အဘ တို့ ရပ်ကွက်ထဲက ချစ်စရာ ကောင်ဆိုးလေးတွေ ။

Foreign ResidentMay 8, 20136min24033

အဘ တို့ ရပ်ကွက်ထဲက ချစ်စရာ ကောင်ဆိုးလေးတွေ ။

 

ဟိုတစ်နေ့က ၊ မ ခိုင်ဇာရဲ့ ငှက်ဥယျာဉ် ဆိုတဲ့ Post လေးမှာ ကြက်တူရွေးငှက်ကြီး ပုံတွေ တွေ့ရတော့ ၊

အဘ ရဲ့ ဩဇီက အိမ်နားမှာလဲ ကြက်တူရွေးငှက်ကြီးတွေ အရမ်းပေါတာကို သတိရမိလို့ ၊

အဘ လဲ ဩဇီအိမ်ကို အရမ်း လွမ်းမိနေပါတယ် ။

 

အဲဒီ ကြားထဲ သူကြီးက သူရိုက်လာတဲ့ သက်တန့် ရောင်စုံ ကြက်တူရွေးငှက်ပုံကို တင်လာလို့ ၊

အဘ ရဲ့ အိမ်နားမှာ အဲလို သက်တန့် ရောင်စုံ ကြက်တူရွေးငှက်တွေ ရှိတယ်လို့ ကြွားလိုက်မိတာ ၊

 

” အောင်မာ ၊ သူကြီးက သူ့ပုံ ကြွားနေပြန်ပြီ ။

ဒီလို ရောင်စုံ ကြက်တူရွေးတွေများ ဩဇီမှာ ပေါပါ့ ။

ငှက်ပြတိုက်သွားကြည့်စရာမလိုဘူး ။

အိမ်ဘေးက ကွင်းထဲမှာတင် ရှိတယ် ။

ကျနော် ပုံတင်ပေးမယ်  “

 

အဲဒါကို သူကြီးက ဒီလိုပြန်ပြောတယ်လေ ။

 

” လောကမှာ.. ဒီလောက်အရောင်စုံတဲ့ငှက်တွေရှိနေတာကိုက.. အံ့စရာ..

ဩဇီမှာ.. လမ်းဘေးမှာရှိနေတာကလည်း.. အံ့စရာ.. “

 

အဲဒါနှင့်ပဲ ၊ သူကြီး နောက်တစ်ခါ မအံ့ဩရလေအောင် ၊

ဩဇီ လမ်းဘေးက ငှက် ပုံလေးတွေ တင်ပေးရတာပါ ။

 

ရွာသူားဟောင်းတွေကတော့ မြင်ဘူးပြီးသားနေမှာပါ ။

ဒီပုံကတော့ အဘ မနက်တိုင်း လမ်းလျှောက်နေကျ ကလေးကစားကွင်း နှင့် မီးတားလမ်းလျှောက်ကွင်း ။

 

ဒီပုံကတော့ အဘ မနက်တိုင်း လမ်းလျှောက်နေကျ ကလေးကစားကွင်း နှင့် မီးတားလမ်းလျှောက်ကွင်း ။
ဒီပုံကတော့ အဘ မနက်တိုင်း လမ်းလျှောက်နေကျ ကလေးကစားကွင်း နှင့် မီးတားလမ်းလျှောက်ကွင်း ။

 

သစ်ပင်ကြီးတွေ ဘယ်လောက်မြင့်သလဲ ဆိုတာကတော့ မှန်းသာကြည့်ကြပေတော့ ။

သစ်ပင် ခြေရင်းမှာ အဘ ရဲ့ အချစ်တော် ခွေးလေး ၂ ကောင် ။

သစ်ပင်ကြီးတွေ ဘယ်လောက်မြင့်သလဲ ဆိုတာကတော့ မှန်းသာကြည့်ကြပေတော့ ။
သစ်ပင်ကြီးတွေ ဘယ်လောက်မြင့်သလဲ ဆိုတာကတော့ မှန်းသာကြည့်ကြပေတော့ ။

 

သူကြီးပြောတဲ့ သက်တန့် ရောင်စုံ ကြက်တူရွေးငှက် တွေက အဲဒီ အပင်မြင့်ကြီးတွေပေါ်မှာ နေကြတယ် ။

သူကြီးပြောတဲ့ သက်တန့် ရောင်စုံ ကြက်တူရွေးငှက် တွေက အဲဒီ အပင်မြင့်ကြီးတွေပေါ်မှာ နေကြတယ် ။
သူကြီးပြောတဲ့ သက်တန့် ရောင်စုံ ကြက်တူရွေးငှက် တွေက အဲဒီ အပင်မြင့်ကြီးတွေပေါ်မှာ နေကြတယ် ။

 

အဲဒါ က သက်တန့် ရောင်စုံ ကြက်တူရွေးငှက်မောင်နှံ နေတဲ့ သစ်ခေါင်း ။

အဲဒါ က သက်တန့် ရောင်စုံ ကြက်တူရွေးငှက်မောင်နှံ နေတဲ့ သစ်ခေါင်း ။
အဲဒါ က သက်တန့် ရောင်စုံ ကြက်တူရွေးငှက်မောင်နှံ နေတဲ့ သစ်ခေါင်း ။

 

အပင်က အရမ်းမြင့်တော့ Zoom ဆွဲပြီး ရိုက်ရတယ် ။

ငှက်တွေကလည်း ငြိမ်ငြိမ်လေး Post မပေးတတ်ကြဘူး ( မေါ်ဒယ်တွေနှင့်များ ကွာပါ့ ) ။

ကင်မရာ နှင့်ချိန်တာကို ၊ သေနတ် နှင့်ချိန်တာ ကျနေတာပဲ ၊ ပျံပျံပြေးကြတယ် ။

ဒီလောက် ပုံလေးတွေ ရအောင်တောင် မနဲ ရိုက်ယူရတယ် ။

 

