ယုံချင် ယုံ ၊ မယုံချင်နေ

cobraJuly 27, 20101min611

*လင်ကွန်း နဲ့ ကနေဒီ*

အမေရိကန် သမ္မတတွေထဲမှာ ထင်ပေါ်ကျော်ကြား လူသိအများဆုံး
ဖြစ်သော သမ္မတနှစ်ဦးဖြစ်တဲ့
အေဘရာဟမ် လင်ကွန်း နဲ့ ဂျွန် အက်ဖ် ကနေဒီ တို.ရဲ့ အကြောင်းလေ…….
သူတို. နှစ်ဦးလုံးဟာ လူချစ်လူခင် အများဆုံး၊
အကြည်ညိုခံရဆုံး သမ္မတတွေဖြစ်ကြပါတယ် ။
နှစ်ဦး စလုံး လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူတွေလည်း ဖြစ်ပါတယ် ။ သမ္မတ
တာဝန်ထမ်းဆောင်နေစဉ် တွေ.ကြုံ
ဖြေရှင်းပေးခဲ့ရတဲ့ ပြသနာ…..၊ ရက်ရက်စက်စက် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်ရပ်…..၊
အဲဒီလုပ်ကြံမှုနဲ့ ပက်သက်ပြီး သဲသဲကွဲကွဲ
မသိရတဲ့ ကိစ္စ ….စသည်….စသည် …၊ တစ်ထပ်တည်းပဲ ခင်ဗျ….။
ကဲ … အဲဒီ အချက်တွေကို စဉ်းစားကြည့်စမ်းပါဦးဗျာ
…..။

၁။ လင်ကွန်း ရော ကနေဒီ ပါ သမ္မတတာဝန် ထမ်းဆောင်နေဆဲကာလမှာ အမေရိကန်
ပြည်ထောင်စုရဲ့ လူမှုအခွင့်အရေးပြသနာကြီးကို
ဖြေရှင်းကြရတယ် ။ လင်ကွန်း လက်ထက်မှာ အာဖရိကတိုက်ကနေ
ဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတဲ့ လူမည်း ကပ္ပလီ ငွေဝယ်ကျွန်တွေ
ကိစ္စကို ဖြေရှင်းခဲ့ရတယ် ။
ကနေဒီ ရဲ့ လက်ထက်မှာ လူမည်း တွေအပေါ်အသားအရောင် အခွင့်အရေးခွဲခြားမှု ကိစ္စကို
ဖြေရှင်းခဲ့ရတယ် …။

၂။ လင်ကွန်း ကို လုပ်ကြံသတ်ဖြတ်တဲ့ လူသတ်သမား ဂျွန် ဝေက်စ် ဘုသ် ( John Wilks
Booth) ကို ၁၈၃၉ ခုနှစ်မှာ မွေးဖွားတယ် ။
ကနေဒီ ကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား လီး ဟာဗီး အော့စဝါ ( Lee Harvey
Oswald) ကို ၁၉၃၉ ခုနှစ်မှာ မွေးဖွားတယ် ။

၃။ လင်ကွန်း မှာ ကနေဒီ ဆိုတဲ့ အတွင်းရေးမူး တစ်ယောက် ရှိတယ် ။ သူက … လင်ကွန်း
အသတ်ခံရမယ့် ကပွဲရုံ ကို
အဲဒီည မသွားဖို. သတိပေးခဲ့တယ် ။
ကနေဒီ မှာ လင်ကွန်း ဆိုတဲ့ အတွင်းရေးမူး တစ်ယောက်ရှိတယ် ။ သူက… ကနေဒီ
အသတ်ခံရမဲ့ ဒါးလက်စ် မြို. ကို အဲဒီနေ.
မသွားဖို. သတိပေးးခဲ့တယ် ။

