သတင်းပုလင်း bottle news

တလုပ်ပြည် ခြစ်ကျည်ရေးခရီး ရောက်နေသော အမျိုးတားဒမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဇောင် ၁၂ဦးအား ယမန်နေ့နံနက်ပိုင်းက ဟိုတယ်တွင် လဖက်ရည် အီကြာကွေး၊ ပေါက်ဆီတို့ဖြင့် ဧည့်ခံပြီး တရုတ်ဘုံကျောင်း တခုသို့ လိုက်လံပြ၍ နေ့လည်ပိုင်း၌ ဆီချက်ခေါက်ဆွဲ၊ ဘဲပေါင်း ကျွေးမွေးကာ တရုတ်စာသင် ကျောင်းတွင် ဗူးသီးငါးပေါင်းကြော်နည်း ရှင်းလင်းပြသခဲ့သည်။ ညစာအတွက်မူ ခေါက်ဆွဲကြော်၊ ထမင်းပေါင်းတို့ဖြင့် စားရပြီး တရုတ်တန်းညဈေး ဝယ်ခွင့်ပြုခဲ့ရာ ယခုခရီးမှာ မြန်မာပြည် တရုတ်တန်း သွားလည်ရသည်နှင့် မထူးကြောင်း ကိုယ်စားလှယ်တဦးမှ ယနေ့ ထုတ်ဖော်ပြောကြားသည်။

ကိုယ်စားလှယ်ခေါင်းဆောင် ဦးညီပုမှ ဤခရီးသည် မိမိတို့ပါတီအား သီးသန့်အလေးထား ဖိတ်ကြားသည်ဟု နားလည်ကြောင်း၊ မိမိတို့ဖက်ကလည်း တရုတ်ကူမြူနစ်ပါတီအား ပြန်လည် အလေးပေး ဆက်ဆံခဲ့သည်ဟု ထုတ်ဖော်ပြောဆိုရာ ၎င်းတို့ တရုတ်ပြည် မသွားခင် စံပြဈေးငါးသည် ဒေါ်အာကျယ်ထံမှ ပိဿအလေးတစုံ ဝယ်ယူသွားခြင်းနှင့် ဆက်စပ်ဖွယ်ရာရှိကြောင်း နိုင်ငံရေး အကဲခတ်များ ယုံကြည်နေကြသည်။

ဒေါ်အာကျယ်ထံမှ ယူဆောင်သွားသော ဆွေမျိုးပေါက်ဖော် ပိသာလေး
ဒေါ်အာကျယ်ထံမှ ယူဆောင်သွားသော ဆွေမျိုးပေါက်ဖော် ပိသာလေး

စစ်တပ်ဦးပိုင်မှ စတင်အခွန်ဆောင်သည့် အနေဖြင့် ဘိလပ်မြေအိတ်အခွံ၊ ဆန်အိတ်အခွံ၊ ဘီယာဗူးအခွံများ အစိုးရသို့ ပေးသွင်းရန်ရှိပြီး စားအုံးဆီပီပါခွံကိုမူ ပြင်ပသို့ ရောင်းစားမည်ဖြစ်ကြောင်း ဦးပိုင်အရာရှိ တဦးအား ကိုးကား၍ အေပီသတင်း တရပ်တွင်ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်ဂျီးများ မြို့နယ်ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ရံပုံငွေ သိန်းတထောင်စီ ချပေးလိုက်ရာ မြို့နယ်အချို့၏ စီမံကိန်း တင်ပြချက်များမှာ (၁) ပေါင်မြို့နယ် ဆေးမှင်ကြောင်ထိုးကွင်း၊ နွားထိုးကြီးမြို့နယ် လက်ဝှေ့အိတ်၊ ရန်ကုန်တိုင်း အာမီရမ်၊ ဖြူးမြို့နယ် ဆား၊ ဟားခါးမြို့နယ် သကြား၊ ရေးမြို့နယ် ခဲတံ၊ မာန်အောင်မြို့နယ် လော်စပီကာ၊ ကံပေါက်မြို့နယ် ပလာစတာ၊ ရေစကြိုမြို့ ရေနွေးအိုး၊ တောင်သာမြို့နယ် ဖီးကြမ်းငှင်ပြောသီး၊ နမ္မတူမြို့နယ် ရေမွှေး၊ ဆိပ်ဖြူမြို့နယ် ထုံးသုတ်ဆေးတို့ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ရံပုံငွေစီစစ်ရေးအဖွဲ့မှ ကြေငြာသည်။