ဒါကတော့ ၊ အဘ အိမ်ရှေ့က ဘာခေါ်မှန်း မသိတဲ့ အပင်က အသီးလေးတွေကို ၊

ကြက်တူရွေး တွေ အုပ်လိုက်ကျပြီး လာစားနေတဲ့ပုံ ။

ဒီ ကြက်တူရွေး အုပ် ကတော့ အဖြူ အုပ် ၊ တခါတလေ ရောင်စုံတွေလဲ လာစားကြတယ် ။

ဒီ ကြက်တူရွေး အုပ် ကတော့ အဖြူ အုပ် ၊ တခါတလေ ရောင်စုံတွေလဲ လာစားကြတယ် ။
ဒီ ကြက်တူရွေး အုပ် ကတော့ အဖြူ အုပ် ၊ တခါတလေ ရောင်စုံတွေလဲ လာစားကြတယ် ။

 

ကြက်တူရွေး အဖြူ အုပ် ထဲက တစ်ကောင်ကို စားနေတုန်း Zoom ဆွဲ ရိုက်ထားတာ ။

ကြက်တူရွေး အဖြူ အုပ် ထဲက တစ်ကောင်ကို စားနေတုန်း Zoom ဆွဲ ရိုက်ထားတာ ။
ကြက်တူရွေး အဖြူ အုပ် ထဲက တစ်ကောင်ကို စားနေတုန်း Zoom ဆွဲ ရိုက်ထားတာ ။

 

ဒါတွေကတော့ ၊ အဘ လမ်းလျှောက်ရင်း ၊ ရပ်ကွက်ထဲမှာ တွေ့နေကျ ကောင်ဆိုးလေးတွေလေ ။

ကောင်ဆိုးလေးတွေ လို့ခေါ်ရတာကတော့ ၊ ဒီကောင်တွေ အဘ သစ်ပင်မှာ လာစားတဲ့ အခါ ၊

သစ်ပင်အောက်မှာ သစ်ကိုင်း သစ်သီး အစ အန တွေ ပွရှုပ်သွားတာပဲ ( ပြန်လည်း မရှင်းသွားဘူး ) ။

နောက်ပြီးတော့ အဲဒီ ကြက်တူရွေး တွေရဲ့ အော်သံ က တဂဲဂဲ နှင့် အရမ်းကျယ် ၊ နားညီးတယ် ။

 

ကြက်တူရွေး ကြက်တူရွေး နှင့် မြန်မာလို လွယ်လွယ်သာခေါ်နေတာ တကယ့် တကယ်က ၊

သူတို့ရဲ့ မျိုးကွဲ နာမည်တွေက အများကြီးပါ ( Parrot, Macaw, Cockatoo စသဖြင့် ) ။

 

ကားလမ်းဘေးမှာ အစာရှာနေကြတာ ၊ သူတို့ရဲ့ မျိုးနွယ်စုက Cockatoo တဲ့ ။

ကားလမ်းဘေးမှာ အစာရှာနေကြတာ ၊ သူတို့ရဲ့ မျိုးနွယ်စုက Cockatoo တဲ့ ။
ကားလမ်းဘေးမှာ အစာရှာနေကြတာ ၊ သူတို့ရဲ့ မျိုးနွယ်စုက Cockatoo တဲ့ ။

 

ဒီကောင်လေးကတော့ အကောင်သေးတယ် ၊ မြန်တယ် ။

ဒီကောင်လေးကတော့ အကောင်သေးတယ် ၊ မြန်တယ် ။
ဒီကောင်လေးကတော့ အကောင်သေးတယ် ၊ မြန်တယ် ။

 

ဩဇီ က ငှက် အများစုက ခေါင်းပေါ်မှာ အမောက် ပါကြတယ် ။

ဩဇီ က ငှက် အများစုက ခေါင်းပေါ်မှာ အမောက် ပါကြတယ် ။
ဩဇီ က ငှက် အများစုက ခေါင်းပေါ်မှာ အမောက် ပါကြတယ် ။

 

ဒီကောင်ကတော့ အများသိကြတဲ့ ကျီးကန်း ။

ဩဇီ က ကျီးကန်းတွေက အကောင်ကြီးတယ် ၊ အဖြူ ဆွတ်ဆွတ်တွေလဲ ရှိတယ် ။

ဩဇီ က ကျီးကန်းတွေက အကောင်ကြီးတယ် ၊ အဖြူ ဆွတ်ဆွတ်တွေလဲ ရှိတယ် ။
ဩဇီ က ကျီးကန်းတွေက အကောင်ကြီးတယ် ၊ အဖြူ ဆွတ်ဆွတ်တွေလဲ ရှိတယ် ။

 

ဒါတွေကတော့ အဘတို့ ရပ်ကွက်ထဲက ပန်းခြံထဲမှာ နေကြတဲ့ အကောင်တွေ ။

ဒါတွေကတော့ အဘတို့ ရပ်ကွက်ထဲက ပန်းခြံထဲမှာ နေကြတဲ့ အကောင်တွေ ။
ဒါတွေကတော့ အဘတို့ ရပ်ကွက်ထဲက ပန်းခြံထဲမှာ နေကြတဲ့ အကောင်တွေ ။

 

ဩဇီ မှာ ငှက်ပေါတာလဲ မပြောနှင့်လေ ။

ဒီမှာက သဘာဝ ပါတ်ဝန်းကျင်ကို လူထု တစ်ရပ်လုံးက ထိန်းသိမ်းကြတာကိုး ။

စဉ်းစားကြည့်လို့ရအောင် ၊ ဥပမာလေး တစ်ခုပြရမယ် ဆိုရင် ။

 

ဒါက ဆစ်ဒနီ မြို့လယ်ကောင်စစ်စစ် ( CBD )  ထဲက အပန်းဖြေ ထိုင်ခုံ ။

ဒါက ဆစ်ဒနီ မြို့လယ်ကောင်စစ်စစ် ( CBD )  ထဲက အပန်းဖြေ ထိုင်ခုံ ။
ဒါက ဆစ်ဒနီ မြို့လယ်ကောင်စစ်စစ် ( CBD ) ထဲက အပန်းဖြေ ထိုင်ခုံ ။

