အလှူခံဖလားကြီးပိုက်ကာပြန်လာတယ်…..

kotun winlattMay 8, 20132min57045

DSC01687

စာမရေးဖြစ်တာကြာတော့ ဘယ်ကစပြီးရေရမလဲ မသိဖြစ်နေတော့တာ….

အရင်ကလို ဂေဇက်ရွာကြီးထဲကိုလည်း သိပ်မရောက်ဖြစ်…

ဘာကြောင့် ဘာအတွက်ဆိုတဲ့ အကြောင်းပြချက်မှာ ရေရေရာရာ မရှိလှပေ….

အဓိက အကြောင်းပြချက်ကတော့ လူပျို လူလွှတ်ဘဝနဲ့ အိမ်ထောင်ကျပြီးသွားသော

ဘဝနှစ်ခုကြားက ကွာခြားချက်ဟု ပြောရမည် ထင်ပါသည်။ အရင်က ကျနော့်ကို ဘာတွေလုပ်နေနေ

ပြောမည့်သူမရှိ…. အမေ အဖေတို့ကလည်း ဒီအသက် ဒီအရွယ် ကလေးမဟုတ်တော့ သူ့ဟာသူ ဆင်ခြင်လိမ့်မယ် ဆိုပြီး တော်ရုံတန်ရုံ သိပ်မပြောကြ… ဒီတော့ ကျနော် စိတ်ထဲရှိရာ

စိတ်ထဲထင်ရာတွေ လျှောက်လုပ် လျှောက်သွားနေခဲ့သည်သာ… စိတ်လွှတ်ကိုယ်လွှတ်ဟု ဆိုရမည်ထင်ပါ့….

ကွာဟချက်နှစ်ခုကြားမှာ အံဝင်ခွင်ကျဖြစ်အောင် ကျနော် ကြိုးစားနေသောကြောင့် ဟုပြောလျှင်လည်း ရသလို ထိန်းချုပ်မှုတွေ ကြားမှာ ရောက်နေသော ဘဝဟုလည်း

ဆိုနိုင်လောက်ပါသည်။ အရင်ကတော့ အဖေ အမေပြောတာ နားမထောင်လျှင် ဘာမှ သိပ်ပြီး ပြဿနာမရှိလှ…. အခုတော့ ပြဿနာရှိလာပြီ…

မိန်းမက ကျနော်လုပ်ချင်ရာတွေ လုပ်နေရင် ပြောပြီပေါ့… နားမထောင်ပဲနေလိုက်လျှင်…. ဆူဆူပူပူ သိပ်မလုပ်ပေမဲ့….

မျက်နှာမကောင်းလှ…နောက်တစ်ခါထပ်ပြောပေါ့…အင်းးးဒီအချိန်ဆို ရွှေမျက်နှာတော် ညိုးပြီပေါ့..ဒီလောက်ထိလည်း ကျနော်သိပ်ဂရုမစိုက်လှ….

အဲ့အချိန်မှာ နောက်ဆုံးလက်နက်ကြီးနဲ့ ပစ်တော့တာပါပဲ….. ကျနော်လည်း မရှု့မလှကျဆုံးပေါ့….

နောက်ဆုံးလက်နက်က မျက်ရည်လက်နက်ပေါ့…. ဒီလိုတွေ..ဒီလိုတွေနဲ့..ကျနော် စာမရေးဖြစ်ခဲ့တာပါ..

ဒါပေမယ့် ဒီအကြောင်းပြချက်တစ်ခုတည်းတော့ မဟုတ်ပါဘူး…. အင်တာနက်လိုင်းမရတာလဲ ပါတာပေါ့လေ… နောက်တစ်ခုက အများအလုပ်တွေနဲ့ ရှုပ်သွားတာတွေရောပေါ့…

အခုတော့ အလုပ်လေးကလည်း နည်းနည်းပါးလာ အတွေးလေးတွေကလည်း စာရေးချင်စရာကောင်းလာတာမို့

ဒီစာလေးကို ရေးနေမိတယ်…. ရေးနေတယ်ဆိုပေမယ့် ဦးတည်ချက်က ရေရေရာရာ မရှိလှသေးဘူး..

အင်းးးးးရေးရမှာလည်း အားတော့နာမိသားးးးးးး ရွာထဲမှာလည်း သူငယ်ချင်း အပေါင်းအသင်းတွေက

ဖလားကြီးကိုင်ပြီး အလှူခံတဲ့ လူလို့ မှတ်ယူထားကြတာလေ… ဒီတော့ ရှေ့မျက်နှာ နောက်ထားပြီး အလှူခံရပေလိမ့်ဦးမပေါ့……

ဘာအတွက် အလှူခံချင်တာလဲ…အလှူခံရတဲ့ငွေကို ဘာတွေလုပ်မှာလဲလို့ သူငယ်ချင်းတို့ သိချင်ကြ မေးချင်ကြပေလိမ့်မပေါ့…. ဒီလိုဗျ…ကျနော်တောသား ကျနော့်ရွာမှာ ပရဟိတ

အဖွဲ့လေး တစ်ဖွဲ့ကို ဦးဆောင်ပြီး ဖွဲ့စည်းထားတယ်…. ဒီနှစ်ဆိုရင် သုံးနှစ်ပြည့်ပြီလေ… ဟုတ်ပြီ..ဘာတွေ လုပ်သလဲ ဆိုတော့ကာ…. ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ

ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေး တွေကို စာရေးကိရိယာတွေ လှူတယ်ပေါ့….

