ထိတွေ့ရာတွင် လူ၏အရေပြားကဲ့သို့ အာရုံခံစားမှုပေးစွမ်းနိုင်သည့် အရေပြားအတုအား နာနိုသိပံ္ပပညာရှင်များမှ ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါနည်းပညာကိုစက်ရုပ်များတွင် အသုံးပြုရန်အတွက် ပြုလုပ်ခဲ့သည်ဟုဆိုပါသည်။
၎င်းအရေပြားအတုတွင် Taxels ဟုခေါ်သော အာရုံခံစားနိုင်သည့် ထရန်စစ္စတာ ၈၀၀၀ ပါဝင်ပြီး ၄င်းထရန်စစ္စတာလေးများသည် တစ်ခုနှင့်တစ်ခု မှီခိုနေကာ သေးငယ်သည့် အီလက်ထရောနစ် အချက်ပြ နည်းစနစ်များ ထုတ်လွှတ်ခြင်းဖြင့် ပြင်ပမှ သက်ရောက်လာသည့် ထိတွေ့မှုကို တုံ့ပြန်ပါသည်။

smart-skin

 

စက်ရုပ်၏ လက်ချောင်းထိပ် ၊သို့မဟုတ် လက်မောင်းလှုပ်ရှားမှု စသည့်မည်သည့် လှုပ်ရှားမှုမျိုးကိုမဆို ထိန်းချုပ်ရေးအချက်ပြစနစ်သို့ ပြောင်းလဲလိုက်သည်ဟု ၄င်းနည်းပညာကို ဦးဆောင်ပြုလုပ်ခဲ့သူ ဒြပ်ပစ္စည်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ Zhoung Lin Wang မှပြောကြားခဲ့ပါသည်။ ၄င်းသည် လူ၏ဦးရေပြားကဲ့သို့ လုံးဝနီးပါးတူညီမှု ရှိသည်ဟု ဆိုပါသည်။
ထရန်စစ္စတာ တစ်ခုဆီတွင် နာနိုဝါယာပေါင်း ၁၅၀၀ ခန့်ပါဝင်ပြီး ၄င်းထရန်စစ္စတာနှင့် အီလက်ထရုတ်ကြားတွင် ဆက်သွယ်ထားသည့်နေရာတွင် ရွှေအလွှာပြားလေးဖြင့် ဆက်သွယ်ထားပါသည်။ ၄င်းအာရုံခံစနစ်များသည် ဖိအား၁၀ ကီလိုပါစကယ်ကဲ့သို့ နည်းပါးသော အခြေအနေမျိုး၌ပင် လူ၏အရေပြား ကဲ့သို့ အာရုံခံစားမှု ပေးစွမ်းနိုင်သည်ဟု ဆိုပါသည်။

Source:http://www.wired.co.uk/news/archive/2013-04/26/smart-skin

ရန်ကုန်သွားလိုက်ဦးမယ်ဗျာ…။ သူကြီးကို ဆက်သွယ်လို့ရမဲ့လိပ်စာလေးလိုချင်လို့ပါ။ ပြောပြကြပါဦး။ သတင်းလေးပြောချင်လို့ပါ။

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)