ဖားပြုတ်အရက် နှင့် ရက်ရက်စက်စက် ငွေရှာကြသူများ

ရာမညMay 10, 20131min44032

ဒီစာလေးရေးဖြစ်တာကတော ့ ဦးပေ ရဲ့ပို့စ်မှာ တောအရက်အကြောင်းလေးဖတ်မိလို့ပါ။
ဦးကြောင်ကြီးကလည်း မကြာမကြာဖားပြုတ်အရက်အကြောင်းပြောတတ်တာက်ု သတိယမိပါတယ် ။
ရှေးကတော ့ အများစုက ဆန်ကိုအလျင်ထည့်ပေါင်းခံပြီး ဆန်အရက်အဖြစ် ချက်သောက်ကြပါတယ်။
ပေါင်းခံရည်ဆိုတာ အများအပြားမရနိုင်ပါ ။လက်ဖြစ် တစ်နိုင်တစ်ပိုင်ချက်ရပါသောကြောင့် စီးပွားဖြစ်
မထုတ်လုပ်နိုင်ပါ။ စက်ရုံကြီးများနှင့် ချက်ရတာမဟုတ်လို ့ အမြောက်အများ မရနိုင် ။

သို ့သော် … သောက်သုံးသူများလှသဖြင့် ဈေးကွက်လိုအပ်ချက် ကလည်းရှိလာပြန်တယ် ။အဲ့ အခါမှာ
မောင်မင်းကြီးသားများက (အားလုံးကိုမဆိုလို) ရက်ရက်စက်စက် လုပ်ပါတယ် …ဘယ်လိုလုပ်ကြသလဲဆိုရင်
ပေါင်းခံရည် ချက်အရက်နဲ့ ရေနဲ့ရောပါတယ် ။ပြီးတော ့ အင်ဒရင်းလို ့ခေါ်ကြတဲ့ပိုးသတ်ဆေးကို နှီးပြာလေးနဲ့တို ့
ပြီး နေလှမ်း …… စောစောက အရက်အိုးထဲမွှေ …. သိပ်ပြင်း သိပ်ကောင်း လို့ဆိုပါတယ်….

ဒါတင်လားဆိုတော ့ ကျန်ပါသေးတယ် ..။ အထက်ကပြောခဲ့သလို အရက်အိုးထဲမှာလည်း ဖါးပြုတ်အရှင်ကို
အဝတ်အထပ်ထပ်နဲ့ ထုတ်ပြီး စိမ်ထားတတ်ပါတယ်။ ဖားပြုတ်ရဲ့ ခန္ဓာကိုယ်က ဂရင်းတွေဟာအဆိပ်တစ်မျိုး
ရှိပြီး ဖားပြုတ်စိတ်ဆိုးရင် ထွက်လာတတ်ပါတယ် ။ဒါကြောင့် အဝတ်နဲ့ထုတ်ပြီးအရက်ထဲစိမ်တဲ့အခါ သူမသေမှီ
ရှိသလောက်အားနဲ့ အဆိပ်တွေကိုညှစ်ထုတ်ခဲ့တာပါ။

ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ယောက်ပြောပြချက်ကတော့ ——-
သူတို ့တွေက လမ်းမတော်ဆေးကျောင်းမှာတက်ခဲ့ပါသတဲ့ ။သူတို့ ဆေးကျောင်းရှေ့က သစ်ပင်ရိပ်အောက်မှာ
အထမ်းသမား ထန်းရည်သည်နစ်ဦးအမြဲလာရောင်းပါတယ် ။ ကျောင်းသားတွေဆိုတော ့ ဒီလိုပါပဲ အပျော်
သဘောမကြာမကြာ အမြဲသောက်ရင်း ရင်းနှီးသွားပါတယ် ။ထန်းရည်က တော်တော်လေး ကောင်းတယ်လို့
ဆိုပါတယ် ။ တစ်နေ့တော့ ထန်းရည်အိုးထဲ ဘာများ ရှိနေမလဲလို့ နှိုက်ကြည့်တဲ့အခါမှာ …….
အထုတ်ကြီးတစ်ထုတ် တွေ့ရပါသတဲ့ ။ ဘာအထုတ်လည်းဆိုတာကတော့ စာဖတ်သူများ မှန်းမိမှာပါ ။
ကျွန်တော ့မိတ်ဆွေ ဆရာဝန်များဟာ ကျွန်တော့်ထက်အသက်ကြီးပါတယ် ။နောင်တော်တွေပါ ။ ၇၄ -၇၅ အဖွဲ့တွေပါ ။ သူတို ့အပတ်စဉ်မှာ လက်ရှိထင်ရှားသူ ဆရာဝန်ကြီးများ ရှိနေပါတယ် ။

