ကဗျာဖတ်ရင်း ရင် မော ခြင်း။

Kyi LwinMay 8, 20132min1116

ဒီကဗျာကို ကူးပေးလိုက်တာပါ။

ဖတ်မိသူတိုင်း ရင်မော စေ၊ခံစားစေ လိုပါတယ်။

 

မ ေ န နို င် လို ့ ထ ေ ရ း တဲ့ က ဗျ ာ

ေ အ ာ င် ေ ဝ း
ေ မ ၇၊ ၂ ဝ ၁ ၃
မနေနိုင်လို ့ထရေးတဲ့ကဗျာ
နေနိုင်သူတွေ မဖတ်နဲ ့။
တစ်နေ ့တစ်နေ ့
မီးလောင်ဗုံးနဲ ့
အဓိကရုဏ်းနဲ ့။
တစ်နေ ့တစ်နေ ့
သပိတ်စခန်းနဲ ့
ဒုက္ခသည်စခန်းနဲ ့။
တစ်နေ ့တစ်နေ ့
ပုဒ်မ(၁၄၄)နဲ ့
ပုဒ်မ(၁၈)နဲ ့။
နေ ့မအိပ်ရ
ညမအိပ်ရ
အထိတ်တလန် ့တိုင်းပြည်။
ဟိုတုန်းက
ဒီမိုကရေစီတောင်းဆိုသော
ဒီကနေ ့
ဒီမိုကရေစီအတုပြင် အဟောင်းလဲသော။
ဟိုတုန်းက
ဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းတို ့တိုင်းပြည်
ဒီကနေ ့
ဒီမိုကရေစီလက်ဝေခံသူတောင်းစားတို ့တိုင်းပြည်။
ဟိုတုန်းက
ထောင်ဝင်စာပို ့တဲ့ခေတ်
ဒီနေ ့က
ထမင်းထုပ်ပို ့တဲ့ခေတ်။
သွားကြပါ
တရုတ်ပြည်လည်းသွား
ငရဲပြည်လည်းသွား
သွားကြပါ။
တိုင်းပြည်က ပင်လယ်ထဲမျောနေ
(နေနိုင်သူကြီးရဲ့)
ခင်ဗျားက (စိန်စု)ဋီကာဖွဲ ့နေ။
လက်ပံတောင်းတောင်က ဒုက္ခရေ
မလက်တိုက ဒုက္ခရေ
မင်းတို ့ကိုကယ်မယ့်သူ မရှိတော့ပါလား။
အားအားရှိ မြေသိမ်း
အားအားရှိ ယာသိမ်း
အားအားရှိ လယ်သိမ်း
မငြိမ်းချမ်းဘူး အမေရယ်။
စစ်တပ်က သိမ်းလိုက်
ဦးပိုင်က သိမ်းလိုက်
ခရိုနီက သိမ်းလိုက်
ဘာလုပ်စားရတော့မလဲ အမေရယ်။
အင်းလေးကန် ရေမခန်း
ခြံသိမ်းခံရတဲ့ ဓနုလင်မယားလေးရေ
လွမ်းတော့။
သန်လျင် အလွမ်းဆွတ်ရွာက
မြေမဲ့ယာမဲ့ ပညာမဲ့ ငါ ့နှမလေးရေ
လွမ်းတော့။
နေ ့နေ ့ညည
တထိတ်ထိတ် တလန် ့လန် ့
စိတ်မသန် ့တဲ့တိုင်းပြည်။
လယ်သမားအရေး
အလုပ်သမားအရေး
ဒီမိုကရေစီအရေးတွေထက်
မိထီ္ထလာအရေးက ငယ်ထိပ်တက်
ညည အိပ်မက်ဆိုးတွေမက်တယ်အမေ။
ကောသလအိပ်မက်
တစ်ဆယ့်ခြောက်ချက် မဟုတ်ပါဘူး
ကျနော့်အိပ်မက်
ကသောက်ကယက်ပါအမေ။
အိပ်မက်ထဲမှာ
အကြမ်းဖက်ဗုဒ္စဘာသာဝင်တွေ
အင်းစိန်ထောင်ထဲရောက်။
အိပ်မက်ထဲမှာ
အစွန်းရောက်မူဆလင်တွေ
ဆော်ဒီအာရေဗျရောက်။
အိပ်မက်ထဲမှာ
သမ္မတကြီးက မုန် ့ဟင်းခါးရောင်း။
အိပ်မက်ထဲမှာ
လေဒီကြီးက အင်္ဂလန်ပြန်။
အိပ်မက်ထဲမှာ
တိုင်းပြည်ကို (ရှီကျင်ပင်း)က အုပ်ချုပ်။
လန် ့လိုက်တာအမေရယ်
အိပ်မက်ထဲမှာ
(တရုတ်နိုင်ငံရဲတပ်ဖွဲ ့
မုံရွာရဲစခန်း)တဲ့
ဆိုင်းဘုတ်လေး တွေ ့လားတွေ ့ရဲ့။
ကြောက်လိုက်တာအမေရယ်
အိပ်မက်ထဲမှာ
(တရုတ်ပြည်သူ ့သမ္မတဗမာနိုင်ငံတော်)တဲ့
ဆိုင်းဘုတ်ကြီး တွေ ့လားတွေ ့ရဲ့။
သွားကြပေါ ့
တရုတ်ပြည်လည်းသွား
ငရဲပြည်လည်းသွား
သွားကြပေါ ့။
နောင်တစ်ချိန်ကျရင်
ဗမာပြည်မှာ
(၂၁-ရာစု ဆိုရှယ်နယ်ချဲ ့ဆန် ့ကျင်ရေးတိုက်ပွဲသစ်)
တစ်ကပြန်စမယ်။
အဲဒီအခါ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း သေရွာကပြန်ထ
သခင်ဗဟိန်းလည်း သေရွာကပြန်ထ
ဗိုလ်ချုပ်အောင်ဆန်းလည်း သေရွာကပြန်ထ
ဗန်းမော်တင်အောင်လည်း သေရွာကပြန်ထ
ကိုဗဆွေလေးလည်း သေရွာကပြန်ထ
ဗိုလ်ကြီးအုန်းကျော်မြင့်လည်း သေရွာကပြန်ထ
ဆလိုင်းတင်မောင်ဦးလည်း သေရွာကပြန်ထ
ဖုန်းမော်လည်း သေရွာကပြန်ထ
သက်ဝင်းအောင်လည်း သေရွာကပြန်ထ
တာရာမင်းဝေလည်း သေရွာကပြန်ထ
ပဒိုမန်းရှာလည်း သေရွာကပြန်ထ
——————————–
ဒီကဗျာရေးတဲ့ကောင်လည်း သေရွာကပြန်ထ။
မနေနိုင်လို ့ထရေးတဲ့ကဗျာ
ခွေးဟောင်မှာတော့ သေချာတယ်။     ။

