ကွန်ပျူတာသိပ္ပံနည်းပညာဖြင့် စမတ်ဖုန်းအား Sniper ပစ်ခတ်မှုခြေရာခံကိရိယာအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပြီ

Mr WorldWideMay 8, 20131min710

ကွန်ပျူတာသိပ္ပံပညာရှင်များအဖွဲ့တစ်ဖွဲ့သည် သေနတ်ပစ်ခတ်လိုက်သောနေရာအား အချိန်နှင့် တစ်ပြေးညီ ရှာဖွေနိုင်ရန်အတွက် Android အသုံးပြုစနစ်တစ်ခုအား ဖန်တီးနိုင်ခဲ့ပါသည်။ ၎င်းစနစ်ကို အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအဆင့်မြင့်သုတေသနအဖွဲ့မှငွေကြေးထောက်ပံ့ထားသော Vanderbilt University ၏ Institute of Software Integrated Systems ရှာဖွေဖန်တီးခဲ့ပြီး စစ်ဆင်ရေးသုံးဦးထုပ် များတွင် တပ်ဆင်နိုင်၍ အလွယ်တကူရွှေ့ပြောင်းသယ်ဆောင်နိုင်သော ကိရိယာအဖြစ် ဖန်တီးရန်အတွက် စိတ်ကူးပုံဖော်ခဲ့ပါသည်။ ယခုအခါ ၎င်းအဖွဲ့သည် အသုံးပြုသူများ၏ စမတ်ဖုန်းတွင် အလိုအလျောက်စနစ် မြေပုံပါရှိစေခြင်းနှင့် သေနတ်ပစ်ခတ်လိုက်သောအခါ ပစ်ခတ်လိုက်သည့်တည်နေရာကို အနီရောင်မြှားဖြင့် ထောက်ပြနိုင်ခြင်းစသော စွမ်းဆောင်ရည်များနှင့် အလွယ်တကူသယ်ဆောင်နိုင်ခြင်းတို့ကို သရုပ်ဖော် ပြသခဲ့ပါသည်။

 

511_20130424112137-shootercomposite3.jpg-585x298

 

Countersniper System လို့ လူအများကသိထားခဲ့ကြပြီး ၎င်းအား သေနတ်ပစ်ခတ်မှု၏ ကျည်သွား လမ်းကြောင်းနှင့် ပစ်ခတ်မှုမူလတည်နေရာတို့ကို ခြေရာခံထောက်လှမ်းနိုင်ရန်အတွက် အသံလှိုင်းတိုင်းတာခြင်း စနစ်အား အသုံးပြုခဲ့ပါသည်။ သေနတ်ပစ်ခတ်ရာတွင် အသံ၏ကွဲပြားခြားနားသော ပြောင်းလဲမှုအဆင့်နှစ်မျိုး ကိုခွဲခြားနိုင်ပါသည်။ ပထမအဆင့်မှ ပစ်ခတ်မှုကြောင့် ပြောင်းဝတွင် မီးအလင်းများဖြာထွက်လာပြီး အသံလှိုင်း များကို ဖြစ်ပေါ်စေပါသည်။ ဒုတိယအဆင့်မှာတော့ ပစ်ခတ်လိုက်သော ကျည်ဆံ၏ကျည်သွားလမ်းကြောင်းတွင် အသံလှိုင်းတိုလေးများဖြစ်ပေါ်စေပါသည်။ ကြိုးမဲ့အသံလှိုင်းအာရုံခံကိရိယာများကို အသုံးပြုကာကျည်သွားလမ်း ကြောင်းတစ်လျောက်ဖြစ်ပေါ်နေသောအသံလှိုင်းအမျိုးမျိုးတို့အား ဖမ်းယူထောက်လှမ်းပါသည်။ အဆိုပါအချက်အလက်များအား Micriprocessor  သို့ပို့ဆောင်၍ အသံ၏ အမြန်နှုန်းနှင့် ပစ်ခတ်သူ၏ တည်နေရာကို တွက်ချက်ယူပါသည်။
အစောပိုင်းကာလများတွင် အာရုံခံစနစ်အခု ၆ဝ အားတပ်ဆင်ထားပြီး ဧရိယာ ၅၀_၁၀ဝ မီတာအတွင်း စနိုက်ပါပစ်ခတ်လိုက်သော တည်နေရာအား နှစ်စက္ကန့်အတွင်း တိကျစွာ သိရှိနိုင်ပါသည်။ ကွန်ပျူတာသိပ္ပံပညာရှင်များအဖွဲ့သည် ၎င်းစနစ်အား စမတ်ဖုန်းအတွက် ထည့်သွင်းအသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းသည် အဆောက်အဦများအပေါ်တွင် လွယ်ကူစွာအသုံးပြုနိုင်ခြင်းကြောင့် များစွာအကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ အနာဂတ်ကာလများတွင် Bluetooth Headset များကို စစ်ဆင်ရေးသုံး ဦးထုပ်များတွင် အသုံးပြုနိုင်မည်ဖြစ်သော်လည်း ကွဲပြားခြားနားသော နေရာများမှလာသော အသံလှိုင်းများကို ရွေးချယ်စိစစ်ရန် အတွက် များစွာသောအာရုံခံစနစ်များလိုအပ်ပါသည်။ အသံလှိုင်းကြိမ်နှုန်းအချက်အလက်များသည် Headset များသို့ပေးပို့ရောက်ရှိပြီး ထိုမှတစ်ဆင့် စမတ်ဖုန်းသို့ စနစ်တကျပြောင်းလဲ ဖော်ပြပေးပါသည်။ ပစ်ခတ်မှုတည်နေရာ အတိအကျကို သိရှိနိုင်ရန် Microphone တစ်ခုစီပါဝင်သော Module ခြောက်ခုလိုအပ်ပြီး     Microphone လေးခုစီတပ်ဆင်ထားသော Module စနစ်နှစ်ခုသည် တည်နေရာအား တြိဂံပုံစံတိုင်းတည် ဖော်ပြပေးပါသည်။

ထိုစနစ်သည် မြို့အတွင်း ထင်ယောင်ထင်မှားဖြစ်စေသော အခြေအနေများကို တပ်မတော်အနေဖြင့် စီမံခန့်ခွဲနိုင်ရန်နှင့် အသံကိုထိန်းချုပ်နိုင်သော အဆောက်အဦများမှ ပစ်ခတ်မှုများအား သိရှိနိုင်ရန်အတွက် အသုံးပြု နိုင်ပါသည်။ ှSWAT (Special Weapons And Tactics) အရာရှိများအနေဖြင့်လည်း မြို့ပတ်ဝန်းကျင်၏ ပုံမှန်ဖြစ်ပေါ်နေသော အကြောင်းအရင်း များကို လေ့လာအကဲခတ်နိုင်ရန်အတွက် ၎င်းစနစ်အားအသုံးပြုနေပြီ ဖြစ်ပါသည်။

Source:strategypage.com/htmw/htiw/articles/20130425.asp