အဖွဲ့ဖွဲ့ထားပြီဆိုတော့ ရံပုံငွေတော့ ရှိမှာပဲလို့ တွေးမိကြမှာ..ဟုတ်ကဲ့..ရှိတာပေါ့…ဘယ်လောက်ရှိလဲဆိုတော့ တစ်သိန်းလောက်ပေါ့… ကျနော်တို့ အဖွဲ့ဝင်

အယောက်၂ဝ လောက်ရှိပါတယ်..တစ်လကို တစ်ထောင်ကျပ်စုကြတာပါ…သို့သော် ရွာမှာ ပထမအကြိမ် စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကို ကျနော်တို့အဖွဲ့လေးက ဦးဆောင်ပြီး

ကျင်းပနိုင်အောင် မတည်ငွေ အဖြစ် တစ်သိန်းကျပ် ထည့်ဝင်လိုက်တော့..ကျနော်တို့ အဖွဲ့လေးမှာ ဒီနှစ် ကျောင်းဖွင့်ရာသီအတွက် ရံပုံငွေ အင်အားနည်းပါးနေတဲ့ အတွက် အခုလို

အလှူခံရခြင်းပါ…

ဘာကြောင့် စာသင်ကျောင်းတွေကို လှူသလဲလို့ မေးရင် ဆရာကြီးဦးအောင်သင်းပြောဘူးတဲ့ စကားလိုပဲပေါ့..လူငယ်တွေကို ရွှေချပေးနေတာပါလို့ ဖြေပါရစေ….

အနာဂတ်ကိုဦးဆောင်ကြမဲ့ ကျနော်တို့ နိုင်ငံက လူငယ်လေးတွေ ကမ္ဘာကလူငယ်တွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ရည်ရွယ်ပါတယ်…

နောက်တစ်ခုက ကျနော်တို့လို အဖွဲ့လေးတွေ များစွာပေါ်ပေါက်လာပြီး လူငယ်တွေကို ကူညီပေးနိုင်ကြဖို့ မျှော်လင့်တာပါ… ကျေးလက်မှာနေတဲ့ ကလေးတွေဟာ မြို့မှာနေတဲ့

ကလေးတွေထက် အရာရာမှာ နောက်ကျနေတဲ့သူတွေပါ…ကျနော်တို့ ရောက်ခဲ့တဲ့ တစ်ချို့ရွာတွေမှာ လျှပ်စစ်မီးမရပါဘူး… မြို့နဲ့လည်း အလှမ်းဝေးပါတယ်…

လမ်းပန်းဆက်သွယ်ရေးအနေနဲ့လည်း မိုးတွင်းဆို ခြေကျင်သာသွားနိုင်တဲ့ ရွာတွေပါ… ဒီလိုရွာက ကလေးတွေကို ကျနော်တို့ မေ့မထားဘူး အမှတ်ရနေတယ် ကူညီပေးနေတယ်ဆိုတဲ့

အတွေးလေးတွေ သူတို့ရင်ထဲကို ကိန်းအောင်းပြီး ကြိုးစားချင်စိတ်တွေ ပေါ်ပေါက်လာလိမ့်မယ်လို့လည်းတွေးမိတာပါ…

ဒီနှစ်အတွက် ကျနော်တို့ အဖွဲ့လေး သွားရောက်လှူဒါန်းဖို့ စာရင်းပြုစုထားတဲ့ ကျောင်းလေးတွေကတော့ မနှစ်က မန်းလေးဂေဇက်က လှူဒါန်းမှုနဲ့ စာသင်ဆောင်လေး

အပြီးသတ်သွားနိုင်တဲ့ ခေါင်တုန့်စည်ရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း၊ နားဖာရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း၊ လေဘိုရွာ မူလတန်းကျောင်း၊ ဆားမှော်ရွာ

မူလတန်းကျောင်း၊ဖားပန်အေးချမ်းရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း၊ ကရင်ရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သက်ရင်းတာရွာ

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုပြီး(၇)ကျောင်းရှိပါတယ်..

တစ်ကျောင်းကို အနည်းဆုံး ဗလာစာအုပ်(၆)အုပ်၊ ခဲတံ(၆)ချောင်း၊ ခဲဖျက်တစ်ခု၊ ပေတံတစ်ချောင်း၊

ခဲချွန်စက်တစ်ခု၊ ကျောင်းသားကျောင်းသူတွေအတွက် အားကစားပစ္စည်းများ၊ ဆရာ/မများအတွက် မြေဖြူ၊ သင်ပုန်းဖျက်၊ဘောပင်(နီ)များ

လှူဒါန်းမှာ ဖြစ်ပါတယ်… ဖြစ်နိုင်ရင်တော့ဗျာ..ကျောင်းသား/သူ တစ်ယောက်ကို စာအုပ်တစ်ဒါဇင်၊ ခဲတံတစ်ဒါဇင် စတာတွေကို လွယ်အိတ်လေးနဲ့ပါ ပေးလိုက်ချင်တာပါ…

သို့သော်..ကျနော်တို့ အဖွဲ့လေးက အဘက်ဘက်က အားနည်းနေတဲ့ အဖွဲ့လေးပါ.. ဒါ့အပြင် အတိုက်အခိုက်လေးတွေကလည်း ရှိနေပါသေးတယ်…. ဒါတွေက ထားလိုက်ပါတော့…

