလား ??

    • Foreign Resident

      May 8, 2013 at 11:36 am

      ကပု ၊ ကပု ။
      ရှားရှား ပါးပါး တစ်ခါလောက် ဘာသာရေးလေး ရေးမိပါတယ် ။
      တကယ့် ဆရာမကြီး ရဲ့ တကယ့် မေးခွန်း နှင့် တွေ့သွားပြီ မဟုတ်လား ။
      မှတ်ပလား ။ ဟီ ဟိ ။
      နောက်ဆုံးတော့ ဘာသာရေးဆို ဘဒ္ဒန္တ ကြောင်ကြီးကိုပဲ တရတော့ တာပေါ့ ။

      အဘတောင် ဒီရက်ပိုင်း ဘာသာရေးလေး ရေးမလား စဉ်းစားနေတာ ။
      အခုတော့ ကြောက်စရာကြီး ။

    • အရီးခင်လတ်

      May 8, 2013 at 3:22 pm

      ကျုပ်လဲ မပြုံး လို အရင်က အမြဲတွေးဖူးပါရဲ့။
      နောက်တော့ သူကြီးစကား တစ်စုကို ကြားပါများ လာတော့ လက်တွေ့ သဘောပါလို့ သဘောကျမိတယ်။
      ဒီတစ်ခါတော့ မဟာ သူကြီးမင်း ကို ခွက်ဒစ် ပေးလိုက်ရင်း အဲဒီ စကားကို (ဗုဒ္ဓအဟော) ပြန်ကိုးကား လိုက်ပါတယ်။
      ဘာတဲ့။ သဘောကတော့။

      အတိတ် ကိုလဲ သို့လော သို့လော မတွေးနဲ့။
      အနာဂါတ် ကိုလဲ သို့လော သို့လော မတွေးနဲ့။
      လက်ရှိ ပစ္စုပါန် ကိုဘဲ မျက်မှောက်ပြု သင့်တယ်။
      ကိုယ်ကိုယ်တိုင်လဲ ဘယ်ကလာတယ်၊ ဘယ်ကိုသွားမယ် သိမှမသိနိုင်တာ။
      အတိတိကျ သွားရမဲ့ လမ်း ကတော့ သေလမ်း ဘဲ။
      အဲဒါ ဗုဒ္ဓ နဲ့ ဒကာမလေးတစ်ဦး အမေးအဖြေ ရှိတာ။
      (အတိအကျ ပြန်မရှာနိုင်လို့ ရမ်းတီးထားတာ လွဲသွားရင် လာ ပြင်ပေးပါ သူကြီးရေ)

      လောလောဆယ်မှာတော့
      မမြင်နိုင်တာ၊ မသိနိုင်တာ၊ လက်လှမ်းမမှီနိုင်တာ၊ သက်သေမပြနိုင်တာတွေ ကို စွဲပြီး မောဟတွေပွါးနေလို့
      လက်ရှိ ဘဝ တွေ မငြိမ်းချမ်း နေကြတာကတော့ လက်တွေ့ ဘဲဗျို့။ 🙄

      ဘာဘဲ ဖြစ်ဖြစ် ဘပု ဟာ သာမာန်လူ မဟုတ်ဘူး ဆိုတာ ဒီ Post က သက်သေပြတာဘဲ။
      သာမာန်လူမဟုတ်တော့ ဘာလဲ လို့မေးခွန်း ရှိလာခဲ့ရင်တော့ သိဘူး။ 😆

  • kai

    May 8, 2013 at 2:50 am

    သမို်င်းပညာရှင်ဒေါက်တာသန်းထွန်းစာကိုင်ပြောရရင်…
    ဒန်တန်တန်…
    ၁) သုဝဏ္ဏဘူမိက. အခုခေတ်. မြန်မာပြည်မြေပုံထဲပါမပါ..မသေချာပါဘူးကွယ်..။အသောကမင်းကလည်း.. သုဝဏ္ဏဘူမိကို.. သာသနာပြုမလွှတ်ခဲ့ဘူးလို့.. ဆိုပါသတဲ့ကွယ်..။
    ၂) အသောကမင်းကြီးသာသနာပြုလွှတ်တယ်ဆိုတဲ့နှစ်က.. ခရစ်မပေါ်ခင်..နှစ်၂၀ဝကျော် ( 268–232 BCE) ဖြစ်ပါတယ်ကွယ်..။
    ၃) အနော်ရထာက.. သထုံမနုဟာ (မကုဋ)မင်းကိုပဋိကတ်သုံးပုံအတွက်(ဆိုပြီး)စစ်ခင်းတာ.. ခရစ်နှစ် ၁၀၀ဝ ဝန်းကျင် 1044 –1078ဖြစ်ပါတယ်ကွယ်..

    ဆိုတော့..
    အသောကမင်းကြီး.. ရဟန်းတွေ့ပုံနဲ့.. အနော်ရထာရှင်အရဟံတွေပုံ.. နှစ်၁၃၀ဝလောက်အချိန်ကွာနေပေမယ့်.. ချွတ်စွပ်လောက်တူနေတာအံ့ဩစရာလား..။
    ..ဂေါတမဗုဒ္ဓကိုယ်တော်တိုင်ကြီး.. ကျိုက်ထီးရိုးရောက်လိုက်..။ ရွှေစက်တော်ရောက်လိုက်.. မန္တလေးတောင်ပေါ်တက်လိုက်.. မဟာမြတ်မုနိမှာရင်ငွေ့လှုံပေးလိုက်ဖြစ်နေတာတွေ..ကျော်ပြီး.. နှစ်၁၃၀ဝလောက်ကြီး.. ကြာပြီးမှ ပိဋိကတ်၃ပုံအတွက်စစ်တိုက်တယ်ဆိုတာက အံ့စရာလား.. လားပေါင်းများစွာထဲ.. ချင့်ယုံကြဖို့ပါပဲ.. လို့..။
    (ငတို့ကစိတ်ကြီးတယ်.. ဘုန်းဘုန်းပြောတဲ့အတိုင်းပဲ..ဆိုရင်တော့.. ဘောတော်မြတ်အတိုင်းဖြစ်ပါကြောင်း..။) :kwi:
    ဒန်တန်တန်…
    =
    စကားအတင်းစပ်..
    ဒီခေတ်သာ.. မက္ကာမြို့ပေါ် တယောက်ယောက်က ဈာန်အဘိဉာဉ်နဲ့.မိုးပျံပြလိုက်ရင်.. လူသန်း၁၀၀ဝ ဗုဒ္ဓဘာသာဝင်ဖြစ်လာဖို့..အာမခံတယ်..။
    ဒါကတော့.. ဒန့်တန်တန်..

