(၉)ကြိမ်မြောက်နှင့် (၁၀)ကြိမ်မြောက် ဒါဇင်ပလပ်စ် အလှူ

etoneMay 8, 20133min29217

အချိန်တွေ ကုန်မြန်လွန်းလှပါတယ် … ဒါဇင်ပလက်စ်ရဲ့ လစဉ် အလှူအတွက် ဘယ်မှာသွားလှူရမလဲ ကျောင်းရွေးခါနီးတိုင်း ခေါင်းလည်း စားကြရတယ် … လတ်လောတော့ ရန်ကုန်မြို့တွင်းက ဘကကျောင်းတွေကိုပဲ ဦးတည်လှူဒါန်းဖို့ စိတ်ကူးထားတာကြောင့် နီးစပ်ရာ ဘက ကျောင်းစာရင်းတွေလုပ်ရပါတယ် ။ ဘယ်ကျောင်းကို အရင်သွားရမလဲ ဆိုတာ မဲစနစ်နဲ့ ရွေးချယ်ရပါတယ် ။ ယခုလအတွက် မဲပေါက်သော်လည်း ၊ ကြိုတင်ဆက်သွယ်လို့ မရတဲ့အတွက် သွားမလှူဖြစ်ပဲ တခြား ကျောင်းတွေကိုသာ လှူဖြစ်ခဲ့တဲ့ အဖြစ်တွေလည်း ရှိပါတယ် … ။ ဒါဇင်ပလက်စ်အဖွဲ့ဝင်တိုင်း အလုပ်ကိုယ်စီသွားကြရတာကြောင့် အလှူနေ့ကွန်ဖမ်းဖြစ်ဖို့ စာတွေပို့ ၊ ဖုန်းတွေဆက်နဲ့ လှုပ်ရှားရင်း ၊ တလပြီး တလ ဖြတ်သန်းကြရပါတယ် ။

%%%%%%%%%%%%%%%%%%

ဒါဇင်ပလက်စ်ရဲ့ (၉)ကြိမ်မြောက်အလှူအဖြစ် 6-4-13ရက်နေ့တွင် ၊ ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ စာရေးကိရိယာ ၁သိန်းဖိုးနှင့် ငွေတစ်သိန်းသုံးသောင်းလေးထောင်ကျပ်ကို လှူဒါန်းပြီးစီးခဲ့ပါတယ် ။ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသမှ လက်ခံရယူပြီး ရေစက်ချ အမျှပေးဝေခဲ့ပါတယ် ။ သီရိမင်္ဂလာ ဘကကျောင်းလေး ဖြစ်ပေါ်လာတာနဲ့ ပတ်သတ်လို့ ကျောင်းထိုင်ဆရာတော်က ယခုလိုပဲ ပြောပြသွားပါတယ် ။

