နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၁)

သူကေလးMay 8, 20131min12810

ဖတ်ဖြစ်မဖြစ်တော့မသိပေမယ့်လည်း … ကိုယ်ရေးတာလေးတွေ အများဝေဖန်နိုင်အောင်တင်တင်ပေးဖြစ်တာပါ …

ဖတ်ဖြစ်ခဲ့တယ်ဆို ဖတ်လို့မကောင်းလည်း လိုအပ်ချက်တွေကို ဝေဖန် ကွန့်မန့်ပေးခဲ့နိုင်ပါတယ်နော်

 

ခင်တဲ့

သူကလေး

—————–

 

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၀)

 

—————————

အခန်း (၁၄)

“i m going to have lunch with koko, ttyl” ဆိုတဲ့မက်ဆေ့ချ်လေးကိုဖတ်ရင်း

တစ်ယောက်တည်းပြုံးမိကာ ခြံထဲဆင်းလာခဲ့မိသည်။

ခြံထဲမှာ ကျွန်တော်စိုက်ပျိုးထားတဲ့ နှင်းဆီပန်းပင်လေးတစ်ချို့ရှိသည်။

ကျွန်တော်ကိုယ်တိုင်ပေါင်းသင်ရေလောင်းလုပ်သလိုပဲ မမနှင့်မေမေကလည်းလုပ်ပေးကြပါသည်။

ကျွန်တော်ချစ်တဲ့ ထိုနှင်းဆီလေးတွေကိုမေမေတို့ကပါ လိုက်ချစ်ပေးသည်။

ဒါဆို ကျွန်တော်ချစ်တဲ့ကောင်မလေးတွေကိုရော၊ မေမေတို့လိုက်ချစ်မှာလား။

အတွေးနဲ့တင်ကျောချမ်းလှပါသည်။ ဒီကိစ္စကထင်သလောက်မလွယ်ကူမှန်းကျွန်တော်သိသည်။

ကျွန်တော်ချစ်တဲ့ကောင်မလေးများက ကျွန်တော်စိုက်ပျိုးထားတဲ့နှင်းဆီတွေနဲ့တူသည်။

အရောင်အသွေးစုံသည်။ အမျိုးအစားစုံသည်။ တစ်ယောက်ကိုတစ်မျိုးပင်။

အားလုံးကိုတစ်ယောက်တစ်မျိုးစီချစ်သကဲ့သို့ အားလုံးကလည်း တစ်ယောက်တစ်မျိုးဆီကျွန်တော့်ကိုချစ်ကြတာပင်။

မမနှင့်လွဲသွားပြီးတဲ့နောက် ကျွန်တော့်ဘဝမှာ ဘယ်မိန်းမကိုမှအချစ်ဆုံးဆိုတာမရှိတော့။

အချစ်ဆုံးမိန်းမများမှာ မေမေနှင့်မမသာဖြစ်ခဲ့လေတော့သည်။

အခုတော့ကျွန်တော့်ချစ်သူရည်းစားတွေအပြင် ကျွန်တော့်ဘဝထဲကို ဟန်နီဆိုတဲ့ကောင်မလေးဝင်ရောက်လာခဲ့သည်။

သူမကို ကိုကြီးထူးခြားနဲ့မပက်သက်ခင်တည်းက အမှတ်မထင်တွေ့ဆုံမှုလေးတွေကတစ်ဆင့် ကျွန်တော်သတိထားမိခဲ့တာ။

သူမမှာ အထူးခြားဆုံးက မျက်လုံးလေးတွေပဲဖြစ်သည်။ ဖြူစင်လွန်းတဲ့မျက်လုံးလေးတွေပါ။

ညှို့ဓာတ်မပါပေမယ့်လည်း ကြည့်လိုက်ရုံနဲ့တင်
တစ်ဖက်လူကိုအေးချမ်းမှုတွေပေးနိုင်မယ့် ယုံကြည်ချင်စရာကောင်းတဲ့မျက်လုံးတွေဟု ကျွန်တော်ထင်မိသည်။

မရည်ရွယ်ပါပဲနဲ့ ကျွန်တော်တို့အတော်ရင်းနှီးသွားခဲ့ကြသည်။ ဘာကြောင့်မှန်းမသိ သူမကိုယုံကြည်မိရင်း

