ဧဝံမေသုတံ……..ဘဂဝါ သာဝတ္ထိယံ..။

နွေဦးMay 11, 20135min36511

ကျောင်းနေစဉ်က ဘုရားစာတွေစသင်ရပြီဆို မင်္ဂလ သုတ်က စသင်ရပါတယ် ။မင်္ဂလသုတ်ကို စကျက်ရကတည်းက “ဧဝံမေသုတံ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝါဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရမေ” ဒီလို ပါဠိလို စကျက်ရပါတယ် ။

ဒီကတည်းက သာဝတ္ထိမြို့တော်ကြီးနဲ့ ဇေတဝန်ကျောင်းတော်ကို စိတ်ကူးနဲ့ သိခဲ့ရတဲ့နေရာပါ ။

ဇေတဝန်ကျောင်းတော်ရာ
ဇေတဝန်ကျောင်းတော်ရာ
သာဝတ္ထိမြို့ဟောင်း
သာဝတ္ထိမြို့ဟောင်း

ဇေတဝန်ကျောင်းတော်လို့ဆိုတာနဲ့ ကျွန်တော်တို့တတွေအားလုံးသိကြပါတယ် ။အနာထပိဏ်သေဋ္ဌေးကြီး ကမြတ်စွာဘုရားရှင်အတွက် ကျောင်းဆောက်လှူဖို့ မြေနေရာကို ဇေတ မင်းသားရဲ့ မြေကွက်ပေါ် ရွှေဒင်္ဂ ါးအပြည့်ခင်းပြီးဝယ်ယူခဲ့တဲ့ တန်ဖိုးကြီးလှတဲ့ကျောင်းလို့ သိခဲ့ကြပါတယ် ။မြေပြင်အပြည့် ရွှေဒင်္ဂ ါး ၁၈ ကုဋေ ခင်းခဲ့ရတယ်လို့ ဆိုပါတယ် ။ဒါတောင် ဇေတမင်းသားက မြတ်စွာဘုရားရှင်ကို သဒ္ဒါပေါက်ပြီး မြေတဝက်သာခင်းစေခဲ့တာလို့ ဆိုပါတယ် ။ အနာထပိဏ် သေဋ္ဌေးဟာ ဇေတဝန်ကျောင်းကို ဘုံ ရဆင့်နဲ့အထပ် ရထပ်ဆောက်ခဲ့ပြီး ရွှေဒင်္ဂ ါး ၁၈ကုဋေ ကုန်ပါတယ်တဲ့ ။

ဒီအရပ်မှာ မြတ်စွာဘုရားရှင်က ၂၅ ဝါတိုင် ဝါကပ် ဝါဆိုခဲ့ပါတယ်တဲ့ ။

ဒီအရပ်လို့ ဆိုရတာက သာဝတ္ထိမြို့ရဲ့ အရှေ့ဖက်မှာ ဝိဿခါကျောင်းအမကြီးရဲ့ ပုဗ္ဗါရုံကျောင်းတော်နဲ့ တောင်ဘက်မှာ ရာဇိကာရုံကျောင်းေတော်နဲ့  ဇေတဝန်ကျောင်းတော် တို့ ရှိလို့ပါ ။အသေခြာပြောရရင် ဇေတဝန်ကျောင်းတော်မှာ (၁၉)ဝါ ပုဗ္ဗာရုံကျောင်းတော်မှာ (၆)ဝါသီတင်းသုံးခဲ့တယ်လို့ဆိုပါတယ် ။

 ဇေတဝန်ကျောင်းတော်
ဇေတဝန်ကျောင်းတော်စကြံလမ်း
 ဇေတဝန်ကျောင်းတော်
ဇေတဝန်ကျောင်းတော် ဂန္ဓကုဋီ တိုက်

 

 

ဇေတဝန်ကျောင်းတော်ရာ..
ဇေတဝန်ကျောင်းတော်ရာ..

PANO_20130420_085236

PANO_20130420_082629

 

 

 

