Gtalk သုံရင်းရေတိမ်နစ်ရှာတဲ့ မိန်းကလေး တယောက်အကြောင်း

cobraJuly 27, 20101min562

Gtalk သုံရင်းရေတိမ်နစ်ရှာတဲ့ မိန်းကလေး တယောက်အကြောင်း
>
>
> တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကိုကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ
> အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ
> စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။
> သူ့မျက်နှာကတော့သိပ်မကောင်းဘူး ခင်ဗျ။သူက ကျွန်တော်တို့ကို
> နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ပတ်သက်တဲ့
> အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ
> တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင်
> တင်ပြပါ့မယ်။အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင်
> ယဉ်ကျေးမှုတော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့
> ချက်တင်ကိုသုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ
> အားလုံးနည်းတူချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့
> ချက်ဘောက်စ်သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို
> ထည့်ပြီးစကားပြောလေ့ရှိပါတယ်။ တစ်နေ့မှာ သူဟာ လူတစ်ယောက်နဲ့
> ချက်တင်မှာသူငယ်ချင်းဖြစ်ပါတယ်။ အဲဒီလူက နယ်သာလန် ကလို့ သူ့ကိုယ်သူ
> ပြောပါတယ်။ပထမပိုင်းမှာတော့ အဲဒီမိန်းကလေးကို သမရိုးကျ မိတ်ဆက်ပါတယ်။
> သူ့အပေါ်မှာအထင်ကြီးအောင် စကားလှလှတွေကို ပြောပါတယ်။ ဒီလိုနဲ့
> တစ်လနီးပါးကြာလာတဲ့
> အချိန်မှာ အဲဒီမိန်ကလေးကို လက်ထပ်ခွင့် ဒါရိုက်တောင်းပါတယ်။
> မိန်းကလေးကသူမမှာ ချစ်သူရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် အဲဒီလူက
> သူ့ကိုယူရင်နယ်သာလန်ကို ခေါ်မှာဖြစ်ကြောင်း၊ နိုင်ငံသားလည်း
> ရမှာဖြစ်ကြောင်းစည်းရုံးပါတယ်။ နောက်ပြီး အဲဒီမိန်းကလေးရဲ့
> လက်ရှိချစ်သူကိုလည်းဖြတ်ဖို့တိုက်တွန်းပါတယ်။ မိန်းကလေးကလည်း
> ပြောရတော်တော်ခက်ပါတယ်။ အဲဒီလူ
> တိုက်တွန်းပြီး နောက်နေ့မှာပဲ သူ့ချစ်သူကို ….အဲဒီမိန်းကလေးက
> ဖြတ်လိုက်ပါတယ်။ တဆက်တည်း အဲဒီလူရဲ့
> လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပါတယ်။ နယ်သာလန်က
> တော်တော်ဆွဲဆောင်မှုရှိပါတယ်။ အထင်ကြီးစရာ စကားတွေနဲ့
> ဆွဲဆောင်ရင်းအဲဒီမိန်းကလေးကို အပျိုဟုတ်မဟုတ် မေးပါတယ်။ ကောင်မလေးကလည်း
> အပျိုဟုတ်ကြောင်း၊ ကျွန်မတို့ မြန်မာပြည်မှာ စုံတွဲတွေဟာ
> မင်္ဂလာမဆောင်ခင်ကျူးလွန်လေ့ မရှိကြောင်း ပြန်ရှင်းပြပါတယ်။ ဒီလိုနဲ့
> အဲဒီလူက မိန်းကလေးကိုထိုင်းကို လာခဲ့ဖို့ ပြောပြီး သူ့မိတ်ဆွေ မိန်းကလေး
> တစ်ယောက်ရဲ့ လိပ်စာနဲ့
> ဖုန်းနံပါတ်ကို ပေးပါတယ်။ ထိုင်းကို ရောက်ရင် အဲဒီမိတ်ဆွေက
> လာကြိုပြီးသူ့အိမ်မှာပဲ နေစရိတ်၊ စားစရိတ်ငြိမ်း နေထိုင်နိုင်ကြောင်း
> ပြောပါတယ်။အဲဒီနောက်မှာမှ သူက နယ်သာလန်ကို လာဖို့
> လေယာဉ်လတ်မှတ်နဲ့ဗီဇာကြေးပို့ပေးမှာ ဖြစ်ကြောင်း ထပ်ပြောပါတယ်။ အဲဒီ
> မိန်းကလေးကလည်း အဲဒီလူပြောသမျှစကားတွေကို ယုံပြီး ကိုယ့်စရိတ်
> ကိုယ်စိုက်ထုတ်၊ ထိုင်းကို
> သွားလိုက်ပါတယ်။ သူသွားလိုက်တဲ့ နေ့က စလို့ အခုတစ်လကျော်
> ရှိသွားပါပြီ။အဲဒီမိန်းကလေးရဲ့ သတင်းအစအနမကြားရတော့ပါဘူး။ သူမသွားခင်
> သူ့မေးလ်အကောင့်ကို သူ့ညီမကို ပေးခဲ့ပါတယ်။ အခုသူ့မေးးလ်ကို
> ဖွင့်ကြည့်ရင်လည်း
> အဲဒီလူရဲ့ အကောင့်က မရှိတော့ပါဘူး။ သူတို့လည်း အခုမှ
> ယူကြုံးမရဖြစ်ရပါတယ်။ ဘာမှ လုပ်လို့မရတော့ပါဘူး။
> အစမှာ ပြောခဲ့တဲ့ အန်တီကိုင်ထားတဲ့ စာရွက်တွေဆိုတာ
> အဲဒီမိန်းကလေးနဲ့နယ်သာလန်က လူ စကားပြောခဲ့တဲ့ Gtalk အစအဆုံး
> ချက်စာရွက်တွေပါ။ အဲဒီလူရေးသားတဲ့ အင်္ဂလိပ်စာ အရေးအသားဟာ မြန်မာနိုင်ငံက
> မူလတန်းကလေးရဲ့
> အရေးအသားလောက်တောင် မရှိပါဘူး။ အဲဒါကိုတောင် အဲဒီမိန်းကလေးက
> နယ်သာလန်ကလို့ ပြောတာကို ယုံကြည်ခဲ့တယ် ဆိုတာ အံ့ဩရပါတယ်။
> ကျွန်တော်တို့စုံစမ်းကြည့်ရသလောက် အဲဒီ မိန်းကလေးဟာ ထိုင်းက
> လူပွဲစားတစ်ယောက်ရဲ့
> သွေးဆောင်ရောင်းစားခြင်းကို ခံလိုက်ရတာပါ။ စိတ်မကောင်းစရာပါ။
> ကျွန်တော်ဒီပို့စ်ကိုတင်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ချက်တင် မမ
> တွေစဉ်းစားဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ အားလုံး အလည်
> မလွန်ကြဖို့ဆုတောင်းလိုက်ပါတယ်။ လည်လွန်းတဲ့ ဘီးဟာ………………………။
>
> အွန်လိုင်းကသူငယ်ချင်းတွေအတွက် ဒီမေးလ်လေးကို ဖတ်စေချင်လို့
> ပို့ပေးလိုက်ပါတယ်။အင်တာနက်အသုံးပြုတာခေတ်စားလာတဲ့အလျှောက်
> အင်တာနက်နဲ့တွဲပြီးChatting ထိုင်ဖြစ်တတ်ကြတယ်။ နည်းပညာတွေရဲ့
> ကောင်းကျိုးကြောင့်လူတွေအချင်းချင်း ဆက်သွယ်မှု ပိုကောင်းလာသလို
> တစ်ဆက်ထဲမှာပဲ နောက်ဆက်တွဲ
> ဆိုးကျိုးတွေလည်း တွဲပါလာတတ်တာ မကြာခဏပါပဲ။ ဒါကြောင့်
> အွန်လိုင်းပေါ်မှာတွေ့တိုင်းသူတိုင်းကိုတော့ သူငယ်ချင်းတို့ကို
> မယုံစေချင်ဘူး။ နောက်ပိုင်းရင်းနှီးသွားကြရင်တော့ တစ်မျိုးပေါ့။
> သတိပြုတဲ့ သူငယ်ချင်းတွေရော..
> သတိမပြုမိကြသေးတဲ့ သူငယ်ချင်းတွေရော ဖတ်စေချင်လို့ Forward
> မေးလေးကိုတင်ပေးလိုက်ပါတယ်

