“ ဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ” ဖွင့်နိုင်ရေး…ဝိုင်းဝန်း.ဆွေးနွေးပေးကြပါဦး …

alinsettMay 9, 20131min39751
ကျွန်တော်ချစ်သော ကဗျာ
ကျွန်တော်ချစ်သော ကဗျာ

ရွာထဲမှာ တင်ပြလာတဲ့ ကဗျာတွေကို ဖတ်မိတိုင်း ကဗျာနဲ့ ပက်သက်ပြီး စိတ်ကူးတွေအမျိုးမျိုး ပေါ်ခဲ့ပါတယ် ။

ကဗျာ ဟာ ဒီရွာထဲမှာ အင်အားတစ်ခု အနေနဲ့ တောင့်တောင့်တင်းတင်း ရှိနေတယ်လို ့လည်း… ထင်ပါတယ်။

ကဗျာ ရေးတဲ့ ရွာသူားတွေ ရော / ကဗျာဖတ်တဲ့ ရွာသူားတွေရော ကဗျာကို ချစ်မြတ်နိုးတန်ဖိုးထား တတ်ကြမယ်ဆိုတာလည်း….. သေချာပါတယ်။

ရွာထဲမှာ ကဗျာတွေ စာတွေနဲ့ပက်သက်ရင် ကျွမ်းကျင် အဆင့်တွေ မနည်းဘူး ဆိုတာလည်း…… သတိပြုမိပါတယ်။

အနည်းဆုံးတော့ ဒီရွာသူားတွေဟာ… ကဗျာတွေ / စာတွေနဲ ့မစိမ်းတဲ့ ပုဂိ္ဂုလ်တွေပါ။

———————————————-

အခုတော့ ကဗျာ တွေ နဲ့ပက်သက်ပြီး စိတ်ကူးတစ်ခုကို ကျွန်တော်…..အကောင်အထည်ဖော်ချင်လာပါတယ်။

ဒီစိတ်ကူးကတော့…………………

———————————————-

ဟ်ိုတလောက အလုပ်နားရက်မှာ ပန်းချီပြပွဲတစ်ခု သွားကြည့်ဖြစ်တဲ့ အချိန်မှာ တွေးမိတဲ့ စိတ်ကူးပါ ။

ပန်းချီပြခန်းထဲမှာ ပန်းချီကားချပ် တွေ အစီအရီ ချိတ်ဆွဲပြထားတာကို မြင်ရတာ ရင် ခုန်ချင်စရာကောင်းလိုက်တာ ။

အရောင်အသွေးစုံစုံ ဟန်ပန်အမျိုးအစားစုံစုံ ပန်းချီလက်ရာတွေကို ကျယ်ပြန် တဲ့ပန်းချီပြခန်းကြီးထဲမှာ စုစုစည်းစည်း မြင်ရတာကိုး။

မတူတဲ့ ပုံစံမျိုးစုံတွေကို တစ်နေရာထဲမှာ တစ်ခုပြီးတစ်ခု လိုက်ကြည့်ရတာ ရင်သပ်ရှုမော ပါပဲ ။

အသက်ရှုမြန်လာလိုက် ၊ နှေးသွားလိုက် ၊

တစ်ခါတစ်ခါတော့လည်း အသက်ရှုဖို့ တောင် မေ့သွားလောက်တဲ့ အထိ။

ပြခန်း ထဲမှာ စုစုစည်းစည်း ပြထားတဲ့ ပန်းချီကား တွေကို ကြည့်ရှုခံစားရတာ အရသာစုံတဲ့ ထမင်းဝိုင်းကြီးကို စားရသလို အရသာ ရှိ လွန်းလို့ မမေ့နိုင်စရာပါပဲ ။

ဒါကြောင့် ပြခန်းတစ်ခုထဲမှာ ပန်းချီ သာမက အခြား အနုပညာ ရပ်တွေကိုပါ စုစည်းပြကြတာပဲ ။

———————————————————

အဲဒီ အတွေးကနေ ဆက်ပြီး ကျွန်တော်တို့ ဂဇက်ရွာမှာလည်း စာပန်းချီလို့ တင်စားရမယ့် ကဗျာအလှ အနုပညာ ဖန်တီးမှုတွေ ရှိနေတယ်..။

ဆိုတော့ကာ…….