    • Foreign Resident

      May 8, 2013 at 7:53 am

      ” ငတို့ကစိတ်ကြီးတယ်.. ဘုန်းဘုန်းပြောတဲ့အတိုင်းပဲ ”
      ဟီ ဟိ ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 8, 2013 at 10:24 am

      ဒီအကွက်တွေကို မြင်လို့
      သက္ကရာဇ်တွေ တစ်ခုမှ ထည့်မထားဒါ ထည့်မထားဒါ
      အောက်က ဦးကျောက်ကပြောဒယ်
      ( သမိုင်းဆရာကြီးရဲ့ နှုတ်ထွက်စကားကို “Gospel Truth”လို့များမှတ်ထားကြပါသလား )
      ဒဲ့

    • ဆူး

      May 8, 2013 at 11:11 am

      သာသနာ တည်တံ့ပြန့်ပွားဖို့ အတွက်.. သဂျီး က ဘုန်းကြီးဝတ်ပြီး ဈန်ရအောင် အရင်ကျင့်ပြီး မက္ကာမြို့ပေါ် ကြွဖို့ အကြံပြု တိုက်တွန်းချင်ပါသည်။
      ပရိက္ခရာ ၈ပါး တာဝန်ယူပေးမည်။
      တချို့ ကိစ္စတွေက သူများ အားကိုးတာထက် ကိုယ့်အား ကိုယ်ကိုးရတာ ပိုကောင်းပါသတဲ့။
      အဟတ် အဟတ်.. :kwi:

      နှာမစေးနဲ့နော်.. ဂမုန်းနာ တခါတည်း ထည့်ပေးလိုက်မယ်။

      ရခိုင်သမိုင်းမှာ မဟာမြတ်မုနိ ဘုရားကြီးက ရခိုင်ကနေ မြန်မာဘုရင် အတင်းပင့်သွားသတဲ့.. အဲ့ဒီတော့ ရေငွေ့လှုံတာ မန်းမှာ မဟုတ်ဘူး လို့ ပြောလို့ရမယ်။
      မဟာမြတ်မုနိ ဘုရားကြီး သွန်းလုပ်တဲ့ အခါ ပိုတဲ့ ကြေးတွေ နဲ့ ထပ်ပြီး ဘုရားတွေ သွန်းတဲ့ အခါ ဘုရားနာမည်တွေမှာ မဟာကျန် ဆိုပြီး မှည့်ပါသတဲ့.. ကြားဖူးနားဝ ဂိုက်ရှင်းပြတာ မှတ်မိသလောက် ပြန်ချရေးပေးပါသည်။

      • kai

        May 8, 2013 at 2:15 pm

        မဟာမြတ်မုနိအော်ရီဂျင်နယ်ကြေးသွန်းတာ.. ရခိုင်ပြည်မှာလို့ဆိုကြပါတယ်….
        အဲဒီမှာရင်ငွေ့လှုံတယ်ဆိုကြပါတယ်..

        ဆိုတော့…
        ယူအက်စ်လည်းဒေါ်လှဘီလီယံချီအကုန်ခံ..လူကောင်လိုက်.. အလိုလိုမိုးပျံပညာရှာနေတာ… ကျုပ်လည်း.. စောင့်ကြည့်နေတာ.. အနှစ်၃ဝကျော်ပြီး..
        တကယ်တော့.. ဈာန်ပျံတယ်ဆိုတာ… အာရှကမိုးပေါ်ပျံချင်သူတွေစိတ်ကူး..ကူး….ယဉ်..ရင်…
        ဟတ်… ဟတ်.. ဟတ်… ချိုး..
        ပေး..
        ဂမုန်းနှာ.. :kwi:

        ဆိုတော့..
        သမိုင်းဆရာဒေါက်တာဘွဲ့ရစကားကို.. သချင်္ာမတတ်သူတွေ..သိပ္ပံမသိသူတွေ..ဒေါက်တာဘွဲ့ကျောင်းမတက်ပဲရသူတွေ… စကားထက်… ပိုယုံပါသော်ငြား…
        မြန်မာပြည်ထဲသာ.. ကာဗွန်နဲ့သက်တမ်းစစ်စက်သွင်းပြီး.. ဆေးစစ်လိုက်ရင်..ပွဲပြတ်ပဲ..
        လာလေရော့.. ကျောက်တုံး…အဲ.. အုပ်ခဲ…အဲ… နွားရိုး..
        (သက်တမ်းစစ်ဖို့ပြောတာနော… )
        ကွိ… :kwi:

        • ဆူး

          May 8, 2013 at 3:03 pm

          အကောင်လိုက် အလိုလို ပျံဖို့ ဆိုရင်တော့ အာကာသထဲ သွားပါလား။
          အာကာသထဲ သွားချင်ရင်တောင် သွားဖို့ ယာဉ်လိုတယ်လေ..

          အဲ့လိုပဲ.. လူ အကောင်လိုက် ပျံတက်ဖို့.. ယာဉ်လိုတယ်..

          ကိုယ်တိုင် ကျင့်ကြည့်ပါဆိုမှ.. ငရုတ်သီး စပ်တယ် သူများ ဘယ်လောက် ပြောပြော စပ်တာ သိဖို့ စပ်တာ စားဖူးမှ စပ်တဲ့ အကြောင်းသိမှာပေါ့..
          ဥပမာ လျှာဖျားက စပ်တာလား.. လျှာ အရင်းက စပ်တာလား လျှာ အလယ်က စပ်တာလား.. စပ်တာပဲ သိတယ် ဘာမှ သိဘူး ဆိုရင်တော့.. သူများပြောလို့ လိုက်ပြောတာလည်း ဖြစ်နိုင်တယ်။

          ဒါနဲ့ စကားမစပ်..
          သဂျီး ဆာဒူးတွေ အိနိ္ဒယမှာ ရှိခဲ့ဖူးတာ ယုံလား လက်ခံလား.. တလောက သတင်းတခုမှာ ရေမသောက်ပဲ အသက်ရှင်တယ် ဆိုလား.. စီစီတီဗွီ ကနေပြီးတော့ ထိုင်ကြည့်ပြီး စစ်ဆေးတာ ရက်ပေါင်း မနည်းဘူး… သာမာန်လုပ်တွေ ရေမသောက်ရရင် စိတ်ဂယောင်ခြောက်ခြား ဖြစ်ပြီး သေရမည့် အချိန်တောင် ကျော်ပြီးတဲ့ အထိ စံချိန်တင် နေနိုင်ကြောင်း သတင်းတခုမှ တွေ့လိုက်ရသတဲ့။

          ဝိပဿနာ လိုင်းနဲ့ မြေရှိုးမိုးပျံ ဝိနည်း မလွတ်လို့ သာသနာပြုဖို့ ခက်နေမှာ စိုးလို့… အကြံပြုချင်ပါတယ်..
          သဂျီး ဂျိန်းဘုန်းကြီး လုပ်ပါလား…

          ဂင်္ဂါမြစ်ရေစိမ်ပြီး တနှစ်တခါ ရေထွက်ချိုး.. ကွိကွိ.. တပည့်ပေါင်းများစွာက နဖူးလာတိုက်ပြီး ဆုတွေ ဘာတွေ တောင်းတဲ့ အခါ ဆုပေးလိုက်.. ကွိကွိ..
          တောထဲကနေပြီး မက္ကာ ကို မြေရှိုးမိုးပျံနိုင်အောင် လုပ်လို့ရလာလိမ့်မယ်။
          မယုံရင် ကိုယ်တိုင် စမ်းကြည့်..

