အိုသဂျီး ဆိုငြီး ခိုကြီး ယိုစီး.. Hengist and Horsa

အင်္ဂလန်က ခရစ်နှစ် ၄၆၅မှာ စကော့တစ်ရှ်တွေရန် ကာကွယ်ဖို့ ဂျာမနီမှ Hengist and Horsa လူစွမ်းကောင်း နှစ်ယောက် အကူအညီယူခဲ့ရတယ်။ အဲဒီအချိန်တုံးက ဂျာမနီတွေက ခရစ်ယာန်ဘာသာဝင် မဟုတ်သေးဘူး၊ Pagan ခေါ်တဲ့ ဘာသာခြားတွေ…။ စကော့တွေရန်လည်း ငြိမ်းသွားရော ဂျာမန်မင်းသားနှစ်ပါးက အင်္ဂလန်မှာ အခြေစိုက်ဖို့ ရဲတိုက်မြေနေရာတောင်းတယ်။ ဘုရင်က ဘာသာမတူလို့ ငြင်းတယ်၊ ဒါနဲ့ ဟင်းဂစ်မင်းသားက  သားရေပြားတချပ်စာ ပတ်လည်အထွာရှိတဲ့ မြေကွက်တောင်းတော့ အဲလောက်တော့ ပြသနာမရှိထင်ပြီး ဘုရင် ခွင့်ပြလိုက်တယ်။ အဲဒီမှာတင် ကိုဘေးနွားအရွယ် ကျွဲရိုင်းတကောင်သတ် အရေခွံခွာ ရဲတိုက်ဆောက်၊ ဂျာမနီက သူ့လူတွေ အင်္ဂလန်ခေါ်သွင်းတော့တာပဲ..။ သမိုင်းဆရာမဟုတ်၊ အင်္ဂလန်ရာဇဝင်လည်း ရေးတာမဟုတ်လို့ ဒီလောက်နဲ့ အဲဒီအကြောင်းရပ်မယ်၊ သိချင် ပေးထားတဲ့ ဝီကိပီးဒီးယားလင့်ခ်မှာ သွားဖတ်ကြပါ။

မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဓမ္မ တရားတော် ၌ ယုံကြည်သက်ဝင်နားလည်ခြင်း ပို့စ်မှာ သဂျီးဦးခိုင်မန်းတဲ့ https://myanmargazette.net/175591 “အသောကမင်းကြီး.. ရဟန်းတွေ့ပုံနဲ့ အနော်ရထာရှင်အရဟံတွေပုံ နှစ်၁၃၀ဝလောက် အချိန်ကွာနေပေမဲ့ ချွတ်စွပ်လောက်တူနေတာအံ့ဩစရာလား..။” မန်းထားတာကို အထောက်အထားနဲ့ ပြန်ချေပချင်လို့ အခွင့်ပေါ်ခိုက် အလျင်အမြန် တင်လိုက်တာပါ။ သဂျီးပြောတဲ့အတိုင်းဆို  ရှင်အရဟံသာသနာပြုတာ ခရစ်နှစ်၁၀၀ဝ ဝန်းကျင်၊ အာသောကမင်း သာသနာနဲ့ စတွေ့တာ ခရစ်နှစ် မတိုင်ခင် နှစ်၂၀ဝ ဆိုတော့ နှစ်၁၂၀ဝကွာတယ်။ ဖြစ်ရပ်နှစ်ခု ဆင်တူနေလို့ မဖြစ်နိုင် လံကြုတ်လို့ စွပ်စွဲတယ်။ (မသိသေးသူများအတွက် အကြမ်းဖျဉ်းအားဖြင့်ဆို အာသောကမင်းရော အနော်ရထာမင်းပါ မူလ ဗုဒ္ဓဘာသာ မကိုးကွယ်ဘူး။ တချိန်မှာ ဗုဒ္ဓသာသနာပြု မထေရ်တပါး တောထဲမှာ ကြည်ညိုဖွယ်ကောင်းလို့ တွေ့တော့ခေါ် တရားဆွေးနွေးတယ်။ နန်းတော်ထဲ သင့်တော်ရာ နေရာထိုင်ပါ ခွင့်ပြုတော့ မထေရ်နှစ်ပါးစလုံးက ဘုရင်ထိုင်တဲ့ ပလ္လင်ပေါ်မှာ တရားဟောတယ်၊ အဲဒီမှာ ဘုရင်နှစ်ပါးစလုံး အကျွတ်တရားရပြီး သာသနာပြုမင်း ဖြစ်လာတယ်။)