ယခု အခါမှာလည်း ဈေးကွက်ထဲကအရက်တစ်ချို ့ဟာ ဖေါက်သည်ဈေး မြန်မာကျပ်ငွေ ၄၀ဝ ခန် ့သာရှိပါတယ် ။
စဉ်းစားစရာပါ။ ဒီနေရာမှာ ဈေးပေါတာ သံသယဖြစ်မိပါတယ် ။ ဘယ်လောက်များ ပေါအောင်ထုတ်လို ့
ပုလင်းသွတ်ပြီး တံဆိပ်ကပ်ပြီး ထုတ်ပိုးပြီး ကြော်ငြာခပါပြီး …
မော်ဒယ်စားရိတ်ပါပြီး …. ၅၀ဝ နဲ ့ ၁၀၀ဝ ကြား….
ဘာအရက်တွေလဲဆိုတော့ ဂျင် တဲ့ နာနတ်အရက်တဲ့ လိမ္မော်အရက်တဲ့ ရမ် တဲ့ ဝီစကီတဲ့ …..
အိုဘယ် ့….မြန်မာပြည် ….

ကြိုးစားပါဦးမည်
ရာမည

32 comments

  • ခင်ခ

    May 10, 2013 at 3:28 pm

    ရိုးရိုးတောအရက်ကို ဂျင် ဖြစ်ချင်လား၊ ရမ် ဖြစ်ချင်လား၊ ဝီစကီ ဖြစ်ချင်လား မြန်မာမှာ ဖလေဘာလေး ဆောင်ပြီး ထုတ်နိုင်နေပါတယ်။ အဲဒါကို လက်တွေ့ကွင်းဆင်းတွေ့ပြီး သကာလ ခင်ခက အရက်တိုင်းတော့ မသောက်ဘူး ဆိုတဲ့မူဝါဒကို လက်ကိုင်ထားမိတယ်လေ။

    • Foreign Resident

      May 10, 2013 at 3:58 pm

      ” ခင်ခက အရက်တိုင်းတော့ မသောက်ဘူး ဆိုတဲ့မူဝါဒကို
      လက်ကိုင်ထားမိတယ်လေ ”

      Good ။ ကိုခင်ခ ။
      ကိုခင်ခ မသောက်တဲ့ ( မကောင်းဘူးလို့ထင်ရတဲ့ ) အရက်တွေကို မမေးချင်ပါဘူး ။
      ဘာဖြစ်လို့လဲ ဆိုတော့ သူများ ( အရက် ထုတ်တဲ့သူ ) တွေ နစ်နာမှာ စိုးလို့ပါ ။

      ဒါပေမယ့် ၊ ကိုခင်ခ သောက်တဲ့ ( ကောင်းတယ်လို့ထင်တဲ့ ) အရက်တွေကိုတော့ ပြောပြပါလား ။
      ရွာသူားတွေ ၊ ဗဟုသုတ ရ ၊ ဆင်ခြင်နိုင်တာပေါ့ ။

    • Foreign Resident

      May 10, 2013 at 4:09 pm

      ” ရိုးရိုးတောအရက်ကို ဂျင် ဖြစ်ချင်လား၊ ရမ် ဖြစ်ချင်လား၊ ဝီစကီ ဖြစ်ချင်လား
      မြန်မာမှာ ဖလေဘာလေး ဆောင်ပြီး ထုတ်နိုင်နေပါတယ် ”

      အရက် ဆိုလို့ပြောရဦးမယ် အပေါစား အရက် Brand တွေက ၊
      အဓိက ကတော့ OP လို့ခေါ်နေကြတဲ့ Ethyl Alcohol ကို အရင်ထုတ်လိုက်တာပါ ။
      ပြီးတော့မှ Distill Water & Flavor တွေနှင့်ရောပြီး အချိန်တစ်ခုထားလိုက်တာပါ ။