မြတ်စွာဘုရားရှင်သည် ဝါတွင်းသုံးလသာ ဇေတဝန်ကျောင်းတော်၌သိတင်းသုံးတော်မူပြီးကျန်ကိုးလ လုံးလုံး မဇ္ဈိမဒေသတိုင်းအသီးသီးသို့ ဒေသစာရီလှည့်လည်တော်မူလေသည် ။သာဝတ္ထိမြို့သူမြို့သားတို့သည် ဇေတဝန်ကျောင်းတော်သို့ လာသော်မြတ်စွာဘုရားရှင်အား မဖူးရလျှင် မြတ်စွာဘုရားရှင်ကိုယ်စား ဗောဓိပင်အားပန်းနံ့သာတို့ဖြင့် ပူဇော်ခွင့်ပြုရန် ရှင်အာနန္ဒာမှ မြတ်စွာဘုရားရှင်အားလျှောက်ထားခဲ့ပါတယ် ။ မြတ်စွာဘုရားရှင်မှ ခွင့်ပြုတော်မူသဖြင့်  ရှင်အာနန္ဒာသည် ရှင်မဟာမောဂ္ဂလာန်မှ ဗုဒ္ဓဂါယာမှ ဗောဓိပင်မျိုးစေ့ကို ယူဆောင်၍အနာထပိဏ်သေဋ္ဌေးအား စိုက်စေခဲ့ပါတယ် ။ ရှင်အာနန္ဒာ ရဲ့ အစီအမံနှင့်စိုက်သောအပင်ဖြစ်၍ အာနန္ဒာဗောဓိဟု ခေါ်ဆိုခဲ့ကြပါတယ် ။ဒီဗောဓိပင်ဟာ နှစ်ပေါင်း၂၅၀ဝကျော်ပြီဟုလည်းအဆိုရှိပါတယ် ။အဲဒီအချိန်ကစလို့ ဗောဓိညောင်ပင်အား ပရိဘောဂစေတီအဖြစ် မြတ်စွာဘုရားကိုယ်စားကိုးကွယ်ခွင့်ပြုခဲ့ကြောင်းသိခဲ့ရပါတယ် ။

အာနန္ဒာဗောဓိပင်
အာနန္ဒာဗောဓိပင်

 

ဇေတဝန်ကျောင်းတော်တွင်း စိမ်းလန်းသာယာပုံ
ဇေတဝန်ကျောင်းတော်တွင်း ဘုရားဖူးများနှင့် စည်ကားနေ…

 

ဇေတဝန်ကျောင်းတော်တွင်း ဘုရားဖူးများ..
ဇေတဝန်ကျောင်းတော်တွင်း ဘုရားဖူးများ..

 

ဇေတဝန်ကျောင်းတော်အတွင်း မြတ်စွာဘုရားသီတင်းသုံးသောကျောင်းဆောင်ကြီးလေးဆောင်ရှိခဲ့ပါတယ်။

၁။   ။ ဂန္ဓကုဋီကျောင်းတော်(နံ့သာကျောင်းတော်)
၂။ ။ ကရေရိကုဋီ (ရေခံတပ်ပင်ရှိသောကျောင်းတော်)
၃။ ။ သလာလာဂါရကုဋီ (သလာကုဋိကျောင်းတော် )
၄။ ။ ကောသမ္ဗကကုဋီ (ကြို့ပင်ရှိသော ကျောင်းတော်)
ဂန္ဓကုဋီ၏ရှေ့မှာသံဃာစည်းဝေးရာမဏ္ဍပ် (ဥပဌာနသာလာ)ဓမ္မာရုံ ရှိပါတယ်တဲ့ ။

သလလာ ဂါရကုဋီ ကျောင်းတော်ရာ
သလလာ ဂါရကုဋီ ကျောင်းတော်ရာ

 

 

 

 

 

သလာလာဂါရကုဋီကျောင်းတော်ဟာ ကောသလမင်းလှူသော ကျောင်းတော်ဖြစ်ပါတယ် ။ကျောင်းဆောင်အလယ် မြေကွက်မှာ ရေတွင်းရှိပါတယ် ။ မြေကွက်လပ် ပတ်လည်မှာ အခန်း ၂၄ ခန်း နှင့်ဝန်းရံပြီး မျက်နှာချင်းဆိုင်မှာ ဘုရားခန်းဖြစ်ပါတယ် ။

သံဃာ စည်းဝေးရာ ဥပဌနသာလာ
သံဃာ စည်းဝေးရာ ဥပဌနသာလာ

 

သံဃာ စည်းဝေးရာ ဥပဌနသာလာရှိ ပလ္လင်တော်
သံဃာ စည်းဝေးရာ ဥပဌနသာလာရှိ ပလ္လင်တော်

 

 

 

 

 

 

 

 

 

မြတ်စွာဘုရားရှင် ခြေဆေးရာ ရေတွင်း(သစ်ရွက်မကျရန် သံဇကာဖြင့်အုပ်ထားသည်)
မြတ်စွာဘုရားရှင် ခြေဆေးရာ ရေတွင်း(သစ်ရွက်မကျရန် သံဇကာဖြင့်အုပ်ထားသည်)

ဂန္ဓကုဋီ ကျောင်းတော်ရှေ့မှာ ရေတွင်းတစ်တွင်းရှိပါတယ် (ယခု ၎င်းရေတွင်းမှာ လက်နှိပ်တုံကင် တပ်ထားပါတယ် )။မြတ်စွာဘုရားရှင် ဆွမ်းခံပြန်ရောက်လျှင်ထိုရေတွင်း၌ ခြေဆေးမြဲဖြစ်၏ ။ခြေဆေးရင်းရဟန်းတပည့်တို့အား နေ့စဉ် ဩဝါဒပေးလေ့ရှိသောတရားတို့ကား….။