ကျွန်တော့်ရဲ့ဘဝတစ်ဆစ်ချိုးကဇာတ်လမ်းတွေကိုလည်း ဖွင့်ဟဝန်ခံမိသွားခဲ့သည်။ သူမမျက်လုံးတွေထဲမှာ

ကျွန်တော့်စိတ်တွေကို အဆုံးစွန်ထိနားလည်ပေးနိုင်ပါတယ်ဆိုတဲ့အဖြေကို

ကျွန်တော့်ဘာသာပဲရှာဖွေရှိခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

ဟန်နီ ကျွန်တော့်ယုံကြည်မှုတွေကို ဘယ်တော့မှအလွဲသုံးစားလုပ်မှာမဟုတ်ဘူးလို့ယုံကြည်ခဲ့မိသည်။

တကယ်တော့ဟန်နီဟာ လူတွေအကြောင်းကောင်းကောင်းနားမလည်တဲ့ ကလေးလေးတစ်ယောက်ပါကွာ။

အခုလည်း ကိုကြီးကထမင်းသွားစားမယ်ဆိုတာနဲ့ ကလေးလေးတစ်ယောက်လို

အိမ်မှာခုန်ပေါက်ပျော်ရွှင်နေမှာမြင်ယောင်မိပါသေးတယ်။

မငိုစေချင်ဘူး ဟန်နီရယ်။ မင်းကို အမြဲတမ်းပြုံးနေစေချင်ပါတယ်။ ပန်းပင်လေးတွေရေလောင်းရင်း

ဗိုက်ထဲကဆာသလိုရှိတာမို့ ရေလောင်းခြင်းကိုအစသတ်ကာ အိမ်ထဲပြေးဝင်ခဲ့ပါတော့သည်။

ဟန်နီ့မှာလည်း ကိုကိုလာခေါ်မည်ဟုပြောထာသောအချိန်ထက်ပင်စောစွာ အလှပြင်ဆင်မှုပြီးစီးလို့

လည်ပင်းလေးတစ်ဆန့်ဆန့်နှင့် မျှော်နေရသည်။

လက်ကနာရီကိုငုံ့ကြည့်လိုက်၊ အိမ်ရှေ့တံခါးက ဟွန်းသံကိုနားစွင့်လိုက်လုပ်နေစဉ်မှာပင်

အချစ်တော်ကြီးလင်းလက်ဆီကတယ်လီဖုန်းလေးဝင်လာခဲ့သည်။

ဖုန်းကိုကိုင်လိုက်ပြီးဘာမှမပြောရသေးခင်မှာဘဲ လင်းလက်ကဦးအောင်းပွားတော့သည်။

“တစ်မနက်လုံး ဖုန်းလေးတောင်တစ်ချက်မခေါ် အွန်လိုင်းလည်းတစ်ချက်မတက်နဲ့ ဘာတွေများအလုပ်များတော်မူနေရတာလဲ”

“ဟဲ့ အသက်လေးဘာလေးရှူပါအုံးဟယ် ငါတောင်ဘာမှမပြောရသေးဘူး”

“ပြောမှာပဲဟေ့ ခါတိုင်းနေ့တွေကဆို မနက်မိုးလင်းတည်းက တညှောင်ညှောင်နဲ့ဖုန်းဆက်နေပြီးတော့
အခု နေ့လည်တောင်ရောက်ပြီ ဖုန်းမဆက်လို့ဟေ့
ဘာလဲ အာကာဗိုလ်နဲ့မနက်စာသွားစားနေလို့လားလ ဟီး မိန်းမနော် မိန်းမ”

“ဟွန်း ထင်ရာစွတ်ပြောဖို့ဆို လင်းလက်တို့ကနံပါတ် ၁ပဲ၊ ဟုတ်ရပါဘူးအေ … ငါအိပ်ရာနိုးတည်းက ကိုကိုဖုန်းဆက်ပြီး
နေ့လည်လာကြိုမယ်လို့ချိန်းတာနဲ့ အလုပ်တွေများနေတာ”

“ကျန်းးး မိန်းမ မုန်းဖို့ကောင်းလိုက်တာ .. အဆင်ပြေနေတော့ကျ ဖုန်းဆက်ဖော်တောင်မရပါ့လား အဆင်ပြေသွားပြီပေါ့လေ”