ကျနော်ပြောချင်တာကတော့ ၂၀၁၃/၂၀၁၄ ပညာသင်နှစ်အတွက် ကလေးတွေ ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေမဲ့ မိဘတွေရဲ့ အကျပ်အတည်းကို

တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် ကူညီပေးကြရအောင်ပါ…. ပညာမြင့်မှ လူမျိုးတင့်မယ်..ဆိုတဲ့ စကားပုံလိုပေါ့..နောက်တစ်ခုက ကျနော်တို့ သွားရောက်လှူဒါန်းခဲ့တဲ့

စာသင်ကျောင်းလေးတွေကနေ နောင်တစ်ချိန်မှာ ထွန်းပေါက်အောင်မြင်တဲ့ လူငယ်လေးတွေဖြစ်လာပြီး နိုင်ငံအကျိုး ရပ်ရွာအကျိုးကို သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်မလာနိုင်ဘူးလို့

ဘယ်သူပြောနိုင်မှာလဲ…

အိုဗျာ….ဘယ်လိုပဲဆိုဆို ကျနော်တို့တွေဟာ အခုလို ပြုပြင်ပြောင်းလဲရေးကာလမှာ တိုင်းပြည်အတွက် အားကိုးရမဲ့ လူငယ်လေးတွေကို ကူညီထောက်ပံ့ခြင်းဟာ  တိုင်းပြည်တာဝန်

သမိုင်းပေးတာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ထမ်းဆောင်ကြရာရောက်ပါတယ်….

ဆရာညီမင်းညိုပြောတဲ့ စကားလေးလိုပေါ့ တိုင်းပြည်ရှင်ပြုချိန်မှာ ကျနော်တို့ တစ်တွေဟာ အိုးစည်ဒိုးပတ်ဝိုင်းကြီးမှာ ကွေးနေအောင်

ကတဲ့လူတွေ ဖြစ်ရင်လည်း ဖြစ်နေပါစေ..တိုင်းပြည်ရဲ့ ရှင်ပြုပွဲကြီး အောင်အောင်မြင်မြင်ပြီးဆုံးသွားရင်ပဲ ကျေနပ်ပျော်ရွှင်နေမိမှာ အမှန်ပါ…

ရန်ကုန်မှ လှူဒါန်းလိုသူများ ကိုအမတ်မင်း၊ မန္တလေးမှ လှူဒါန်းလိုသူများ ကိုပေါက်(မန္တလေး) ထံတွင် လှူဒါန်းနိုင်ပါသည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..

K.T.W.L

45 comments

  • KZ

    May 8, 2013 at 9:23 am

    “”””ဖြစ်နိုင်ရင်တော့ဗျာ..ကျောင်းသား/သူ တစ်ယောက်ကို စာအုပ်တစ်ဒါဇင်၊ ခဲတံတစ်ဒါဇင် စတာတွေကို လွယ်အိတ်လေးနဲ့ပါ ပေးလိုက်ချင်တာပါ…””””

    အဲဒါဆို တစ်ယောက်စာဆို ဘယ်လောက်ကျမလဲဗျ။
    :hee:

    • ကထူးဆန်း

      May 8, 2013 at 9:28 am

      ကြည့်စမ်း သူဦးသွားပြီ.. ကျွန်တော်ရေးနေချိန်မှာလဲ KZ လဲ ဆမ်းမားဆမ်းမား အတွေးနဲ့ ရေးနေတာကို.. :hee:

      • KZ

        May 8, 2013 at 9:35 am

        ကော်မန့် ဘောက် မပွင့်ခင်ကတည်းက ရောက်နေတာရယ်။ ခွိခွိခွိ

        တစ်ယောက်စာ ဘယ်လောက်တုန်း တွက်နိုင်ရင် လှူတဲ့ လူက ဘယ်နှစ်ယောက်စာတတ်နိုင်မယ် လို့ တွေးလို့ရမလားလို့ပါ။
        :hee:

  • ကထူးဆန်း

    May 8, 2013 at 9:26 am

    တားကက်လေး ထားကြည့်ပါလား .. နိုင်သာ မနိုင်သာ ခဏ ဘေးဖယ်ပြီး ။
    ဆိုလိုချင်တာ က ကျောင်းသားအရေ အတွက် ကတော့ ဘယ်လောက် ရှိတယ် ။ ဘာတွေ ဝယ်မဲ့ အတွက် ဘယ်လောက် ကုန်မယ် ။
    ကျောင်းလွယ်အိတ်ထဲ့ရင် ဘယ်လောက်ကုန်မယ် စသဖြင့် budget လေးတွက်ကြည့်ပါလား ။ အဲ့ဒါဆို ဘယ်လောက် စုကြရင်ဖြစ်နိုင်မယ် မဖြစ်နိုင်ဘူး လေး ထွက်မလားလို့ ..
    အဟဲ … ဆက်ပွားလိုက်ဦးမယ် … မိန်းမ မရှိခြင်းဒုက္ခ သိပြီးနောက် မိန်းမရှီခြင်းဒုက္ခ သိသွားပြီပေါ့ .. :hee:

  • ဦး ကျောက်ခဲ

    May 8, 2013 at 9:28 am

    ကိုထွန်းဝင်းလတ်ရေ ဗရာဗိုပါ…
    အနာဂတ်ကိုရွှေချဖို့ ဦးကျောက်လည်းပါ ပါရစေ…
    ရွာသားတွေကတဆင့် ဆက်သွယ်လိုက်မယ်ဗျာ…

  • မောင် ပေ

    May 8, 2013 at 11:39 am

    လက်ကီးဂဏန်း ဖြစ်အောင်
    ၂၁၀၀ဝ ကျပ် ( စာဖြင့် နှစ်သောင်းတစ်ထောင်ကျပ် ) တိတိ ပါဝင်လှူဒါန်းပါမည် ။
    အခုကွန်မင့် မင့်ပြီးနောက်
    ကိုပေါက် မန်းတလေး ကို ဆက်သွယ် လှူဒါန်းလိုက်ပါမည် ။
    ယခုလို လှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့်
    ယခု အလှူပြုပြီးချိန်မှ စပြီး နိဗ္ဗာန် မရောက်မချင်း
    သိန်းပေါင်း ၂၁၀၀ဝ ကျပ် မက ချမ်းသာပါစေ
    တစ်ဖက်လျှင် မိန်းမ“ပျို” လှလှချောချော ၂၁၀ဝ ယောက် နှင့် ပျော်မြူးရပါစေ
    ရောဂါပေါင်း ၂၁၀၀ဝ ဘေးမှ ကင်းဝေးပါစေ
    သိန်းထီ ၁၅၀ဝကျပ် ဆု ကို အကြိမ်ပေါင်း ၂၁၀၀ဝ မက ပေါက်ပါစေ

  • ဟုတ်ကဲ့ ကျွန်တော်လဲ ရွှေချချင်ပါတယ်..
    ကိုထူးဆန်းပြောသလို… ဘာတွေလှူချင်လဲ ဘယ်လောက် မှန်းထားလဲ အဲဒါလေး တိတိကျကျသိရင် ပိုကောင်းမယ်…
    လှူတဲ့သူ ချိန်လှူလို.ရအောင်ပါ……….

  • kyeemite

    May 8, 2013 at 4:24 pm

    ကိုမတ်ကို ဆက်သွယ်ပီးလှူပါ့မယ်ဗျို့…

  • etone

    May 8, 2013 at 4:32 pm

    သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြီး လှူပါ့မယ် ကိုထွန်းဝင်းလတ်ရေ … ဘယ်တော့လောက်များ အလှူလက်ခံမလဲ သိပါရစေ ။

  • မယ်ဘုတ်

    May 8, 2013 at 4:41 pm

    တန်းစီပြီး ဖြစ်ပါကြောင်းးးးးး

  • Ma Ei

    May 8, 2013 at 4:46 pm

    အလှူပါဝင်မည်ဖြစ်ပါကြောင်း သတင်းပို့ပါတယ်…

  • MaMa

    May 8, 2013 at 9:18 pm

    ခိုင်ဇာနဲ့ ကိုထူးဆန်းတို့ ပြောကြသလို ကျောင်းသားတစ်ယောက်အတွက် ဘယ်လောက်ကျမလဲ၊ ကျောင်းသားဘယ်နှစ်ယောက် ရှိသလဲဆိုတဲ့ ဒေတာလေးတွေပေးနိုင်ရင်ကောင်းမယ်။
    နောက်ပြီး ဆရာ/မတွေအတွက် လိုအပ်တဲ့ပစ္စည်း အမျိုးအမည် အရေအတွက် ခန့်မှန်းတန်ဖိုးတွေပါ ထည့်ပေးနိုင်သလောက် ထည့်ပေးလိုက်ရင် လှူမယ့်လူအတွက် ပိုအဆင်ပြေနိုင်မယ်ထင်တယ်။

  • kyawtheinmyint

    May 8, 2013 at 9:52 pm

    အလှူငွေ လက်ခံမယ့် ကိုအမတ်မင်းကို ဘယ်လိုဆက်သွယ်ရမလဲခဗျာ။

    • etone

      May 9, 2013 at 8:28 am

      ကိုအမတ်မင်းက မှာသွားပါတယ် …. ။
      ဒီနေ့ မနက်ပိုင်း ရုံးကိစ္စလေးတွေ အရေးတကြီးလုပ်စရာရှိလို့ … နေ့လည်ပိုင်းမှပဲ ဘယ်လိုဆက်သွယ်ရမလဲဆိုတာ လာရောက်ဖြေကြားပေးပါလိမ့်မယ်ဆိုတဲ့အကြောင်း သတင်းပို့ထားခဲ့ပါတယ်နော် ..