ခြစ်ကိုယ်ဂျီးမင်းကိုနိုင် ခေါင်းဆောင်သည့် ၈၈မျိုးဆက်အဖွဲ့ ဝကိုယ်ပိုင် အုပ်ချုပ်ရေးနယ်တွင် ကွင်းဆင်းစဉ် ပြည်ပအားကိုး ပုဆိန်ရိုးများဖြစ်၍ မြို့အဝင်မခံနိုင်ကြောင်း ဆန္ဒပြပွဲခေါင်းဆောင် ဝစစ်တပ်အရာရှိ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်မှ တရုတ်လုပ် အေကေ၄ရ မောင်းပြန်ရိုင်ဖယ် ခါးတွင်လွယ်လျက် မြန်မာစကားပြန်မှတဆင့် တရုတ်ဘာသာစကားဖြင့် တားမြစ်ခဲ့သည်။ ၈၈မျိုးဆက်အဖွဲ့ မြို့ထဲဝင်လာစဉ် ဒုံးပျံတပ် တရုတ် အမ်အိုင်၁ရ ရဟတ်ယဉ်ငါးစီး ကောင်းကင်ထက် ဝဲပျံစောင့်ကြည့်နေကြောင်း မျက်မြင်သက်သေများမှ ပြောကြားသည်။

လယ်သမားအရေး ဆောင်ရွက်သူ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်အား ရဲများလာဘ်စားသည်ဟု ပြောခဲ့မှုဖြင့် ထောင်သုံးလ ချခဲ့ပြီးနောက် ထပ်မံ၍ ယခင်ကြွေးကျန် ထောင်ဒဏ်ခြောက်နှစ် ကျခံရန် ခရိုင်မတရားရုံးမှ အမိန့်ချလိုက်သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ တယားအုပဒေ မိုးစိုရေးနှင့် တီညိမ်ရေး အုတ်ကထ ဘွားဒေါ်ဂျီးအား မေးမြန်းရာ ရဲများအား စွမ်းဆောင်ရည် ပြည့်မှီရန် အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ မီယာမီ ကမ်းခြေသို့ အပန်းဖြေခရီး ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ ထောင်ဒဏ် ကိစ္စနှင့် ပတ်သက်၍မူ စိတ်မကောင်းကြောင်း ထို့အတွက် နွားနို့တပုလင်း ထောင်ဝင်စာပေးမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

ရန်ကုန်မြို့ ပုဂ္ဂလိက နိုင်ငံခြားစာသင်ကျောင်းခ တိုးမြှင့်ကောက်ခံမှုအား မကျေနပ်သော ကျောင်းသားမိဘများမှ ဆန္ဒပြကြရာ ၎င်းတို့စီးနင်းလာသော မော်တော်ကားများကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ မိဘတဦးက မိမိတို့ သားသမီးများ ရှေ့ရေးအတွက် ဟိုတယ်တွင် မစားသောက် အိမ်တွင်ဖြစ်သလို ဆီပြန်ဟင်း လေးငါးခွက် နေ့လည်၊ညစာ မထပ်အောင် ကြိုးစားချက်ပြုတ် ခြွေတာချိန်တွင် ကျောင်းလခတက်ခြင်း မဖြစ်သင့်ကြောင်း တိုကျိုကြက်ကြော်ဝါးလျက် ပြောကြားလိုက်သည်။ ထို့နောက် ဆန္ဒပြသူ မိဘများ စုပေါင်း၍ ရန်ကင်းကြေးအိုး သွားသောက်ကြကြောင်း သတင်းရရှိသည်။

ယူအက်စ်ဒေါ်လာ အဟောင်းအနွမ်း လဲလှယ်မပေးလျင် ရဲဖမ်းမည်ဖြစ်ကြောင်း ဗဟိုဘဏ်ညွှန်မှူး ပြောစကား ယုံစားမိသူ ဦးခိုင် ရဲထံသွားရောက် တိုင်ကြားရာ ဝင်ငွေရလမ်း မဖော်ပြနိုင်သဖြင့် ရဲဖမ်းထားဂျောင်း ရှေ့နေဂျီး ဦးမိုက်ကယ်ဂျော်လကီအောင်ပု (BEDC) မှ လေချဉ်တအေ့အေ့ထိုးလျက် အတည်ပြု ပြောကြားသည်။

ဒေါက်တာဆိတ်ဖွားသည် ပျံကျားရေးဒုဝံကျီး ဦးရဲထွဋ် မဟုတ်ဟု စုံစမ်းရေးကော်မရှင်မှ လက်ခံလိုက်ပြီးနောက် ဦးရဲထွဋ်သည်သာ ဒေါက်တာဆိတ်ဖွား ဖြစ်မည်ဟူသော သံသယများ လွှတ်တော်တွင်း တိုးပွားလာနေဂျောင်း နေပြည်တော်မှလာသော သတင်းတရပ်၌ဆိုသည်။

13 comments

  • P chogyi

    May 9, 2013 at 9:03 am

    ကောင်းလင့်တေး……..ကောင်းလင့်တေး……..ကောင်းလင့်တေး……..