      • ခင်ခ

        May 10, 2013 at 4:28 pm

        အဘဖောနဲ့ ဆုံဖြစ်တဲ့ တစ်နေ့တော့ အဘဖော ကိုပြောပြမယ်ဗျာ။
        ဒီပိုစ့်က member only မဟုတ်တဲ့အတွက် ရေးတော့ဘူးနော်။
        အရက်သောက်ခြင်း နဲ့ ကျန်းမာရေး ဆက်စပ်မှု့လေးအကြောင်းပိုစ့် အရင်က ခင်ခ ရေးခဲ့ဘူးပြီးသားပါခင်ဗျ။

      • ရာမည

        May 10, 2013 at 11:09 pm

        ဦးခင်ခနဲ့ ဦးဖေါရိန်းတို့ခင်ဗျာ
        ယခုလိုဆွေးနွေးပေးတာကျေးဇူးတင်ရှိပါတယ် ။
        ဦးခင်ခပြောမည့် ကောင်းသောအရက်အကြောင်းတွေလည်းသိချင်ပါတယ် ။
        ဦးဖေါပြောသလို အရောင်အနံ့သာလျင်ထည့်ပြီး ဝက်သစ်ချစည်မဆိုထားနှင့်
        ကျွန်းသားနှင့်သော်မျှမစ်ိမ်ကြပါ ။
        ယခုသိရသလောက်နိုင်ငံခြားဖြစ် နာမည်ကျော်အရက်များလည်း အတုများ
        ကြီးစိုးနေပါတယ် ။

      • Foreign Resident

        May 11, 2013 at 8:25 am

        ” ဦးဖေါပြောသလို အရောင်အနံ့သာလျင်ထည့်ပြီး
        ဝက်သစ်ချစည်မဆိုထားနှင့် ကျွန်းသားနှင့်သော်မျှမစ်ိမ်ကြပါ ”

        အဓိက ပြဿနာ က အဲဒါပဲ ။
        ဝက်သစ်ချသား စည်တွေနှင့် နှစ်ပေါင်းများစွာ စ်ိမ်ထားရတယ် ဆိုတာ ၊
        အရက်ထဲမှာ ပါတဲ့ အဆိပ်အတောက်တွေ တဖြေးဖြေး စိမ့်ထွက်သွားအောင် လုပ်တာ ။

        မြန်မာနိုင်ငံမှာက ဈေးကြီးရင် ဝယ်မသောက်ကြဘူးလေ ၊
        အဲဒီတော့ ၊ ငွေရင်းအိပ် ၊ အတိုးတက် ၊ အချိန်ကုန်ခံပြီး ၊ မလုပ်ကြတော့ဘူးလေ ။
        အဆိပ်တွေ စိမ့်ထွက်တာတွေ ဘာတွေ လာပြောမနေနှင့် ၊
        ဈေးပေါပေါ နှင့် မူးရင် ပြီးရော ဆိုတော့လဲ ။
        သူ့ ပရိသာတ် နှင့် သူတော့ အံကျ ဟပ် နေတာပါပဲ ။

        ” ယခုသိရသလောက်နိုင်ငံခြားဖြစ် နာမည်ကျော်အရက်များလည်း
        အတုများ ကြီးစိုးနေပါတယ် ”

        အဘ အဲဒါလည်း ကြားတယ် ။ သိပ်လဲ မသေချာတာရယ် ၊
        ကိုယ် ကိုယ်တိုင်က အရက် မသောက်တတ်လို့ ၊ စိတ်မဝင်စားလို့ မပြောတာ ။
        ဘယ့်နှယ် ၊ Red Label တစ်ပုလင်း တစ်သောင်း တဲ့ ။ ပေါချက်က ။