 

အဲဒီနားမှာ ၊ ဒီ ငှက်တစ်ကောင် ( တစ်ကောင် ) ပဲ အမြဲတမ်း ကျက်စား နေထိုင်တယ်လေ ။

အဲဒီနားမှာ ၊ ဒီ ငှက်တစ်ကောင် ( တစ်ကောင် ) ပဲ အမြဲတမ်း ကျက်စား နေထိုင်တယ်လေ ။
အဲဒီနားမှာ ၊ ဒီ ငှက်တစ်ကောင် ( တစ်ကောင် ) ပဲ အမြဲတမ်း ကျက်စား နေထိုင်တယ်လေ ။

 

အဲဒါကို ၊ စည်ပင်သာယာက အဲဒီ ငှက်ရဲ့ Detail Particulars ကို ဆိုင်းဘုတ် လာစိုက်ပေးတယ်လေ ။

စည်ပင်သာယာက အဲဒီ ငှက်ရဲ့ Detail Particulars ကို ဆိုင်းဘုတ် လာစိုက်ပေးတယ်လေ ။
စည်ပင်သာယာက အဲဒီ ငှက်ရဲ့ Detail Particulars ကို ဆိုင်းဘုတ် လာစိုက်ပေးတယ်လေ ။

ဘယ်လောက် ဂရုစိုက်တယ် ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့ ။

ငှက်လေး တစ်ကောင်တည်း ( တစ်ကောင်တည်း ) ကိုနော် ။

 

ဒါကတော့ ဆစ်ဒနီ နှင့် မလှမ်းမကမ်း ၊

The Entrance ဆိုတဲ့ ပင်လယ် ကမ်းခြေ မြို့လေးမှာ ၊ Pelican ကြီးတွေကို အစာကျွေးနေတာလေ ။

တစ်ခါ ကျွေးရင် ငါးတွေ အဲဒီ ဗုံး အပြာကြီးနှင့် တစ်ဗုံး အပြည့်ကျွေးတယ် ။

တစ်နေ့ နှစ်ခါ ကျွေးတယ် ။

Pelican ကြီးတွေကို အစာကျွေးနေတာလေ ။ တစ်ခါ ကျွေးရင် ငါးတွေ အဲဒီ ဗုံး အပြာကြီးနှင့် တစ်ဗုံး အပြည့်ကျွေးတယ် ။
Pelican ကြီးတွေကို အစာကျွေးနေတာလေ ။ တစ်ခါ ကျွေးရင် ငါးတွေ အဲဒီ ဗုံး အပြာကြီးနှင့် တစ်ဗုံး အပြည့်ကျွေးတယ် ။

 

Pelican ကြီးတွေ က သိနေ မှတ်မိနေကြပြီလေ ။

အစာကျွေးမယ့်အချိန်ဆို သူ့အလိုလို ရောက်လာကြတယ် ( နာရီ မလိုဘူး ) ။

Pelican ကြီးတွေ က သိနေ မှတ်မိနေကြပြီလေ ။ အစာကျွေးမယ့်အချိန်ဆို သူ့အလိုလို ရောက်လာကြတယ် ( နာရီ မလိုဘူး ) ။
Pelican ကြီးတွေ က သိနေ မှတ်မိနေကြပြီလေ ။ အစာကျွေးမယ့်အချိန်ဆို သူ့အလိုလို ရောက်လာကြတယ် ( နာရီ မလိုဘူး ) ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

33 comments

  • KZ

    May 8, 2013 at 10:07 am

    အို။
    ချစ်စရာကောင်းလိုက်တဲ့ ကောင်ဆိုးလေးတွေပါ လား ဘဖောရယ်။
    အသံလေးတွေကလည်း ချစ်စရာနေမှာ။
    :528:

  • သူကလေး

    May 8, 2013 at 10:17 am

    ခိုင်ရယ်
    ချစ်စရာဆို အဲအကောင်လေးတွေက သူကလေးနဲ့အမျိုးတော်တာကိုး
    အသံလေးတွေကလည်း သူကလေးအတိုင်းဘဲစ် .. sooo sweet လေ … ငိငိ
    မယုံရင် လူကလေးကိုမေးကြည့် 😀

  • ဦး ကျောက်ခဲ

    May 8, 2013 at 10:17 am

    ဟီး ဟီး အဘဖောပြောတာ အဟုတ်ဗျို့…
    ဦးကျောက် ညီမလေးမီးဖွားလို့ သွားနေတုံးက တွေ့တာ…
    ပေါလိုက်တဲ့ ငှက်မျိုးစုံ၊ ပေါလိုက်တဲ့ ကြက်တူရွေး…လူလည်းမကြောက်ဘူး…
    မနက် မနက် အိမ်ရှေ့က အပင်ကြီးမှာ ဆူညံနေတာပဲ…
    :harr:

  • surmi

    May 8, 2013 at 10:23 am

    ရန်ကုန်က ခို လေးတွေရော ချစ်ဖူးလားဟင် ??? 🙂
    ရောက်လေရာက အီအီးပါချတတ်လို ့ ဒုက္ခရောက်ပေါင်းလည်းများပြီ ။
    အင်း တကယ်တန်းတော ့ မြန်မာပြည်မှာလည်း သစ်ရိပ်ဝါးရိပ်ကောင်းစဉ်က
    ငှက်မျိုးအလွန်စုံခဲ့မှာပေါ့
    တချိန်က နယ်ကခြံထဲမှာတင် ပုဇဉ်း အမျိုးပေါင်း ဆယ်မျို းမက ရှိဘူးသလို ပင့်ကူ မျိုးပေါင်း ဆယ်မျိုးထက်မနဲရှိနေခဲ့တယ် ။
    ဆင်လိပ်ပြာလို ့ အလွယ်ခေါ်ခဲ့တဲ့ လိပ်ပြာကြီးတစ်မျိုးကတော ့ အတောင်ဖြန် ့လိုက်ရင် နစ်ပေ နီးပါးလောက်ရှလေရဲ ့ ။
    အဲဒီကောင်တွေနဲ့ ဆောလ့ဖေါ်ဆော ့ဖက်လေ
    ခုတော ့ ပြန်ပြောရင်ယုံတမ်းစကားပါပဲ
    ဘာကောင်မှမတွေ ့တော ့ဘူး ။