အလားတူပဲ အင်္ဂလန်ဘုရင် ဂျာမန်မင်းသား ထောင်ချောက်ထဲ ကျသွားပုံနဲ့ သန်လျင်မှာ ဒီဘရစ်တို ပေါ်တူဂီ နယ်ချဲ့ ပင်လယ်ဓမြဂျီး သန်လျင်ဘုရင်ထံ ကုန်တိုက်ဆောက်ဖို့ မြေကွက်တောင်းပုံခြင်းဖြစ်ရပ် ပုံစံတူပါတယ်။ ကြားဖူးကြမှာပေါ့ ငဇင်ကာဆိုတာ.. သူက သန်လျင်ဘုရင်ထံ နွားသားရေတချပ်စာပတ်လည် မြေကွက်တောင်း အသနားခံတယ်။ ရတော့ နွားဂျီးတကောင်သတ် သားရေခွာလှီး အမျှင်တွေထုတ် ဆွဲဆန့်ပြီး မြေတိုင်းလိုက်တာ ခံတပ်တခုစာ အကျယ်အဝန်းရသွားတယ်။ ပုံပြင်မဟုတ် တကဲ့ဖြစ်ရပ်နော်..။ အဲဒီကစ သန်လျင်မှာ တရားဝင် ခြေကုပ်စခန်းရသွားပြီး နယ်ချဲ့တော့တာပဲ။  အင်္ဂလန်က ခရစ်နှစ်၄၆၅ သန်လျင်က ၁၄ရာစု ထင်တယ်၊ နှစ်ရာချီ ကွာပေမဲ့ တပုံစံထဲ ဖြစ်ခဲ့တယ်။ သုံးသပ်ကြည့်ရတာ အဲဒီနွားသားရေ ပတ်လည်မြေကွက် ဇာတ်လမ်းသည် အဲဒီအချိန်ကစလို့ ဥရောပတိုက်မှာ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပြောဆိုလာခဲ့ကြ သိနေကြပါလိမ့်မယ်။ ဒင်းတို့နဲ့ အဆက်အဆံမရှိတဲ့ မြန်မာတွေက နားမလည်ပါးမလည် အတီးခံလိုက်ရတာပေါ့။

သိသူဖော်စား ကိုဘေးနွား သားရေတပြား မြေတလွှား
သိသူဖော်စား ကိုဘေးနွား သားရေတပြား မြေတလွှား

ဒီလောက်ဆို တခါဖြစ်ဖူးလို့ နောက်ထပ်တခု ဖြစ်စရာမရှိဆိုတဲ့ အိုင်ဒီယာ ဘယ်လောက် ကပြောက်ကခြောက် နိုင်သလဲ စာဖတ်သူများ သိနိုင်ကြပါတယ်။ ကပုရဲ့ ပို့စ်မှာ မှတ်ချက်အနေနဲ့ ပေးချင်ပေမဲ့ ဂဇက်မှတ်တမ်းဝင် သမိုင်းတွင်သွားအောင် သီးသန့်ပို့စ်အဖြစ် တင်လိုက်ပါတယ်။ အစီအစဉ်မရှိဘဲ ရေးလိုက်တာမို့ လိုရင်းတိုရှင်း ရေးလိုရတာ စာအကျအပေါက်ရှိ မပြည့်မစုံဖြစ်ခဲ့ရင် ခွေးလွှတ်ကြပါလို့ တောင်ပန်းပါတယ်.. ရွှတ် ပြွတ်…