  • ဦး ကျောက်ခဲ

    May 10, 2013 at 3:53 pm

    ကျောင်းသားဘဝတုံးကတော့ ကွင်းဆင်းရင်
    ထန်းရည်ဂျိုး၊ မုန့်လုပ်ထညက်ကြမ်းတွေနဲ့ချက်ထားတဲ့ ထွေးညို လည်း သောက်ဖူးပါ့….
    ဆန်ကွဲနဲ့ချက်ထားတဲ့ အရက်ဖြူလည်းသောက်ဖူးပါ့…
    အဲ… တစ်ခုတူတာကတော့ နေ့စဉ်စွဲစွဲမြဲမြဲ သောက်သုံးရင်တော့ ဖောလာတာပါပဲ…
    တန်ဆေး လွန်ဘေးပေါ့ဗျာ… အန္တရာယ်ရှိရင်တော့ မသောက်တာအကောင်းဆုံးပါ…
    ဟီး ဟီး… ရဲကိုကိုဖော်မှ “ရှင်တော်ဟောသည့် အဆိပ်ရည်” ဆိုတာ အစစ်ဗျို့…
    :harr:

    • ရာမည

      May 10, 2013 at 11:14 pm

      မင်္ဂလာပါဦးကျောက်ခဲခင်ဗျာ
      အစ်ကိုကြီးပြောသလို နေ့စဉ်သောက်ရင် ဖေါ သည်ဟုဆိုနိုင်သော်လည်း
      ကရင်လူမျိုးများမှာ ကိုယ်တိုင်ချက်သောက်သည်ဖြစ်၍
      မည်သည့်ဆိုးကျိုးမျှမတွေ့ရပါ။
      အဓိကမှာ ပါဝင်ပစ္စည်း ဟု ထင်ပါတယ်ခင်ဗျာ

  • Myo Thant

    May 10, 2013 at 4:14 pm

    သားက အဲဒါတွေ ကျွမ်းဘူးဗျ

    ဒါပေမယ့် ရပ်ကွက်ထဲက ဘီကျွဲ ( ဘီအီး + ကျွဲရိုင်း ) ကတော့ လူပြောအတော်များတယ်ဗျ ၊

    ၁၉၈ဝ ကာလကတည်းက အရင်အခေါ် ( လိုင်းပေါက် အရှေ့ ) ဝဂ္ဂီထိပ်မှာ ဗန်ဒါ ဆိုပြီး ရှိခဲ့တဲ့ဆိုင်ပါ ၊

    အရက်ဆိုတာ ချင့်ချိန်တတ်ရင် ဆေးတစ်ပါး တဲ့ ၊ သူများတွေ ပြောတာနော် ၊ 🙂

    • ရာမည

      May 10, 2013 at 11:18 pm

      ကိုမျိုးသန့်ခင်ဗျာ
      ကိုယ်ဝမ်းအချင့် ကိုယ်တိုင်သင့်ဆိုသလိုပါ
      ချင့်ချိန်နိုင်ရင် ကောင်းပါတယ်ခင်ဗျာ ။
      ဘီကျွဲ က စပ်တတ်ရင် ဝီစကီထက်သာတယ်လို့ကြားဖူးပါတယ် ။
      ကျေးဇူးပါ ခင်ဗျ

  • kai

    May 10, 2013 at 4:15 pm

    ဒီလိုလုပ်နေကြတာတွေဟာ.. လူသတ်နေကြတာပဲ..
    သိသိကြီးနဲ့ကို.. သတ်နေကြတာ..။
    ပြောရင်.. ဘာဆိုင်လို့လည်းလုပ်ဦးမယ်..

    စောင်းပြီးပဲပြောတော့မယ်..
    စနစ်ကြောင့်မဟုတ်…။ :kwi:

    • Good™

      May 10, 2013 at 4:30 pm

      အရက်ထုတ်လုပ်သူက ကိုယ့်အရက်ကို ကိုယ်ပြန်မသောက်ရဲ။
      စိုက်ပျိုးရေးသုံး ဆေးအမျိုးမျိုး ထုတ်လုပ်နေသူက ထိုစိုက်ခင်းက ထွက်လာသည့် အသီးအနှံကို မစားရဲ။

      • ခင်ခ

        May 10, 2013 at 4:44 pm

        Good™ ရေ ဒါဆို
        ပိုစ့်တင်တဲ့သူက ကိုယ့်ပိုစ့်မှာကိုယ် မမန့်ရဲ……
        အဲလိုဆိုရင်ကော။

