အစလည်း သုည အဆုံးလဲ သုညပါဘဲ သင်ရော ဘယ်အက္ခရာလဲ………………

ကာရံMay 9, 20131min15914

တရားရဲ့လက်နက်က အေးမြခြင်းပါ

လူသားတိုင်းမစာနာတက်သေးတာ မာနကိုမှေးတင်နေတုန်းမို့ပါ

သုညဆိုတဲ့ ကမ္ဘာမြေကြီးမှာ မင်းရော ငါရော သူတစ်ပါးတွေရော

ဘယ်အက္ခရာနဲ့ အစပျိုးခဲ့ပြီလဲ

ငိုခြင်းအစ သုညပါ သေတော့လဲ ဒီအက္ခရာလေးပါ

တန်းဖိုးမရှိတဲ့ ဒီကမ္ဘာလေးမှာ မင်းဘာတွေကိုခင်တွယ်နေဦးမှာလဲ

ချစ်ခြင်းလား ပိုင်ဆိုင်ခြင်းလား ငါဆိုတဲ့မာနတွေအောက်မှာ

မင်းတို့ ဘယ်နှစ်ကြိမ်ဒူးထောက်ပြီးပြီလဲ

မာနကရော ဘာတွေပြန်ပေးလိုက်ပြီလဲ မင်းသိပါတယ်

ရလိုက်တာက ပူလှောင်ခြင်းတွေပါ နေမင်းဘေးမှာ အေးမြတဲ့ကြယ်စင်မရှိတာ မဆန်းတော့ပါဘူးလေ

ဒါဆိုလမင်းကရော အထီးကျန်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်ကို သူလဲ လက်ကိုင်သုံးနေရတာဘဲလေ

သောကတွေအလီလီနဲ့ မာနတွေအောက်မှာ ရင်သန်နေရတဲ့ လူသားအားလုံး

အေးမြတဲ့ တရားရေအေးကို အစဉ်သုံးနိုင်ပါစေလို့ ဆန္ဒပြုရင်း……

                                                      ပိတောက်မိုး

14 comments

  • padauk moe

    May 9, 2013 at 7:32 pm

    ပိတောက်မိုးလဲ သုညလေးပါဘဲနော်

    • မောင် ပေ

      May 9, 2013 at 8:37 pm

      “၀” မဟုတ်
      69 ရှိနေပြီ ကိုရင်တောက် ရဲ ့
      ပို ့စ်အရေအတွက် ပြောပါတယ်
      အဲဒါ အဲဒါ

  • padauk moe

    May 9, 2013 at 8:58 pm

    ဟုတ်တယ်နော်

  • kotun winlatt

    May 9, 2013 at 9:08 pm

    သုညဆိုတော့ အဝိုင်းကြီးးးးး
    အဝိုင်းကြီးဆိုတော့ ချာချာလည်…
    အဲ့တာ သံသရာလည်တယ် ခေါ်တယ်ထင်ပါ့……

  • ဦးကြောင်ကြီး

    May 10, 2013 at 10:07 am

    သုညပါဘဲ
    ပုံပြတာအမြဲ
    ယုန်ရတာလည်း
    နုံအကြာဆဲ…

  • မယ်ဘုတ်

    May 10, 2013 at 1:22 pm

    သုညဆိုတဲ့ ဝိုင်းနေတဲ့ ဝ လုံးလေးက ပညာတတ်ဖြစ်ဖို့အတွက် …
    အစပျိုးခဲ့ရတာ ပါ … တန်ဘိုးရှိလိုက်လေခြင်း နော် … :kwi:

  • kyeemite

    May 10, 2013 at 2:26 pm

    အစလည်းသုည
    ဘဝထဲ ကြုံရ
    ခဏပဲဆုံရ
    မဝပဲ ကုန်ရ
    စရဏပဲ ထုံကြ
    မရဏလည်း သုည။

  • ခင်ခ

    May 10, 2013 at 4:15 pm

    ဪ သုည သုည သုည

  • padauk moe

    May 10, 2013 at 5:08 pm

    ဟုတ်ကဲ့ပါ ဗျာ အားလုံး သုညလေးရဲ့ရှေ့မှာ အက္ခရာ တင်နိုင်ပါစေနော်

  • အလင်းဆက်

    May 10, 2013 at 9:22 pm

    ကျွန်တော်ကတော့…
    ပြစရာ သုည သင်္ကေတလေးတောင်..ပြစရာ မရှိတဲ့ သုညတစ်လုံးပဲ…
    ဖြစ်ချင်နေပါပြီ ။

  • ရွှေ ကြည်

    May 11, 2013 at 12:12 am

    “ငါဆိုတဲ့မာနတွေအောက်မှာ

    မင်းတို့ ဘယ်နှစ်ကြိမ်ဒူးထောက်ပြီးပြီလဲ”

    အဲဒါလေးကြိုက်တယ်ဗျို့

  • GaviaGirl

    May 11, 2013 at 12:55 pm

    မာနကရော ဘာတွေပြန်ပေးလိုက်ပြီလဲ မင်းသိပါတယ်

    ဟုတ်.သိပါတယ်ရှင့်… 🙂

  • သူကလေး

    May 11, 2013 at 1:37 pm

    ဘယ်သူဘာပြောပြော သုညကိုချစ်တယ် 🙂

  • နေဝန်းနီ

    May 11, 2013 at 8:33 pm

    သုညရှေ့က သုည များတိုးလာမလား သတိထား ဘုရားကြိုက်အောင်နေ
    …………. တစ်ချိန်က မင်းသားကြီးသီချင်းပါ….။
    သုညရှေ့က သုညတွေ ထပ်တိုးလို့ တန်ကြေားမရှိပါဘူး ….။
    အဲဒါကြောင့် သုညမှန်ရင် ကိန်းဂဏန်းနောက်ဝင် ……။ ဒါမှတန်ဘိုးတက်လာမယ်

Leave a Reply