  • ဦး ကျောက်ခဲ

    May 9, 2013 at 9:05 am

    သတင်းပုလင်း…
    အခင်းအကျင်း…
    မလင်းတလင်း…
    အတင်းအဖျင်း…
    ကတောက်စ် ကြွေးကျန် ၄၀၁ ၊ ခရိုနီ နဲ့ သန့်ရှင်းသောအစိုးရ…
    သေဟဲ့… နန္နိယ…

  • MaMa

    May 9, 2013 at 11:00 am

    ကြောင်ကြီးသတင်းစာကို ဖတ်ပြီး…….
    သတင်းဆိုတာ ဒီလိုရေးရတယ်လို့ သင်ရိုးညွှန်းတမ်းမှာ ပြဌာန်းသင့်တယ်။
    :kwi: :harr:

  • ဦးဦးပါလေရာ

    May 9, 2013 at 11:34 am

    အဲဒီ အင်တာနေရှယ်နယ်ကျောင်းဆိုတာ မြန်မာပြည်ကဘိုကျောင်းတွေထဲမှာ အကောင်းဆုံးနဲ့ ဈေးအကြီးဆုံးကျောင်းပါ
    တော်ရုံလူ အနားကို မကပ်နိုင်တာပါ။
    အဲ့ဒီကျောင်းတွေလခတိုးတာ အဲဒီကျောင်းထားတဲ့ကျောင်းသားမိဘတွေ ဝင်ငွေတိုးတာလောက်မရှိပါဘူး..
    မကျေနပ်ရင် ကျောင်းထုတ်ပြီး ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ ထားကြည့်ပါလား….လို့
    ကျုပ်တို့လို ဆင်းရဲတဲ့မိဘတွေက မညည်းရဘူး… တကတဲ…..

    ဒိုု့ကတော့ ပုံပြင်ထဲက စပျစ်သီးမစားရလို့ မလိုတမာပြောတဲ့မြေခွေးလိုပဲ ပြောလိုက်မယ်

    ချဉ်တယ်

  • ရွာစားကျော် မင်းနန္ဓာ

    May 9, 2013 at 12:03 pm

    တော်တော် သတင်းစုံတဲ့ ဒီပုလင်း…
    :hee: :hee:

  • Good™

    May 9, 2013 at 12:19 pm

    သတင်းပုလင်း တဲ့လား
    သတင်း ကတော့ အားလုံး ဖတ်ဖို့
    ပုလင်း ကတော့ ဘယ်သူ့ အတွက်ဖြစ်မလဲ။

    • နေဝန်းနီ

      May 9, 2013 at 12:29 pm

      ပုလင်းက ရွာထဲကအရက်သမားတွေ အတွက်ဖြစ်မှာပေါ့ တို့ရွာထဲမှာ ယမကာချစ်သူတွေပေါတယ်……….။ နယ်စည်းမခြားတဲ့အဖွဲ့တောင်ရှိသေးတယ် ….။ သူတို့အတွက်ဖြစ်မှာပေါ့

      • Good™

        May 9, 2013 at 3:44 pm

        ထင်လို့ မေးတာ ထင်တဲ့ အတိုင်းပဲ။ Many Thanks. နေဝန်းနီ!!!

  • Novy

    May 9, 2013 at 4:09 pm

    ဦးကြောင်ရဲ့ bottle news က စုံလိုက်တာမှ
    all in one ပါဘဲရှင်

  • မောင် ပေ

    May 9, 2013 at 8:45 pm

    ဟုတ်သည်ရှိစေ
    မဟုတ်သည်ဖြစ်စေ
    ဖတ်ရတာ တော်တော်အရသာရှိတယ်ဗျား

  • kotun winlatt

    May 9, 2013 at 8:59 pm

    သတင်းးးးနဲ့ ပုလင်းးးက ဘာလို့ ရောသဒုန်းးးးးး
    ဧကံဒ သတင်းတွေကို ပုလင်းထဲများ ထည့်ထားလေရော့သလားးးးးးးးး
    ဘာပဲဖြစ်ဖြစ် ဂွတ်၏……

Leave a Reply