သဂျီးအမြင်မှန်ရဖို့ ကြောင်ကြီးအမုန်းခံပါရစေ..။ ဝေးဂျပီ သမီးဒေါ်လေးရေ တခါတရံမှာ အိမ်မက်လို.. :528:

Hengist bows low in thanks, and tells Vortigern that, while Vortigern has provided him with much land, he wishes Vortigern would make of him a consul or a prince, as Hengist notes Hengist’s royal heritage dictates. Vortigern responds that it is not in his power to appoint Hengist to these positions, reasoning that Hengist is a pagan, that he barely knows Hengist, that Hengist’s people are strangers and that Vortigern’s nobles would not accept the appointment. Hengist asks Vortigern to give him only enough land that Hengist can encircle with a leather thong , so that Hengist may build a fortress upon it—in case a future retreat may require it. Hengist reassures Vortigern that Hengist will always be faithful to him. Vortigern accepts Hengist’s proposition and orders Hengist to invite more people from Hengist’s homeland. After immediately executing Vortigern’s orders, Hengist took a bull’s hide, and made the hide into a single thong. Using the leather thong, Hengist encompasses a rocky location he carefully chooses. Upon the rocky place Hengist begins to build a castle, and after it is finished he names it Kaercorrei, or in Saxon Thancastre, which Geoffrey explains means “thong castle.”

http://en.wikipedia.org/wiki/Hengist_and_Horsa

 

11 comments

  • ဦး ကျောက်ခဲ

    May 8, 2013 at 11:15 am

    ငှဲ ငှဲ ဟိုဆရာကြီးကို ဒီတစ်ခါလည်းဆက်ညွှန်းလိုက်ဦးမယ်…
    “သမိုင်းသာတာ မ အ အောင်လို့”…
    တုတ်ထမ်း ဓားထမ်း တင်းပုတ်ထမ်းပြီး ငြင်းဖို့မဟုတ်…
    ကိုယ်လိုရာကိုယ်ဆွဲဖို့ မဟုတ် မဟုတ်…
    :harr:

  • surmi

    May 8, 2013 at 11:21 am

    တထပ်တည်း တူတဲ့ဖြစ်ရပ်တွေဟာ နေရာတိုင်း အကြောင်းအရာတိုင်းမှာရှိနေတာပေါ ့ ။
    ဒါကြောင့်လည်းအဖန်ဖန်တလဲဖြစ်ပျက်နေတဲ့ သံသရာထဲမှာ မသေဘူးသောနေရာမရှိ
    မတော်ဖူးသောဆွေမျိုးမရှိ လို ့ပြောထားတာပဲ
    ထားပါလေ သဂျီးက သံသရာကိုယုံသူမဟုတ်လို ့ ပြောလည်း အလကားပါပဲ
    သူ ကျုပ်ကိုပြောဖူးတဲ ့ ခေးအော ့ သီအိုရီအရ …
    ဆာမိဆိုသောသူချောင်းဆိုးလို ့ နယူးယောက်မှာ မိစန္ဒီ ဝင်မွှေသွားသတဲ ့
    အဲသလိုသာဆိုရင် အခြားတစ်ယောက်ချောင်းဆိုးရင်လည်း ထိုနည်းတူစွာ ဖြစ်ရပ်မျိုးဖြစ်နိုင်တာပေါ ့ နော
    သူ ့စကားနဲ ့သူ ့ပြန်ပြောတာ 🙂
    ဘယ်လိုဘဲဖြစ်ဖြစ်
    ဗုဒ္ဓဘာသာ ဘယ်လိုရောက်ရောက် … လက်ရှိမှာ တည်တန် ့အောင်ကြိုးပန်းရမယ်မဟုတ်လား ။
    ဘယ်လိုတည်တန် ့အောင်လုပ်မှာလဲ …?
    ကပု ပို ့စ်အရ မနူဟာကပ်စီးနဲပြီး သု ့နိုင်ငံမှာဘဲတည်အောင်လုပ်လို ့
    တုတ်တပျက်ဓါးတပျက်န ဲ့ တိုင်းပြည်ပျက်ခဲ့ပြီးပြီ ။
    အခုရော …… ခေးအော ့သီအိုရီတပတလည်ပြီး ကိုယ့်နိုင်ငံမှာ တည်ဖို ့ကြိုးစားရင်းးးးးးးးးးးးးးးးးးး