          မှတ်ချက် ပရိက္ခရာ ၈ပါး မလှူချင်လို့ မဟုတ်.. စမ်းသပ်နိုင်အောင် အကြံကောင်းပေးခြင်း။

    • Mr. MarGa

      May 8, 2013 at 2:16 pm

      ကာလာမသုတ်ကို ပါးစပ်ဖျားက မချတဲ့ သဂျီးက သမိုင်းပညာရှင်စကားကျတော့ ယုံသတဲ့လား
      ပြောရရင်လဲ မကောင်းဘူး
      ရဟန်းတွေရဲ့ ဝိနည်းတော်တွေထဲမယ် အဲလို တန်ခိုးတွေသုံးပြီး မမြူဆွယ်ရဘူးလို့ ပါသလေ
      အဲဒီတော့ ရွာတော်ရှင်ပြောသလို သဂျီးသာ တရားထူး ရအောင်လုပ်ပြီး ဈာန်ပျံပြလိုက်ပေတော့ :mrgreen:

  • Foreign Resident

    May 8, 2013 at 7:51 am

    ” ၁) သုဝဏ္ဏဘူမိက. အခုခေတ်. မြန်မာပြည်မြေပုံထဲပါမပါ..မသေချာပါဘူးကွယ် ”

    ” သုဝဏ္ဏဘူမိ ရှာပုံတော် ” ဆိုတဲ့ စာတမ်းကို ဖတ်ဘူးပါတယ် ။
    သုဝဏ္ဏဘူမိ ဖြစ်နိုင်တာ ၃ နေရာ ရှိတယ်လို့ ယူဆကြပါတယ် ။
    ၁ ။ သထုံ ။
    ၂ ။ ယိုးဒယား ။
    ၃ ။ ဆူမတြားကျွန်း မြောက်ပိုင်း ( အင်ဒိုနီးရှား ) ။
    ဟုတ်ပါတယ် ၊ သုဝဏ္ဏဘူမိဟာ မြန်မာပြည်ထဲ ပါမပါ မသေချာသေးပါဘူး ။
    သမိုင်း ပညာရှင်တွေ လေ့လာနေတုန်းပါ ။

    • kai

      May 8, 2013 at 2:44 pm

      သုဝဏ္ဏဘူမိ.. မြန်မာပြည်ထဲရှိမရှိဆိုတာထက်… အသောကမင်းအဲဒီသာသနာပြုလွှတ်မလွှတ်မှာ.. မြန်မာပြည်ဖက်ကအတင်းကြီးကိုလွှတ်ပါတယ်ဆိုပြီး.. အိန္ဒိယသွားစာတမ်းဖတ်ခဲ့တာ.. ဟိုက.. သမိုင်းအထောက်အထားတွေပြလိုက်တယ်လို့.. ဖတ်ဖူးလို့ပါ…။
      – အဘိဓမ္မာကျမ်းတွေနဲ့.. သံဃာယနာတင်အကြောင်းတွေ…
      – ဝိပဿနာနဲ့..ဟိန္ဒူ/ဂျိန်းကျင့်စဉ်အကြောင်းတွေ..
      – ညီနောင်၂ယောက်ဆံတော်ရတယ်ဆိုတဲ့.. ရွေတိဂုံ-ဒဂုံနဲ့.. အိနိ္ဒယ ဩစိရ ဒေသအကြောင်းတွေ..

      အင်း..
      သမိုင်းသင်တာ… မအအောင်တင်မဟုတ်.. အလိမ်မခံရအောင်ပါ.. သတိထားစေလိုကြောင်း..
      သာသနာအယူမှားရင်.. လူ့ဘဝမှောက်ရင်တင်မဟုတ်.. တိုင်းပြည်ပါမှောက်ပါကြောင်း…။

      Suvarṇabhumī (Pali Suvaṇṇabhumī; Burmese: သုဝဏ်ဏဘူမိ, Burmese pronunciation: [θṵwʊ̀ɴna̰bùmḭ], Khmer: Sovannaphum, Thai: สุวรรณภูมิ, RTGS: Suwannaphum) is the name of a land mentioned in many ancient sources such as the Chronicle of Sri Lanka (“Mahavamsa”), some stories of the Jatakas, and Milinda Panha. Literally, this name means “Golden Land” or “Land of Gold”, and might be a region named “Aurea Regio” in “India beyond the Ganges” of Claudius Ptolemy.

      There is a common misunderstanding that the Edicts of Ashoka mention this name. The truth is the Edicts relate only the Kings’ names and never reference Suwannaphum in the text.[citation needed] Moreover, all of the Kings referenced in the text reigned their cities in the region that located beyond the Sindhu to the west. The misunderstanding might come from a mixing of the story of Ashoka sending his Buddhist missionaries to Suwannaphum in “Mahavamsa” and his Edicts.

  • ဦးကြောင်ကြီး

    May 8, 2013 at 9:15 am

    အယက်သမားပါးစပ်
    နတ်စဂါးထွက်
    သူမို့ပြောရက်
    အိုသောက်ခွက်
    ယိုသူမရှက်
    မြင်သူရှက်
    တော်စမ်းကွာ
    အခုရပ်..

