လျှိ့ဝှက်တော်၁ဝချက် အဖြေတွက်

NovyMay 8, 20131min15010

ငွေရှာရတာမကောင်းတော့ သူများဖေါက်ပြီးသားလမ်းလေးနောက် အသာအယာလိုက်မလားလို့ :harr:

လျှိ့ဝှက်မေးခွန်း၁ဝ ခုကို မချွင်းမချန်ဖြေလိုက်မယ်နော်

ကိုပီချိုကြီးကို သူကြီးက ဆယ်အိမ်ဂေါင်းရဲ့ မေးခွန်းတွေကိုဖြေလို့ 9.9 အိမ်ဂေါင်းရာထူးပေးတယ်ဆိုတော့

တို့ကိုလည်း အမျိုးသမီးစွမ်းဆောင်ရှင်ဂေါင်းများပေးမလားလို့ ဟိဟိ :kwi:

 

၁၂။ မိန်းမအပြင် ဘယ်သူ.ကိုပိုချစ်သေးလဲတဲ့ (ရွာသူဖြစ်ပါက ယောင်္ကျားအပြင်၊ လူပျိုဖြစ်ပါက အခုလက်ရှိရည်းစားအပြင်၊ အပျိုဖြစ်ပါက အခုလက်ရှိ ရည်းစားအပြင်)

ဒါလင်အပြင် လင်ဒါကိုလဲချစ်ပါတယ်

၁၃။ ရွာသူားထဲမှာ ဘယ်သူ.ကို အချစ်ဆုံးလဲ။

နိုဗွီဆိုတဲ့ ခတ်ချောချောနဲ့ ကောင်မလေး

၁၄။ အခုချက်ချင်းထပြီး နပန်ရိုက်ခိုင်းရင် ရွာသူားတွေထဲက ဘယ်သူ.ကို အရိုက်ချင်ဆုံးလဲ။

အဖြေကတော့ ရှင်းပါတယ် -မရှိ

၁၅။ ရွာသူားတွေထဲက တစ်ယောက်ယောက်ကို အာဘွားပေးဆို ဘယ်သူ.ကိုအပေးချင်ဆုံးလဲ။

နိုဗွီရဲ့ဒါလင်

၁၆။ သူကြီးအကြောက်ရဆုံးသူဟာ ဘယ်သူလဲ။

သူကြီးအကြောက်ရဆုံးသူဟာသူကြီးပါ

၁၇။ ရွာထဲပို.စ်တင်ပြီး စီးပွားရေးမကိုက်လို. ရထားထောင်စီးပွားရှာနေတာဘယ်သူလဲ။

မမ

၁၈။ အခု ၁၅၀ဝ တန်ဖုန်းကို နှစ်သောင်းခွဲနဲ.ရောင်းမယ်ဆို ဝယ်မှာလား။

အခုတော့ဝယ်မှရတော့မယ် ဒါလင်က ဖုံးလိုက်လုနေလို့

 

၁၉။ ကေတီဗွီ၊ မာဆတ် ၊ နှိုက်ကလပ်မှာ အကြွေးလက်ကျန်ဘယ်လောက်ရှိလဲ။(အမျိုးသား သီးသန်.)

ဖြေရန်မလို

၂၀။ အမျိုးသမီး(LADY) အိမ်သာတွေမှာ အမျိုသား(GENT) အိမ်သာတွေလို သေးပေါက်ခွက် ရှိလားမရှိဘူးလား။

ခွက်တော့မရှိဘူးခုံတော့ရှိတယ် ( အသေးစိတ်သိလိုက ယိုးဒယားသွားပြီး အကူအညီယူပါ)

၂၁။ သူကြီးကို ပိုးစိုးပက်စက် နစ်နစ်နာနာ မဟားဒယား လက်ညှိုးငေါက်ငေါက်ထိုးပြီး စကားတစ်ခွန်းပြောဆို ဘာပြောမလဲ။

ဒါပဲ = ပွိုင့်အဆ100တိုးပေးရန်

 

10 comments

  • အရီးခင်လတ်

    May 8, 2013 at 4:29 pm

    ပိုင်သကွာ နောက်တစ်ယောက်။ 😛
    တရားစခန်း အကြောင်းလေး ဖောက်သည်ချပါဦး မနိုရေ။
    ဒါလင် ကတော့ အခုမှ သက်ပြင်းချနိုင်တော့မယ်။

    • Novy

      May 8, 2013 at 4:34 pm

      အရီးရေ..
      ၁ဝအိမ်ခေါင်းက အရှေ့ကလမ်းဖေါက်
      ကိုချိုကြီးကလျှောက်
      အရီးက အကြံပေး
      နိုဗွီကတော့ အနောက်ကနေ သာသာယာယာလေးလိုက်ပေါ့ :harr:

  • မောင် ပေ

    May 8, 2013 at 6:58 pm

    သာသာယာယာပဲ
    သာသာယာယာပဲ
    (မျက်စိထဲ တန်းမြင်မိတာကတော့ ရွှေအက်ဖ်အမ် ပွဲ က သီချင်း ကို ဂတုံးမ လေးတွေ ဆိုနေတာကိုပါပဲ )
    ဟီဟိ

  • MaMa

    May 8, 2013 at 8:31 pm

    လျှို့ဝှက်မေးခွန်းကို ဖော်နိုင်ရုံမျှမက အဖြေတွေကိုပါ ရဲရဲရင့်ရင့်ပေးသွားတဲ့ မနိုဗွီ ကို…

    အမျိုးသမီးစွမ်းဆောင်ရှင်ဂေါင်းရာထူးပေးရန် ထောက်ခံပါသည်။

    သို့မဟုတ်ပါက ၁၁ အိမ်ခေါင်းရာထူး ပေးရန် အဆိုတင်သွင်းပါသည်။
    (ဆယ်အိမ်ခေါင်းထက်တော်လို့) :kwi:

    ဒါ့ထက်….
    ၁ရ ရဲ့အဖြေကိုကြည့်ပြီး အထင်ကြီးခံရနည်းလား…. ဆိုပြီး ဘဝင်မြင့်သွားပါသည်။ :harr:

  • ရာမည

    May 8, 2013 at 8:46 pm

    ဒီရွာထဲ ဘာပွဲများရှိပါလိမ် ့
    ထူးထူးခြားခြားဖြစ်နေပါလားဗျာ
    တစ်ခုခုတော ့တစ်ခုခုပဲ
    ထူးခြားဖြစ်စဉ်များဖြစ်တော ့မယ်ထင်ပါတယ်
    စောင့်ကြည် ့ဦးမှပါလေ :mrgreen:

  • ဟမ်းး ဟမ်းး
    နိုဗွီ ဆိုဒဲ့ ခပ်ချောချော တောင်မဂလေး …
    ဂျူနိုလေးကို ပေါဒါရားဟင်င်င် … 🙄 :mrgreen:
    အိုက်လို ကြေငြာချရာ လိုဝူးလေ ..
    ဒီဂမှာ စောဂျီးတည်းက လျောက်လွှာ တင်ဘီးဒါးဂို …
    ဂျီးဒေါ်ဂလဲလဲလဲလဲလဲလဲလဲလဲလဲလဲ

  • ဟွန်. တူချစ်တဲ့တူကလဲ ရွာသားလဲ ဟုတ်ဘဲနဲ. အဖြေမှားဒယ် မှားဒယ်…
    အဲဒီဒါလင်ကြီးကလဲ အတော်ကြမ်းသကွာ ဖုန်းထားတာတောင် လိုက်လုဒယ်ဒဲ့ ဟေဟေဟေ့ :kwi:

  • ဦးကြောင်ကြီး

    May 9, 2013 at 9:08 am

    လျှို့ဝှက်တော်
    မြို့ကြက်ဆော်
    တို့ဖတ်ချော်
    ဘို့ထွက်သနော်
    အို့ရက်စ်ပျော်
    ပျို့သက်ကျော်
    ဒို့မှတ်အော်
    ကြို့နတ်ခေါ်…

  • ဦး ကျောက်ခဲ

    May 9, 2013 at 9:14 am

    ဪ… ဂျီးဒေါ်ကြီးဒေါ်နို…
    သူ့ဒါလင်ကြီး အနားပြန်ရောက်နေတာ ဂတုံးကြီးနဲ့ခွေ့ပြီး ချွဲရတာအားမရသေးလို့…
    ရွာထဲမှာ ပို့စ်တင်ပြီးကြွားလိုက်သေးတယ်…
    “ဂုန်နီအိတ်နဲ့ အဆင်ပြေပါစေ” …. အား ဟိ
    :harr:

    • Novy

      May 9, 2013 at 9:53 am

      မောင်ပေ
      မြင်ရင်မြင်တယ်မှတ်ပါ
      တကာလေးမေပေါင်

      မမ= မြန်မာ့မီးရထားတဲ့
      လူရှိန်တာပေါ့နော် :harr:

      ဦးဦးရဲ ကလည်းထူးခြားဖြစ်စဉ်ပဲရျာနေတယ်

      မိအံ ညည်းမလဲ နိုဗွီပါဆို ဂျုနိုကဘယ်ကပါလာတာလဲ
      ညည်းလျောက်လွှာကပယ်မဲဖြစ်သွားပြီ

      မိတိုက်
      နိုဗွီ=ဒါလင် မှတ်ထားလိုက်ပါ

      ဦးကြောင်
      လျှို့ဝှက်တော်
      မြို့ကြက်ဆော် တော့မလုပ်ပါနဲ့
      တောကြက်လောက်ပဲချက်စားပါနော်

      ဦးကျောက်
      ဂုံနီအိတ်က ဦးကျောက်အတွက်စုထားတာပါဆို

Leave a Reply