2 comments

  • True Faith

    July 27, 2010 at 1:17 pm

    အင်တာနက်မှာ ချစ်သူတွေ ဖြစ်ကြတာကို ကျနော်အများကြီး တွေ့ဖူးပါတယ်။ သူတို့က အင်တာနက် ဖူးစာ လို့တောင် တင်စားကြပါတယ်။ ဒါပေမယ့် လူတယောက်ကို အွန်လိုင်းပေါ်မှာ မြင်ရတွေ့ရ အသံကြားရယုံနဲ့ ဘဝလက်တွဲဖော်အဖြစ် တဘဝလုံးစာအတွက် ရွေးချယ်ရမှာကတော့ စွန့်စားရာ ကျနေသလိုပါပဲ။

    မစွန့်စားသင့်တာကို စွန့်စားမိရင် ဘဝပျက်စီး ဆုံးပါးတတ်တယ်ဆိုတာကို မြန်မာမိန်းကလေးများရော၊ ယောက်ျားလေးများပါ သတိထားကြပါ။ လူကုန်ကူးမယ့်လူက မိန်းကလေးဦးစားပေးပေမယ့် ယောက်ျားလေးလည်း အလွတ်ပေးမယ် မထင်နဲ့ဗျ။ ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက် ပြည့်တန်ဆာခန်းတွေရှေ့က ဆိုင်းဘုတ်တွေမှာ Fresh Boy လို့ ရေးထားလေ့ရှိတယ်။ ထိုင်းသွားဖူးသူများကို မေးကြည့်။

  • ghost

    July 27, 2010 at 4:43 pm

    ကျွပ် ကအခုထိုင်းမှာ ဘာလုပ်ပေးရမလဲ email ပို့လိုက်ပါ ကူညီပါ့မယ်

Leave a Reply