“ဒီလိုပါပဲဟယ် နေပြည်တော်သွားနေတာ မနေ့ကမှရောက်လို့တဲ့ ခုနေ့လည်စာစားဖို့လာခေါ်မယ် အလှပြင်ထားဆိုပြီးပြောတာပဲ”

“သူပြေတာာလွန်သွာတးတယ်ထင်လို့ ချော့တာထင်တယ်နော် မိပျားရည်တော့ အူမြုးနေတော့မှာမြင်ယောင်သေး”

“သိဘူး ခုလောလောဆယ်တော့ပျော်နေတာပဲသိတယ်”

“မိန်းမ အဲဒါဘယ်ချိန်လောက်ထိဖြစ်မှာလဲ”

တစ်ဖက်ကလင်းလက်အမေးကြောင့် ကျွန်မ တစ်ချက်ငိုင်သွားမိသည်။ အဲဒီမေးခွန်းအတွက် ကျွန်မကိုယ်တိုင်လဲအဖြေမရှိပါ။

ကောင်လေးတွေကိုကြာကြာမစွဲလမ်းတတ်တဲ့ကျွန်မ အခုတစ်ခါမှာတော့ တော်တော်ကြီးခြေငြိမ်ကျသွားတာ
ကျွန်မကိုယ်တိုင်သိသည်။

ကိုကိုကလွဲရင် ဘယ်ယောကျာ်းလေးကိုမှ အာရုံထဲမရှိတော့။ အဲဗိုလ်ကတော့ ဗိုလ်ပြောသလို ခြွင်းချက်ပေါ့လေ။

သူဟာကျွန်မရဲ့ဘယ်သူနဲ့မှမယှဉ်နိုင်သောလူကလေး။

“ငါမသိသေးဘူးဟာ ကိုကိုဟာငါ့ရဲ့နောက်ဆုံးလူလည်းဖြစ်သွားနိုင်တယ် ခုချိန်ထိတော့ ကိုကို့တစ်ယောက်တည်းကိုပဲ

ငါရူးသွပ်နေတယ်” ဟု မတင်မကျလေးပြန်ဖြေလိုက်မိသည်။

“အဲဒီလိုပဲဖြစ်ရင်ကောင်းတာပေါ့ဟာ ကဲသွားမှာဖြင့်လည်းသွား ပြန်လာရင်တော့ ငါ့ကိုဖုန်းဆက်အုံးနော် ဒါဘဲ တာ့တာ”

“အင်း တာ့တာ မွှ” ဟု ခပ်ချွဲချွဲလေးပြောပြီး ဖုန်းကိုချပစ်လိုက်သည်။

ကိုကိုလာကြိုမယ်ဆိုတာနဲ့ပင် စိတ်တွေကအလိုလိုမြုးနေမိသည်လေ။

ဖုန်းချပြီးသိပ်မကြာလိုက် ကိုကို့ကားလေး အိမ်ရှေ့ရောက်လာတာမြင်တာမို့ စိန်ကတီ္တပါ

အမဲရောင်အပါးလေးကို ကောက်ဝတ်ကာထွက်လာခဲ့တော့သည်။

ကျွန်မကားပေါ်ကိုတက်ပြီးဝင်ထိုင်ချိန်မှာပဲံ ကိုကိုက ကျွန်မကို နူးညံ့စွာစတင်နှုတ်ဆက်ပါသည်။

“good afternoon ဘေဘီလေး စောင့်နေတာကြာပြီလား” လို့ပြောလိုက်တဲ့အချိန် ကျွန်မနှုတ်ခမ်းတွေအလိုလို

ပြုံးတုံ့တုံ့ဖြစ်သွားခဲ့ရသည်။

ချိုလိုက်တဲ့စကားလုံးလေးတွေဟု တစ်ယောက်တည်းကောက်ချက်ချမိသည်။

အမြဲတမ်းအဲလိုလေးတွေပြောပေးနေရင်သိပ်ကောင်းမှာပဲလို့ဆုတောင်းမိသည်။

“မကြာသေးပါဘူး နာရီဝက်လောက်ပဲရှိသေးတယ်” ဟု ရယ်ကျဲကျဲပြန်ဖြေမိတော့

ကိုကိုက ကားမောင်းနေရင်းက ဘယ်ဘက်လက်ဖြင့်

ကျွန်မခေါင်းကိုခပ်ဖွဖွလေး အုပ်မိုးလိုက်ပါသည်။ ကိုကို့အမူအရာလေးတွေက ချစ်စနိုးရှိလှတာမို့ ကျွန်မမှာ