  • Good™

    May 8, 2013 at 10:29 am

    သက်ရှိတွေရဲ့ အစလို့တောင် သုတေသီတွေ အတည် ပြုဖူးတဲ့ ဩဇီ မှာ ထူးခြားတဲ့ ငှက်တွေ သတ္တဝါတွေရှိတာ မအံ့ဩ ပေမဲ့ သဘာဝပတ်ဝန်း ကျင် ထိမ်းသိမ်း ပုံ ကို တော့ လေးစားအတုယူ ပါတယ် ဗျာ။

  • ဦးကြောင်ကြီး

    May 8, 2013 at 10:31 am

    ကောင်ဆိုးလေး
    အောင်မျိုးထွေး
    ကြောင်ဖိုးပေး
    မှောင်ပျိုးသေး
    နောင်ရိုးတေး
    ခေါင်မိုးအေး
    ယောင်ဂျိုးဖွေး
    ဆောင်သိုးမွေး..

  • အလင်းဆက်

    May 8, 2013 at 10:31 am

    ကြက်တူရွေးက လေးတွေကို ချစ်တယ်
    ပင် ဂွင်း ကိုတော့ အချစ်ဆုံး

  • သုရှင်

    May 8, 2013 at 11:08 am

    စိတ်ကြည်နူးမိပါတယ်ဗျာ

  • မောင် ပေ

    May 8, 2013 at 11:36 am

    မတုသောအတွေးဖြင့် မန် ့ရသည် ရှိသော်
    “တစ်ခါ ကျွေးရင် ငါးတွေ အဲဒီ ဗုံး အပြာကြီးနှင့် တစ်ဗုံး အပြည့်ကျွေးတယ် ။

    တစ်နေ့ နှစ်ခါ ကျွေးတယ် ။”
    ဗုံးအပြာကြီး တစ်ဗုံး ဝင်ဆံ့ငါးအရေအတွက် = အနဲဆုံးတော့ ၁ဝကောင်ပေါ့ ။ ကျော်လျှင်လဲ ကျော်မပေါ့ ။ ( မကျော်လျှင်လဲ ကင်ချင်ကင် ချက်ချင်ချက် ပြုတ်ချင်ပြုတ် လုပ်ချင်သလိုလုပ်စား .. အီကား စကားချပ် )
    ၁ကောင် ကို ဝင်ငွေ ၅၀၀ဝကျပ်အောက်သော မြန်မာ မိသားစုဝင် တစ်စု ညမနက် ချက်စားလျှင် လောက်၏

    အင်မတန်မှ ချမ်းသာကြသော ဒီမိုကရေစီ ဩဇီသူားများပေပ

    • Foreign Resident

      May 9, 2013 at 12:37 pm

      ” ဗုံးအပြာကြီး တစ်ဗုံး ဝင်ဆံ့ငါးအရေအတွက် = အနဲဆုံးတော့ ၁ဝကောင်ပေါ့ ”

      ကိုပေ ရေ ။
      ကျနော် သေချာ မ မှတ်မိလို့ဗျ ။
      တစ် ဗုံးတောင် မကဘူး ။ နှစ် ဗုံးကျွေးတာထင်တယ်ဗျ ။
      Pelican အကောင် အရေအတွက်လည်း ကြည့်ပါဦးဗျာ ။
      နောက်ပြီးတော့ အကောင်က အကြီးကြီးတွေဗျ ၊ တော်ရုံနှင့် ဝမယ် မထင်ဘူးဗျ ။
      ကျွေးတာကတော့ ၊ မဝတ လိုမျိုး မြို့နယ် ကောင်စီ စရိတ်နှင့် ကျွေးတာဗျ ။

  • ခင်ခ

    May 8, 2013 at 11:41 am

    အလှဌက်တွေ အဲလို ဩဇီမှာ လမ်းပေါ်တွေ့ရတယ်ဆိုတော့ ဩဇီမှာ တိရိစ္ဆာန်ရုံလိုမျိုးရှိလား၊ ရှိရင် အဲဒီမှာ ဘယ်လိုကောင်တွေရှိလည်း သိချင်မိပါတယ်။
    ဒီမှာတော့ အဲလို အလှဌက်တွေက တိရိစ္ဆာန်ရုံမှာ သွားကြည့်ရတာမို့လေ။

    • Foreign Resident

      May 9, 2013 at 12:17 pm

      ” ဩဇီမှာ တိရိစ္ဆာန်ရုံ လိုမျိုး ရှိလား၊
      ရှိရင် အဲဒီမှာ ဘယ်လိုကောင်တွေရှိလည်း သိချင်မိပါတယ် ”

      ကို ခင်ခ ရေ ။
      ဩဇီ တိရိစ္ဆာန်ရုံ ကလည်း တခြားနိုင်ငံက တိရိစ္ဆာန်ရုံတွေနှင့် တူတူပါပဲ ။
      ကိုယ့် ဒေသ ရှိတဲ့ / ပေါများတဲ့ မျိုးရင်းတွေကော ၊
      တခြားဒေသက မျိုးတွေကော စုံအောင်ပြထားပါတယ် ။

  • Ma Ei

    May 8, 2013 at 1:09 pm

    ရန်ကုန်မှာတော့ ပန်းခြံထဲမှာတောင် အဲ့ဒီလိုငှက်ကလေးတွေ မရှိတော့ပါဘူး…
    ကျမတို့လမ်းထဲမှာ ဂျိုးငှက်လေးတွေတွေ့ရတာကိုပဲ အထူးဆန်းဖြစ်နေရပါတယ်…