ဒီကျောင်းလေးကို 1964 ခုနှစ် နွေရာသီမှာ စတင်ဖွင့်လှစ်ခဲ့တာပါ ။ စေတနာ ညကျောင်းအနေနဲ့ ၊ အသက်အရွယ် ကန့်သတ်ချက်မရှိပဲ စာတတ်မြောက်ရေး အတွက် အဓိက ထားပြီး ဖွင့်လှစ်ခဲ့ပါတယ် ။ 1965မှာ မြန်မာနိုင်ငံ စာမတတ်သူ ပပျောက်ရေး လုပ်ငန်းစဉ်ဖြစ်တဲ့ ” အ ” သုံးလုံး လှုပ်ရှားမှုတွေ ပေါ်လာတဲ့အချိန်မှာ ဘက ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါတယ် ။ စတင်ဖွင့်ဖွင့်ချင်း နီးစပ်ရာ ရပ်ကွက်မှ စာသင်သား 300 မှ 350ခန့်ကို နေ့အတန်း ၊ ညအတန်းတွေ ခွဲပြီး သင်ကြားပေးခဲ့ပါတယ် ။ စေတနာ ့ဝန်ထမ်းစာသင်ကြားသူများအဖြစ် ၊ ဘုန်းတော်ကြီးများက လုပ်အားပေးခဲ့ကြပါတယ် ။ 1975 မှာတော့ အစိုးရရဲ့ ခွင့်ပြုမိန် ့နဲ့ တရားဝင် ဘက ကျောင်းအဖြစ် ရပ်တည်လာခဲ့တာ ယနေ့ထက်တိုင်ပါပဲ ။ သူငယ်တန်းမှ စတုထ္ထတန်းအထိ ယခုနှစ်စာသင်သား ဦးရေ 118 ဦးနှင့် ကျောင်းအိပ်ကျောင်းစား ကိုရင် 28ပါးရှိကြောင်းလည်း သိရပါတယ် ။ ဆရာ၊ဆရာမ အင်အား ခြောက်ယောက်ခန့် ရှိပြီး စေတနာ့ဝန်ထမ်းအနေနဲ့ လွန်ခဲ့တဲ့ 10နှစ်ကျော်ခန့်ကတည်းက ကုသိုလ်ယူ စာသင်ပေးနေတယ်လို့လည်း သိရပါတယ် ။ ခရီးစရိတ်အတွက်တော့ တဦးလျှင် 5သောင်းကျပ်စီ ပြန်စီစဉ်ပေးပါသတဲ့ …… ။  စာသင်ချိန်ကိုလည်း နေ့လည် 12 နာရီမှ စတင်ပြီး ညနေ5 နာရီ အထိပဲ သတ်မှတ်လိုက်ပါတော့တယ် … ။ လက်ရှိရပ်တည်နေပုံကတော့ ရံဖန်ရံခါ အလှူရှင်တွေ ရှိပြီး ၊ company ကြီးတစ်ခုက လေးနှစ်စာအပြီး လှူထားတာလို့လည်း သိရပါတယ် ။company က လှူဒါန်းငွေ လေးနှစ်စာက 2013/2014 စာသင်နှစ်အထိသာ ဖြစ်တာကြောင့် ၊ နောက်ထပ်ရပ်တည်နိုင်ရေးအတွက် အလှူရှင်တွေ လိုအပ်နေပါတယ်လို့ ကျောင်းထိုင်ဘုန်းကြီးက မိန် ့သွားခဲ့ပါတယ် ။ ဆက်သွယ်လှူဒါန်းချင်လျှင်တော့ ဖုန်းနံပါတ် 545837ကို ဆက်သွယ်နိုင်ပါတယ် ။ အမာခံ လှူဒါန်းနေတဲ့ company ကြီးတစ်ခုက.. လေးနှစ်ပြီး ဆက်မလှူတော့ဘူးဆိုတော့ …. ကျောင်းကြီးဆက်ရပ်တည်ဖို့ … ဘုန်းကြီးတွေ ခေါင်းခဲရပြီပေါ့ ။

စားပွဲနဲ့ ကုလားထိုင်နဲ့ ... စာသင်ရတာမျိုးမဟုတ်ပဲ အခုလို အဆင်ပြေတယ်ဆိုရုံ ...စာသင်ကြရရှာတယ်
စားပွဲနဲ့ ကုလားထိုင်နဲ့ … စာသင်ရတာမျိုးမဟုတ်ပဲ အခုလို အဆင်ပြေတယ်ဆိုရုံ …စာသင်ကြရရှာတယ်.. ဒီအတန်းလေးကတော့ .. နွေရာသီမှာပဲဖွင့်ပေးတဲ့ ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ သင်တန်းလေးပါ ။

 

(၉)ကြိမ်မြောက်အလှူ ~ စာရေး ကိရိယာ ၁သိန်းဖိုး
(၉)ကြိမ်မြောက်အလှူ ~ စာရေး ကိရိယာ ၁သိန်းဖိုး
(၉)ကြိမ်မြောက်အလှူ ~ အလှူငွေ ၁၃၄,၀၀ဝကျပ်
(၉)ကြိမ်မြောက်အလှူ ~ အလှူငွေ ၁၃၄,၀၀ဝကျပ်