  • S@i S@i Fin K@i

    May 8, 2013 at 11:24 am

    ဟိုတနေ့က တွေ့တာပြောပါဒယ်… ဖေ့စဘုတ်မှာ ပြောကြတာ …ဘာတဲ့ … ဗျတ်ဝိ ဗျတ္တ ကို ကုလား ဆိုပေမယ့်
    အန္ဒိယ နွယ်ဖွား တွေထက် ပေါ်တူဂီ တွေ ဒတ်ချ် တွေ ဖြစ်နိုင်ကြောင်း .. အကြောင်းမဲ့ ဝက်သားရှောင်တဲ့ ဓလေ့
    ထွန်းလာတာ ဖြစ်နိုင်ကြောင်း ငြင်းကြတာတွေ… ဟီဟိ..
    အိုဘယ့် သမိုင်းတကျော့ပျံ ဒီပရစ်တို ပုံပြင်ကလေး…
    (ပျံပါဇီကွယ် ..သမိန်ဗရမ်းတောင် ဂါမဏိနဲ့ ၃ခါလောက် တိုက်ခဲ့ရသေးတာကို နော ..)

    :harr:

  • မောင် ပေ

    May 8, 2013 at 11:30 am

    တော်လိုက်တဲ့ ကိုကြောင်ကြီး
    ဆရာတင်ရကျိုးနပ်သွားပြီ

  • Mr. MarGa

    May 8, 2013 at 2:21 pm

    ဗရာဗို ဗရာဗို ဗရာဗို :mrgreen:
    ဒက်ခနဲကို ထိတာဟ
    သဂျီးရေ ဒီဘက် လာငြင်းဦးဗျ :kwi:

  • kai

    May 8, 2013 at 2:53 pm

    ဖြစ်နိုင်မဖြစ်နိုင်.. ချင့်ယုံကြပေါ့ကွယ်..
    ကျုပ်ပြောတာလည်း.. မှန်တယ်မပြောပါဘူး..
    သေချာအောင်.. ဂေါတမဘုရားရှင်(လွန်ခဲ့တဲ့နှစ် ၂၆၀ဝလောက်)က.. ကိုယ်တော်တိုင်ကြွလာတာလေးတွေပါ.. စဉ်းစားနိုင်အောင်.. တွဲတင်ပေးထားသေး..။

    ဆိုတော့…
    ပုဂံပျက်တယ်ဆိုတဲ့.. ကျားကြီးဝက်ကြီးရှုးပျံကြီးဇတ်လမ်းနဲ့.. ဆင်တူ.. ချိုင်းနီးစ်ပုံပြင်ဟောင်းလေးကို ပြန်ရှာပေးရဦးမလားဟင်…
    အိုဘယ့်.. ပုဂံ… :kwi:

    • P chogyi

      May 9, 2013 at 9:18 am

      တရုတ်တွေက မြန်မာဇာတ်လမ်းခိုးထားတာနေမှာပေါ့

  • အရီးခင်လတ်

    May 8, 2013 at 3:48 pm

    ကိုယ်လိုရာကိုယ်ဆွဲရင်း သမိုင်းတွေပြောင်းသွားတာတွေ လဲ အများကြီး။
    ဒီတော့ ဗားရှင်းတွေ အမျိုးမျိုးထဲ က ကြိုက်ရာရွေး။
    မဟုတ်လဲ ကိုယ်ကြိုက်ရာ ဗားရှင်း ထုတ်ဖို့ လုပ်ကြ။