 

6 comments

  • kyeemite

    May 8, 2013 at 3:41 pm

    ဆရာအောင်ဝေး…ရေးလည်းရေးတတ်ပ…
    အမှန်တွေချည့်ပဲ..
    ကိုကြည်လွင်ရေ…ဘယ်မှာဖတ်လာတာလဲ..လင့်လေးပါပေးပါလားဗျာ..

  • Kyi Lwin

    May 8, 2013 at 4:34 pm

    ဂျီမေးလ်ထဲကိုရောက်လာတာ။
    ကူးပေးလိုက်တာပါ။
    From: Kyaw Than
    To:
    Sent: Wednesday, 8 May 2013 10:37 AM
    Subject: aung way _မ ေ န နို င် လို ့ ထ ေ ရ း တဲ့ က ဗျ ာ

    အဲဒီမေးလ် ကို ဆက်သွယ်ကြည့်ပါ။

  • KZ

    May 9, 2013 at 8:22 am

    ရွှေပြည်တော်ရယ်
    မျှော်နေဆဲ ဝေး:::::::::
    🙁

  • အလင်းဆက်

    May 9, 2013 at 2:31 pm

    မ နေ နိုင် လို ့ဖတ်သွားပါတယ်

    🙂
    လေးလေးကြည် ရဲ့ မေးလ်လည်း သိချင် ပါတယ်
    ကျနော့် မေးလ်က alinsett.art@gmail.com ပါ

    ခင် မင် လေးစားစွာ

Leave a Reply