%%%%%%%%%%%%%%%%%%

Normal
0

false
false
false

EN-US
KO
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Malgun Gothic”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ဒါဇင်ပလက်စ်ရဲ့ (၁၀)ကြိမ်မြောက်အလှူကို ၊ 5-5-13 ရက်နေ့က ၊ မရမ်းကုန်းမြို့နယ်(၈)ရပ်ကွက် ရေကူးဘူတာရုံလမ်း ၊ ကမာ္ဘအေးစာတိုက်အနီးက ပညာသိပ္ပံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ စာရေးကိရိယာ 90,000/- ကျပ်ဖိုး ၊ အလှူငွေ 115,000/- ကျပ်နှင့် ၊ ရွာသူ wow မှ ကွန်လွန်သူ ဖခင်ကြီးအတွက် ရည်စူးပြီး လှူဒါန်းငွေ20,000/-ကျပ်တို့ သွားရောက် လှူဒါန်းရာ တိုက်အုပ်ဆရာတော် ဘဒ္ဒန ္တ ပညာသာမိက လက်ခံခဲ့ပြီး ၊ အမျှဝေပေးခဲ့ပါတယ် ။ ကျောင်းလေး ဖြစ်ပေါ်လာပုံမှ စပြီး လက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းစဉ်တွေအထိပါ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွန်းက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သဖြင့် သိခွင့်ရခဲ့ပါတယ် .. ။

ကျောင်းကို 1957/58 နှစ်ခန့်လောက်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ၊ စတည်ထောင်စ အချိန်မှာ စာသင်သူဦးရေ 30လောက်ပဲ ရှိခဲ့ပါသေးတယ် ။ တပိုင်တနိုင်အလှူရှင်တွေ ၊ လုပ်အားပေးဆရာ/မတွေနဲ့ ရပ်တည်ခဲ့ကြရပါတယ် ။ အစောပိုင်း စဖွင့်ခါစတော့ မူလတန်းသင် ဘကကျောင်းလေးအဖြစ် စတင်ခဲ့တာပါ ။ အလှူ ရှင်တွေ ၊ လုပ်အားပေးဆရာ/မတွေရဲ့ ကြိုးပမ်းမှုကြောင့် ၊ 2004 ခုနှစ်မှာ သတ္တမတန်းထိ တိုးဖွင့်လာနိုင်ခဲ့ပြီး ယခုနှစ်တွင်တော့ သူငယ်တန်းမှ သတ္တမတန်းထိ စာသင်သူဦးရေ ၄၆ဝဦးကို ပညာသင်ပေးနေပါတယ် ။ နီးစပ်ရာမှ နွမ်းပါးသူ၊ ပညာရေးစရိတ် မတတ်နိုင်သူတွေပါမက ရွှေပြည်သာ ၊ လှိုင်သာယာ ၊ ဒဂုံစသော တခြားမြို့နယ်များမှ ကျောင်းလာတတ်သူတွေလည်း ရှိကြပါတယ် ။ပထမတန်းမှ သတ္တမတန်းအထိသာ စာသင်ခန်းဖွင့်လှစ်သင်ကြားပေးနေသော်လည်း ပညာထူးချွန်ပြီး ၊ စာဆက်သင်ဖို့ အခက်ခဲဖြစ်နေသူ တွေကိုလည်း ဘွဲ့ရတဲ့အထိ ကျောင်းထားပေးတယ်လို့လည်း သိခွင့်ရခဲ့ပါတယ် ။ ယခုလို အထောက်ပံ့ယူ ကျောင်းတက်ခဲ့သူ အများစုကတော့ ပညာရေးကောလိပ်သို့တက်ကြသူများပြီး ကျောင်းပြီး ဘွဲ့ရတာနဲ့ … ဒီကျောင်းမှာပဲ စေတနာ့ဝန်ထမ်းအနေနဲ့ ဆရာ/မ ပြန်လုပ်ပေးကြတယ်လို့လည်း သိခဲ့ရပါတယ် ။ စေတနာဝန်ထမ်းများအတွက် ခရီးစရိတ်ကိုလည်း ကျောင်းတိုင်ဘုန်းကြီးမှ စီစဉ်ပေးတယ်လို့ …သိရပါတယ် .. ။ ကျောင်းစဖွင့်စဉ်အခါက ခရီးစရိတ်အဖြစ် တလ 200ကျပ်မှ စပေးခဲ့ကာ ၊ ယခုတလလျှင် လေးသောင်းနှုန်းဖြင့် စီစဉ်ပေးနေကြောင်းလည်းသိခဲ့ ရပါသည် ။ ဝေးလံတဲ့အရပ်က စာသင်သားတွေကိုတော့ ကျောင်းအိပ်ကျောင်းစား လက်ခံပေးပေမယ့် ….. သင်္ကန်းဝတ်ဖြင့်သာ လက်ခံထားပါတယ် ။ လက်ရှိ ကျောင်းအိပ်ကျောင်းစားနေသူ အရေတွက် 100 ဝန်းကျင်ခန့်ရှိပြီး ၊ ဆွမ်းစားရိတ်အဖြစ် တစ်နပ်လျှင် ကျပ်သုံးသောင်းပျှမ်းမျှ သတ်မှတ်ထားပါတယ် ။ သင်ကြားမှု အပိုင်းမှာ အခမဲ ့သင်ကြားပေးရုံမျှ မကပဲ … စာသင်အထောက်ပံ့ပစ္စည်းဖြစ်တဲ့ …. စာအုပ်၊ခဲတံ ၊ဘောလ်ပင် အစရှိတာတွေကို ကျောင်းမှထုတ်ပေးတယ်လို့လည်း သိခွင့်ရခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး ၊ အစိုးရမှ မူလတန်းအရွယ်ကလေးများအတွက် အခမဲ့ ပညာရေး စနစ် စတင်လိုက်ရာ ၊ ယခု ဘက ကျောင်းအတွက်လည်း သင်ရိုးညွှန်းတမ်းစာအုပ်အချို့ … ခွဲတမ်းရခဲ့တဲ့အတွက်  အစိုးရရဲ့ အခမဲ့ပညာရေးစနစ်ကို ထောက်ခံ အားပေးကြောင်းလည်း တိုက်အုပ်ဘုန်းကြီးမှ ပြောသွားခဲ့ပါတယ် ။ ပညာသင်ကြားလိုပါလျှက် .. ငွေကြေးအခက်ခဲကြောင့် ပညာသင်ကြားခွင့် မရနိုင်သူတွေအတွက် အဓိကထား စီစဉ် ဖွင့်လွှတ်ပေးထားတဲ့ မရမ်းကုန်မြို့နယ်က ပညာသိပ္ပံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးကို ဆက်သွယ် လှူဒါန်းလိုပါလျှင် တိုက်အုပ်ဆရာတော် ဘဒ္ဒန ္တ ပညာသာမိ (ဖုန်း 0949331694 ) သို့လည်းကောင်း ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွန်း (ဖုန်း 0973100192)သို့လည်းကောင်းဆက်သွယ် လှူဒါန်းနိုင်ကြပါတယ်