  • ဟုတ်ပါ၏။
    ကျောင်းသားတစ်ယောက်အတွက် ဘယ်လောက်ဆိုရင်
    ဘယ်နှစ်ယောက်စာ တာဝန်ယူနို်င်မယ်ဆိုတာထွက်လာနို်င်ပါတယ်။
    မန်းလေးအနီးတစ်ဝိုက်လှူချင်သူများ ကျနော်ကိုဆက်သွယ်ပါ။
    လာရောက်၍ အလှူငွေလက်ခံပေးပါမည်။
    09-680-5396 ကိုဆက်သွယ်လိုက်ပါခင်ဗျာ။

  • kotun winlatt

    May 9, 2013 at 8:39 am

    ဝမ်းသာစရာကောင်းလိုက်တာဗျာ..အားလုံးက တက်တက်ကြွကြွရှိနေတာ အားရကျေနပ်မိတယ်…
    ဟုတ်ကဲ့…အပေါ်က အစ်ကိုတော်တွေပြောသလိုပဲ… ကျောင်းသားတစ်ယောက်ကို ဘယ်လောက်ပေးမယ်.. ကျောင်းသားဦးရေ ဘယ်လောက်ဆိုပြီး ပြောနိုင်ရင် ပိုကောင်းမယ်ဆိုတော့ကာ..လှူမယ့်ကျောင်းက လောလောဆယ်ဆယ် (၇)ကျောင်း နောက်ထပ် အကူအညီတောင်းလာမဲ့ ကျောင်းလေးတွေလည်း ရှိလာနိုင်ပါသေးတယ်…နောက်ကျောင်းသားဦးရေ…ဒါကလည်း အခုချိန်မှာ အတိအကျ စာရင်းမရသေးပါဘူး.. မရှိဘူးဆိုရင် တစ်ကျောင်းကို ကျောင်းသား/သူ (၅၀)ဦးတော့ အနည်းဆုံးရှိပါလိမ့်မယ်… ဒီတော့ (၇)ကျောင်းမှာ ကျောင်းသူ/သားဦးရေ (၄၀၀)ထက်မနည်းနိုင်ပါဘူးခင်ဗျ… မနှစ်က ကျနော်တို့ လှူဒါန်းတဲ့ ဗလာစာအုပ်အမျိုးအစားကို မော်လူးမှာ တစ်ဒါဇင် (၁၆၀၀)ကျပ် ခဲတံ တစ်ဒါဇင်(၄၀၀)ကျပ် ခဲဖျက်နှင့်ပေတံ နှစ်မျိုးပေါင်း (၁၅၀)ကျပ်ပါ..ဒီတော့ ကျောင်းသားတစ်ဦးကို အနည်းဆုံး(၂၁၀၀)ကျပ် ကျပါလိမ့်မယ်… နောက်တစ်ခုက ကျောင်းက ဆရာ/မ များအတွက် မြေဖြူ ဘောပင်(နီ)တို့ပါ…မြေဖြူကိုတော့ တစ်ကျောင်းလျှင် (၃)ဗူး၊ ဘောပင်ကတော့ (၅)ချောင်းပါ တစ်ကဒ်၊ သင်ပုန်းဖျက်ကတော့ (၆)ခုပါ တစ်ထုပ်စီလှူဒါန်းပါတယ်…မြေဖြူတစ်ဗူးကို (၅၀၀)ကျပ် ဘောပင်တစ်ကဒ်ကို(၁၀၀၀)ကျပ် သင်ပုန်းတစ်ထုပ်ကို (၂၀၀၀)ကျပ် စုစုပေါင်း(၃၅၀၀)ကျပ် ကုန်ကျပါမယ်….နောက်ပြီး မနှစ်က ကျနော်တို့ အဖွဲ့ဟာ စာရေးကိရိယာအပြင် ကလေးတွေအတွက် အာဟာရဖြစ်စေမဲ့ မုန့်လေးတွေကိုလည်း လှူဒါန်းပါတယ်…နောက်အားကစားပစ္စည်းလေးတွေကိုလည်း လှူဒါန်းပါတယ်….. အားကစားပစ္စည်းမှာ ယောက်ျားလေးများအတွက် ဘော့လုံး ခြင်းလုံးရှိပြီး မိန်းကလေးများအတွက်တော့ ရာဘာလက်ပစ်ကွင်း၊ ခုန်တဲ့ကြိုး စတာလေးတွေ လှူဖြစ်ပါတယ်… အခုလို အကြံပြု ဆွေးနွေးတဲ့ အတွက်ရော လှူမယ်ဆိုတဲ့ သတင်းလေးတွေပေးသွားတာကိုပါ ကျေးဇူးအထူးတင်ပါတယ်… မန္တလေးမှ အလှူရှင်များအတွက်တော့ ကိုပေါက်(မန္တလေး)ထံမှာ လှူဒါန်းနိုင်ပါတယ်…ရန်ကုန်အလှူရှင်များအတွက်တော့ ကိုအမတ်မင်းထံမှာ လှူဒါန်းနိုင်ပါတယ်….ကိုအမတ်မင်းကို ကျနော်ဖုန်းဆက်ထားပါ့မယ်…သူ ဒီပို့စ်လေးမှာ လာပြီး သူ့ကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်ပေးလာပါလိမ့်မယ်…နောက်ပြီး အလှူခံရတဲ့ ငွေတွေကို မန္တလေးကနေ ဗလာစာအုပ်တွေ ဝယ်ပြီး မော်လူးကို သယ်မယ်လို့ စိတ်ကူးထားပါတယ် ဘာလို့လဲ ဆိုတော့ မန်းလေးနဲ့ မော်လူး ဈေးနှုန်းကွာမှာမို့လို့ပါ….ပြီးတော့ လှူဒါန်းပြီးသမျှတွေကို မန်းလေးဂေဇက်မှာ ပုံတွေ စာရင်းတွေပါ ပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်…. အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ……