  • Mr. MarGa

    May 8, 2013 at 1:48 pm

    ဩဇီက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ရင်တော့ အတော့်ကို မှတ်မှတ်သားသား ရှိတဲ့နိုင်ငံပေကိုး ဘဖောရဲ့
    ဒီမတော့ စာကလေးရယ် ခိုရယ် ရှဥ့်ရယ်ပဲ မျက်စိနောက်လောက်အောင်တွေ့နေရတယ်
    ဒါကလေးတွေတောင် သစ်ပင်မရှိရင် ဘယ်ပျောက်မလဲမသိ

  • weiwei

    May 8, 2013 at 3:01 pm

    ရန်ကုန်မှာလဲ ငှက်သိပ်ပေါတာပေါ့ … ကျီးကန်း .. ခို … စာကလေး …
    တစ်ခါတစ်လေ သန်လျင်မှာ ပြန်နေဖြစ်တဲ့အချိန်တွေမှာ ဗျိုင်းလေးတွေ … ဇရပ်လေးတွေနဲ့ ဘာမှန်းမသိတဲ့ ငှက်လေးတွေ တွေ့ရတတ်တယ် …

    အခု ကွန်မန့်ရေးနေတာကို ခို ၂ ကောင်က ကြည့်နေတယ် .. စာကလေးက အသံပေးနေတယ် …

  • အဘတို. ဩဇီက စည်ပင်က ငှက်တစ်ကောင်ထဲ စားကျက်မြေကို ဆိုင်းဘုတ်ထောင်ပေးတာပါဗျာ..
    ကျွန်တော် တို.ဆီက စည်ပင်တွေကမှာ လမ်းဘေးဈေးသည်တွေ စားကျက်မြေကို ဆိုင်ဘုတ်တွေလိုက်ထောင်ပေးထားတာ…..
    လမ်းဘေးဈေးမရောင်းရ……
    မနက် ၉နာရီမှ ညနေ ၆နာရီအတွင်း ဈေးမရောင်းရ…
    ဒီလောက်ကောင်းတဲ့ စည်ပင်ကို လမ်းဘေးဈေးသည်က လိုက်ရိုက်တယ်တဲ့ဗျာ….. ဈေးကောက်ကောက်လို.တဲ့………..

    အော်ဒါနဲ.စကားမစပ် အဘတို. ဩဇီမှာ ဈေးကောက်ရှိလားဟင်………. မသိလို.နော်..

    • S@i S@i Fin K@i

      May 9, 2013 at 11:42 am

      ဒီလိုလေး တမျိုးမြင်ကျိမိတယ်ဗျ..
      ငှက်တကောင်တည်း အတွက် ဆိုင်းဘုတ်ထူပေးတယ်တော့မဟုတ်ဘူးခည..
      သူရို့နိုင်ငံမျိုးရင်း သတ္တဝါ အဖြစ် ဂုဏ်ယူစွာနဲ့ သာမန်လူထု အလွယ်တကူ တွေ့နိုင်အောင် ဒီငှက်အကြောင်း
      ရေးဖို့ ကပ်ဖို့ စည်ပင်ပလင်န် နဂိုကတည်းက ရှိပါလိမ့်မယ် ….
      ချမ်းသာတဲ့တိုင်းပြည်တွေများ သူရို့ တိုင်းပြည် မျိုးရင်း အပင် သတ္တဝါတွေအကြောင်းများ သိပ် ဂုဏ်ယူ စောင့်ထိန်းကြတာရယ်..
      (စကားချပ်-ညက ဖဘမှာ တွေ့လိုက်ပါတယ် … အရင်ကဖမ်းဆီးလို့ရတဲ့ ငါးမျိုးစိတ်တွေ အင်းလေးကန်ထဲမှာ မတွေ့ရတာကြာဘီတဲ့..)

      သည်တော့ကာ
      နေရာကလည်း မြို့လည်ကောင်..ပီး .. သူရို့ ပြောချင်တဲ့ငှက်ကလည်း ကျက်စားနေပြန် ဆိုတော့
      ကွက်တိအံကိုက် ဇလုတ်တိုက် ဖြစ်သွားတယ်လို့ပဲ ယူဆမိပါကြောင်းရယ်..

      ခင်တဲ့ ..

  • kyeemite

    May 8, 2013 at 4:02 pm

    ဩဇီ ကိုတော့အားကျမိပါရဲ့ဗျာ…
    ကျုပ်တို့ ဆီမှာတော့..ပြောင်သလင်းခါနေပီ…အဖတ်ဆယ်လို့ကိုမရတော့တာ..
    သဂျီးပြောတဲ့…“ကျိန်စာ”ပဲ
    ပြောင်သလင်းခါလို့ အပူတွေလွန်ကဲနေရတဲ့အထဲ
    အချင်းချင်းထချနေကြလို့ အပြင်ပူ၊ အတွင်းပူနဲ့
    လူတွေလည်း ဝမ်းလျှောထားတဲ့ မျောက်ရုပ်ပေါက်နေကုန်ပြီ…ကိုရင်ဖေါရေ.. :byae:

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 8, 2013 at 6:03 pm

    ဒါတွေက ဘါနဲ့ဆိုင်မလဲတော့သိဘူးဗျ
    ကျုပ်နေတဲ့ရပ်ကွက်ထဲ ဟိုဖက်လမ်းကသူဌေးခြံလို့ခေါ်ရမလား အကျယ်ကြီးထဲက သစ်ပင်အုပ်မှာဆို
    ငှက်တွေအတော်များတယ် ဥဩငှက်တောင်ရှိတယ် အဲ့သည်လမ်းထဲခြံနဲ့ဝန်းနဲ့ သစ်ပင်တွေအုံ့ဆိုင်းဆိုင်းနဲ့
    ဘာငှက်တွေလည်းတော့သိဘူး ငှက်တွေအတော်များတယ်
    ကျုပ်နေတဲ့အခန်းကနေ မနက်ဖက်ဆို တီဗွီဘာလို့ခေါ်သလဲ လိုင်းမိအောင်ထောင်ထားတဲ့
    တိုင်တွေပေါ်မှာ ဂျိုးတွေတွန်နေကြတာ ကျီးကန်းတွေတစ်ခါတစ်လေတွေ့တယ်
    ဂျပ်စပဲရိုးတွေကတော့ အများဆုံးပေါ့
    ဒီဖက်ချမ်းက နှစ်လမ်းကျော်သွားရင် ရထားလမ်းဘေးနေတဲ့မြန်မာအခေါ်ဆို ကျူးကျော်ရပ်ကွက်မှာ
    လူတွေအတော်များလာတာသတိထားမိတယ်
    လွန်ခဲ့တဲ့သုံးနှစ်လောက်ကဆို ကျုပ်တို့လမ်းထဲ ခိုတွေများလိုက်ပုံ တစ်ခါတစ်လေ ခိုတွေ
    ကားတိုက် ဆိုင်ကယ်တိုက်တောင်ခံရတယ် ခုတော့ ခိုးတွေမရှိသလောက်တောင်ဖြစ်သွားပြီ
    လူနေမှု့စနစ်လား ဘာကြောင့်လည်းတော့သိဘူး
    ဘာဘဲဖြစ်ဖြစ်ပုံထဲကငှက်တွေကိုကျိပြီး ဩဇီသားတွေ လေးဂွကောင်းကောင်းပစ်တတ်ပုံမရဘူး :mrgreen:

  • Foreign Resident

    May 8, 2013 at 8:29 pm

    Good™ says:
    ” သက်ရှိတွေရဲ့ အစလို့တောင် သုတေသီတွေ အတည် ပြုဖူးတဲ့ ဩဇီ မှာ ”

    Mr. MarGa says:
    ” ဩဇီက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ရင်တော့ အတော့်ကို မှတ်မှတ်သားသား ရှိတဲ့နိုင်ငံပေကိုး ”

    ကို Good™ ရဲ့ သက်ရှိတွေရဲ့ အစ တော့ မဟုတ်ဘူးဗျ ။
    ဒီလိုဗျ ၊ အသေးစိတ် သေချာ ပြန် ရှင်းပြရရင်တော့ ။

    ကမာ္ဘကြီးမှာ ပထမတုန်းက ကုန်းမြေ တစ်ခုထဲ ( Pangaea ) ဆိုပြီး ရှိခဲ့တယ် ( 300 MYA ) ။
    ( 1 MYA = 1 Million Year Ago / လွန်ခဲ့သော နှစ် တစ်သန်း )

    နောက်တော့ ( 200 MYA ) မှာ ၊ မြောက်ပိုင်း Laurasia နှင့်
    တောင်ပိုင်း Gondwana ဆိုပြီး ၂ပိုင်း ကွဲထွက်သွားတယ် ။

    မြောက်ပိုင်း Laurasia ကတော့ Euro Asia ပါဝင်တဲ့ အဓိက ကုန်းမြေစုကြီးပေါ့ ။
    တောင်ပိုင်း Gondwana ထဲမှာ Antarctica, South America, Africa, Australia continent,
    Arabian Peninsula & Indian subcontinent တို့ပါကြတယ် ။

    အဲဒီ Gondwana ထဲမှာ ပါတဲ့ အပေါ်က ကုန်းမြေတွေကလည်း ( 100 MYA ) မှာ ထပ်ကွဲပြန်တယ် ။

    အဲဒီ Gondwana ထဲက ထပ်ကွဲတဲ့ ကုန်းမြေတွေထဲက Antarctica နှင့် Australia ကလွဲပြီး ၊
    ကျန်တဲ့ ဟာတွေက နောက်ပိုင်းမှာ မြောက်ပိုင်း Laurasia နှင့်ပြန်ပေါင်းသွားတယ် ။

    အဲဒီနှစ်ခုထဲမှာမှ Antarctica က ရေခဲနေတဲ့အတွက် သတ္တဝါ အများစု မရှင်သန်နိုင်ဘူး ။
    အဲဒီမှာ Australia တိုက်တစ်ခုပဲ Gondwana က ကွဲထွက်ချိန် ( 100 MYA ) လောက်က ၊
    သတ္တဝါတွေ အသက်ရှင်လျှက် နှင့် ကျန်နေရစ်ခဲ့တယ် ။
    ( ဥပမာ ။ ။ သားသမီးကို အိတ်နှင့် လွယ်မွေးတဲ့ Kangaroo နှင့် Koala )

    Gondwana က ကွဲထွက်တဲ့ တခြား ကုန်းမြေတွေအားလုံးက ၊
    နောက်ပိုင်းမှာ မြောက်ပိုင်း Laurasia နှင့် ပြန်ဆက်သွားတယ်လေ ။

    အဲဒီမှာ မြောက်ပိုင်း Laurasia မှာက နဂိုရှိရင်း အဆင့်နိမ့် Kangaroo နှင့် Koala ထက် ၊
    အဆင့်မြင့်တဲ့ ဆင် ကျား စတဲ့ သတ္တဝါ တွေ ပေါ်လာပြိး ၊
    နဂိုရှိရင်း အဆင့်နိမ့် Kangaroo နှင့် Koala တွေ မျိုးတုန်း ပျောက်ကွယ်သွားတယ် ။

    အဲဒီတော့ ၊ ခပ်စောစောကတည်းက ကွဲထွက်သွားပြီး ၊
    မြောက်ပိုင်း Laurasia နှင့် လုံးဝ ပြန် မဆက်တော့ဘဲ ၊
    သီးသီး သန့်သန့် ကျန်ခဲ့ / နေခဲ့တဲ့ Australia တစ်ခုတည်းမှာပဲ ၊
    အဆင့်နိမ့်တဲ့ Kangaroo နှင့် Koala လို သတ္တဝါ လေး တွေ ကျန်ခဲ့ရှာတယ် ။