၁။  ။လောက၌ ဘုရားဖြစ်ရန် ခဲယဉ်းလှပေ၏ ။

(ဘိက္ခဝေ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိ ံ )

၂။  ။ လူအဖြစ်ကို ရခြင်းသည် ခဲယဉ်းလှပေ၏ ။

(မနုဿတ္တဘာဝေါ ဒုလ္လဘော )

၃။  ။သဒ္ဓါနှင့်ပြည့်စုံခြင်းသည် ခဲယဉ်းလှပေ၏ ။

(ဒုလ္လဘာသဒ္ဓါသမ္ပတ္တိ )

၄။  ။ရှင်ရဟန်းအဖြစ်ရရန်ခဲယဉ်းလှပေ၏။

(ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော )

၅။  ။သူတော်ကောင်းတရားကြားနာရခြင်းသည်အခဲယဉ်းဆုံးဖြစ်ပါပေ၏ ။

(သဒ္ဓမ္မဿဝနံအတိဒုလ္လဘံ )

ရဟန်းတို့စည်းဝေးရာ ဥပဌာနသာလာ ဓမ္မာရုံ ကျောင်းတော်ရာ
ရဟန်းတို့စည်းဝေးရာ ဥပဌာနသာလာ ဓမ္မာရုံ ကျောင်းတော်ရာ(အလယ်၌ ဓမ္မပလ္လင် ရှိသည် ။)

 

ဥပဌာနသာလာ သံဃာ့စည်းဝေးရာ ဓမ္မာရုံတွင် မြတ်စွာဘုရားရှင်သည် ညနေခင်းတွင်  လူများကို၎င်း၊ညဥ့်ဦးယံတွင် ရဟန်းများကို၎င်း၊ တရားဟောကြားပြီး နောက် ဂန္ဓကုဋီသို့ကြွတော်မူပြီး သန်းခေါင်ယံ အရှေ့ပိုင်းတွင် နတ်များကို တရားဟောတော်မူပါတယ် ။

အဲဒီ ဓမ္မာရုံမှာဘဲ ပဋာစာရီရဲ့အပူမီးငြိမ်းစေခဲ့ပြီး စိဉ္စမာန ကိုလည်း အောင်မြင်တော်မူခဲ့ပါတယ် ။

ဇေတဝန်ကျောင်းတော်မှာ မြတ်စွာဘုရားရှင်ဟာ ပိဋကတ်လာ သုတ်တော်ပေါင်း (၈၄၄) သုတ်တော် ဟောကြားခဲ့ရာနေရာဖြစ်ပါတယ် ။

ပုဗ္ဗာရုံကျောင်းတော်မှာ သုတ်တော် (၂၃)သုတ်နဲ့ သာဝတ္ထိမြို့တွင်းမှာ သုတ်တော် (၄) သုတ် ဟောတော်မူခဲ့တယ်လို့ မှတ်သားရပါတယ် ။

ပုဗ္ဗာရုံကျောင်းတော်ဆိုတာက သေဋ္ဌေးသမီး ဝိသာခါ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ကျောင်းတော်ဖြစ်ပြီး ဇေတဝန်ကျောင်းရဲ့အရှေ့ဘက် အစီရဝတီ မြစ်ဘေးမှာ ရှိပါတယ် ။

ပုဗ္ဗာရုံ ကျောင်တော်မှာ မြတ်စွာဘုရားရှင်က အလှငါးမျိုးကို အောက်ပါအတိုင်း ညွှန်ပြခဲ့ပါတယ် …။

(က)     နေမင်းသည်နေ့အချိန်၌ နေရောင်တောက်ပ၍ အဆင်းလှ၏ ။

(ခ)       လမင်းသည် ညအချိန်၌ လရောင်ဆမ်း၍ အဆင်းလှ၏ ။

(ဂ)      မင်းသည် နန်းမှထွက်သည့်အချိန်၌ မင်း၏တန်ဆာဝတ်ဆင်လာ၍ အဆင်းလှ၏ ။

(ဃ)    ရဟန်းသည် ဈန်ဝင်စားချိန်၌ သမာဓိရ၍ အဆင်းလှ၏ ။

(င)       မြတ်ဗုဒ္ဓသည် နေ့ညမပြတ် ဂုဏ်တော်ပြန့်၍ နေမင်း ၊လမင်း ၊လူမင်း၊ ရဟန်းတို့ထက် အဆင်းလှ၏ ဟု ဟောပြောညွှန်ပြခဲ့ပါတယ် ။