  • kotun winlatt

    May 9, 2013 at 8:44 am

    ဟီးးးစာရင်းးးးပေါင်းးးတွေ မှားးးးးသွားးးးးးတယ်…..
    ကျောင်းသားတစ်ဦးလျှင် စာအုပ် တစ်ဒါဇင်၊ ခဲတံတစ်ဒါဇင်၊ ပေတံ(၁)ချောင်း၊ ခဲဖျက်တစ်ခုဆိုလျှင် (၂၁၅၀)ကျပ်
    ဆရာ/မများအတွက် မြေဖြူ(၃)ဗူး၊ ဘောပင်(နီ)(၅)ချောင်းပါ တစ်ကဒ်၊ သင်ပုန်းဖျက်(၆)ခုပါ တစ်ထုပ်ဆိုလျှင်(၄၅၀၀)ကျပ် ဖြစ်ကြောင်းပါခင်ဗျာ……

  • ဦးကြောင်ကြီး

    May 9, 2013 at 9:20 am

    လှူခံဖလား
    ခြူသံကြား
    လူအံခါး
    သူရန်ပွား
    ဆူညံထား
    ဘူလံဓါး
    ငူကြံပွား
    မြူစွမ်စား..

  • ကထူးဆန်း

    May 9, 2013 at 9:30 am

    စုစုပေါင်း အကြမ်းဖျင်း ၁ဝ သိန်းလောက် ရှိပါ့မယ် ။ (ခန့်မှန်း) ၂၁၅ဝ x ၄၀ဝ =၈၆၀၀၀ဝ + ဆရာ ဆရာမ ဘောပင် + အားကစားပစ္စည်း
    ဒီလောက်ကတော့ ဦးပါ နဲ့ ဦးကျောက်တို့ နှစ်ယောက်နဲ့တင်ပြီးတယ် .. ဟိဟိ .. ပြေးပြီ … :harr:

    • ဦး ကျောက်ခဲ

      May 9, 2013 at 1:03 pm

      ဒီလို အလှုဒါနကို လက်ဝါးကြီးအုပ်မိရင် ဘယ်တရားပါ့မလဲ…
      နောင်ဘဝအဆက်ဆက် ဂဇက်ရွာသူရွာသားများနဲ့ ရေစက်ဆုံချင်သေးတာမို့…
      ဂလိုလုပ်ဗျာ…
      CJ ကြီးကိုထူးဆန်းတို့ အုတ်တစ်ချပ်ပါရင် မောင်ကျောက်လည်းသဲတစ်ပွင့်ပါမယ်… ဟိ
      နောက်တာပါဗျာ… ကိုအမတ်မင်းနဲ့ ရှေ့တစ်ပတ် ဆုံဖို့ရှိတာမို့…
      မောင်ကျောက်ဒါန သူနဲ့ပါးလိုက်ပါ့မယ်…
      :kwi:

  • KZ

    May 9, 2013 at 1:30 pm

    အမတ်မင်းက ရွာထဲ ဝင်လို့မရလို့ တဲ့ ။
    ဒီ ဖုန်း နံပတ်ကို ဆက်ပါတဲ့။
    09 50 81969

  • ရွာစားကျော် မင်းနန္ဓာ

    May 9, 2013 at 2:10 pm

    မန်းလေး (သို့) ရန်ကုန်
    လူကြုံရှိတဲ့အခါ ဆက်သွယ်ထည့်ဝင်ပါမည်..
    ကြွေးစာရင်းမှာ တို့ထားပေးပါ…

  • ကထူးဆန်း

    May 9, 2013 at 7:23 pm

    သူကြီးရေ sticky လေးလုပ်ပေးပါဦး ။
    ကိုထွန်းဝင်းလတ်မှလည်း သွားရောက်လိုသည့် နေ့ (လှုလိုသူများအတွက်နောက်ဆုံးနေ့) တစ်ခု သတ်မှတ်ပေးပါ ။ မိုးကျတော့မည် ။ သွားလာရန် ခက်ခဲ တော့မည် ။ အမြန်အကောင်အထည် ဖော်သင့်သည်ထင်ပါသည်။

  • kotun winlatt

    May 9, 2013 at 8:48 pm

    ရွာသူ/သားအပေါင်းတို့ ခင်ဗျားးးးး အလှူငွေကတော့ ယနေ့မှစပြီး လက်ခံပါမည်။ နောက်ဆုံးရက်အဖြစ် ၂၀.၅.၂၀၁၃ ရက်နေ့ကို သတ်မှတ်လိုပါသည်။ ၁.၆.၂၀၁၃ ဆိုလျှင် ကျောင်းများဖွင့်တော့မည်ဖြစ်သောကြောင့်ပါ…. ကျောင်းမဖွင့်မှီ စီစဉ်စရာရှိသည်များကို စီစဉ်ထားလိုပါသည်။ ဆိုလိုသည်မှာ ကျောင်းမဖွင့်မှီ မော်လူးသို့ ပစ္စည်းများ စုံစုံညီညီရောက်ရှိနေပါမှ ကျောင်းဖွင့်လျှင်ဖွင့်ချင်း သွားရောက်လှူဒါန်းနိုင်မည်ဖြစ်ပါသည်…။ နောက်တစ်ခုမှာ ကျနော်တို့ သွားရောက်မည့် ခေါင်တုန့်စည်ရွာ၊ ဆားမှော်ရွာများမှာ မိုးဖြိုင်ဖြိုင်ကျလာလျှင် သွားရောက်၍မရနိုင်ပါ….ကျနော်တို့ရွာမှ ထိုရွာများသို့ မိုင်(၂၀)မျှ ခရီးရှိပါသည်။ မိုးရွာလျှင် ခြေကျင်ခရီးသာ သွားရမည်ဖြစ်သည်။ လူလွှတ်ဆိုလျှင်သွားနိုင်သော်လည်း ပစ္စည်းများနှင့်ဆိုလျှင် သွားရောက်ရန်မဖြစ်နိုင်ပါ….
    သို့ပါ၍ လှူဒါန်းလိုသူများ ရန်ကုန်ဆိုလျှင် ကိုအမတ်မင်း (ဖုန်း ဝ၉-၅၀၈၁၉၆၉) မန္တလေးမှဆိုလျှင် ကိုပေါက် (မန္တလေး)(ဖုန်း ဝ၉-၆၈၀၅၃၉၆) အလှူကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းလိုပါက ကိုထွန်းဝင်းလတ်(မော်လူး) (၀၉-၄၄၄၀၃၂၉၉၀) ဖြစ်ပါကြောင်းးးးးးး