    ရှင်းရှင်းလေးပါပဲ ။
    ဆင် ကျား စတဲ့ သတ္တဝါ တွေက နောက်ပေါ် အဆင့်မြင့် မျိုးစိတ်တွေ ။
    Kangaroo နှင့် Koala လို သတ္တဝါ လေး တွေက အဆင့်နိမ့် မျိုးစိတ်တွေ ။
    အဲဒီတော့ ၊ ဆင် ကျား စတဲ့ အဆင့်မြင့် မျိုးစိတ်တွေ Australia ကို ရောက်လာရင် ၊
    Kangaroo နှင့် Koala လို အဆင့်နိမ့် မျိုးစိတ်တွေ တဖြေးဖြေး ပျောက်ကွယ်သွားလိမ့်မယ် ။
    ( တကယ်က ၊ သနားစရာ သဘာဝရဲ့ ပါယ်ဖျက်မိန့် ကျထားတဲ့ မျိုးစိတ်လေးတွေပါ )

    ဒါကြောင့် ၊
    ၁ ။ Australia တိုက်မှာ ကမာ္ဘ့ အခြားဒေသ နှင့် လုံးဝ မတူတဲ့ တိရိစာ္ဆန်တွေ အများကြီး ရှိတယ် ။
    ၂ ။ Australia ရဲ့ သဘာဝ ပါတ်ဝန်းကျင် အခြေအနေက လုံးဝ အထိမခံနိုင်ဘူး ။
    အသည်း အသန် ကို ထိန်းသိမ်း ကာကွယ်နေရတယ် ။
    ( Australia ရဲ့ Animal Quarantine နှင့် Plant Quarantine ဥပဒေတွေက အရမ်းတင်းကျပ်တယ် )

    • ဦး ကျောက်ခဲ

      May 8, 2013 at 9:25 pm

      ဟီ ဟိ အဘဖော…
      PLATE TATONIC သီအိုရီကြီးကို ဆွဲချမှရမယ်ထင်တယ်…
      :hurr:

    • Good™

      May 14, 2013 at 2:02 pm

      အမှတ်မှားပြီးရေးမိတဲ့ ကျနော့်ကို စေတနာထား စနစ်တကျ ပြန်ရှင်းပြပေးလို့ အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  • နေဝန်းနီ

    May 8, 2013 at 8:37 pm

    အဘဖော ပြတဲ့အပေါ်က အကောင်လေးတွေ အရင်က ဆိုရင်တော့ ကျနော်တို့ အိမ်ဝိုင်းထဲကိုလာဖူးတယ် ….။ ခုတော့ ဘယ်ပျောက်သွားပြီလဲမသိတော့ဘူး …..။ တောတွေမှမရှိတော့ပဲကိုး….။နော့ ခုတော့ တောတင်မဟုတ်ဘူး ချိုင့်တွေ ကမူတွေပါမြေညှိပြီး အကွက်တွေ ရိုက်ပြီးနေပြီ

  • MaMa

    May 8, 2013 at 8:47 pm

    FR အခု ရန်ကုန်မှာလား။
    ဩဇီပြန်ရောက်နေတယ်ထင်နေတာ။ :harr:

    (အဘ လဲ ဩဇီအိမ်ကို အရမ်း လွမ်းမိနေပါတယ် ။)
    အဲဒီစာကိုဖတ်ပြီး ဩဇီအိမ် နောက်မှာ သူ ဆိုတဲ့ စာလုံးများ ကျကျန်ခဲ့သလားလို့။ :kwi:

    ကိုယ့်သဘောနဲ့ကိုယ်ပြောရရင်…
    ဘယ်တိရိစာ္ဆန်မဆို မွေးရတာ ကရိကထများလွန်းလို့ မွေးမြူရေးကို ဝါသနာ မပါဘူး။
    သစ်ပင်ပန်းပင်စိုက်ရတာ စိတ်အေးချမ်းလို့ စိုက်ပျိုးရေးပဲ ဝါသနာပါတယ်။ :hee:

    • Foreign Resident

      May 9, 2013 at 11:57 am

      ” FR အခု ရန်ကုန်မှာလား ”

      မမ ရယ် ၊ ကျနော် စားဝတ်နေရေးအတွက် သင်္ဘော လိုက်နေရတယ်လေ ။

      ” ဩဇီအိမ် နောက်မှာ သူ ဆိုတဲ့ စာလုံးများ ကျကျန်ခဲ့သလားလို့ ”

      ဟဲ ဟဲ ၊ သတိရတာပေါ့ကွယ် ။

  • Foreign Resident

    May 8, 2013 at 8:55 pm

    kyeemite says:
    ” ပြောင်သလင်းခါလို့ အပူတွေလွန်ကဲနေရတဲ့အထဲ
    အချင်းချင်းထချနေကြလို့ အပြင်ပူ၊ အတွင်းပူနဲ့ ”

    ပြောရအုန်းမယ် ကို kyeemite ရေ ။
    အရင်တုန်းက ကျနော် နားလည်ထားတဲ့ ဗဟုသုတ အရ ၊
    တောင် ဝင်ရိုးစွန်းနားမှာ အိုဇုန်းလွှာ အပေါက် ရှိတယ် ။
    ဩဇီ အပေါ်မှာလည်း အိုဇုန်းလွှာ ပါးနေတယ် ။

    ဒါ့ကြောင့် ဩဇီ ဟာ ခရမ်းလွန် ရောင်ခြည် အဆင့် ( UV Index ) မြင့်နေတယ် ။
    ဩဇီ မှာ နေ့လည်ပိုင်း အပြင်ထွက်ရင် နေကာ မျက်မှန်တပ် ဦးထုတ် ဆောင်းရမယ် ပေါ့ ။

    အခုနောက်ပိုင်း သေချာ လေ့လာကြည့်မှပဲ ၊ ကိုယ့် မြန်မာ နိုင်ငံ က ပိုဆိုးနေတာကို သိတော့တယ် ။

    ကျနော်နေတဲ့ Sydney ရဲ့ အမြင့်ဆုံး ( UV Index ) ကမှ အဆင့် 11 လောက်ပဲ ရှိတယ် ။
    —http://www.arpansa.gov.au/uvindex/models/syduvmodel.htm—