အဲဒီစာပန်းချီတွေကို ပြခန်းတစ်ခုထဲမှာ ပြထားသလို စုစည်းနိုင်ရင် ကောင်းမယ်လို ့ တွေးမိပါတယ်။

ရသ စုံတဲ့ ကဗျာ တွေ တစ်နေရာထဲမှာ စုစည်းလိုက်တာဟာ ကဗျာ့ အင်အားကိုပြတာပဲပေါ့ ။

ကဗျာတွေ တစ်နေရာထဲမှာ စုစည်းလိုက်တာဟာ ပြခန်းတစ်ခုထဲက အနုပညာ ပဲ။

အရသာ စုံလင်လှတဲ့ ထမင်းဝိုင်းကြီးပဲ ။

ပန်းမျိုးစုံလင်စွာ လှပတင့်တယ်တဲ့ ဥယျာဉ်ကြီးပါပဲ ။

အဲဒီ အတွေးကြောင့် ……. ကျွန်တော် ကဗျာ ပြခန်း တစ်ခန်းလောက် ဖွင့်ချင်သွားပါတယ် ။

——————————————————-

ဒန်တန်တန်……….. 🙂

——————————————————–

ကဗျာပြခန်းဆိုတော့ ဘယ်လိုလုပ်မလဲ စဉ်းစားရပါတယ်။

ကျွန်တော့် ဆီကို မေးလ်နဲ့ ကဗျာ လေးတွေ ပို့ ပေးစေချင်ပါတယ်။

ကဗျာ ဆရာတစ်ယောက်ကို ကဗျာ တစ်ပုဒ်ပေါ့။

ရောက်လာတဲ့ ကဗျာ လေး ငါး ဆယ် ပုဒ်ကို ပြခန်းတစ်ခန်း အဖြစ် စုစည်းပြီး ကျွန်တော်က ပိုစ့်တစ်ပုဒ် အဖြစ် တင်ပေးပါမယ်။

ကဗျာ တစ်ပုဒ်ချင်း ကို ကဗျာရေးသူ နာမည် နဲ ့တကွ ဖော်ပြမှာပါ။

အဓိက က ပြခန်းထဲမှာ စုစည်းမိဖို ့ပါ။

ဂဇက်ရွာသူား ကဗျာဆရာတချို ့ရဲ ့ကဗျာတချို့ကို တစ်နေရာထဲမှာ စုစုစည်းစည်း စီစီရီရီ ဖတ်ရှုခံစား နိုင်ဖို့ပါ။

အဲဒီလို ကဗျာစုစည်း မှု ပိုစ့်တွေကို တစ်လကို အနည်းဆုံး ပိုစ့် (၁ )ပုဒ်ကနေ ပိုစ့် ( ၃ ) ပုဒ်လောက်အထိ တင်ပြချင်ပါတယ်။

ဒီတော့ ကဗျာဆရာတစ်ယောက်က တစ်လ ကို ကဗျာ ( ၁ ) ပုဒ်ကနေ ( ၃ ) ပုဒ်အထိ ပို့ပေးစေချင်တာပါ။

ကဗျာဆရာရဲ ့သဘောအရ ကျွန်တော့်ပိုစ့်ထဲမှာ ဝင် စုစည်းပေးတာက တစ်ပိုင်း/

ကိုယ့်အစီအစဉ်နဲ့ကိုယ် ပုံမှန် ကဗျာပိုစ့် တင်တာက တစ်ပိုင်းပေါ့။

————————————————————

ကျွန်တော် က ရောက်လာတဲ့ကဗျာတွေကို စုပြီး ပိုစ့်တစ်ပုဒ်ပြီးတစ်ပုဒ်တင်နေတော့ ကျွန်တော်ကပဲ သူကြီးဆီက ပွှိုင့်တွေ ရနေမှာပါ။