    • amatmin

      May 10, 2013 at 11:24 am

      ကိုထွန်းဝင်းလတ်ရေ..
      အခုမှ ရွာထဲ ဝင်လို့ရတာမို့ ဆောရီးပါ နော့..။
      ဒါနဲ့ ကျနော့ကို အလှူငွေပေးဖို့ ဆက်သွယ်ထားတဲ့ အလှူရှင်တချို့ကိုတော့
      ဖုန်းနဲ့ အဆက်အသွယ်ရထားပါကြောင်းနဲ့..
      ရန်ကုန်က လှူချင်မဲ့ သူတွေ အတွက်..အလှူငွေ ဝိုင်းဝန်းကောက်ခံပေးမဲ့..
      ကျနော်အပြင် လှည်းတန်းအနီးတဝိုက်မှာ နေသူရွာသူ မရွှေအိ (Shwe Ei) ကိုလည်း ဆက်သွယ်လို့ရပါတယ်လို့..။
      ဖုန်းနံပါတ်ကတော့..၀၉- ၇၃၁၈၉၂၆၁ (09-73189261)

    • ရွှေ ကြည်

      May 11, 2013 at 12:02 am

      ကိုထွန်းဝင်းလတ်ရေ လှူချင်ပါတယ်ဗျာ အခြေအနေလေးအကဲခတ်လိုက်ဦးမယ် နောက်ဆုံးရက်မတိုင်ခင်အကြောင်းပြန်ပါ့မယ်
      ကိုထွန်းဝင်းလတ်လည်း သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို သက်ဆုံးတိုင်ပိုင်ဆိုင်နိုင်ပါစေလို့

  • ဝင့်ပြုံးမြင့်

    May 10, 2013 at 12:14 am

    ကိုထွန်းဝင်းလတ်ရေ
    သိပ်ကို ချီးကျူးမိပါတယ်။
    လေးစားလျက် …

  • ရဲစည်

    May 10, 2013 at 6:46 am

    မနှစ်ကတင်ခဲ့တဲ့ အကြွေးဆပ်ဖို့ ရောက်အောင်လာခဲ့ပါ့မည်။ …. အဲဒါပဲ ပြောတတ်တော့မယ်။

  • kaung kin pyar

    May 10, 2013 at 10:04 am

    ပါဝင်ပါမည်..။ ကိုအမတ်မင်းထံသို့ ဆက်သွယ်လိုက်ပါမည်….။

  • Myo Thant

    May 10, 2013 at 11:33 am

    ကျနော်လည်း ပါမဗျို့

    လှည်းတန်းနား နေပေမယ့် မရွှေအိကိုတော့ဖြင့် သိသေးဘူးဗျ

    သို့သော် ဆက်သွယ်လိုက်မည်ဖြစ်ကြောင်း

  • kaung kin pyar

    May 10, 2013 at 12:22 pm

    အူးမျိုးသန့်..အူးမျိုးသန့်…!!! အလှူငွေထည့်ဝင်ရန် ကိုအမတ်မင်းနှင့် ယခုလာမည့် တနင်္ဂနွေ (12.5.2013) နေ့ ညနေတွင် လှည်းတန်းမှာ တွေ့ရန် ချိတ်ထားပြီး ဖြစ်ပါဂျောင်း…။ လှည်းတန်း အနေနီးသူနှင့် အနီးနေသူ ရွာသူားများ တစ်ပေါင်းတည်းတွေ့ရလျှင်ဖြင့် အလွန်ဝမ်းသာဖွယ်ကောင်းမည်ဟု ထင်ပါဂျောင်း သတင်းပို့အပ်ပါသည်။ (မှတ်ချက်။ ။ အဆင်ပြေမည်ဆိုလျှင် မရွှေအိအားလဲ လာစေချင်ပါသည်။ ရွာထဲရောက်တာ နှစ်ချီနေပေမယ့် ခရီးထွက်နေရသောကြောင့် ရွာသူားများနှင့် ပထမဆုံးအကြိမ် ဆုံခြင်းဖြစ်ပါသည်။)