(၁၀) ကြိမ်မြောက် အလှူ ~ စာရေး ကိရိယာ ၉၀,၀၀ဝကျော်ဖိုးနှင့် အလှူငွေ ၁၃၅,၀၀ဝကျပ်
(၁၀) ကြိမ်မြောက် အလှူ ~ စာရေး ကိရိယာ ၉၀,၀၀ဝကျော်ဖိုးနှင့် အလှူငွေ ၁၃၅,၀၀ဝကျပ်
(၁၀)ကြိမ်မြောက် အလှူငွေ
(၁၀)ကြိမ်မြောက် အလှူငွေ

 

(၁၀)ကြိမ်မြောက် အလှူ
(၁၀)ကြိမ်မြောက် အလှူ

ဒါဇင်ပလက်စ်ရဲ့ လစဉ် အလှူဆိုတာ လိုအပ်ချက်တွေများနေသေးတဲ့ ဘကကျောင်းတွေအတွက် ဆင်ပါးစပ် ၊ နှမ်းပက်သလိုပါပဲ ။ နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်မှန်း သိပေမယ့်လည်း ၊ လစဉ် အလှူရှင်တွေ ၊ ထပ်တိုးမန်ဘာတွေရဲ့ ပူးပေါင်းလှူဒါန်းမှုကြောင့် Mandalay Gazette Online မန်ဘာ လူ၁၂ယောက်မှ စတင်ခဲ့တဲ့ ဒါဇင်ပလက်စ်အဖွဲ့လေးမှာ အခုဆို အလှူရှင် ၄ဝကျော်နဲ့ … ဆီကြိတ်ဖို့ ကြိုးစားနေကြပါတယ် ။ ပညာရေး အထောက်ပံ့ပေးရန် တစ်ခုတည်းအတွက် ရည်ရွယ်ခဲ့တာကြောင့် ၊ ရန်ကုန်မြို့တွင်း မြို့နယ်များက အခမဲ့ကျောင်းတွေရှိလျှင်လည်း လက်လှမ်းမှီသလောက်သတင်းပေးစေလိုပါတယ် ။ ကိုယ့်နိုင်ငံက ဆင်းရဲ နွမ်းပါးတဲ့ ကလေးတွေ ၊ ပညာသင်ကြားချင်ပါလျှက် ငွေကြေးမပြည့်စုံမှုကြောင့် ပညာသင်ကြားခွင့်မရကြရှာတဲ့ ကလေးတွေအတွက် ၊ တဖက်တလှမ်းက အထောက်ပံ့ပေးဖို့ကြိုးစားနေတဲ့ ဒါဇင်ပလက်စ်ကနေ ဆက်သွယ် လှူဒါန်းလိုပါလျှင် info@dozenplus.org သို့လည်းကောင်း ၊ ဖုန်း 0973144421 သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ။