ယနေ့မှာတော့ ပုဗ္ဗာရုံ ကျောင်းမှာ အစီရဝတီ မြစ်ရေတိုက်စားခံရ၍ ပျက်စီးခဲ့ပြီဖြစ်ပါတယ် ။ကျောင်းပျက်ရဲ့ အုတ်ကျိုးကျောက်ပဲ့တွေကိုတော့ အစီရဝတီမြင်တွင်းမိုင်ဝက်လောက်မှာတူးဖေါ်တွေ့ရှိတယ်လို့ ဆိုပါတယ် ။

 

တန်ခိုးပြာဋိဟာ ပြတော်မူရာ သရက်ဖြူကုန်း
တန်ခိုးပြာဋိဟာ ပြတော်မူရာ သရက်ဖြူကုန်း

ရဟန်းသံဃာတို့ကို တန်ခိုးပြခြင်းသည်အံ့ဩဖွယ်ကောင်းသော်လည်း လူတို့အတွက် အကျိုးမရှိ ဟူ၍ တန်ခိုးပြခြင်းကို မြတ်စွာဘုရားရှင်က တားမြစ်ခဲ့ သည် ။ဒါကို တိတ္ထိတို့က တန်ခိုးပြိုင်ရန် စိန်ခေါ်လာသဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် သရက်ဖြူပင်ရင်း၌ တန်ခိုးပြာဋိဟာ ပြသခဲ့ပါတယ် ။

ရေမီးအစုံနဲ့ တန်ခိုးပြာဋိဟာအစုံစုံ ပြသခဲ့ပြီး မြတ်စွာဘုရားရှင်ဟာ  တာဝတိ ံသာ နတ်ပြည်သို့ သတ္တမမြောက်ဝါဆိုရန် သရက်ဖြူကုန်းမှ နှစ်လှမ်း သုံးဖဝါးဖြင့် ကြွတော်မူပါတယ် ။

 

 

 

 

 

တန်ခိုးပြာဋိဟာ ပြတော်မူရာ သရက်ဖြူကုန်း
တန်ခိုးပြာဋိဟာ ပြတော်မူရာ သရက်ဖြူကုန်း
တန်ခိုးပြာဋိဟာ ပြတော်မူရာ သရက်ဖြူကုန်း
တန်ခိုးပြာဋိဟာ ပြတော်မူရာ သရက်ဖြူကုန်း

 

ဒါကြောင့် သာဝတ္ထိမြို့ဟာ နတ်ပြည်သို့တက်ရာလမ်းဖြစ်တယ်လို့ပြောကြသလို ငရဲ ပြည်သို့လည်းတိုက်ရိုက်လည်းရောက်နိုင်တယ်ဆိုပြီး စိဉ္စမာန နဲ့ ဒေဝဒတ်တို့ မြေမြိုခဲ့တာကို အကြောင်းပြုပြီးပြောကြပါတယ် ။

 

ဒေဝဒတ် မြေမြိုခဲ့သည့်နေရာ
ဒေဝဒတ် မြေမြိုခဲ့သည့်နေရာ (ယခုတော့ ရေအိုင်ဖြစ်နေပါတယ်)

 

စိဉ္စမာန မြေမြိုရာနေရာ(ယခု ရေကန်ဖြစ်နေပါတယ်)
စိဉ္စမာန မြေမြိုရာနေရာ(ယခု ရေကန်ဖြစ်နေပါတယ်)

 

 

 

 

 

 

 

 

 

သာဝတ္ထိမြို့ဟောင်းကိုလည်း သွားရောက်လေ့လာကြည့်မယ်ဆိုရင် ကောသလ မင်းကြီးရဲ့နန်းတော်ရာဟောင်းနဲ ့အဂုင်္လိမာလ စေတီနေရာတွေကို တွေ့ရမှာပါ ။ကောသလမင်းကြီးဆို သိသူများကြပါတယ် ။ အစားကြီးလို့ ဆန်တစ်အိတ် ဆိတ် တစ်ကောင် ကုန်သတဲ့ ။ဒါထက်ပိုပြီးလူတွေသိတာက “ကောသလမင်းကြီးအိပ်မက် တစ်ဆယ့်ခြောက်ချက်”ဆိုတာပေါ့ ။

အဂုင်္လိမာလ စေတီ
အဂုင်္လိမာလ စေတီ
အဂုင်္လိမာလ စေတီ
အဂုင်္လိမာလ စေတီ

 

 

 

 

 

 

 

 

 

ကောသလမင်းကြီးနန်းတော်ရာ(ကာကျစ် ကုဋီ)
ကောသလမင်းကြီးနန်းတော်ရာ(ကာကျစ် ကုဋီ)

 

 

 

 

 