အိပ်မက်များမက်နေသလားလို့ထင်နေမိသည်။

ကျွန်မကိုပြုံးပြုံးကြီးစနေတဲ့ကိုကို့မျက်နှာလေးကိုငေးကြည့်ရင်း ကျွန်မရင်တွေခုန်နေမိသည်။

“ကောင်မလေး ဘာတွေကြည့်နေတာလဲ ကိုချောလို့လား”

ကျွန်မစိတ်ကောက်တတ်မှန်းသိသိနဲ့ လိုက်စနေသော ကိုကို့ကို ဒီတစ်ခါတော့ရန်မတွေ့မိတော့

“အင်း အရမ်းအရမ်းချောတယ်”လို့ စိတ်လိုလက်ရအဖြေပေးမိသွားသည်။

“ဟားးဟားး မြှောက်တယ်ကွာ မြှောက်မပြောလည်းထမင်းကျွေးမှာပါ ကလေးရယ် .. ကဲ ဘယ်မှာစားချင်လဲသာပြော”

“ဟင့်အင်း မရွေးတော့ဘူး ညီမလေးရွေးတဲ့နေရာတွေက အန္တရာယ်များတတ်လို့ ကိုကိုကြိုက်တဲ့နေရာသာသွားတော့”

“အိုကေ ဒါဆို ဟိုးကမာ္ဘ့အပြင်ဘက်မှာသွားစားမယ်ကွာ လိုက်မလား”

“ကိုကိုပါတယ်ဆို ဘယ်ဖြစ်ဖြစ်” ဟု ခပ်ညစ်ညစ်လေးကျွန်မပြန်ဖြေမိတော့ ကိုကိုက သဘောကျစွာနဲ့ တစ်ချက်စိုက်ကြည့်ပါသည်။

အဲဒီအကြည့်မှာ ဘာအဓိပ္ပါယ်တွေဘာလဲတော့ကျွန်မမသိပါ … ဒါပေမယ့် ရင်တွေအရမ်းခုန်တာမို့ ခေါင်းကိုသာငုံ့ထားမိသည်။

ဘယ်လိုဖြစ်တာလဲတော့ တကယ်ပင်မသိတော့ပါ … ပထမဆုံးချစ်သူနဲ့ချိန်းတွေ့တာလည်းမဟုတ်ပါပဲ

ချစ်သူရည်းစားတွေမထားခဲ့ဖူးတာလည်းမဟုတ်ပါပဲ အလိုလိုနေရင်း ရှက်နေမိသည်။

အဲလိုနဲ့ ကိုကိုက ကျောက်အိုးပူထမင်းသုပ်နဲ့ ကင်မ်ချီစာချင်းသည်ဟု ဆိုကာ အင်းယားကန်ဘောင်ရှေ့ရှိ

Moon Bakery ကိုရောက်လာခဲ့သည်။

Moon Bakery ဆိုင်လေးက ကော်ဖီတို့မုန့်တို့အပြင် တရုတ်အစားအစာ၊ ကိုရီးယားအစားအစာပါ အစုံရှိသည်မို့

ကျွန်မလည်းကြိုက်ပါသည်။

မိုးတွင်းဖြစ်တာကြောင့် ရာသီဥတုက နေမပြင်းဘဲ မိုးခပ်အုံ့အုံ့လေးဖြစ်နေတာမို့ ကိုကိုက ဆိုင်ဝင်ဝင်ချင်းက

စားပွဲဝိုင်းသေးသေးလေးမှာပဲ ထိုင်ဖို့ရွေးသည်။

ကိုကိုက ကျောက်အိုးပူထမင်းသုပ်မှာပြီး ကျွန်မက ကင်မ်ချီစတူးနဲ့ထမင်းဖြူမှာတာမို့ နှစ်ယောက်လုံး
ကိုရီးယားစာတွေချည်းဖြစ်လို့နေသည်။