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 8, 2013 at 10:11 am

      ဘန်းဒေ စယာကျောင်ဂျီး ဓမ္မတရား ဝေငှရကောင်းမှန်းမသိလို့
      မောင်နုဘရင်ကိုအကြောင်းပြုပြီး လူမျိုးတိုင်းပျီပျက်ခဲ့ရပီးဘီ
      ခုလည်း ဓမ္မစကား အရက်သမားပြောခွင့်ပိတ်နေတော့
      ဓမ္မစကားပြောဘို့ သူ့ဘဲ မြတ်စွာဘုရားက
      ပါမစ်ချထားပေးသလိုလိုဘါလိုလိုဘါလိုလို
      သဂျီးမကဲ့ရဲ့အောင်နေဘါ :mrgreen:

  • ဦး ကျောက်ခဲ

    May 8, 2013 at 9:53 am

    ကပုရဲ့ ခေတ်ဟောင်းရာဇဝင်ကို မော်ဒန်အမြင်နဲ့ လှော်ထားတာကြိုက်သဗျာ…
    “သုဝဏ္ဏဘူမိ” ဘယ်အရပ်မှာ ရှိခဲ့ရှိခဲ့၊ “မနူဟာဘုရင်” ပုဂံကိုပါလာတာတော့ ငြင်းမရပါဘူး…
    စကားမစပ်
    သမိုင်းဆရာကြီးရဲ့ နှုတ်ထွက်စကားကို “Gospel Truth”လို့များမှတ်ထားကြပါသလား…
    ဟို… စိနပြည်ကြီးက “မြတ်စွယ်တော်” ဆိုတာကြီးကိုရော… အစစ်လို့ ယုံကြပါသလား… ဟီ ဟိ
    သူတစ်ပါး ပါးစပ်ဖျားမှာ လမ်းဆုံးနေကြတာ ခက်ပါ၏… အား ဟိ
    :harr:

    • S@i S@i Fin K@i

      May 8, 2013 at 10:03 am

      အိုကွယ်.. ကျံကျံဖန်ဖန်..

      အာဟိ

      :harr:

    • kai

      May 8, 2013 at 2:20 pm

      Experts claim Buddha tooth relic actually came from an … – The Nation
      nationmultimedia.com/2007/07/15/regional/regional_30040930.php‎
      Jul 15, 2007 – Experts claim Buddha tooth relic actually came from an animal. SINGAPORE — Dental experts have raised doubts over the authenticity of a …
      =
      Buddha tooth relic a clear fake, say experts – Topix
      http://www.topix.com/forum/business/dental/TIPGV78FO1CQM85LG‎
      Jul 18, 2007 – General news >> Monday July 16, 2007 SINGAPORE Buddha tooth relic a clear fake, say experts Singapore _ Dental experts have raised ..

  • surmi

    May 8, 2013 at 10:44 am

    ပြောထားတဲ့အတိုင်းဆက်ရေးနော်
    ဒီည ဆက်ပြီးစောင့်ဖတ်မယ် ။
    ပြီးမှ မန် ့မယ် ဒါဘဲ
    :harr:

  • Novy

    May 8, 2013 at 11:22 am

    “သုဝဏ္ဏဘူမိ” ရှာပုံတော်က
    နိုဗွီ မြင့်မိုရ်တောင်ကို ရှာတာထက်ပိုဆိုးနေပါပြီ
    ကျွန်းကြီးလေးကျွန်းရဲ့ အလယ်တဲ့

    အနိစ္စ ဒုက္ခ အနတ္တ

  • မကြည်ပြာ

    May 8, 2013 at 11:25 am

    ဒဂယ်တော့ လိုနေတာ မိတ္တူကူးစက်ပါခညာ…..

    လိုချင်လို့ လာတောင်းတာ အော်ရီဂျင်ဒယ် မပေးချင်တောင် မိတ္တူလောက် ပေးလို့ဖြစ်တာဗြဲ

    သို့သော်..ပိဋကတ်စာပေတွေ ကိုအစအဆုံး လက်ရေးနဲ့လိုက်ကူးဖို့က တယ်မလွယ်ဝူးကိုး

    ဒါကျောင့် ငေါက်လွှတ်လိုက်တာနေမယ်…..ခွိခွိ :mrgreen:

  • မောင် ပေ

    May 8, 2013 at 11:45 am

    ဟိုး အင်္ဂလိပ်မင်းများခေတ် က ပရော်ဘက်စာ ဦးဦးမောင်ပေ က
    နေဝင်းခေတ် ပလော်ပက်ဆာ ကိုကိုမောင်ပေ ကို ဒီလိုပြောသွားတာကို ၊ သူက
    ဒီနေ ့ခေတ် မောင်ပေ့ ကို ပြန်ပြောတာကတော့
    “ ကောင်းတာလုပ်ရင် ကောင်းတာရမယ် ၊ ဆိုးတာလုပ်ရင် ဆိုးတာ ရမယ် ”
    ဥပမာ တစ်ခုပေးရရင်
    ထမင်းတစ်နပ် ၁၅၀ဝကျပ် ၊ ခေါက်ဆွဲသုပ် တစ်ပွဲ ၅၀ဝကျပ်
    ၁၅၀ဝကျပ် ရှိမှ ထမင်းစားလို ့ရမှာပေါ့
    ၁၅၀ဝကျပ် မပြည့်ပဲ ၅၀ဝ ကျပ်ပဲ ရှိရင် ခေါက်ဆွဲသုပ် ဝယ်စားရင် စားပေါ့
    အဲဒီလိုမှ မဟုတ်ရင် စားချင်စား မစားချင်နေပေါ့
    ( ဒါကို ထပ်ပွားရင် အတွေးတွေ အများကြီး ရအိ )

  • kyeemite

    May 8, 2013 at 1:12 pm

    “ဘုရင်နုဆိုတဲ့ ဘုရင်က ပိဋကတ်ကြီးဖက်ပြီးနေတာ ( ဖတ်ပြီးနေတာမဟုတ် ) သေခြာတာကတော့ အဲ့သည်ဘုရင် ပိဋကတ်ကို နည်းနည်းလေးတောင်ဖတ်မကြည့်ဘူး
    ပြောနိုင်မလားဘဲ ဘုရား တရား သံဃာ 969 ကို ကိုးကွယ်ရင် ကျမ္မာမယ် ချမ်းသာမယ် နတ်သမီးတစ်ဖက်ငါးရာ ရမယ် ဒီလောက်ဘဲသိပုံရတယ်။”

    ရာမည says:

    သာသနာတော်ကို စောင့်ရှောက်တယ်ဆိုတာ
    ကိုယ်တိုင်ကိုယ်ကျ လေးလေးစားစား လိုက်နာကျင့်ကြံ အားထုတ်ခြင်းလို ့သိထားပါတယ် ။
    ဘုရားဟောအရ တစ်ကျိတ်နှစ်ယောက်သော ပုဂိ္ဂိုလ်တို ့ရှိပါက သာသနာတော် မကွယ်ပျောက် လို ့
    ဆိုထားပါတယ် ။
    ထိုတစ်ကျိတ်နှစ်ယောက်သော ပုဂိ္ဂုလ်တွေထဲမှာ
    ၉၆၉ ဆရာများ ဓါးထမ်းလမ်းလျှောက်မျက်ကန်းမျိုးချစ်များ
    ဘိုးတော်များ နတ်ကတော်များ စသည်များမဟုတ်တာတော့ အလွန်သေချာ
    ပါသည် ခင်ဗျာ ….
    အထက်ပါပို ့စ်ကို ထောက်ခံပါကြောင်းနှင့်
    သဘောတရားများကိုနားလည်ပါစေကြောင်းဆုတောင်းပါတယ် ။