ဒီမြို့ဟောင်းထဲမှာ ဘာသာခြားတွေက သူတို့ရဲ့ ဘာသာရေးဆိုင်ရာ တွေ လာရောက်ရာနှောထားခဲ့တာ နှစ်များစွာ ကြာခဲ့ပါတယ် ။နောက်ပိုင်းမှ အိန္ဒိယရှေးဟောင်းဌာနကနေ သန့်စင်ရှင်းထုတ်လိုက်မှ ခုလို ရှင်းရှင်းလင်းလင်းမြင်ရတာပါတဲ့ ။ဒါတောင်တချို့နေရာတွေမှာ သချင်္ိုင်း နေရာတွေ ကျန်နေသေးတယ်လို့ ဆိုပါတယ် ။

သာဝတ္ထိ မြို့မှာ မြန်မာတွေ ဂုဏ်ယူလောက်တဲ့ ဘုန်းတော်ကြီးကျောင်းသစ်ကြီးကိုလည်း ဆောက်လုပ်ပြီးခဲ့ပြီးပါပြီ ။ယခင်မြန်မာဘုန်းတော်ကြီးကျောင်းက ဇေတဝန်ကျောင်းတော်ရာရဲ့ရှေ့မှာ ရှိပြီး ယခုကျောင်းသစ်ကတော့ ကားလမ်းမကြီးရဲ့ ဘေးမှာ ရှိပါတယ် ။

သာဝတ္ထိမြန်မာကျောင်းတော်
သာဝတ္ထိမြန်မာကျောင်းတော်
သာဝတ္ထိမြန်မာကျောင်းတော်
သာဝတ္ထိမြန်မာကျောင်းတော်

 

 

 

 

 

 

 

 

 

သာဝတ္ထိမြန်မာကျောင်းတော်
သာဝတ္ထိမြန်မာကျောင်းတော်

 

သာဝတ္ထိမြန်မာကျောင်းတော်ဆရာတော်အား အလှူငွေများလှူဒါန်းပါတယ်
သာဝတ္ထိမြန်မာကျောင်းတော်ဆရာတော်အား အလှူငွေများလှူဒါန်းပါတယ်

 

 

 

 

 

 

 

 

 

 

သာဝတ္ထိမှာ ဇေတဝန်ကျောင်းတော်ရာ ဟာ ပန်းခြံတခုလို လေ့လာစရာနေရာတခုလို ဝင်ကြေးယူ သတ်မှတ်ထားတော့အလှူခံပုံးတွေ အလှူခံဌာနတွေ တော့မရှိပါဘူး ။ ဒါပေမဲ့ လာရောက်ကြတဲ့သူတွေဆီက အလှူခံနေတဲ့ ဆာဒူးတွေ ရဟန်းနဲ့ဆင်ဆင်တူတဲ့သူတွေ အရွယ်မျိုးစုံ တောင်းရမ်းနေတဲ့ သူတွေ တွေ့ရပါတယ် ။

ဒါကြောင့် မြန်မာဘုရားဖူးတွေဟာ မြန်မာကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီးတွေနဲ့ ကျောင်းဝေယျာဝစ္စအတွက်ဘဲလှူဒါန်းကြပါတယ် ။
သာဝတ္ထိမြန်မာကျောင်းမှာ တညတာအိပ်ပြီး နောက်ရက်မှာတော့ လုမ္ဗနီရှိရာ နီပေါနိုင်ငံကို ခရီးဆက်ခဲ့ပါတယ်…။

ခရီးစဉ် မပြီးသေးတဲ့….
နွေဦး ။

11 comments

  • နွေဦး

    May 11, 2013 at 5:41 pm

    ရွာသူရွာသားအပေါင်းအား တောင်းပန်ခြင်း…
    ကျွန်တော်နွေဦးသည် ခရီးမှအပြန် အလွန်ရှားပါးသောအချိန်ကာလတွင်
    မိမိရလာခဲ့သော အတွေ့အကြုံများကို…
    ဗုဒ္ဓဂါယာသို့ မရောက်နိုင်သေးသော မိတ်ဆွေများအား၎င်း ၊
    ရောက်ရှိပြီးသောမိတ်ဆွေများအား၎င်း၊
    ကုသိုလ် အဖို့ကို ရစေလိုသောစေတနာ
    မျှဝေပေးလိုသော ဆန္ဒဖြင့်
    ဒီ post ကို ရေးခဲ့ပါတယ် ။
    အချိန်နည်းပါးသည့်အတွက် ကျွန်တော်၏ Post များကို
    Comment ရေးသားချက်များအပေါ် ပြန်ကြားနိုင်ခြင်းမရှိခဲ့ပါ ။
    ထိုသို့ ကျွန်တော်၏ အပြုအမူပေါ်တွင် နားလည်ပေးကြစေလိုကြောင်းတောင်းပန်အပ်ပါတယ်ခင်ဗျား..။