“ကိုကိုက ကျောက်အိုးပူထမင်းသုပ်ကြိုက်လို့လား” ဟု ကျွန်မကပဲစမေးကြည့်လိုက်မိသည်။

“ဟင့်အင်း တစ်ခါမှမစားဖူးဘူး ဟိုနေ့က ညီမဝမ်းကွဲတွေအိမ်လာလည်တုန်း Moon က ကျောက်အိုးပူထမင်းသုပ်ကောင်းတယ်ပြောလို့လာစားကြည့်တာ”

“အော် ဖြစ်ရမယ် သိပါဘူး ညီမလေးက ကိုကိုကြိုက်လို့စားတယ်ထင်နေတာ .. ညီမလေးကတော့

ကိုရီးယားအစားအစာတော်တော်များများမကြိုက်ဘူးရယ်

ဒါပေမယ့် ကင်မ်ချီစတူးတစ်ခုတော့ကြိုက်တယ် .. ဒီဆိုင်လာတိုင်းအဲဒါစားဖြစ်တာများတယ်”

“အင်း ကိုယ်လဲမစားဖူးတာနဲ့ စားကြည့်ချင်လို့ အငယ်လေးတွေကတော့ တော်တော်စားကောင်းတယ်ပြောတာပဲ

ကိုကိုကမြန်မာထမင်းသုပ်တော့ကြိုက်တယ်လေ

အဲဒါနဲ့ try ကြည့်မလို့” ဟုပြောနေရင်းနဲ့ ကိုကိုက ကားလမ်းမဘက်လှမ်းကြည့်နေတာတွေ့တာမို့

ကျွန်မလည်းဘာရယ်မဟုတ်ပဲလိုက်ကြည့်မိသည်။
ဗိုလ်လို့ ကျွန်မတိုးတိုးလေးခေါ်လိုက်မိသည်။ ကျွန်မက ကိုကိုနဲ့ပေမယ့် ဗိုလ်ကတော့တစ်ယောက်တည်းရယ်ပါ။

ကားပေါ်ကခပ်သွက်သွက်လေးဆင်းလာတဲ့ပုံက အပူအပင်ကင်းစင်နေတဲ့ကလေးငယ်လေးအတိုင်းပင်။

ဟိုတစ်ခေါက် သူ့အကြောင်းတွေကျွန်မကိုရင်ဖွင့်စဉ်ကလို နာကျင်နေတဲ့ပုံရိပ်တွေ တစ်စွန်းတစ်စမျှပင်မရှိချေ။

ဗိုလ်ကလည်း ကိုကို့ကိုမြင်ဟန်တူပါသည်။ ဆိုင်ထဲဝင်မသွားဘဲ ကျွန်မတို့ထိုင်နေတဲ့ဝိုင်းလေးကိုဦးတည်ပြီးလာနေတာတွေ့ရတယ်။

“ဟာကိုကြီး နှစ်ယောက်တည်းလား”

ဗိုလ်က စချင်သလိုလို ဒီဇိုင်းလေးနဲ့ မေးလိုက်တော့ ကိုကိုက ရှက်ကိုးရှက်ကန်းနဲ့ “အင်း” ဟုသာပြန်ဖြေ၏။ ပြီးတော့မှ

“အငယ်ကောင်ကော တစ်ယောက်တည်းလား ကောင်မလေးနဲ့ချိန်းထားလို့လာတာလား”

“အာ မချိန်းပါဘူးဗျာ … ကျွန်တော့်သူငယ်ချင်းတစ်ယောက်အတွက် မုန့်လာဝယ်တာပါ”

“သူငယ်ချင်းဆိုပါလားကွ ဟုတ်ရောဟုတ်ရဲ့လား သူငယ်ချင်းဆိုတာ”

“တကယ်ပါဗျ ကဲကိုကြီး စားလိုက်ပါအုံး ကျွန်တော်လည်းပြီးရင်
မေမေခိုင်းထားတာရှိလို့သွားရမှာဆိုတာ့ အထဲဝင်ပြီး မုန့်ဝယ်လိုက်အုံးမယ်”