(ပျော်စရာကြီး )
:kwi: :kwi: :kwi:

ကဗျာဆရာတွေက ကိုယ် ရေးတဲ့ကဗျာ ကိုယ့် ဘာသာတင်ရင် ပွှိုင့်က ကိုယ့် ပိုစ့်နဲ့ကိုယ်ဆိုတော့ ကိုယ်ပဲ ရမယ်။

အခု ကျွန်တော်က စုစည်းတင်ပြပေးမယ်..ဆိ်ုတော့..ကျွန်တော်က သိမ်းကြုံး ရသွားမယ် ။

အဲဒီ ပြဿနာလေးကိုတော့ ကျွန်တော် သိပ်မရှင်းတတ်သေးပါဘူး။

လောလောဆယ်ပြောနိုင်တာက ကိုယ့်ပွှိုင့်ကို ကိုယ်ပဲလိုချင်တဲ့ ဆရာက ကိုယ့်သဘောနဲ့ကိုယ် တင်ပြရုံပါပဲ။

ကျွန်တော်က အတင်းရော အဓမ္မ ရော..တိုက်တွန်းလို ့မရပါဘူး ။

အဲ . . . ဒီလိုပြောတာ ပြောသာပြောရတာပါ ။

ဒီရွာထဲက ကဗျာဆရာတွေက ပွှိုင့်လေး ငါး ဆယ် / တစ်ရာလောက်ကို တွက်ချက် တွက်ကပ်နေမယ့်သူ တွေ မရှိနိုင်ပါဘူး။

:kwi: :kwi: :kwi:

ဒီပှွိုင့်ကိစ္စကို ကျွန်တော်တို ့ မေ့ထားလို ့ရမယ်ထင်ပါတယ် ။

အဓိက က ပြခန်းတစ်ခုထဲမှာ ပြဖို ့/ စုစည်း မှု အင်အားပြမှု ထဲမှာ ပါဝင် ဖို ့က အဓိကပါ။

ဒါကြောင့် ပွှိုင့်တွေ ရပိုင်ခွင့်တွေကို သိပ် အရေးမထားတဲ့ အနုပညာသမားတွေပီပီ ကဗျာ စုစည်း အင်အားပြခြင်း ကိုသာ အလေးထား မယ်ဆိုတာ ကျွန်တော် ယုံထားပါတယ်။

ကျွန်တော်က ကဗျာပြခန်းကို နာမည်တစ်ခု ပေးထားပါတယ်။

ပိုစ့်ခေါင်းစဉ် အနေနဲ ့မြင်တွေ ့နေရမယ့် နာမည်ပါ။

မန္တလေးဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း

မန္တလေးဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ( ၁ ) ( ၂ ) စသဖြင့် ဆက်လက် တင်ပြနေချင်မိပါတယ်။

မော်ဒန်ကဗျာ ဖြစ်ဖြစ် / သမားရိုးကျ အစဉ်အလာ ရှေးရိုးကဗျာ ဖြစ်ဖြစ်

ပိုစ့်တစ်ပုဒ် ( ပြခန်းတစ်ခန်း ) ထဲမှာ ပေါင်းပြီး….တင်ပြမှာပါ။

အမျိုးအစားစုံလင်တဲ ့ပန်းဥယျာဉ်ထဲမှာ အရောက်အသွေးစုံလင်တဲ့ ပန်းပွင့်တွေ စိုက်ပျိုး လို ့လန်းဆန်းနေတာကို မြင်စေချင် လို့ပါ။