    • Myo Thant

      May 10, 2013 at 1:05 pm

      ကောင်းပါပြီ
      နေရာ သေချာပါက ဝ၉ – ၅၁၅၁၀၂ဝ သို့ ဆက်ပေးပါလားဗျာ

  • kolumbus

    May 10, 2013 at 2:15 pm

    သူကြီး ပြောင်းထားပြန်ပြီ… ဒီတစ်ခါ အနီ၊ စိမ်းဝါ မဟုတ်ဘဲ အပြာပြောင်းထားတာ ကြည့်လို့ကောင်းသလိုပဲ…

  • kaung kin pyar

    May 10, 2013 at 2:16 pm

    ဟုတ်ကဲ့ပါ…။ ခုထိတော့ လှည်းတန်း Ice Berry 4:30 p.m ပါ..။ အပြောင်းအလဲရှိရင် ဖုန်းဆက်ပါ့မယ်ရှင့်…။

  • မကြည်ပြာ

    May 10, 2013 at 2:32 pm

    မဂျူးဂျူးမ မှ အလှူငွေ တသောင်းခွဲ ထဲ့ဝင်ပါကြောင်း….

    ကိုမတ်မှ တဆင့် အကြောင်းကြားပါတယ်ခညာ..

    ယနေ့ ၁ဝရက် မေလ ၂၀၁၃-အလှူငွေ ၁၅၀၀ဝကျပ် မဂျူးဂျူးမ မှလှူဒါန်းပါသည်။

    တနင်္ဂနွေ တွေ့ကျမယ်ဆိုရင် ဖုန်းနဲ့အချိတ်အဆက်လုပ်လို့ရပါသည်။

    ကျေးဇူးဘာခညာ။

    ခင်တဲ့
    မရွှေအိ

    • မကြည်ပြာ

      May 10, 2013 at 3:36 pm

      မမခို်င်ဇာမှ ခလေး အယောက်၂ဝ အတွက် စာရေးကိရိယာဖိုး အလှူငွေ ၄၃၀၀ဝကျပ် ထဲ့ဝင်ပါသည်။

      ဦးကျောက်ခဲနှင့် မမနှင်း မှ ခလေး အယောက် ၂ဝ အတွက် စာရေးကိရိယာဖိုး အလှူငွေ ၄၃၀၀ဝကျပ် ထဲ့ဝင်ပါသည်။

      ယနေ့ မေလ ၁ဝရက် ၂၀၁၃ ရက်စွဲဖြင့် နောက်ဆုံးရ အလှူငွေစာရင်းများကို ကိုမတ်က
      ကြေညာခိုင်းပါသည်။

      ကျေးဇူးတင်ပါသည်။

      • ကထူးဆန်း

        May 10, 2013 at 6:49 pm

        မကြည်ပြာရေ ..
        ကျွန်တော် ဝိုင်းကူပါ့မယ် ခင်ဗျ ။ ကောက်ခံ ရရှိငွေကို ကျွန်တော် ပိုစ်တင်ပြီး အရင်လိုဘဲ update လုပ်လုပ်ပေးသွားမယ် ခင်ဗျ။
        ကို အမတ် ကျွန်တော့်ဆီ မက်ဆေ့ချ်နဲ့ ရရှိငွေ ပို့ ပေးပြီးကျွန်တော်က post ထဲမှာ update လုပ်ပေးသွားမယ် ခင်ဗျ ။ မကြည်ပြာဆီလဲ ကျွန်တော့် ဖုန်းနံပါတ် မက်ဆေ့ချ် ပို့လိုက်ပါ့မယ် ။

        • Shwe Ei

          May 10, 2013 at 9:31 pm

          ဟတ်ကဲ့…….အနော် တို့ အင်ဖမေးရှင်း အပ်ဒိတ် ကို မက်စေ့ပို့ဘာမယ်။

          ကိုထူးဆန်းနဲ့ ကွန်တက်လုပ်ဖို့ ကိုမတ်မှာထားပါတယ်ခည။

          လေးစားစွာဖြင့်
          မရွှေအိ @ မကြည်ပြာ
          အာ..ဟိ :kwi:

  • ကောင်းတာကတော့ မန်းလေးက နေ လိုအပ်တာတွေဝယ်ပြီး ပို့ရင် ဈေးသက်သာနိုင်ပါတယ်။
    မော်လူး-မန်းလေး တန်ဆာခ ကျနော် ကျခံပါမည်။

    • ကထူးဆန်း

      May 10, 2013 at 6:54 pm

      လေးပေါက်လဲ အဆင်ပြေသလိုလုပ်ပါခင်ဗျ။ ပိုစ်မှာတင်ရင်လည်း ကျွန်တော် update လုပ်ပေးပါ့မယ် ခင်ဗျ။

  • jujuma

    May 11, 2013 at 12:29 pm

    အယ် မကြည်ပြာက မရွေအိ ပဲ …
    မယ်ဘုတ် ကလဲ ဂျူးမ ဖြစ်ပါကြောင်းးးး မက်စိတွေ လည်ကုန်ပီ :kwi:

  • TNA

    May 12, 2013 at 11:05 pm

    ဟယ်ဝါတာတာကနေ ခရမ်းပြောင်းတွားပြန်ဘီ။ လှဒယ်။

  • ဝရမ်းပြေးအဘဝက်

    May 18, 2013 at 10:31 am

    ဟုတ်ပအေ ဝါသနာ ဖျာကာ မရတဲ့ သူတွေ လဲ ရှိသား
    သများတွေကို မနာလို မရှုစိမ့် ဘယ်နှယ်ဖြစ်ပါလိမ့်

Leave a Reply