“အမိ ဗိုလ်သွားပြီနော်” ဟုကျွန်မဘက်ကိုပါ လှည့်ပြောကာ ထွက်သွားတော့သည်။

သူထွက်သွားတော့မှ ကိုကိုကကျွန်မဘက်လှည့်လာကာ “ညီမလေးနဲ့ အာကာလေးနဲ့က သူငယ်ချင်းဖြစ်နေတလား”

“အင်း ကိုကိုညီမလေးကို တစ်ပတ်လောက်မဆက်သွယ်တာနဲ့ မပြောဖြစ်တာ” ဟု တိုးတိုးလေးပဲဝန်ခံမိသည်။

ကိုကိုများစိတ်ထင့်သွားမလားလို့ အကဲခတ်နေပေမယ့်လည်း ကိုကို့မျက်နှာမှာ မသင်္ကာစိတ်တစ်စွန်းတစ်စမှမပေါ်ပါ။

“ဪ ကလေးတွေကခင်နေပြီဆိုတော့လည်းကောင်းသားဘဲ ကိုကိုပြန်သွားလည်း ညီမလေးအတွက်အဖော်ရတာပေါ့

အာကာကစိတ်ကောင်းရှိတယ်။ သူငယ်ချင်းတွေအပေါ်လည်း အနစ်နာခံတတ်တယ်ကွ”

“အင်း ဟုတ်တယ်နော် သူကစိတ်ကောင်းလေးရှိပြီး ချစ်စရာလည်းကောင်းတယ်နော်” ဟု ကျွန်မပြောလိုက်မိသည်။

“အေးကွ ဟန်နီလေးကော မချစ်ဘူးလား”

“အောင်မယ် ဘာဖြစ်တယ် တကယ်ချစ်လိုက်ရမလား”

“ချစ်တယ်ဆိုတာကောင်းတာပဲဟာ ချစ်လိုက်လေ” ဟု

ကိုကိုက ကျွန်မကိုစိတ်မဆိုးဆိုးအောင်စရင်းနဲ့ အချိန်တွေကုန်မှန်းမသိကုန်ခဲ့ရသည်။

အဲဒီနေ့လေးက တကယ့်ကိုသာယာခဲ့ပါသည်။

အခန်း (၁၅) မျှော် …..

10 comments

  • KZ

    May 8, 2013 at 12:00 pm

    ဒီ တစ်ပတ်တော့ သာသာယာယာပါလား
    :hee:

    • သူကလေး

      May 8, 2013 at 12:16 pm

      မိုးဆိုတဲ့ အမြဲရွာလို့မကောင်းဘူး မိုးရွာတာများရင် လူတွေကမုန်းတတ်တယ်လို့ အာကာဗိုလ်ကပြောဖူးတယ် 😀

  • surmi

    May 8, 2013 at 12:49 pm

    ထော ့ကျိုး ထော ့ကျိုးဖြစ်နေတယ်ကွယ် ။
    တစ်ဆက်တည်းဖတ်ချင်လိုက်တာ 🙂

  • သူကလေး

    May 8, 2013 at 1:24 pm

    ဆာမိရယ် .. ဒါတောင် တစ်ရက်ခြားတစ်ခါလောက် အသစ်တွေတင်ပေးနေတဲ့ဟာ….
    တစ်အုပ်လုံးပြီးသွားရင်တော့ ebook လုပ်မယ်လို့စဉ်းစားထားတာပဲ
    ဒါမယ့် .. ဖတ်မယ့်သယူကော ရှိပါ့မလား 🙁

  • Mr. MarGa

    May 8, 2013 at 1:26 pm

    အပိုင်း ဆယ့်တစ်
    နည်းနည်းလဲ ဇာတ်ရည်လည်သလိုလို ဖြစ်လာပြီ
    ဟိုဘက် ဒီဘက်ကိုလဲ နည်းနည်း ပါလာကြပြီ
    ဒီအပိုင်းမတော့ ဒီလောက်ပဲ ပြောစရာရှိပါကြောင်း

  • သူဂလေးရဲ့ ပို့စ်လေးကို
    ကိုကိုအံ နေ့ခင်းတည်းက ဖတ်ပီးဒါး …
    မန့်ဖို့ အခွင့် မသာလို့ ….