        • ရာမည

          May 10, 2013 at 5:44 pm

          ဦးလေးခင်ခ ခင်ဗျာ
          ကျွန်တော်ပြန်လာမှာပါ
          အလုပ်ထဲရောက်နေလို့ပါ ။
          အားလုံးကိုကျေးဇူး တင်ပါတယ်ခင်ဗျာ

        • ရာမည

          May 10, 2013 at 11:26 pm

          အယ်ဒီတာသူကြီးခင်ဗျာ
          အရက်က လူသတ်တာ နဲပါသေးတယ် အခြားဆိုးဆေး စားဆီ စားသောက်ကုန်မျိုးစုံ တွေက ပိုပြီး
          အသေစောစေပါတယ် ။
          သိရင်လည်း မသိဟန်ဆောင်ကြပါတယ်
          သူတို့မှမသုံးရတာဆိုတော ့
          သေစရာရှိ မင်းတို့သေဆိုသလိုပါ ။

          Good ခင်ဗျာ
          အစ်ကိုပြောသလိုအမှန်ပါ ။ ရွက်ဖြန်းပိုးသတ်ဆေးများ မြေဩဇာပေါင်းစုံများဟာ
          ဘယ်လောက်ဆိုးတယ်ဆိုတာ သိကြမှာပါ။
          နောက်ဆုံး ကန်စွန်းရွက်တောင် မလွတ်ပါ ။
          ကိုယ့် ဖာသာ စိုက်ရမလိုဖြစ်နေပါပြီ

    • နေဝန်းနီ

      May 10, 2013 at 10:11 pm

      စနစ်ကြောင့် စနစ်ကြောင့်နဲ့ မပြောပါနဲ့သူကြီးရယ် ကျနော်တို့ဆီမှာ ဘာစနစ်မှကိုမရှိတာဗျ……….။ အဟိ စောင်းပြောလိုက်မိပြန်ပါပြီ :kwi:

      • ရာမည

        May 10, 2013 at 11:31 pm

        ကျွန်တော်တို့ဆီမှာ သင့်သလိုကြည့်လုပ်တဲ့စနစ်ရှိနေပါတယ်
        တစ်နပ်စားမကြံပါဘူး
        (ခဏခဏ) စားရအောင်လုပ်တတ်ပါတယ် :mrgreen:
        ကျေးဇူးပါ ဦးလေးနီ

  • pazflor

    May 10, 2013 at 4:49 pm

    ချက်အရက်ကတော့ ပြောစရာမရှိပေမဲ့၊ ဈေးကွက်ထဲ တံဆိပ်တင်ရောင်းနေတဲ့ အရက်တွေကို တော့ သေချာစစ်သင့်ပါတယ်၊ ဘယ်လို့ formula ၊ process နဲ့ ချက်မှန်းမသိဘဲ တရားဝင်ထုတ်ခွင့်ပေးလိုက်တာဆို အစိုးရတာဝန်ရှိသူကိုပါ တရားစွဲရတော့မဲ့ အပေါက်ဘဲဗျို့။

  • GaviaGirl

    May 10, 2013 at 5:20 pm

    မှတ်မှတ်ရရ… ဆုံးသွားတဲ့အဖေ.. ဝယ်သောက်နေကျအရက်ကတော့ တစ်ပုလင်း ၃၀ဝ ဆိုလား..
    ပြီးတော့ ပြောသေးတယ်.. မကောင်းမှုတွေထဲမှာ.. အရက်သောက်တာ ပိုက်ဆံအကုန်အကျ အသက်သာဆုံးပဲတဲ့… ပိုက်ဆံသက်သာလို့.. အသက်ပါသွားတယ်လေ… ဒါကြောင့် အရက်ဆို မုန်းတယ်… (၃၀ဝ တန်ကို ပြောပါတယ်…) 🙂