    သမိုင်းက သိနေဖို့ ထိမ်းသိမ်း ဆက်ယူဖို့ကောင်းပါတယ်။
    သိတာကို သိတာနဲ့ မထား၊ လက်ရှိကာကလ နဲ့ မဆီလျော်တာလဲ နားမလည် ဘဲ ဟောင်းနေတဲ့ အတိတ်က သမိုင်းကို ရေနူးပြီး လက်ရှိမှာ ရန်လုပ် ပြသနာ ရှာတတ်တဲ့ လူ တွေ ကြောင့် သမိုင်း တွေ ပိုရှုပ်ကုန်တာ။
    (အထင်) 😆

  • အလင်းဆက်

    May 8, 2013 at 4:03 pm

    အိုသဂျီး
    ဟို အသီး
    ဆို တစ်မြည်း
    တို လက်သီး
    ခို စနည်း
    ပြို လက်ဂျီး
    လျှို ပျက်ကြီး
    ကိုယ် တက်စီး

    အဲ
    ဘာတွေ ဖြစ်ကုန်ပြီလဲ
    :kwi:

  • khin phone

    May 8, 2013 at 5:58 pm

    တနိုင်ငံနဲ့ တနိုင်ငံ၊ တပြည်ထောင်နဲ့ တပြည်ထောင် သမိုင်းတွေ၊ ရာဇဝင်တွေ၊ ပုံပြင်တွေ တူတယ် ဆိုတာ ဖြစ်နိုင်တာပဲလေ။ ခုခေတ် ရာဇဝင်တွေတောင် တူကြသေးတာပဲ။
    ပြည်သူတွေ ဆန္ဒပြလို့ အစိုးရပြုတ်ကျပြီး နောက်အစိုးရတက်လာတယ်ဆိုတဲ့ ရာဇဝင်နောက်ခံထား တဲ့ဇာတ်လမ်းမျိုး၊ နာဂစ်ဆိုတဲ့ မုန်တိုင်းကြီးတိုက်လိုက်လို့ လူပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးကြရပြီး စာနာထောက်ထားတတ်တဲ့ လူတွေက ဘယ်ကဲ့သို့ ကူညီကြတယ်ဆိုတဲ့ ကြေကွဲဖွယ်ပုံပြင် မျိုးတွေက တနိုင်ငံတည်း ဒေသတခုတည်းမှာပဲ ဖြစ်တာမှ မဟုတ်တာ။ ဒီ သမိုင်းတွေဟာ နောင် နှစ်ပေါင်း ရာနဲ့ ချီသွားရင် ပုံတူကူးချထားတဲ့ ပါးစပ်ပုံပြင်တွေပါ ..ဆိုပြီး ပြောလို့မရဘူးလေ။