    ဒီအပိုင်းလေးက သာသာယာယာလေးပဲ ….
    ဂလိုမျိုး နေသာတဲ့ နေ့မျိုးလေးနဲ့ပဲ အချိန်တိုင်း ကြုံချင်တယ် …
    ဒါမယ့် …. ဒါမယ့် …
    ဘွ ဆိုဒါကလည်း သိဒဲ့ အတိုင်းဘဲ ….

    ထားဘာဒေါ့လေ ….
    ဇာတ်ကို နှလုံးသားနဲ့ မဖတ်ဘဲ အရေးအသားနဲ့ ဖတ်ကြည့်တော့ …
    ဇာတ်အစ ဝုန်းခနဲ အာကာဗိုလ် ဘက်က အတွေးနဲ့ တင်ပြလိုက်တော့
    ဖတ်တဲ့လူ နည်းနည်းတော့ ကြောင်သွားတာပေါ့ ….
    စာအုပ်ဆိုရင်တော့ ဒါဟာ ပြောစရာ မလိုပါဘူး …
    အခုဟာက အပိုင်းလိုက် ဆိုတော့လေ …
    ပြီးတော့ … အာကာဗိုလ် ဘက်က အတွေး ဆုံးတဲ့ အခါ ဟန်နီရဲ့ အတွေး ဆက်လာရော …
    ဒီလို မတူတဲ့ အတွေး နှစ်ခုကို ထင်ရှားအောင် ပြပေးဖို့ လိုတယ်လို့ …
    ကိုကိုအံ ရဲ့ အာပလာအတွေးလေးနဲ့ ပြောကျိဘာရစေ … ဟီး … :mrgreen:

    • သူကလေး

      May 9, 2013 at 10:45 am

      အခုလို … normal mood လေးနဲ့ မန့်တာကို မဖတ်ရဘူးထင်နေတာ ကိုကိုအံရယ် …
      ခုလိုလေးဝေဖန်ပေးတာကိုလဲ ကျေနပ်လိုက်ဒါ ပြောပါနဲ့တော့လို့ 😀
      ဟုတ်တယ် ကိုကိုအံရ … သူကလေးက ချာကြီးတော့မဟုတ်ပေမယ့်လည်း ဒီဝတ္ထုကို
      လုံးချင်းအနေနဲ့သဘောထားပြီးရေးတော့ကာ မျက်လုံးထဲမြင်လိုက်တာက ဒီအခန်းက အခန်းသစ်ဆိုတော့
      နောက်တစ်မျက်နှာကူးမှာဘဲဆိုပီးတော့ .. အင်း အဲလိုလေးတွေးပီးရေးလိုက်တာပဲ
      အလယ်မှာ ဟန်နီအတွေးပြန်လာတာကတော့ .. ကြားထဲမှာ ——- လေးတွေခြားမယ်ဆိုပီး
      မခြားဖြစ်လိုက်တာ 😀 ခုလိုပြောပေးတာကျေးဇူး

  • နေဝန်းနီ

    May 9, 2013 at 1:13 pm

    မိုး မရွာပါဘူးဆို သူက ………… နေသာချင်နေသေးတယ် ဒီမှာပူလှပြီ …….။ အမလေး အဲယားကွန်းကလည်း ကြာတော့ပူလာတာပဲ………။

  • kai

    May 9, 2013 at 3:06 pm

    ဒီစာ.. အခုမှဖတ်မိတယ်..
    ဟိုလေ..
    နိုင်ဂျံဂါးကနေပြန်လာလာပြီး.. စုံတွဲတွေဘဝကြားဝင်တတ်တဲ့.. စုံတွဲတွေအသည်းကွဲအောင်လုပ်တတ်တဲ့.. နိုင်ဂျံဂါးပြန်လူဇိုးကြီးတွေ အခုဇတ်ထဲမပါပါဘူးနော…
    ကြိုမေးထားတာ…
    ဖတ်လိုက်တိုင်း… ကြည့်လိုက်တိုင်း… တွေ့လွန်လွန်းလို့… :kwi:

  • သူကလေး

    May 9, 2013 at 5:35 pm

    မီပါပါဘူး မီပါပါဘူး
    သူဂလေးက လူဇိုးဂျီးတွေမုန်းတယ်လေ .. ခစ်ခစ်ခစ်ခစ်

Leave a Reply