  • padauk moe

    May 10, 2013 at 6:51 pm

    အော်ပြောပြောနေတဲ့ အရက်ဆိုတာဒါလား မူးသလားဟင် သိလို့နော်

    • ရာမည

      May 10, 2013 at 11:43 pm

      @Pazflor
      တဖက်က ပို့စ်မှာ ကျွန်တော်အပြောအဆိုရိုင်းသွားရင်ခွင့်လွှတ်ပါ ။
      ယခုလို ဝင်ရောက်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ် ။
      ကိုရင်ပြောသလိုပါဘဲ တံဆိပ်ကပ်ပြီးသောပစ္စည်းများကို အရည်အသွေးထိမ်းသိမ်းသင့်သော်လည်း
      မျက်စိဖွင့်ပြီး အိပ်ပျော်နေတာ ကြာခဲ့ပါပြီ။
      ဘာမှမလုပ်လို့ ဘာမှမဖြစ်တာပါ။

      Gavia Girl
      စိတ်မကောင်းစရာပါခင်ဗျာ
      ကိုယ်ချင်းလည်းစာမိပါတယ် ။
      ဘာပြောရမှန်းလည်းမသိတော့ပါ
      ကျေးဇူးသာတင်ကြောင်းလေးပြောပါရစေ ။

      @ပိတောက်မိုး
      မမူးသောအရက်ဘရှိတယ် တဲ့
      ယုံလား

  • မောင် ပေ

    May 10, 2013 at 7:28 pm

    ရဲကိုကိုရာ
    ဦးပေ တဲ့
    အသာအယာ ခေါ်ပါဗျ
    ကျုပ်ဖြင့် ၂၀၀ဝပြည့်ကာစမှ တက္ကသိုလ်ရောက်တာကလား
    ဘဘရဲ ပြောတဲ့ ဖားပြုတ် တို ့ ၊ ထန်းရည်တို ့ကို နားစွန်နားဖျားကြားခဲ့ဖူးပါတယ် ။
    ထို ့ကြောင့် မောင်ပေ သည်လဲ တွေ ့ကရာ အရက်မသောက်ပါ
    ထွေးညို သောက်တယ် ဆိုတာကလဲ ၊ ချက်တဲ့လူက ကိုယ့်တပည့်လိုမျိုး လူရင်းမို ့ ၊ သန် ့သန် ့ ရလို ့ ရံဖန်ရံခါ သောက်တာပါဗျာ ။
    ဒါနဲ ့
    ထွေးညို ကို ထန်းလျက် နဲ ့မြည်းရင် အရမ်းကောင်းတယ်တဲ့
    နောက်ပြီး စည်ဘီယာနဲ ့ထွေးညို နဲ ့ရောသောက်ရင်လဲ ဂွတ်တယ် တဲ့
    ထန်းရည် ကိုတော့ ထန်းလျက် နဲ ့ယောင်လို ့မတွဲ လိုက်နဲ ့တဲ့
    အရမ်းမူးတာတဲ့
    အဲဒါ အဲဒါ

    • ရာမည

      May 10, 2013 at 11:51 pm

      ဦးပေ မဟုတ်တော ့လည်း ကိုမောင်ပေပေါ့ဗျာ
      ရောင်းရင်းပြောသလို အကြောင်းသိဆိုရင် ကောင်းပါတယ် ။
      တကယ်ဆန်အရက်ကအရက်ကြိုက်သူများအနေနဲ့အလွန်ကောင်းတယ်လို့ဆိုပါတယ်
      ဓတ်ကူပစ္စည်းကို ပေါက်ကရသုံးလို့သာ ဒီလိုတွေဖြစ်ကြတာပါ။
      လိမ်းဆေးအတွက်ဆေးဖေါ်ရင်အလွန်အသုံးဝင်ပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 10, 2013 at 7:58 pm