395986_3878860648763_1077156697_n

လေးစားစွာဖြင့်

ဒါဇင်ပလက်စ် အဖွဲ့သူ/သားများ

www.dozenplus.org

 

 

 

 

 

 

 

 

 

 

17 comments

  • Myo Thant

    May 8, 2013 at 4:28 pm

    ကြည်နူးစရာပါပဲဗျာ ၊

    ဆက်လက် အောင်မြင်ပါစေနော်

  • Novy

    May 8, 2013 at 4:31 pm

    သာဓု၃ကြိမ်ဝင်ရောက်ခေါ်ဆိုသွားပါတယ်
    တာဝန်ပျက်ကွက်မှု့တွေအပေါ်လည်းနားလည်ခွင့်လွတ်ပေးပါလို့
    ဒါဇင်ပလက်စ်ကို တောင်းပန်ပါတယ်နော်

    ဒါလင်လာလို့ အလုပ်များနေသူ
    နိုဗွီ-လင်ဒါ

  • အရီးခင်လတ်

    May 8, 2013 at 4:32 pm

    သာဓု၊သာဓု၊သာဓု ပါ ဒါဇင်အပေါင်းတို့ရေ။
    ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။

    • etone

      May 8, 2013 at 4:46 pm

      အရီးလတ်ရေ .. အလှူပို့စ်နဲ့တော့ မဆို်င်တဲ့ ပျက်ကွက်မှုလေးတစ်ခု အတွက် တောင်းပန်ပါရစေ … ။
      မမဆွိရဲ့ ပို့စ်ထဲမှာရေးတဲ့ ရေညှိထမင်းလိတ်လုပ်နည်းလေးပြောပေးဖို့အကြောင်း ဖတ်လိုက်ရပါတယ် .. အကြောင်းအမျိုးမျိုးကြောင့် ကော့မန့်အနေနဲ့လည်း မပြန်ရေးဖြစ် …ပို့စ်အနေနဲ့လည်း မပြန်ဖြစ်သေးပဲ ပျက်ကွက်ခဲ့မိပါတယ် ။ ဒီတပတ်ထဲ ရေးပါ့မယ်လို့လည်း ကတိပေးပါတယ် ။

  • အလင်းဆက်

    May 8, 2013 at 5:28 pm

    ဒါဇင်ပလပ် ရဲ့ လှုပ် ရှား မှု တွေ ကို မြင် ရ ကြား ရ တိုင်း
    ဝမ်းသာ ပီတိ ဖြစ်မိပါတယ်ဗျာ
    ဒါဇင်ပလပ် အဖွဲ ့ကြီး
    အများအကျိုးကို ပို၍ပို၍ ဆောင် ရွက်နိုင် ပြီး
    ပို ကောင်းတဲ့ နိုင်င် ငံတော် ထူထောင်ရေးကို
    ပြောင်ပြောင် မြောက်မြောက် ကူညီနိုင် သူတွေ ဖြစ်ပါစေ လို့
    ဆန္ဒ ပြုပါတယ်

  • မကြည်ပြာ

    May 8, 2013 at 5:37 pm

    အလှူအတွက် ဂုဏ်ပြုမှတ်တမ်းလေးတွေ ဒါ့ပုံရိုက်ပီး ပို့မယ်လို့ပြောထားမိတာ
    အခုမှသဒိရတယ်…
    နောက်လမှ ပေးမယ်နော် ဂျီးဒေါ် :kwi:

  • မောင် ပေ

    May 8, 2013 at 7:37 pm

    ဝမ်းမြောက်ဝမ်းသာစွာဖြင့်
    သာဓု သာဓု သာဓု သုံးကြိမ် ခေါ်ဆိုပါတယ်

  • သာဓု သာဓု သာဓု ပါ ခင်ဗျာ …
    ခုလို မြင်ရ တွေ့ရတာ ဝမ်းသာ ကြည်နူးစရာပါပဲ ….
    ဒါဇင်ပလက်စ် အဖွဲ့ အခုလိုပဲ ရှေ့ဆက်ပြီး
    အလှူပေါင်း မြောက်မြားစွာ ပြုလုပ်သွားနိုင်ပါစေလို့….