    အယူအဆ မတူကြသူများကတော့ comment မှာ အနီရောင် ချယ်နေကြတော့ သူတို့လည်းအလုပ်ရကြတာပေါ့နော်..
    အားလုံးကို ကျေးဇူးတင်လျှက် ……
    နွေဦး

  • ဦး ကျောက်ခဲ

    May 11, 2013 at 6:15 pm

    အကိုကြီးရေ …
    အဖိုးမဖြတ်နိုင်အောင်ဗဟုသုတရလို့ ကျေးဇူးအထူးတင်ပါတယ်…
    ၂၀၁ဝခုနှစ်က အမေ့ကိုလိုက်ပို့ရင်း ရောက်ဖူးပေမည့် မှန်တာပြောရရင် ဘာမှမသိခဲ့ပါဘူး…
    အခု အကိုကြီးရှင်းပြမှ သေသေချာချာသိသွားလို့ သာဓု သာဓု သာဓုပါခင်ဗျာ…
    စကားမစပ်…
    အနီပေးပြီး စိတ်အနှောက်အရှက်ဖြစ်အောင် အလုပ်ရှာနေတဲ့ “သခင်မျိုးဟေ့ ဒို့ဘာမန်” တွေကို အမျှသာဝေလိုက်ပါဗျာ…
    စာကြွင်း။ ။ အကိုကြီးလည်းဓာတ်ပုံ အရိုက်ကောင်းကိုး…

  • ဦးကြောင်ကြီး

    May 11, 2013 at 8:12 pm

    မေသုတံ
    ရွှေဆုလျှံ
    အေယုစံ
    သွေပြုကံ
    ငွေတုရန်
    ဂျေပုညဏ်
    နွေခုလန်
    ဝေဥပန်..

  • မောင် ပေ

    May 11, 2013 at 9:17 pm

    သာဓု သာဓု သာဓု
    ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ပါ ကိုနွေဦးရေ
    ဓါတ်ပုံမှတ်တမ်း ဝေဝေဆာဆာနဲ ့
    ကိုယ်တိုင် ရောက်ရသလို ပါပဲဗျား

  • MaMa

    May 11, 2013 at 9:27 pm

    ကောင်းလိုက်တဲ့ စာနဲ့ ပုံတွေ။
    ဗုဒ္ဓဝင်ကိုပါတွဲပြီး ရေးပြထားတာ ကိုယ်တိုင်သွားတာထက်တောင် အကျိုးများသေးတယ်။
    အားပေးပါတယ်။
    သံဝေဇနိယ လေးဌာနလုံး စုံအောင် ရေးပေးနော်။
    ဒါ့ထက် ဘုရားဖူးအဖွဲ့နဲ့သွားတာလား။
    ဘယ်ဘုရားဖူးအဖွဲ့လဲ။
    ဘယ်နှစ်ရက်ကြာသလဲ။
    ကွန်မန့်ကို မဖြေနိုင်ရင် နောက်တင်မယ့်ပိုစ့်မှာ ရေးပေးစေလိုပါတယ်။ :hee:

  • ဆူး

    May 12, 2013 at 10:39 am

    ပြန်လည် ရောက်ရှိခဲ့တဲ့ အချိန်တွေကို သိပ်လွမ်းပါတယ်။
    အချက်အလက်တွေ တိတိကျကျ မှတ်သားပြီး သေချာ ရေးသားထားတဲ့ အတွက် လေးစားချီးကျူးမိပါတယ်။

    ကိုယ်တိုင်သွားတုန်းက ဓါတ်ပုံမှတ်တမ်း မတင်ခဲ့ပါဘူး.. ရှင်းပြတဲ့ ပုဂိ္ဂုလ် ပြောသမျှ နားစိုက်ထောင်ပြီး ဦးနှောက်ထဲမှာပဲ မှတ်နေတဲ့ အတွက် ဓါတ်ပုံ ရိုက်ဖို့ အချိန်ကို မပေးနိုင်ခဲ့ဘူး။
    ကင်မရာကိုင်ပြီး လျှောက်ရိုက်ရတာ ဝါသနာ မပါတာလည်း ပါတယ်။

    ဓါတ်ပုံ မြင်ကွင်းကျယ် ကို ကြည့်ပြီး သဘောကျမိတယ်။

    မနေ့ညကလည်း နိုင်ငံခြားလိုင်း တခုမှာ ဗုဒ္ဓဂါယာ အကြောင်း Bone of Buddha ဆိုတဲ့ နာမည်နဲ့ အင်္ဂလိပ်လို စကားပြောနောက်ခံနဲ့ ပြနေတာ မြင်တော့ သွားခဲ့ဖူးတာ ပြန်သတိရမိသလို.. အရမ်းလည်း နောက်ထပ် တခေါက်သွားချင်ပါသေးတယ်။