    သိပ်လည်းမဆိုးရိမ်နေကြပါနဲ့ဗျာ
    မြန်မာတစ်နိုင်ငံလုံး ဖါးပြုပ်အရက်မှမဟုတ်ပါဘူး အရက်တိုင်းနီးပါးဖြစ်နေတာဆိုတော့
    မိုးပြိုအများပေါ့ ဟုတ်ဘူးလား
    ဈေးကြီးပေးပြီးအတုသောက်ရတဲ့လူတွေမှ ပိုပြီးနစ်နာတာ
    အရက်ထဲမှာဖါးပြုပ်ပါတယ်ဆိုတာ ကြားတော့ကြားဘူးတယ်ဗျ ဒီလိုဆိုတာ ခုမှသိတာ
    ကျုပ်တွေ့ဘူးတာကတော့ ကျံသကာအချပ်ကြီးတွေကို ဂဇော်ဖေါက်ပြီးချက်တဲ့အရက်ဘဲ
    အဲ့သည်မှာ အရက်ဦးရေရများရအောင် ပြောရရင်တော့ အရက်ပြင်းပြင်းရများရအောင်ပေါ့
    ဇဝက်သာ ဆိုတာကို ထည့်ကြတယ် အချို့ကြတော့ သာရေဖိနပ်တွေထည့်တယ်
    ကြာခဲ့ပါပြီ
    အဲ့သည်တုန်းကဆို ခုလို အရက်ချက်စက်ရုံတွေလိုင်စင်မရသေးဘူး
    အရက်ဒိုင်တွေက သူများကိုအငှားချက်ခိုင်းတာ
    အငှားချက်တဲ့သူတွေက အဆင်ပြေရာတောတွေထဲမှာ လိုက်ခိုးချက်တာပေါ့
    ကစော်ရည်ကိုလည်း တောထဲမှာဘဲဖေါက်တာ
    သိဆို တစ်ခါတစ်လေကျုပ်က ကစော်လိုက်ခိုးသောက်တာကိုး :mrgreen:
    ခုကြတော့ အငှားချက်တွေမရှိတော့ဘူး စက်ရုံတွေကိုယ်တိုင် ဖိနပ်ထည့်သလား ဇဝက်သာထည့်သလား
    သူတို့ဘဲသိပေမပေါ့
    ကျုပ်အထင် နတ်ဂေါင်းဖြတ်တာ ဖါးပြုပ်အရက်ဖြစ်ပုံရဒယ်

    • ရာမည

      May 11, 2013 at 12:01 am

      ကိုအောင်ပုခင်ဗျာ
      နောင်ကြီးပြောတာ ၈၈မတိုင်မှီပုံစံအမှန်ပါ ။
      စစ်အစိုးရတက်ပြီးမှ Cs2 လိုင်စင်တွေချပေးလိုက်တော့
      အရက်ကရေထက်ပေါလာတာပေါ့ ။
      ရှေးက ဓတ်ကူပစ္စည်းအဖြစ် ရာဘာဖိနပ်ကိုထည့်တာကြားဖူးပါတယ် ။
      ယခုစက်ရုံတွေမှာက ဓာတုပစ္စည်းတစ်ခုခု ထည့်ပါလိမ့်မယ် ။
      ကဇော်ပေါက်ဖို့ တဆေးကိုသုံးပါတယ် ။အဲ့ကဇော်ဖတ်က ယခုဈေးကွက်ဝင်ဖြစ်နေပြီ
      ဝက်တို့ နွားတို့ကိုကြွေးပါတယ်။
      ပိုသန်မာတယ်လို့ဆိုပါတယ် ။
      ဒါနဲ့
      ခေါင်းပြတ်နတ်ရုပ်ဝတ္ထုက ဆက်ရေးမှာပါ ။မကြာခင်အစအဆုံး အပြီး တင်လိုက်ပါ့မယ် ။
      တိုက်တိုက်ဆိုင်ဆိုင် အဲ့နေရာမှာလူသတ်မှုဖြစ်ပြီး အမှုမပေါ်သေးလို့ ကျွန်တော်ရပ်ထားရတာပါ
      လာအားပေးပါဦးခင်ဗျာ

  • အောက်မျက်လေးးး
    အလန့်ထညက် …
    အရက်ထဲ ဖားပြုတ်ထဲ့သတဲ့ ….
    ((ကျုပ်က ခုမှ သိဒါ)) :mrgreen:
    အရက်တော့ ဈေးကြီးကြီး သေးသေး တောက်ပါဘူးရယ် …
    ဘီယာကိုတော့ ဟိုလူဂျီးဒွေ ဈေးဦးဖောက်တာနဲ့
    ဘယ်နေရာဖြစ်ဖြစ် တစ်ခွက်တော့ ပွဲဝင်တတ်ပီ ….