  • ရာမည

    May 8, 2013 at 11:37 pm

    သာဓု ပါဗျာ သာဓု သာဓု
    ဘုနးကြီးကျောင်း ပညာရေးကို ဒီရွားထဲမှာ ကန့်ကွက်နေကြပေမယ် ့
    ဒီရွာထဲကပဲ ထောက်ပန့်တာတွေ့ရတော ့ကြည်နူးဝမ်းသာမိပါတယ် ။

  • KZ

    May 9, 2013 at 7:50 am

    ခြေလှမ်း ၁ဝ လှမ်း မြောက်ပြီပေါ့နော်…
    သာဓု ခေါ်သွားပါတယ်။
    ငွေ အင်အားအပြင် လူအင်အားပါ စိုက်ထုတ်နိုင်တဲ့ သူတွေကို ချီးကျူးလေးစားပါကြောင်းရယ်။
    :hee:

  • Wow

    May 9, 2013 at 10:20 am

    ၁ဝကြိမ်မြောက်အလှူမှာ ဒါဇင်ပလပ်နဲ့အတူပါဝင်ခဲ့ရလို့ အရမ်းကို ဂုဏ်ယူဝမ်းသာမိပါတယ်…
    (ဟီး.. ဓာတ်ရှင်တွေထဲပေါသလိုတော့ ဖစ်သွားဘီ..) :mrgreen:

  • ဦးကြောင်ကြီး

    May 9, 2013 at 10:21 am

    အီးဒုံးအလှူ
    မီးပုံးဖြူ
    ဟီးချုန်းတမူ
    ပြီးဆုံးဖူ
    တီးလုံးမဆူ
    ညည်းမုန်းသူ
    လှီးပြုံးငအူ
    ဘီးရုန်းထူ..

  • ရွှေ ကြည်

    May 9, 2013 at 6:01 pm

    သာဓု သာဓု သာဓု ပါတော် အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကိုလေးစားမိပါတယ်။

  • kyeemite

    May 10, 2013 at 8:27 am

    သာဓု သာဓု သာဓု ပါ ဗျာ….
    ဒါဇင်ပလပ်စ် လူငယ်တွေကို လေးစားချီးကျူးပါတယ်
    ဆထက်တပိုး အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ…

  • နွယ်ပင်

    May 10, 2013 at 10:59 am

    ဒီလောက်ကြည်နှူးစရာ ကောင်းတဲ့ အလှူပိုစ့်လေးများ ဘယ်သူကများ 0င်ပီး အချိန်တွေကို
    အလကားသက်သက်ဖြုန်းတီးနေတာပါလိမ့်နော် … ဒီလိုလိုက်ပီး (-) တွေပေးနေတော့ ဘာအကျိုးအမြတ်များရပါလိမ့် ဘယ်လိုပဲဖြစ်ဖြစ် အလှူပိုစ့်လေးကတော့ အရောင်အသွေးစုံစုံနဲ့
    တကယ့်ကို သက်0င်လှပနေတာပါပဲ …
    ဒါဇင်ပလပ်ရဲ့ ရှေ့ခရီးလမ်း ဒီ့ထက်ပိုပီး သာယာ ဖြောင့်ဖြူးပါစေလို့ ……..

  • ခင်ခ

    May 10, 2013 at 3:33 pm

    မနွယ်ပင်ရေ သွားမပြောနဲ့ အဲဒါ ………… အမျိုးနွယ်တွေလားမှ မသိတာ။ သူတို့က အလာဘဲရှိပြီး မပြန်တတ်ရှာသူတွေပါ။

    • etone

      May 10, 2013 at 4:43 pm

      ပို့စ်ဖတ်သွားတယ်ဆိုတဲ့အကြောင်း သက်သေထူခဲ့တာဖြစ်မယ် … ခိခိ

Leave a Reply