++++++++++++++++++++++++++++++++++++

စကားချပ် …….

ကျွန်ုပ်သည် အရာစူး နှစ်ခု ရေးဖူးပြီ။

ထို အရာစူး များအား ပြန်လှန် ဖတ်ရှုလိုသော မိတ်ဆွေတို့အတွက် လွယ်လင့်တကူ ပြန်ဖတ်နိုင်စေရန် လင့်ခ် များဖြင့် လမ်းညွှန်လိုက်ရပါပေ၏။

 

==> အရာစူး – ၁ ….. အား ဖတ်ရှုရန် နှိပ်ပါ။

==> အရာစူး – ၂ ….. အား ဖတ်ရှုရန် နှိပ်ပါ။

 

++++++++++++++++++++++++++++++++++++

++++++++++++++++++++++++++++++++++++

 

ကျွန်ုပ်သည် ဂန်ထရီဦးထုပ် ဖြစ်လေ၏။ ကျွန်ုပ်သည် သက်တမ်း ထောင်ကျော်နေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လင့်ကစား ရုပ်ရည်အားဖြင့်မူ ငယ်ရွယ်နုပျိုနေမြဲ ရှိနေသူ တစ်ဦးလည်း ဖြစ်ပေသည်။ ကျွန်ုပ်သည် အဘဆရာ ရသေ့ကြီး ဦးကွပ်ထံမှ မြေလျှိုးမိုးပျံ ဂါထာအား သင်ယူ တတ်ကျွမ်းသူလည်း ဖြစ်လေသည်။ ကျွန်ုပ်သည် မိုးအောက်မြေပြင် စကြဝဠာတစ်ခွင် ပြဲပြဲစင်အောင် သွားလာခဲ့ဖူးသူလည်း ဖြစ်ပေတော့၏။

 

တစ်နေ့သ၌ ကျွန်ုပ် ဂန်ထရီဦးထုပ် သည် တောအုပ်ကြီးတစ်ခု၏ ကောင်းကင်ယံမှနေ၍ ဖြတ်သန်းသွားသည့် အခိုက်တွင် အဆိုပါ တောအုပ်အတွင်းမှ တလက်လက် ထနေသော အလင်းရောင်များကို မြင်တွေ့မိသဖြင့် မည်သို့မည်ပုံ ဖြစ်သည်ကို စူးစမ်းလိုသော အားဖြင့် ကောင်းကင်မှ ဆင်းသက်ကာ အလင်းရောင် ထွက်နေသည့် နေရာအနီးသို့ သက်ခဲ့လေတော့သည်။

 

“အလို … လူတစ်ယောက်ပါလား”

… ဟုတ်ပေ၏။ လူတစ်ယောက်ကို ကျွန်ုပ် တွေ့လိုက်ရပေသည်။ သို့ရာတွင် ထိုလူသားမှ အရောင်များ ထွက်နေခြင်းကား မဟုတ်ပါပေ။ ထိုလူသားသည် ထိုတလက်လက် ထနေသော အလင်းရောင်အား ချောင်းမြောင်းကြည့်ရှုနေသည်ကို တွေ့လိုက်ရခြင်းပင် ဖြစ်ပေသည်။ ကျွန်ုပ်လည်း ထိုလူသားအနီးသို့ လျောက်လှမ်းသွားလေရာ အနီးသို့ရောက်သော အခါတွင် မထင်မှတ်ပါဘဲနှင့် ထိုလူသားမှာ ကျွန်ုပ်၏ ရောင်းရင်းကြီး အဖန်တရာရီ အေအေပူး ဖြစ်နေကြောင်း သိခွင့်ရလိုက်လေတော့၏။

 

“ရောင်းရင်းကြီး .. ရောင်းရင်းကြီး အဖန်တရာရီ အေအေပူး”

“အို … ရောင်းရင်း ဂန်ထရီ ဦးထုပ်ပါလား၊ ဘယ်က ဘယ်လို ရောက်လာတာတုံး”

“ကျွန်ုပ် အလင်းရောင် တွေ့လို့ ရောက်လာတာပါ၊ ရောင်းရင်းကရော ဒီမှာ ဘာများ အလစ်သုတ်ဖို့ ချောင်းနေတာတုံး”

“အလို .. ရောင်းရင်း ဦးထုပ်နှယ်၊ ကျုပ်က ဘာကို အလစ်သုတ်ရမှာတုံး၊ ဟော .. ဟိုမှာ တလက်လက် ထနေတဲ့ ဂူပေါက်ဝကို မြင်ရဲ့ မဟုတ်လား”

“မြင်ပါပြီကော ရောင်းရင်း အေအေပူးနှယ်”

“မြင်ရင်လည်း ပြီးရော၊ ကျုပ်က အဲ့ဒါ ဘာလို့လဲလို့ စူးစမ်းနေတာပဲ ရောင်းရင်းရေ”

 

ဤသို့ ကျွန်ုပ်တို့ ရောင်းရင်းနှစ်ဦးသည် တစ်ယောက်တစ်ပေါက် ပြောဆိုရင်းဖြင့် အဆုံးတွင် နှစ်ယောက်သားပင် တလက်လက် အလင်းတန်းများ ထွက်နေသော ဂူဝဆီသို့ ချဉ်းကပ်လာခဲ့လေတော့၏။

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။

Pages: 1 2