    အခု ရက်ပိုင်း Sydney ရဲ့ အမြင့်ဆုံး ( UV Index ) က အဆင့် 4.2 လောက်ပဲ ရှိတယ် ။
    —http://www.uvawareness.com/uv-index/uv-index.php?location=sydney—

    မြန်မာ နိုင်ငံရဲ့ အမြင့်ဆုံး ( UV Index ) က အဆင့် 13 လောက် ရောက်နေတာ တွေ့ရတယ် ။
    အခု ရက်ပိုင်း မြန်မာ နိုင်ငံရဲ့ အမြင့်ဆုံး ( UV Index ) က အဆင့် 12.7 လောက်တောင် ရှိနေတယ် ။
    —http://www.uvawareness.com/uv-index/uv-index.php?location=Myanmar—

    ဪ ကံဆိုးလိုက်တဲ့ ငါတို့ မြန်မာ နိုင်ငံသားတွေရယ် ။
    တကယ့်ကို ၊ နူရာ ဝဲဆွဲ ၊ လဲရာ သူခိုးထောင်း ဘဝတွေပါပဲ ။
    ဖြစ်မှဖြစ်ရလေခြင်း ။

  • အဘတို့ ရပ်ကွက်ထဲမှာ ဒီလိုဘဲ ချိဒယ် …
    အို့ ဟို့ …
    အဘတို့ ရပ်ကွက်ထဲမှာ ဒီလိုဘဲ … ရို့ .. ရို့ …
    အဲ့ဒီ ရပ်ကွက်ထဲ သွားနေလို့ကတော့
    တစ်နေ့ကို တစ်ကောင်ကျပဲ …

  • Crystalline

    May 9, 2013 at 9:54 am

    အဘတို ့ဆစ်ဒနီတော့ မသိဘူး.. ပါ့သ်မှာတော့ wildlife park တွေတော်တော်ပေါတာတွေ ့ခဲ့တယ်…. အဲဒီကလူတွေ ချုံတိုးတာလည်းတော်တော်ဝါသနာထုံပုံရတယ်.. အရပ်လောက်ရှိတဲ့ကျောပိုးအိတ်နဲ ့.. ဖိနပ်ရှည်နဲ ့ တုတ်တစ်ချောင်းနဲ ့ချုံတိုးကြတာလည်းတော်တော်တွေ ့တယ်..

    • Foreign Resident

      May 9, 2013 at 11:00 am

      ” အဘတို ့ဆစ်ဒနီတော့ မသိဘူး.. ပါ့သ်မှာတော့ wildlife park တွေတော်တော်ပေါတာ ”

      ဆစ်ဒနီ ဖက်မှာလဲ wildlife park တွေ ပေါပါတယ်ကွယ် ။

      ” အဲဒီကလူတွေ ချုံတိုးတာလည်းတော်တော်ဝါသနာထုံပုံရတယ် ”

      သမီးရယ် Bush Walking ( Hiking ) / တောလည်ခြင်း လို့ပြောပါကွယ် ။
      တော်ကြာ ရွာသူားတွေက ဩဇီ တွေကို ချုံတိုး အတွဲချောင်းတဲ့သူတွေလို့ ၊
      အထင်အမြင် မှားကုန်ပါ့မယ် ။

      အဘတောင် Bush Walking ( Hiking ) လုပ်ဖို့ စိတ်ဝင်စားနေတာ ။
      သူတို့ တွေက Bush Walking ( Hiking ) Trail တွေကို စံနစ်တကျ လုပ်ပေးထားတယ် ။
      အဘတို့ Sydney ပါတ်ဝန်းကျင်မှာတောင် ရှိတယ် ။

      • S@i S@i Fin K@i

        May 9, 2013 at 11:25 am

        မလျောက်ရဲဘာဘု အဘရယ်..
        အဘတို့ အော်ဇီက မြွေ ပေါဘာသဘိနဲ့ ..(နျူးဇီလန်မှာ မြွေမရှိသလောက်)
        ကမာ္ဘ့ အဆိပ်အပြင်းဆုံး မြွေ ၁ဝကောင်မှာ ဩဇီမှာ ၅ကောင်လောက် တွေ့ရပီး
        ၄ကောင်က မျိုးရင်းတဲ့ … ….

        :byae:

      • Foreign Resident

        May 9, 2013 at 11:51 am

        ဟဲ ဟဲ ၊ ဂီဂီ ရဲ့ ၊ အဘ ကတော့ တစ်ခုခု လုပ်ခါနီးရင် ၊
        ဗေဒင် ၊ လက္ခဏာ နှင့် နဲနဲ checking လုပ်လိုက်တာပါပဲ ။
        မကြောက်ပေါင် ၊ အဘ လက်ဝါးပြင်မှာ ၊
        အရံ အသက်လမ်းကြောင်း အစ အဆုံး အရှည်ကြီး ပါတယ် ။ ဟီ ဟိ ။

        • ရွာစားကျော် မင်းနန္ဓာ

          May 9, 2013 at 12:18 pm

          ”အရံ အသက်လမ်းကြောင်း အစ အဆုံး အရှည်ကြီး ပါတယ်”
          ..
          ပျင်းစရာကြီးဗျာ.. အိုကြီးအိုမကျမှ ဘိုးဘွားရိပ်သာမှာ အချိန်တွေ ဖြုန်းနေရမယ်..
          ဒါနဲ့..
          အရံ အိမ်ထောင်ရေးလမ်းကြောင်းရောပါလား… အာဟိ

  • uncle gyi

    May 14, 2013 at 11:45 pm

    ကြွားထားကိုရင်ဖော
    ကြွားတယ်ဆိုတာကြွားစရာကရှိမှကြွားလို့ရတာ
    ကြွားစရာမရှိပဲကြွားရင်လူပေါဖြစ်ရော
    ကျုပ်ကတော့လူပေါအဖြစ်မခံတော့ဖူး

Leave a Reply