    ထောက်ခံပါတယ်ကိုရာမညရေ…

  • ရွာစားကျော် မင်းနန္ဓာ

    May 8, 2013 at 1:57 pm


    ပျဲနေတုန်းရေးတဲ့စာမို့သာပဲ
    နို့မဟုတ်ရင် အနားယူရင်း တရားစာအုပ်တွေ ဖတ်နေတဲ့ ဟိုပုပ်ဂိုဂျီး ဆွဲကြိုးချလောက်တယ်

  • ဦးဦးပါလေရာ

    May 8, 2013 at 2:44 pm

    တရက်လောက်စောင့်ပြီး သူများနောက်မှ မန့်ပါရစေ…။

    ပိုစ့်ကို အရင်မန့်ရရင်-
    ရခိုင်ပြည်ကို စစ်နိုင်လို့ မဟာမုနိရုပ်ပွားတော်ကြီးပင့်ဆောင်လာတုန်းက ရခိုင်က သမီးကညာတွေ လက်မှု့ပညာရှင်တွေနဲ့ အတူ ကုလားတွေလဲ ပါလာတယ်လို့ ငယ်ငယ်က ဖတ်ဖူးတယ်။ မှန်နန်းရာဇဝင်ရှိသူတွေ တဆိတ်ပြန်ရှာကြည့်ပါလား…
    အဲဒါ ပြောလိုရင်းက – မဟုတ်သော်ရှိဟုတ်သော်ရှိ- အဲဒီတုန်းက ကုလားတွေပါလာခဲ့ရင်-
    အခု ခေတ်ကျမှ မဟာမုနိရုပ်ပွားတော်ကြီး ရခိုင် ပြန်ပေးရမယ်ဆိုရင်တော့
    အဲဒီတုန်းကပါလာတဲ့ကုလားတွေက ဆင်းသက်ပေါက်ပွားလာတဲ့ကုလားမျိုးဆက်အားလုံး တပါတည်းပြန်ယူမလား???
    အဲဒါလေး အားရင်အားသလို နဲနဲလောက်စဉ်းစားထားကြစေလိုပါတယ်..
    ဟွင်း…. ဟွင်း….
    :kwi:

    • Foreign Resident

      May 8, 2013 at 3:20 pm

      ” အဲဒီတုန်းကပါလာတဲ့ကုလားတွေက ဆင်းသက်ပေါက်ပွားလာတဲ့
      ကုလားမျိုးဆက်အားလုံး တပါတည်းပြန်ယူမလား??? ”

      ဦးပါ ၊ ရခိုင်ပြည်နယ် ကို ဘာတွေ ပြန်ပေးဖို့လုပ်နေတာတုန်း ။
      အခုပဲ ရွှေနိုင်ငံ သတင်းစာမှာ ပါလာပြီ ။
      ဘူသီးတောင် နှင့် မေါင်းတော ၂ နယ်မှာ တရားဝင် လဝက စာရင်းကောက်နေတာ ၊
      အဲဒီ ၂ မြို့နယ် ထဲနှင့်တင် ဘင်္ဂါလီ လူဦးရေ တစ်သန်း ကျော် စာရင်းပေါက်တယ်တဲ့ ။
      အခုတောင် ရခိုင်ပြည်နယ် မှာ ရခိုင် နှင့် ဘင်္ဂါလီ ၊ ဘင်္ဂါလီ က များနေပုံရတယ် ။
      အဲဒါကို ဦးပါ က မကျေနပ်နိုင်သေးပဲ ၊ ရခိုင်ပြည်နယ် ထဲကို ကုလားတွေ ထပ်ပို့ဦးမလို့လား ။
      ရခိုင် တွေ စိတ်ဆိုးပြီး ဦးပါ ကို ဝိုင်းရိုက်လိမ့်မယ် ။

      • ဦးဦးပါလေရာ

        May 9, 2013 at 10:31 am

        ရာဇဝင်လှန်ပြီး ပြန်တောင်းတာခံနေရမှာစိုးလို့
        ကြိုချည်ထားလိုက်တာပါ ကိုဖေါရယ်…

        :harr:

  • ဦးဦးပါလေရာ

    May 8, 2013 at 3:01 pm

    နောက်တချက်က
    ဒီပိုစ့်နဲ့ ကွန်မင့်တွေမှာ ဈန် ပျံ တဲ့အကြောင်း တစ်စွန်းတစ်စ တွေ့မိသလိုရှိလို့ ….

    ဟင်း… ဟင်း… မှားမယ်နော….
    ဈန်ပျံတယ်ဆိုတာကို လဒတွေ ကျီးကန်းတွေလို
    မိုးပေါ်မှာ အတောင်ပံလေးနဲ့ ဖလပ်ဖလပ်လုပ်တာလို့ထင်ရင်မှားပါမယ်..။
    (ခက်တာက ဗုဒ္ဓစာပေတွေအမြောက်အများမှာ အဲသလိုရေးထားတယ် 🙁 )

    ပြီးတော့ ဈန် ဆို တာ ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်နည်းလမ်းမဟုတ်ပါဘူးနော
    ဈာန် ဆိုတာ သဘာဝ နည်းလမ်းပါ။
    ဘယ်သာသာဝင်မဆို (အစ္စလာမ်ဘာသာအပါအဝင်) လိုချင်ရင်ကျင့်ယူလို့ရတဲ့
    သဘာဝနည်းလမ်းပါ။ ဟိန္ဒူတွေ အရမ်းကျင့်ကြတယ်။
    ဗုဒ္ဓ ဖွားတော်မမူခင် နှစ်ပေါင်းရာနဲ့ချီပြီး အရင်ရှိနှင့်ပုံရပါတယ်။

    ဈာန်အဆင့်ဆင့် အောင်မြင်စွာလေ့ကျင့်ပြီးသူမှာ
    ရိုးရိုးလူတွေမလုပ်နိုင်တဲ့ ကိစ္စတစ်ချို့ကို လုပ်နိုင်လာပါတယ်။
    အဲဒီထဲမှာ မိုးပေါ်ပျံတာတော့ မပါပါဘူး။
    မိုးပေါ်ပျံတာလောက်အတွက်တော့လဲ ဒီလောက်ခက်ရာခက်ဆစ် ဈန်ရအောင်ကျင့်နေတော့မလား။
    လေယာဉ်ပျံပဲ စီးတော့မပေါ့…။