    ဗုဒ္ဓဂါယာက ပြန်လာခါစတုန်းကတော့ နောက်ထပ် မသွားတော့ဘူး.. ကားချည်းပဲ လှိမ့်စီးခဲ့ရတာ ပင်ပန်းတယ် တနေ့ တနေ့ အစားအသောက်လည်း ကြက်သား ကြက်ဥ ဆိုပြီး တွေးမိတယ်..
    အခု စိတ်ထဲမှာ သွားချင်တဲ့ စိတ် သဒ္ဒါတွေ အထပ်ထပ် အခါဖြစ်ပေါ်နေမိတာတော့ အမှန်ပါပဲ။

    နောင်များ သွားဖြစ်ခဲ့ရင်တော့ ပထမအကြိမ်က မလုပ်ဖြစ်ခဲ့ လုပ်ရကောင်းမှန်း မသိခဲ့တဲ့ အရာတွေ လုပ်မယ် စိတ်ကူးပါတယ်။
    ဥပမာ ဘုရားကြာသင်္ကန်းလိုမျိုးပေါ့.. ကိုယ်တိုင် သီးသန့် ကပ်ချင်တယ်။
    လွယ်ကူလျှင်ပြန် ကွေကာအုတ် အထုတ်တွေ သယ်သွားပြီး မနက်တိုင်း ရောက်တဲ့ အရပ်မှာ ရေနွေးတောင်းပြီး သပိတ်အသေးလေးတွေ သည်သွားပြီး တခါတည်း ကပ်ခဲ့ချင်တယ်။
    သုဇာတာ ရဲ့ ဆွမ်းကို အားကျပြီး ကွေကာအုတ် ကပ်ချင်တဲ့ သဘောလည်းပါတယ်။ ခရီးသွားအနေနဲ့ ဝန်မလေးတဲ့ ဆွမ်းတော်မျိုးလို့ ယူဆ တာလည်း ပါတယ်။

    မြတ်စွာဘုရားခြေချ ခဲ့တဲ့ နေရာဒေသတွေ မှာ အေးချမ်းစွာ တရားထိုင်ချင်ပါသေးတယ်။

    ဒါကတော့ အခု နောက်ပိုင်းမှ ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေ ကို ထုတ်ပြီး ရေးသားခဲ့တာပါ။

    ကိုယ်တိုင် လုပ်နိုင်တာလည်း မဟုတ်ပဲ လျှောက်ရေးတယ် လို့ ထင်ကြအုန်းမယ်.. လုပ်ချင်တဲ့ ဆန္ဒ ချရေးပေးလိုက်တာ.. နောက်လူတွေ သွားဖို့ ရှိရင် သတိရအောင် စိတ်ကူးကို ချရေးပေးထားခြင်းလည်း ဖြစ်ပါတယ်။

  • kai

    May 12, 2013 at 4:39 pm

    အနာထပိဏ် သေဋ္ဌေးဟာ ဇေတဝန်ကျောင်းကို ဘုံ ရဆင့်နဲ့အထပ် ရထပ်ဆောက်ခဲ့ပြီး ရွှေဒင်္ဂ ါး ၁၈ကုဋေ ကုန်ပါတယ်တဲ့ ။

    အဲဒီလောက်တန်ဖိုးကြီးနဲ့ပေးဝယ်ထားခဲ့တဲ့.. မြေနေရာ.. အခုခေတ်မှာတော့.. အဲဒီမြေဘယ်သူပိုင်ဆိုင်နေသေးသလည်း..သိချင်မိတယ်..
    အင်း..
    ဂေါတမဘုရားကတော့..ကမ္ဘာ မြေကြီး သူပိုင်ငါပိုင်.. ခွဲဝေနေတဲ့.. လယ်သမား၂ယောက်ကြည့်ပြိး.. ပြုံးတော်မူဖူးတယ်တဲ့..
    မှတ်မိသလောက်ပြောပြတာ… :harr:

  • GaviaGirl

    May 12, 2013 at 5:15 pm

    အားလုံးပြီးရင် ပို့စ်တွေအကုန်လုံးကို စုပေးရင် ကောင်းမယ်နော်.. ဟီး…. သဂျားများ လုပ်ပေးချင်လား မတိဝူး… 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 13, 2013 at 12:35 am