ပြခန်းတစ်ခုထဲမှာ ပန်းချီကားတွေ အမျိုးအစားစုံလင်စွာ မြင်တွေ့ခံစားပြီး ရသ စုံတဲ့ ကြည်နူးမှုကို ရစေချင်လို့ပါ။

အရသာ စုံတဲ့ ထမင်းဝိုင်းကြီးကို မြိန်ယှက်စွာ စား စေချင်လို့ပါ။

ဒါကြောင့် ဘယ်လို ကဗျာ အမျိုးအစား ဖြစ်ဖြစ် ပြခန်းတစ်ခန်းထဲမှာ အတူ ထားပါမယ်။

ကဗျာ ခံစားသူက ကိုယ် ခံစားချင်တဲ့ကဗျာကို ရွေးချယ်ပြီး ခံစားယူ သွားလို့လည်း ရတာပဲလေ။

ဒါမှမဟုတ်…………

ကိုယ် မခံစားဖူးတဲ့ ကဗျာ အမျိုးအစားကိုပါ တစ်နေရာထဲမှာ ခံစားသွားလည်း ရတာပဲ။

ချိန်ထိုး ယှဉ်ပြိုင် ရတာကိုမှ သဘောကျရင် ပြခန်းထဲက ကဗျာ တွေထဲက တစ်ပုဒ်နဲ့တစ်ပုဒ် ဘယ်ကဗျာလေးတော့ ပိုကောင်းတယ် ဆ်ိုပြီး အကဲခတ်သွားလို့လည်း ရပါတယ်။

ကဗျာ နဲ့ စိမ်းတဲ့သူကလည်း ကဗျာပြခန်းကြီးရဲ ့ တည်ငြိမ်ထည်ဝါမှု / လှပတင့်တယ်မှုတွေကို လမ်းကြုံ ဝင်လေ့လာ သွားဦး ရတယ် ။

————————————————————-

ကဗျာ ပြခန်းကြီး တည်ဆောက် နိုင်ပြီး…… ရေရှည်တည်တံ့စေချင်ပါတယ်။

ကဗျာဆရာတွေ ပုူးပေါင်းလိုက်ရင် ဖြစ်မယ်လို ့ယုံကြည်ပါတယ်။

ဂဇက်မှာ ကဗျာတွေ ရဲ့ ကဏ္ဍ တောက်ပ ထည်ဝါစေ ချင်တဲ့စေတနာနဲ ့ ဒီစိတ်ကူးကို ကျွန်တော်တွေးပါတယ်။

ကဗျာပြခန်း ကိစ္စ စိတ်ဝင်စား ပြီး ပါဝင် အားဖြည့်ချင်တဲ ့ ကဗျာချစ်သူများ ကဗျာ ဆရာများ ဒီစိတ်ကူးကို အကောင် အထည်ဖော်ရာမှာ ဝိုင်းဝန်း ဆွေးနွေးပေးကြပါဦး။

အရပ်ကူပါ လူဝိုင်းပါ..ပေါ့ဗျာ..။

:kwi:

ကဗျာပြခန်း ဖြစ်မြောက်ရေး ဒို့အရေး ဒို့အရေး….စသဖြင့်လည်း… နည်းနည်းအော်ပေးကြပါဦး။

အဲ…အဲ…သဘူမတော့သူတွေကတော့…..

ကဗျာပြခန်း မဖြစ်မြောက်ရေး…ဒို ့အရေးပေါ့လေ….။

အော်ကြပါ..။

ရေငုံနှုတ်ပိတ်နေရတာထက်စာရင်…တစ်ခုခုအော်နေတာက အမြတ်ထွက်နိုင်တာပါ ။

ကိုယ် ဖြစ်ချင်တာကိုယ်အော်ကြ ။

ဒီခေတ်က အော်တာ ဟစ်တာတောင် ရချင်မှရတဲ ့ခေတ်.. ။

——————————————

အခု တင်ပြခဲ့သလောက်မှာ လိုနေတာ / ပိုနေတာတွေ / လှစ်ဟာ လွဲချော်နေတာတွေ ရှိရင်လည်းထောက်ပြ ဝေဖန်ပေးပါဦး ။