    • ရာမည

      May 11, 2013 at 12:05 am

      ကိုရာဇာ
      ဘီယာတစ်ခွက်ဘဲသောက်နိုင်တယ်ဆိုတော ့ အကုန်အကျသက်သာတာပေါ့ဗျာ
      နောက်တွေ့ရင်ဘီယာတိုက်မယ် :mrgreen:

  • မင်းမင်း

    May 11, 2013 at 10:32 am

    အရက်သမားများအစည်းအရုံးဖွဲ့၍ အရက်အင် များအားတိုက်ဖျက်သင့်ပါကြောင်း ဟီး

  • ရွှေတိုက်စိုး

    May 11, 2013 at 11:03 am

    အင်းးးးးးဘယ်လိုပြောရမလဲပေါ့နော်….
    ဒီခေတ်က အစစ်အမှန်ဆိုတာ ဘယ်သူမှ တန်ဖိုးမထားရတော့ဘူး…. အတုတွေများလာတော့ အတုကအစစ်ဖြစ် အစစ်က အတုဖြစ်ပေါ့ဗျာ…..
    ဘယ်ကကမှလဲ စားသောက်ကုန် ကို ဓာတ်ခွဲစမ်းသပ်ပြီး ကွာလတီကွန်ထရိုး ကိုအားအားယားယားမလုပ်နိုင်ဘူး…ဘယ်လုပ်နိုင်မလဲ… အဲလိုလုပ်မဲ့သူတွေက နေဖို.စားဖို.အနိုင်နိုင် ရှာနေရတာကိုး…… အဲဒီတော့ အားအားယားယား မလုပ်တော့ဘူးလေ…ဘာလာလာ ကောင်းတယ် သန်.တယ်… ပေးတာကမ်းတာလေး ယူပြီး အဆင်ပြေအောင်ပြောထည့်လိုက်တာပဲ…

    ကဲ….. အဲဒီတော့
    အရက်သောက်လဲ အတု .. ဖားထည့်အရက်
    ထမင်းစားလဲ ဆန်အရော
    ဟင်းဆိုလဲ ဆိုးဆေး..
    မုန်.ဆိုလဲ ဘာာာာ
    ရေဆိုလဲ မသန်…

    အဲဒီတော့ အဲဒါတွေ မရှောင်ပဲစား မြန်မြန်သေ နတ်ပြည်တက် နတ်သုဒ္ဒါ သွားစားတာပဲကောင်းတယ်……
    သူကြီးပြောလဲပြောချင်စရာဘဲ………… ကျုပ်တို.ကိုက ကောင်းကိုမကောင်းဒါ….

  • Guest

    May 11, 2013 at 1:04 pm

    ကြားတော့ကြားတယ်။ အင်း.. မြန်မာတွေကြည့်ရတာလဲ အသက်ပြင်းပုံရပါတယ်။ မသိတဲ့လူများရှိသလို သိတဲ့လူလည်း အတော်များပါတယ်။.. ဒါပေမယ့် ဘာပါပါ စိတ်ဝင်စားပုံ မရကြပါဘူး။ သောက်မြဲ သောက်လျှက်ပါပဲ။
    အဲ့လို ဖားပြုတ်ပါတယ်လို့ အတိအကျ သိရတော့လဲ သက်သတ်လွတ် သောက်တတ်တဲ့ လူများအဖို့ ရှောင်လို့ ရတာပေါ့..။

  • ဦးကြောင်ကြီး

    May 13, 2013 at 10:12 am

    ဖားပြုတ်အရက်
    တရုတ်ချက်
    ကြေးမုံဂျီးလို့မှတ်.. :harr:

  • TNA

    May 13, 2013 at 12:11 pm

    ဘုရားရေ။ အဲလိုကို ရက်စက်တာပါလား။ တရုတ်ပြည်မှာမဟုတ်တာတွေလုပ်လို့ မဟုတ်တရုတ်လို့ စကားပုံ တွင်တယ်လို့ဟိုနေ့ကပဲပြောနေတယ်။ မြန်မတွေလဲမထူးပါဘူး။ လူမျိုးနဲ့မဆိုင် စိတ်ဓါတ်နှင့်သာဆိုင်လိမ့်မယ် ထင်ပါတယ်။ သဂျီးစကားငှားသုံးရရင်တော့ စနစ်ကြောင့် ဖြစ်တာ ဟုတ်မဟုတ်။

Leave a Reply