    • ဆူး

      May 8, 2013 at 3:06 pm

      အဲ့လာကြောင့်.. သဂျီး ကို ဈန် နဲ့ ပျံဖို့ ဂျိမ်းဘုန်းကြီး လုပ်ခိုင်းထားတယ်။

      • ရာမည

        May 8, 2013 at 3:27 pm

        ဂျိန်း ဘုန်းကြီး @@@@@
        ဒါဆို အဝတ်မဝတ်ဖူးပေါ့

        အယ်ဒီတာအား ဖင်ပြောင်အောင်ရေးနိုင်သော ရွာသူရွာသားများကို လေးစားပါ၏ ။

    • garuda

      May 8, 2013 at 4:32 pm

      ပြောလိုက်စမ်းပါ..ဦးပါလေရာ..ဈာန်ပျံတာ ဗုဒ္ဓဘာသာလို့ ထင်နေသူတွေအတွက်။ ခက်တော့ခက်သည် သူသိတာက ဗုဒ္ဓဘာသာ
      သည် ဈာန်ပျံခြင်း :harr: ဆိုတော့ ဘယ်သို့ဆက်ဆွေးနွေးမည်နည်း။
      ကဲ..ထားပါ..ဈာန်ပျံပြရင်..ယုံမယ်တဲ့လား?? ဝေးသေး ဒီကမာ္ဘကြီး ၂၃ ၁/၂ဆိုလား ၂၄ဆိုလား စောင်းတာတောင် ဘုရားက ဖန်တီးထားတာ လို့ပြောတယ်ဆိုတော့?? ဟိုနေ့ ကဖွဘုတ်မှာ..အက်တမ်လေးတွေ မော်လီကျူးလေးတွေက လည်း ဘုရားက ဖန်ဆင်းပေးထား
      တယ်ဆိုလား ဖတ်လိုက်ရတယ်။ ဆိုတော့ကာ..ဈာန်ပျံနိုင်အောင်လည်း..ဘုရားက လုပ်ပေးထားတာ ဟုတ်ဘူးလား??? လို့ ပြောမှာ ပေါ့လေ။။။ အဲဒီတော့ကာ..ပျံလို့ရလည်း ပျံပြမနေပါနဲ့ ထူးပါဘူး။

      • မိုက်ကယ်ဂျော်နီအောင်ပု

        May 8, 2013 at 5:28 pm

        လွန်ခဲ့တဲ့ ကျုပ် ချာတိတ်လေးအရွယ် တုန်းကပေါ့
        ထန်းရည်နေကျော်လေးချပြီး ရီတီတီလေးနဲ့ ခံစားရတဲ့ဈာန်ဆို လွှတ်ကြိုက်ပေါ့
        ထန်းရည်ရီတည်တည်ဈာန်လေးနဲ့ လူလေးငါးယောက်စုပြီး ပိုကာဒေါင်းနေလိုက်ကြတာ
        ဖဲထဲမှာ ဈာန်ဝင်သွားပုံ မိုးလင်းသွားတာတောင်မသိလိုက်ဘူး
        တစ်စ တစ်စ ပိုကြားလာရတဲ့ ဥပဿကာတွေဖွင့်လာတဲ့ လော်စပီကာက သီချင်းသံကိုကြားရမှ
        ဒီနေ့ဥပုတ်နေ့ပါလား အမှတ်ရမိတယ်
        သီချင်းထဲ ဘါဒဲ့
        မြတ်ဘုရားရဲ့သားတော် အရှင်မောဂ္ဂလ္လာန် နှိမ်နင်းဘို့လွှတ်လို့သာ စိတ်နှလုံးသိမ်မွေ့လာ
        နဂါးကြီးခေါင်းငိုက်ဦးစိုက်ပါရဲ့ အခစား ရောက်လို့လာ မေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာ
        အောင်းခြင်းဘယ်လောက်လည်းမသိဘူး အဲ့သည်အချိန် ကက်ဆက်ဘက္ထရီကုန်သွားပုံရဒယ်
        အသံတိတ်သွားရော

  • ခင်ခ

    May 8, 2013 at 3:42 pm

    ( ဓမ္မတရားကို အမှန်တစ်ကယ်ယုံကြည်တယ်ဆိုရင်တော့ အဂတိကင်းဘို့လိုပါတယ်။
    အထူးသဖြင့် တဏှာ လောဘ ကင်းဘို့လိုပါမယ်။)
    မှန်ကန်သင့်မြတ်လှသောစကားချပ်ပါသကား။
    ဆက်ရန်လေးကိုလည်း မျှော်နေပါကြောင်း……….။

  • အလင်းဆက်

    May 8, 2013 at 4:40 pm

    ဘုရား ရှေ့ ဆင်းတု ကွယ် မှာ စိုးလို့
    ဆရာတော် တွေ ဟော ကြ ဆိုကြ တာ သတိရ မိတယ်

    ဘာသာရေး နဲ ့ ပက်သက်ပြီး ပြောဖို ့
    မဝံ့ရဲ သေးဘူး

    ဆိုတော့. . .
    ဖတ်သွားတယ်
    ဂ လောက်ဘဲ
    🙂 🙂

  • sorrow weaver

    May 8, 2013 at 5:09 pm

    ပိဋကတ်သုံးပုံလာတောင်းတော့သထုံမနုဟာမင်းက ပြောပုံလေးကသင်းတယ်နော်….
    ” အရိုင်းတို့၏အရာလော ” တဲ့..အဟီး….
    ( ဘယ်ကဖတ်မိလဲတော့မမှတ်မိတော့ပါ..အတိအကျ.တားတားတို့သူကြီးကိုမေး )

  • ဦး ကျောက်ခဲ

    May 8, 2013 at 6:58 pm

    ကပုရေ အတွေးသစ် အမြင်သစ်အတွက် သာဓု သာဓု သာဓု ပါဗျာ…
    ခက်တာ လူတွေက ပညတ်နဲ့ ပရမတ်လည်းမကွဲ၊ သက္ကာယတိတ္ထိကလည်း ရှိလေတော့…
    ဒီအကြောင်းပြောရမယ်ဆို တုတ်ထမ်း ဓားထမ်းပဲဗျို့…
    ပြောရရင်တော့ ကျုပ်တို့လည်းငယ်ငယ်တုံးက ဒေသစာရီကြွတဲ့မုဒြာနဲ့ ဆင်းတုကိုမှ…
    “ဘူမိဗေဒ ကိုယ်တော်” ရယ်လို့ ပိုကြည်ညိုမိသေးတာကိုးဗျ…
    ခက်တော့ အခက်သားဗျာ…
    ဘုရားတစ်ဆူထဲကို ရတနာကိုးပါးစီချယ်ထားတဲ့ “လာဘမုနိ”ဆင်းတုမှ ကိုးကွယ်ချင်ကြပါသတဲ့…
    အင်း… လူ့လောဘများ ကြောက်စရာ…