——————————————

ကျွန်တော်တို ့ရဲ ့ ကဗျာပြခန်းထဲမှာ ကဗျာလေးများ ပြသ ချင်တဲ ့ဆရာများ alinsett.art@gmail.com ကို ကဗျာ များ ပေးပို ့ကူညီ ပေးပါခင်ဗျာ ။

==========================================

အနုပညာဖြင့် ကမ္ဘာတစ်ခုတည်ဆောက်အံ့
အနုပညာဖြင့် ကမ္ဘာတစ်ခုတည်ဆောက်အံ့

( ( ( အင်း ကျွန်တော် မျှော်မှန်းထားတာက အများကြီးပါ ။

ကဗျာဆရာတွေ စုပြီး… တွေ့ ့ဆုံပွဲလေးတွေလုပ်ဖို ့တို ့….

ကဗျာပြခန်းထဲက ကဗျာရော..

ပြခန်းပြင်ပ က ဂဇက်ကဗျာတွေရော…

တင်ပြ လာသမျှ ကဗျာ တွေကို ဖတ်ရွေးတွေ ထပ်ဖွဲ့ပြီး..

မန်ဂဇက်ကဗျာချစ်သူများ ကဗျာဆု တွေဘာတွေ လုပ်ဖို ့အစီအစဉ်တို ့…….

ပြောချင်သေးတယ် ။

လောလောဆယ်..ဂဇက်က ကဗျာတင်ပြသူ ဆရာတွေ ရဲ ့ ကဏ္ဍကို နည်းနည်း..

ထိမိတို ့မိ အသိအမှတ်ပြု မိတဲ့ သဘောလောက်နဲ ့ စချင်ပါတယ် ။

ကျန်တာကိုတော့ နောက်မှ ဆက်ဆွေးနွေးကြမယ်လေ။

အခုတော့ပြခန်း ဖွင့်ဖြစ်ရင်ကို ကျေနပ်ပါပြီ ။ )))

——————————————-

ရွာထဲက ကဗျာရေးသားခြင်းမှာ..ကျွမ်းကျင်ကြတဲ ့ ( ကဗျာအရေးကောင်းကြတဲ ့… )

ကိုရင် ( Koyin )

အဘနီ ( နေဝန်းနီ )

က Myo Thant

လေးလေးခင်ခ

ရင်နင့်အောင်

ရွှေကြည်

မခိုင်ဇာ

အံစာတုံး

ပိတောက်မိုး ( ပိတောက်မိုးက ကဗျာတစ်ပုဒ်တောင် ပို ့ထားပြီးပြီ ။)

မိုးမင်းသား ( မိုးမင်းသားကတော့…( ကဗျာဆရာတွေ တွေ ့ဆုံပွဲလေးတွေ လုပ်တဲ့အခါ.ကျွန်တော့်ပွှိုင့်တွေထဲကနေ ကဗျာပြခန်းအတွက်ရတဲ့ ပှွိုင့် အရေအတွက်ပမာဏကို

ငွေသားအဖြစ်..ကျွန်တော်က သူကြီးမပေးခင် ကိုယ့်အိတ်ထဲက ကို်ယ်ထုတ်ပြီးစိုက်လို ့မှ ) မလောက်ရင်… ထပ်စိုက်ပေးမယ်လို ့ စပွန်ဆာပေးတယ် )

ဦးကြောင်ကြီး ( ကဗျာ ရေးတာ သိပ်မတွေ ့ရပေမယ့်…ကာရန်တွေ နဘေတွေ ပိုင်လွန်းလို ့ သူရေး ပေးမှာ သေချာတယ် .)