    ဧဝံမေသုတံ ဆိုတဲ့စကားဟာ
    တစ်ယောက်နဲ့တစ်ယောက် နားလည်ပုံခြင်းတော့ နည်းနည်းလေးကွဲကြမယ်ထင်တယ်
    ဆိုလိုတာက သဘောအရတော့ တူပါတယ်
    ဖင်ဂေါင်းကျယ်ပျီး နည်းနည်းစီအနုစိတ်ကြရင်တော့ ထပ်တူထပ်မျှ တူဘို့ရာ မလွယ်ကူပါဘူး
    တစ်ဦးနှင့်တစ်ဦး သဒ္ဓါပေါက်သွားပုံခြင်း ကွဲပြားမယ်ထင်ပါတယ်
    သို့သော်ငြား ဆန့်ကျင်ဖီလာတော့ မဖြစ်ပါဘူး
    ဥပမာ
    ဧဝံမေသုတံ ဆိုတာကို အခြားလူတွေဘယ်လိုနေတယ် မသိဘူး
    ကျုပ်ကတော့
    အရှင်အာနန္ဒာ မထေရ် မြတ်ကြီးရဲ့ အဂတိကင်းတဲ့ အရိယာဂုဏ်ကို ကြည်ညိုပါတယ်
    ကျုပ်က ဘဒ္ဒ န္တကြီးမဟုတ်ပါဘူး ကျုပ်ဆရာကိုကြောင်ကြီးက ဘဒ္ဒ န္တဘါ :mrgreen:
    ဧဝံ = ဤသို့
    မေ = ကျွန်ုပ် ( အာနန္ဒာ )
    သုတံ = မှတ်သားသည်
    ( အဲ့သည်မှာတော့ ကျုပ်က ဆရာကြောင်ကြီးလောက် ဘဒ္ဒ န္တမဟုတ်တော့ မှတ်သားသည်၊ မှတ်သားခဲ့သည်၊
    မှတ်သားခဲ့ပြီးပြီး၊ မှတ်သားနေသည် ဆိုတဲ့ အချိန်ပြပုဒ်တွေကိုတော့မသိနိုင်ပါဘူး )
    ဆိုခဲ့ပြီးသလို မင်္ဂလသုတ်ပါတဲ့ နှစ်စောင်တွဲကို သင်ဘူးသူတိုင်းသိကြမယ်ထင်ပါတယ်
    ဧဝံ ဤသို့
    သုတံ ကြားခဲ့ရသည်
    ဥပရက္ခိတံ မှတ်ခဲ့ရသည်
    ဥပဓါရိတန် ဆောင်ခဲ့ရသည်
    ( စာလုံးပေါင်းတွေကတော့ ကျုပ်လည်း နည်းနည်းမှန်နေတော့ အာမခံမနိုင်ဘူးဗျို့ :mrgreen: )
    လွယ်လွယ်ပြောရရင် မြတ်စွာဘုရားရှင်တော်က သူ့ကို
    ဒီလိုပြောလို့
    ဒီလိုဘဲကြားခဲ့ရတာ
    ဒီလိုကြားတာကို ဒီလိုဘဲမှတ်သားခဲ့ရတာ
    ဒီလိုမှတ်သားခဲ့တာကိုလည်း ဒီလိုဘဲဆောင်ထားခဲ့တာ ( ဒါက နားလည်မြင်သာအောင်ပြောတာပါ )
    ဘယ်သူ့ကိုမှ မကန့်ကွက်ဘူးနော် ကျုပ်သဒ္ဓါတဲ့အတိုင်း အရှင်အာနန္ဒာ မထေရ်မြတ်ကြီးရဲ့
    အဂတိကင်းတဲ့ အရိယာဂုဏ်ကို ချီးကြူးပူဇော်တာ။

    ဘာဘဲဖြစ်ဖြစ်ပါ သဂျီးမင်းအလိုတော်ကျ နည်းနည်းပါးပါးရိုက်ပေါက်လုပ်ပြရရင်
    နာနန္ဒာ ဗောဓိပင်ဆိုတာကြီးက နှစ်ပေါင်းနှစ်ထောင်ကျော်ပုံမရဘူး :mrgreen:
    ဟဲဟဲဟဲ အရဂါးနောက်ဒါ :mrgreen:

  • weiwei

    May 13, 2013 at 9:39 am

    အရင်တုန်းက ရိုးရိုးဖလင်နဲ့ပဲ ဓါတ်ပုံရိုက်ခဲ့ရတာဆိုတော့ ပုံတွေအများကြီး မရှိခဲ့ဘူး …
    အခုလို ပြန်ကြည့်လိုက်ရတော့ အများကြီး ပြန်မှတ်မိသွားတယ် ..

  • kyeemite

    May 13, 2013 at 2:21 pm

    ကောင်းပါလေ့ကိုနွေဦးရေ….
    ပို့စ်အားလုံးပြီးသွားရင်…မွန်မလေးပြောသလို..
    GaviaGirl says:
    အားလုံးပြီးရင် ပို့စ်တွေအကုန်လုံးကို စုပေးရင် ကောင်းမယ်နော်.. ဟီး…. သဂျားများ လုပ်ပေးချင်လား မတိဝူး… 🙂
    သဂျားရေ…တောင်ဆိုနေပီကွ… :kwi:

Leave a Reply