  • San Hla Gyi

    May 8, 2013 at 8:52 pm

    ကိုကြောင်ကြီးရေ
    ကိုကြောင်ကြီးရဲ့ ပို့စ်ထဲက စာသားလေးက ဘယ်သူက လိုင်းတားပြီး ဖျက်ထားတာလဲဗျ။ တနေရာနဲ့ တနေရာ ဖြစ်ရပ်ခြင်းက ဆင်တူးယိုးမှား ဖြစ်တာ ဘာဆန်းသလဲဗျ။ နှစ်ပေါင်း အရမ်းဝေးတာကို မပြောနဲ့အုံး။ ကိုယ်လက်လှမ်းမီတဲ့ အထဲကကိုပဲ မြန်မာပြည်မှာ ကျောင်းသားတွေရဲ့ ၈၈ အရေးတော်ပုံ ဖြစ်ပြီး မရှေးမနှောင်းမှာပဲ တရုတ်က ကျောင်းသားတွေရဲ့ တိန့်ယန်မင်ရင်ပြင် အရေးအခင်း ဖြစ်တာပဲလေဗျာ။ မြန်မာပြည်မှာ နာဂစ်မှုန်တိုင်း မွှေပြီးလို့ ရက်ပိုင်းလောက်မှာပဲ တရုတ်ပြည်မှာ ငလျင်ကြီး လှုပ်တာပဲလေ။ အဲဒီတုန်းကတောင် မြန်မာပြည်နဲ့ တရုတ်ပြည်ရဲ့ ဖြစ်ရပ်တွေဟာ အမြဲတမ်း ကံဇာတာတွေ ဆက်နေတတ်တယ်။ ဒီတော့ မြန်မာပြည်မှာ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ရင် အာဏာရှင် တရုတ်နိုင်ငံမှာလည်း အပြောင်းအလဲ တခုပေါ်နိုင်တယ်လို့ ခန့်မှန်းခဲ့ ရေးခဲ့ကြသေးတာပဲ။
    ကနောင်မင်းသားကြီးတို့ တိုင်းပြည်ကို တိုးတတ်အောင် ကြိုးစားနေတုန်း လွှတ်တော်ထဲမှာ လုပ်ကြံခံရတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေ တိုင်းပြည်ရှေ့ရေး ဆွေးနွေးနေတုန်း အတွင်းဝန်များရုံးမှာ လုပ်ကြံခံရတာကလဲ နှစ်ရာနဲ့ ချီပြီးကွာပေမယ့် ဆင်တူယိုးမှားပါလား။ ဒါတောင် အနီးခေတ်လေးပဲ ရှိသေးတယ်။ ဒီတော့ စာပေတွေ ရုပ်ရှင်တွေ မထွန်းကားသေးတဲ့ အချိန်တုန်းက ဖြစ်ရပ်တွေ ဆင်တူယိုးမှား ဖြစ်တာနဲ့ နောက်က ပညာရှိလိုလို ဘာလိုလိုလူတွေက သံသယ ဝင်တော့တာပဲဗျို့။
    အခု ဖြစ်သွားတဲ့ ဆင်တူယိုးမှား ဖြစ်ရပ်တွေသာ စာပေတွေ အင်တာနက်တွေ မရှိသေးတဲ့ အချိန်တုန်းကသာဆို တရုတ်က အရေးအခင်းနဲ့ မြန်မာပြည်က အရေးအခင်းကလည်း တူသလိုလို ပါပဲလားကွယ်….ဆိုတော့ ဆိုတော့ ဟဲ ဟဲ ဆိုပြီး ပြောကြတော့မှာပေါ့။
    နောက်ပြီး ဒေါက်တာသန်းထွန်း ပြောတိုင်းလည်း အမှန်တွေချည်းပဲဆို ယုံလို့မဖြစ်ဘူးဗျ။ သူက ပါမောက္ခလု့စ်ရဲ့ တပည့်လေဗျာ။ သူ့ကိုယ်သူတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဒါပေမယ့် ကျနော့်ရဲ့ ခံစားချက်အရ စာတွေဖတ်ပြီးတိုင်း အဲဒီအတွေး ဝင်လာတတ်တယ်ဗျ။ ဆိုလိုတာက မျှပြီး ဖတ်ရမယ်လို့ ဆိုလိုတာပါဗျာ။ သူ့စာရော တခြားလူတွေရဲ့ စာတွေရောပေါ့။
    ကိုမိုက်ကယ်ဂျော်နီအောင်ဘုရဲ့ ပို့စ်ကိုတော့ ဖတ်ကြည့်သေးတယ်။ ကျနော့်မှာ အဖြေတောင် ပေးဖို့ ရှိသလား မသိဘူး။ ဒါပေမယ့် ဒီနေ့ခေတ် အခြေအနေအရ မပြောသင့်ဘူး ထင်လို့ ဝင်မပြောတော့ဘူး။

Leave a Reply