ဦးမာဃ (ဒီ သိကြားမင်းလည်း.. ကဗျာ ဇ မသေးဘူး ဆိုတာ သိတယ် ။ )

လေးလေးမောင်ပေ ( လေးလေးပေလည်း.ကဗျာ..ရေးပေးရမယ် ။ )

သူကလေး

လူကလေး

marblecommet

ကိုရင်စည်သူ

Wow

ဖက်ဖက်ကက် ( ဖော့(စ)ထရော့ချာလီ )

မွန်မလေးလုံလုံ ( အဲ.. ) လုံမလေးမွန်မွန်

လေးလေးဘလက်ချော

nay khin

…………

စတဲ ့ …ကဗျာ ရေးသူ များအပြင်…..

ကျွန်တော်နာမည် ထည့်မပြောခဲ့ပေမယ့်…..

ကဗျာရေးနိုင်ကြတဲ ့ သူတွေ အများကြီး ဆိုတာ သိပြီးသားပါ…။

ကဗျာ ဘက်မှာ…ကျွမ်းကျင်တဲ ့ ပုဂိ္ဂုလ်တွေ..အများကြီး ရှိနေတာ သိပြီးသားပါ ။

ဒါကြောင့်…..

ကဗျာချစ်သူများ…. ပါဝင်တဲ ့…

ကဗျာပြခန်းကြိီးတစ်ခု..ဖွင့်နိုင်ရေး…ဒို ့အရေး…ဒို ့အရေး…..

:kwi:

:kwi:

=============================================

ဆွေးနွေးပေးကြပါဦး ။

=============================================

လေးစားစွာဖြင့်

အလင်းဆက်

9 . 5 .2013 .

alinsett.art@gmail.com

51 comments

  • ရာမည

    May 4, 2014 at 3:14 pm

    သတိယလို့ပါဗျာ

    ကဗျာပြခန်းကကဗျာများကိုစာရေးစာဖတ ် ဂရုနဲ့ ပေ့ချ် မှာ ရှယ်ပေးနိုင်မလားခင်ဗျာ

    • alinsett (gazette)

      May 4, 2014 at 5:44 pm

      ကျနော်လည်း ကဗျာပြခန်းလေးကို လွမ်းနေတာ

      အစစအရာရာ ပြန်အဆင်သင့်ဖြစ်ရင်
      ကဗျာပြခန်းလေး ပြန်အသက်သွင်းချင်လိုက်တာကွယ်

      ကဗျာတွေ အချိန်ရရင် ရသလို ဟို page ထဲ ရှဲပေးပါမယ်ခင်ဗျ

  • အင်း ကောင်း တဲ့ က ဗျာ ပြ ခန်း လေး ကျ နော် တကိုယ် တော် တင် လိုက် မှ နိဌိ တံ သွား တာ က တော့

    စိတ် မကောင်း စ ရာ

  • ပြေ ာ လို သာ ပြော ရ တာ ပါ အလက် ဆင်း ရယ် ကဗျာ ပြ ခန်း အတွက် က ဗျာ တောင်း တဲ့ လူ စာရင်း နာ မယ် မှာ ကျ နော် မ ပါ ခဲ့ ပါဘူး။

