“ပြတင်းပေါက်”

တစ်ခါတုန်းက ဆေးရုံတစ်ရုံရဲ့ အခန်းလေးတစ်ခန်းထဲမှာ လူနာနှစ်ဦးရှိကြတယ် … တစ်ဦးက အဆုတ်ကင်ဆာ ရောဂါဖြစ်နေပြီး ၊ တစ်ဦးကတော့ အရိုးပွရောဂါကို ခံစာနေရတယ် …
ကင်ဆာရောဂါသည်က ပြတင်းပေါက်နဲ့အနီးဆုံး ကုတင်မှာ နေရပြီး … အရိုးပွ ရောဂါသည်က ကင်ဆာရောဂါသည်ရဲ့ဘေးက ကုတင်မှာ နေရတယ် … အရိုးပွရောဂါသည်လေး ပျင်းတဲ့အချိန်တိုင်းမှာ ကင်ဆာရောဂါသည်က ပြတင်းပေါက်ကနေ သူတွေ့မြင်ရသမျှတွေကို ပြောပြလေ့ရှိတယ် …
ကင်ဆာရောဂါသည် – “ ငါတို့ရဲ့ဆေးရုံကြီးဘေးမှာ ပန်းခြံတစ်ခြံရှိတယ်ကွ ”
အရိုးပွရောဂါသည် – “ ဟုတ်လား … တော်တော် သာယာလား သူငယ်ချင်း ”
ကင်ဆာရောဂါသည်- “ အင်း … အရမ်းလှတယ် ကွာ … ပန်းခြံထဲမှာ ရေကူးကန်လေးတစ်ကန်ရှိတယ်ကွ … ရေကူးကန်ရဲ့ဘေးက ချယ်ရီပန်းပင်တွေအောက်မှာ ချစ်သူစုံတွဲလေးတွေ
ထိုင်ပြီးကြည်နူးနေကြတယ် သူငယ်ချင်း … နောက်ပြီး ကန်ဘောင်ပေါ်မှာ မိသားစု လေးတွေ လမ်းလျှောက်နေကြတယ် … သူတို့ကို ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းတယ် ”
အရိုးပွရောဂါသည် – “ ဟုတ်လား … မင်းပြောတာကိုင်ါစိတ်ကူးထဲမှာ ပုံဖော်ကြည့်တာနဲ့တင် တော်တော် စိတ်ကျေနပ်စရာကောင်းမယ့်မြင်ကွင်းဆိုတာကို ငါလက်ခံပါတယ်သူငယ်ချင်း ”
ကင်ဆာရောဂါသည်လေးဟာ အရိုးပွရောဂါသည်ကို … ကလေးတစ်ယောက် ရေကန်ထဲကျမလိုဖြစ်တာက အစ ပြောပြလေတော့ အရိုးပွရောဂါသည်လေးရဲ့စိတ်ထဲမှာ မနာလိုမှုတွေဖြစ်လာတော့တယ်
ဒီလိုနဲ့ပဲသူတို့သူငယ်ချင်းနှစ်ယောက်ဟာ အခန်းကျဉ်းလေးထဲမှာ အတူတူနေလာကြရင်း …
အရိုးပွရောဂါသည် – “ အင်းးး … ငါလည်းသူ့လိုမျိုးပြတင်းပေါက်ကနေ မြင်ကွင်းပေါင်းစုံကိုမြင်ချင်လိုက်တာနော် ” ဆိုတာသူ့စိတ်ထဲမှာ မရရအောင်ကို နေမယ်ဆိုတဲ့ စိတ်ရိုင်းတွေဝင်လာတော့တယ် …
တစ်ညမှာတော့ ကင်ဆာရောဂါသည်လေးဟာ တော်တော်ချောင်းတွေဆိုးလာတယ် ဒါကြောင့် သူနာပြုကိုခေါ်ဖို့ ဘဲလ် ကို လှမ်းနှိပ်တယ် ဒါပေမယ့် မမှီဘူး … အရိုးပွရောဂါသည်ဟာ နိုးနေပေမယ့် အိပ်ချင်ယောင်ဆောင်ပြိး ငြိမ်နေတယ် … တဖက်လူသေသွားရင် သူအဲကုတင်မှာနေလို့ရပြီဆိုတဲ့ အတွေးနဲ့ မသိကျေးကျွံ ပြုထားတယ်လေ … ဒီလိုနဲ့ မနက်ရောက်တော့ သူနာပြုဆရာမတွေ တစ်ဖက်ကုတင်က လူနာကို သယ်သွားကြတယ် … အသက်မရှိတော့ဘူးတဲ့ … ဒီတော့မှ သူ့ကို တစ်ဖက်ကုတင်မှာပြောင်းထားပေးဖို့ သူနာပြုကိုပြောတယ် … သူနာပြုကလည်းထားပေးလေတယ် …
သူအလွန်ပျော်ရွှင်သွားတယ် … သူကြည့်ချင်တဲ့မြင်ကွင်းပေါင်းစုံကို ကြည့်ခွင့်ရတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကုတင်ပေါ်မှာလှဲနေရာကနေ သူအားယူပြီးထတယ် … အရိုးပွရောဂါသည်ဖြစ်တဲ့အတွက် တော်တော် အားယူပြီးထရတယ် … သူ့တံတောင်ဆစ် နှစ်ဘက်စလုံး နာကျင်တာကို သူတောင့်ခံပြီးထကြည့်လိုက်တဲ့အခါ … ပြတင်းပေါက်ရဲ့ အခြားတစ်ဖက်မှာ သူတွေ့လိုက်ရတာကတော့ နံရံတံတိုင်းကြီးတစ်ခုသာ ……………………………………………………………………………………………

“ ကဲ ! သူငယ်ချင်းတို့ရေ ကိုယ့်ကိုစာနာသနားစိတ်နဲ့ မရှိတာကိုအရှိလုပ်ပြီးပြောပြနှစ်သိမ့်တတ်တဲ့ သူငယ်ချင်းတွေ လူတိုင်းမှာရှိကြမှာပါ …

About cobra

oakar min maung has written 203 post in this Website..