၄။ သမ္မတ နှစ်ဦး လုပ်ကြံ ခံခဲ့ရတဲ့ နေ.ဟာ သောကြာနေ. ဖြစ်တယ် ။

၅။ သမ္မတ နှစ်ဦး စလုံးဟာ နောက်ဘက်ကနေ သေနတ် နဲ့ ပစ်ခတ်ခြင်း ခံခဲ့ရတယ် ။

၆။ သမ္မတတွေ နှစ်ဦး စလုံး လုပ်ကြံခံရတဲ့ အချိန်မှာ… သူတို. ရဲ့ ဇနီးတွေက
သူတို. နဲ့ အတူရှိနေခဲ့တယ် ။

၇။ ဘုသ် က လင်ကါန်း ကို ဇါတ်ရုံ ထဲမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံပြီးတဲ့နောက် …
ကုန်ပစ္စည်း သိူလှောင်ရုံ တစ်ခုထဲ ဝင်ပြေးသွားခဲ့တယ် ။
အော့စဝါ က ကနေဒီ ကို ကုန်ပစ္စည်း သိုလှောင်ရုံ တစ်ခုကနေ သေနတ် နဲ့
ပစ်ခတ်လုပ်ကြံပြီး တဲ့နောက် … ဇါတ်ရုံ တစ်ခုထဲ
ဝင်ပြေးသွားခဲ့တယ် ။

၈။ သမ္မတ နှစ်ဦးစလုံး လုပ်ကြံခံရပြီးတဲ့နောက် သူတို.ရဲ့ ရာထူးကို
ဆက်လက်တာဝန်ယူတဲ့ သူတွေရဲ့ အမည်တွေက ဂျွန်ဆင် ( Johnson)
ဖြစ်တယ် ။ အဲဒီ ဂျွန်ဆင် နှစ်ယောက်လုံးဟာ တောင်အမေရိက သားတွေ ဖြစ်ပြီး
နှစ်ဦးစလုံးဟာ ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်တယ် ။

၉။ လင်ကွန်း ကို ဆက်ခံတဲ့ ဂျွန်ဆင် ကို ၁၈၀၈ ခုနှစ် မှာ မွေးဖွားခဲ့တယ် ။
ကနေဒီ ကို ဆက်ခံတဲ့ ဂျွန်ဆင် ကို ၁၉၀၈ ခုနှစ်မှာ မွေးဖွားခဲ့တယ် ။

၁၀။ လုပ်ကြံခံရတဲ့ သမ္မတ နှစ်ဦးဖြစ်တဲ့ လင်ကွန်း ( Lincoln ) နဲ့ ကနေဒီ (
Kennedy) တို.ရဲ့ နာမည် တွေမှာ အက္ခရာ ခုနှစ်လုံးစီ ပါတယ် ။
သူတို.ကို ဆက်ခံတဲ့ သမ္မတတွေရဲ့ နာည် အပြည့်အစုံမှာ အက္ခရာ (၁၃) လုံးစီ
ပါတယ် ။
သူတို.ကို လုပ်ကြံခဲ့တဲ့ လူသတ်သမားတွေရဲ့ နာမည်တွေမှာ အက္ခရာ (၁၅) လုံးစီ
ပါတယ် ဗျာ………….။

One comment

  • True Faith

    July 27, 2010 at 12:07 pm

    ခုလို တင်ပြပေးတာ ကောင်းပါတယ်။ ဗဟုသုတ ရစေပါတယ်။ တခုအကြံပေးချင်တာက ယုံချင်ယုံ၊ မယုံချင်နေ ဆိုတာကို နံပါတ်စဉ်လေးတွေ တပ်ပြီး ဖော်ပြပေးရင် ပိုကောင်းမယ် ထင်မိတယ်။ ဒါမှ ၁ ကိုဖတ်ပြီးရင် ၂ ကိုလည်း ဆက်ဖတ်နိုင်မှာလေ။ နို့မို့ ဘယ်ဟာ ဖတ်ပြီးပြီလဲမသိ၊ မဖတ်ရသေးဘူးလဲ မသိဖြစ်နေတော့တာပေါ့ဗျာ။

Leave a Reply