  • MaMa

    May 8, 2013 at 8:10 pm

    မန့်တော့ မန့်ချင်တယ်။
    တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို ….
    သဂျီးအကွက်ထဲ ဝင်မှာစိုးလို့ မမန့်တော့ဘူး။
    ၁၂ကျပ်ပဲ ယူပြီး သွားတော့မယ်။ :kwi: :harr:

  • နေဝန်းနီ

    May 8, 2013 at 9:20 pm

    အြောင်ဘုကိုပဲ သာသဏာယေးဝံဂျီးခဏ့်လိုက်ဒေါ့မယ်……။
    နိဗ္ဗာန်ဘုရားပစ္စည်းရောင်းတဲ့ဆိုင်က ဆင်းတုတစ်ဆူဝယ်ပြီး
    ဘုရားအမှတ်ထား ရှိခိုးလည်း ကုသိုလ်ရတာဘဲ ( ကိုယ်ကစိတ်ထားတတ်တာကိုး ) ။
    ဆိုတာလေးကြိုက်သွားပြီ အားလုံးအဲဒိလိုစိတ်ထားတတ်ရင် အင်းးးးးးးးးးးးးးး မပြောချင်တော့ပါဘူး

  • ဘာဘာ ဘာပြောရမှန်းတောင် သိဒေါ့ဘာဘု
    ဆာယေးဆြာ မိုက်ကယ် ဂျော်နီ အောင်ဘု ငို ….
    တစ်ခုလောက် မြှောက်ချင်တာကတော့
    ရေးထားတာ ရေလည် လန်းဒယ် ဆိုဒဲ့ အကြောင်းလေး ဘာဘဲ …။
    ဆာယေးဆြာဂျီးရဲ့ စာကို ဖတ်ရဂျင်းဂျောင့်
    အတွေးသစ်များလည်း ဖြစ်သွားဂဲ့ဘာဂျောင်း ….။
    ဓမ္မဟူသည် ဓါးမ မဟုတ်ဘေ … မျှဝေဖို့ အတွက် ဖြစ်ပေအိ …
    မှန်အိ ….
    ဆာဒု .. ဆာဒု ..

  • ရာမည

    May 8, 2013 at 11:15 pm

    ပုံတော်ကိုဖူး
    ဂုဏ်ထူးကိုမျှော်ဆိုတဲ ့ သဘောလေးကိုပြဆိုသွားတာပဲ။
    စေတီလို ့ရည်မှတ်ပြီး ကိုးကွယ်ရုံနဲ့ ရပ်မနေဘဲ လိုက်နာကျင့်သုံးရင်း မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း
    နေထိုင်နိုင်မယ်ဆိုရင် သာသနာတော်ကို စောင့်ရှောက်ရာရောက်ပါတယ်။
    သာသနာဆိုတာ အဆုံးအမ ဖြစ်တဲ့အတွက် သာသနာတည်ဖို ့ မြတ်စွာဘုရားဆုံးမတဲ့အတိုင်း
    မမေ့မလျော ့သတိနဲ့ ကျင့်ကြံ ကြရမှာပါ
    ယခု အများစုက စေတီပုထိုး တန်ခိုးကြီး စသည်ဖြင့် ဘုရားခြင်းခွဲခြားခွဲခြားလုပ် ပြီး လမ်းဆုံးနေတာ
    ဝမ်းနည်းစရာပါ ။ ဓမ္မသဘော လေးနဲနဲ ရှိကြမယ်ဆိုပါက ယခုဖြစ်ပျက်နေသကဲ့သို ့
    ရုပ်ဆိုး ကျည်းတန်မှုများ မဖြစ်နိုင်ပါ ။
    ယုံကြည်မှုဆိုတာ နှစ်ကာလကြာရှည်စွာ တည်ဆောက်ရတာဖြစ်ပြီး ဓါးနဲ့ထောက်ပြီးကာကွယ်လို ့မရပါ ။
    ယနေ ့ကြုံတွေ့နေရသကဲ့သို ့ ဟိုဆိုင်မှာ မဝယ်နဲ့ ဒီမှာဝယ် ဆိုတာက
    ဘာအတွက်ပဲဖြစ်ဖြစ် ဣဿာ မစ္ဆရိယပါပဲ ။
    မဂ်ဖိုလ် ကိုတားပါတယ် ။ ဗုဒ္ဓဘာသာဝင်များ ညဏ်သုံးပြီး ဆင်ချင်စေလိုပါတယ် ။
    တကယ်တိုးတက်ချင်ရင် အရိုးစွဲနေတဲ့ လူမျိုး ဆိုတာကိုအစွဲမထားဘဲ
    နိုင်ငံသားစိတ်ဓါတ်မွေးပြီး နိုင်ငံသားဖြစ်ခြင်းကိုသာ
    အဓိကထား ခံစားတတ်ကြမယ်ဆိုပါက အားလုံးဟာ မြန်မာနိုင်ငံသားဆိုသောခေါင်းစဉ်အောက်မှာ တသားတည်းရှိနေမှာပါ ။
    မျိုးချစ်စိတ်ဆိုတာထက် နိုင်ငံချစ်စိတ်ကိုမွေးမြူပေးရပါလိ်မ့်မယ် ။
    ဘယ်ဘာသာဝင်ဖြစ်ခြင်းဆိုတာထက် ကိုယ့်ဘာသာရဲ ့အဆုံးအမကိုသာ အဓိထားလိုက်နာသင့်ပါတယ် ။

    ရွာသားတစ်ယောက်အနေနဲ့တောင်းဆိုချင်ပါတယ် ။
    ဒီပို ့စ်ဟာ အများဖတ်သင့်သောပို ့စ်ဖြစ်လို ့ ရွာထိတ်မှာ ချိတ်ပေးထားစေချင်ပါတယ်

  • GaviaGirl

    May 12, 2013 at 5:09 pm

    နည်းနည်းလောက် အထွန့်တက်ပါရစေ.. :mrgreen:

    သမိုင်းကို သိပ်မသိတာ ဝန်ခံပါတယ်… ဒါပေမယ့် မနူဟာဘုရင်ဘက်က နည်းနည်း တွေးကြည့်တာပေါ့နော်…. (ဆရာချစ်ဦးညိုရဲ့ သုဝဏ္ဏဘုမ္မိဝေဒနာ စာအုပ်ကို ဖတ်မိလို့လည်း ပါပါတယ်..)