    ရွာထဲက ကဗျာရေးသားခြင်းမှာ..ကျွမ်းကျင်ကြတဲ ့ ( ကဗျာအရေးကောင်းကြတဲ ့… )
    ကိုရင် ( Koyin )
    အဘနီ ( နေဝန်းနီ )
    က Myo Thant
    လေးလေးခင်ခ
    ရင်နင့်အောင်
    ရွှေကြည်
    မခိုင်ဇာ
    အံစာတုံး
    ပိတောက်မိုး ( ပိတောက်မိုးက ကဗျာတစ်ပုဒ်တောင် ပို ့ထားပြီးပြီ ။)
    မိုးမင်းသား ( မိုးမင်းသားကတော့…( ကဗျာဆရာတွေ တွေ ့ဆုံပွဲလေးတွေ လုပ်တဲ့အခါ.ကျွန်တော့်ပွှိုင့်တွေထဲကနေ ကဗျာပြခန်းအတွက်ရတဲ့ ပှွိုင့် အရေအတွက်ပမာဏကို
    ငွေသားအဖြစ်..ကျွန်တော်က သူကြီးမပေးခင် ကိုယ့်အိတ်ထဲက ကို်ယ်ထုတ်ပြီးစိုက်လို ့မှ ) မလောက်ရင်… ထပ်စိုက်ပေးမယ်လို ့ စပွန်ဆာပေးတယ် )
    ဦးကြောင်ကြီး ( ကဗျာ ရေးတာ သိပ်မတွေ ့ရပေမယ့်…ကာရန်တွေ နဘေတွေ ပိုင်လွန်းလို ့ သူရေး ပေးမှာ သေချာတယ် .)
    ဦးမာဃ (ဒီ သိကြားမင်းလည်း.. ကဗျာ ဇ မသေးဘူး ဆိုတာ သိတယ် ။ )
    လေးလေးမောင်ပေ ( လေးလေးပေလည်း.ကဗျာ..ရေးပေးရမယ် ။ )
    သူကလေး
    လူကလေး
    marblecommet
    ကိုရင်စည်သူ
    Wow
    ဖက်ဖက်ကက် ( ဖော့(စ)ထရော့ချာလီ )
    မွန်မလေးလုံလုံ ( အဲ.. ) လုံမလေးမွန်မွန်
    လေးလေးဘလက်ချော
    nay khin

    • alinsett (gazette)

      May 5, 2014 at 4:47 pm

      အိုးးး
      အဲ့တုန်းက ကျနော်က ရွာထဲ သိပ်မနှံ ့သေးဘူးရယ်
      ဘယ်သူ ဘာတွေ ရေးတတ်တယ်တောင် သိပ် သတိမပြုမိဘူးလေ။
      ကဗျာရေးနိုင်စွမ်းသူတွေနာမည် တချို ့ကျန်ခဲ့မှာ ကြောက်ကြောက်နဲ့ပဲ
      မှတ်မိသလောက် နာမည်တွေ ချရေးခဲ့တာပါ။

      လေးပေါက်ကို အဲ့တုန်းက ဓါတ်ပုံသမားလို့ပဲ ထင်နေတာ
      အဟိ

      အခုနေများ
      ကဗျာဆရာတွေ
      ကဗျာနဲ့ပက်သက်တဲ့သူတွေ
      ကျနော်ချစ်သော ကဗျာများကို ဖန်တီးသူတွေ
      နာမည်တွေ တန်းစီ ချရေးခိုင်းကြည့်
      လေးပေါက်နာမည် ထိပ်ဆုံးက မပါ မဖြစ်

      🙂

  • တယ်တတ်ပါ လား အ လက် ဆင်း

    စိတ် မ ဆိုး ပါ

    ကြုံတုန်း လေး ပွား ကြည့် တာပါ

    ကိုေ ပါက် ကို ဓါတ်ပုံ သ မား အဖြစ ်မြင် ခဲ့ ကြ တာ ကြာ ပေါ့

    တကယ် တော့ ဓါတ်ပုံမှာလ ဲ ဖြစ် ဖြစ် မြောက် မြောက် မ ရှိ သေး ပါ

    စာဘက် ကြ လဲ ယောင် တောင် ပေါင် တောင်

    လိုင်း ကြောင် သွား သလို ပါ ဘဲ

    • alinsett (gazette)

      May 6, 2014 at 10:04 am

      လိုင်းကြောင်တာမဟုတ်ပါဘူး..လေးပေါက်ရယ်…
      အဲဒါ..စွယ်စုံရအနုပညာသမား လို ့ သတ်မှတ်ရမှာပါ…. ။

      🙂

Leave a Reply