    အဓိကက ယုံကြည်မှုကြောင့်ဖြစ်တယ်လို့ ထင်ပါတယ်… အဲဒီအချိန်က ပုဂံဆိုတာ အရည်းကြီးတွေ အုပ်စိုးတဲ့အချိန်၊ အနော်ရထာဆိုတာ အစ်ကိုကို သတ်ပြီး ဘုရင်ဖြစ်လာတယ်… ပြီးတော့ နိုင်ငံတော်ကြီးကို စုစည်းဖို့ ကြိုးစားနေတဲ့အခါ…
    မနူဟာရဲ့ စိတ်ထဲမှာ အနော်ရထာက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ပါတယ်ဆိုတာကို လက်မခံနိုင်တာ မဆန်းပါဘူး…. နိုင်ငံရေးလှည့်ကွက်တစ်ခုလို့လည်း မြင်ပုံရပါတယ်…

    နောက်တစ်ခုက ကော်ပီပေါ့…. သူက ကူးယူချင်တာ မဟုတ်ဘဲနဲ့ ခွဲပေးခိုင်းတာဆိုတော့ ပိုဆိုးတာပေါ့….

    အခုခေတ်နဲ့ နှိုင်းကြည့်ရင် တစ်ခြားဘာသာနိုင်ငံတစ်နိုင်ငံက သမ္မတက သူက ဗုဒ္ဓဘာသာကိုယုံကြည်သွားပါပြီ…. သူ့နိုင်ငံက လူတွေကိုလည်း ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးနေပါတယ်… ဒါကြောင့် (ကော်ပီသာ မရှိသေးဘူးဆိုရင်) တစ်စုံတည်းသော ပိဋကတ်တွေကို တစ်ဝက်ခွဲပေးစေချင်ပါတယ်လို့ လာတောင်းကြည့်… လုံမသာဆို မပေးဘူး…. တော်ကြာ သူက ဖျက်ဆီးပစ်လိုက်ရင် ဘယ်နှယ့်လုပ်မလဲ…. သာသနာတည်တံဖို့က ပရိယတ္တိက အဓိက ကျပါတယ်… အချိန်ကာလတစ်ခုကို စောင့်ပြီး သက်သေမပြဘဲနဲ့.. မပေးရင် တိုက်ယူတယ်ကွာဆိုတဲ့ ဘုရင်ရဲ့ စိတ်ကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်….

    စိတ်ထဲရှိတာ ပြောကြည့်တာပါ… လွဲနေရင်လည်း ပြင်ပေးကြပါဦး…

  • ရာမည

    May 12, 2013 at 7:03 pm

    ယဉ်ကျေးမှုအရဆိုရင် ပုဂံက နောက်ကျပါတယ် ။အဲ့ အချိန်မှာ မွန်တွေဆီကို အန္ဒိယရဲ ့ယဉ်ကျေးမှုရောက်နေပြီးလောက်ပါပြီ ။
    တနည်း ယိုးဒယားဘက်က ကူးလူးဆက်သွယ်လာမယ်ထင်တယ် ။
    တစ်စုံထဲရှိလို ့ကော်ပီမပေးတာမဟုတ်လောက်ဘူး ။
    ရဟန်းသံဃာကိုလည်း ခွဲမပေးနိုင်တဲ့သဘော ။
    ဆရာချစ်ကတော ့ အမြင်တမျိုးနဲ့ရေးတာပေါ့လေ။

  • San Hla Gyi

    May 13, 2013 at 7:31 pm

    ကိုမိုက်ကယ်ဂျော်နီအောင်ဘုရဲ့ ပို့စ်မှာ ဝင်အားပေးလိုက်တယ်။ လုံမလေးမွန်မွန်ရော ကိုရာမညရော ပြောတာ နည်းနည်းလေး လွဲနေတယ်။ သထုံဘုရင် မနူဟာဆီမှာ ပိဋကတ်သုံးပုံ တစုံထဲရှိတာ မဟုတ်ပါဘူး။ စုစုပေါင်း သုံးဆယ့်နှစ်စုံ ရှိတာပါ။ တချို့စာတွေမှာ အစုံသုံးဆယ်လို့လည်း ရေးတာ တွေ့ဖူးတယ်။ တစုံမကပဲ တော်တော်များတာ သေချာပါတယ်။ သုံးဆယ့်နှစ်စုံ ဖြစ်ဖို့များတယ်။ ဘာလို့လည်းဆိုတော့ အနော်ရထာက သထုံကို အောင်နိုင်တော့ ဆင်ဖြူတော် သုံးဆယ့်နှစ်စီးနဲ့ ပိဋကတ်တော်တွေကို ပင့်တယ်တဲ့။ တစီးမှာ တစုံဖြစ်ဖို့များတယ်။

  • padonmar

    May 14, 2013 at 9:30 pm

    ဘပုရေ
    ဒီနေ့ သင်တန်းတစ်ခုသွားတက်တော့ အမျိုးသမီးတစ်ယောက်က မန္တလေး ဂဇက်က မပဒုမ္မာ ဟုတ်ပါသလားလို့ လာနှုုတ်ဆက်ပါတယ်။
    သူက မန်ဘာ မဝင်ပဲ ဖတ်နေတဲ့ ပရိသတ်ပါတဲ့။

    ဂဇက်ကိုကြိုက်တာ ကွန်မန့်တွေဖတ်ရင် ဒီလိုတွေလည်း မြင်လို့ရပါလားလို့ အတွေးအမြင်သစ်တွေရလို့ပါတဲ့။

    ကျမတို့ တွေ့ဆုံပွဲတွေ အလှူတွေ လုပ်ကြတာလည်း အားလုံးဖတ်ရပါတယ်တဲ့။

    အားလုံးထဲ မိုက်ကယ်ဂျော်နီအောင်ပုရေးတာ သိပ်သဘောကျပါတယ်တဲ့။

    အပျော်အပျက်ရေးသလိုနဲ့ သိပ်ထိထိမိမိ ရှင်းရှင်းလင်းလင်းဖြစ်လို့ အကြိုက်ဆုံးပါတဲ့။
    သူ့ကို မန်ဘာဝင်ပြီး ကိုယ်တိုင်မန့်ပါရေးပါလို့ တိုက်တွန်းခဲ့ပါတယ်။

    ကဲ…ပုပု ၊ထကမနေနဲ့နော်၊ ခပ်ဖစ်ဖစ်ဝတ်ထားတဲ့ ဘောင်းဘီ ထပ်ကွဲသွားအုံးမယ်။

  • kyaw hteik

    May 17, 2013 at 12:42 am

    ကိုမိုက်ကယ်ဂျော်နီအောင်ပု ရဲ့ဒီပို့ပါအကြောင်းအရာများကို
    တထပ်တည်း နားလည် လက်ခံ သဘောတူပါသည်။
    အကိုအယူအဆများကို သိပ်နှစ်သက်ပါသည်။အကိုပို့တိုင် ဖတ်ရှု ခံစား သွားပါတယ်။

Leave a Reply