အလွမ်းပြေ သင်္ကြန်စာ…

သင်္ကြန်စာဆိုလို့ သိကြားမင်း ဆိုက်ဂျဲရိုးစီး စပါးနှံ ကိုင်ဆင်းတဲ့ အတွက် ဆန်ရေစပါးနဲ့ ကားတွေများမယ် ဆိုတာမျိုးဟောစာတမ်းမထင်နဲ့နော်….

မနက်စာ၊နေ့လည်စာ၊ညနေစာလိုမျိုး..သင်္ကြန်ရက်တွေမှာ ချက်ပြုတ်စားသောက်ကြတဲ့ အစားသောက် စားစရာလေးတွေပါလို့ ကြိုတင်ပြောထားပါရစေ…

ဒီနှစ်သင်္ကြန်ကို သင်္ကြန်မုန့်လေးတွေလုပ် မိသားစုလည်းစား မိတ်ဆွေများလည်းဝေလို့ ခါတိုင်းနှစ်တွေလိုပဲ ဖြတ်သန်းခဲ့ပါတယ်။  MG ကမိတ်ဆွေများကိုလည်း သတိရမိတာမို့ ထုံးစံအတိုင်း ဓာတ်ပုံလေးတွေနဲ့ပဲ မျှဝေလိုက်ရ ပါတယ်။ သင်္ကြန်တွင်းက စားစရာတွေကို သင်္ကြန်ပြီးမှ တင်ပေးလို့ ရွှေစိတ်တော်မညိုကြပါနဲ့ သင်္ကြန်အလွမ်းပြေ သင်္ကြန်စာ လေးတွေပါနော်…

1… ကျောက်ကြောကို သစ်ခွနံ့လေးထည့်၊ပင်ပွားလေးဖြူး ကျိုထားပြီး အေးတဲ့အခါ၊ ပြုတ်ထားတဲ့ အစိမ်းနုရောင်သာကူ၊ သကြားရည် အုန်းနို့ဆမ်းလို့ ချိုဆိမ့်မွှေး အေးအေးလေးစားစရာ  အုန်းနို့ကျောက်ကြော  …

 

1…ပါဝင်ပစ္စည်းစုံ

1…ပါဝင်ပစ္စည်းစုံ

2…အုန်းနို့ကျောက်ကြော

2…အုန်းနို့ကျောက်ကြော

 

2…ကောက်ညှင်းလေးလုံး၊ဆန်တစ်လုံး စာချိုးရှိတာမို့ အလွယ်တစ်ကူ ကောက်ညှင်းမှုန့် နဲ့ ဆန်မှုန့် ကိုပဲ လေးချိုး တစ်ချိုးစပ်လို့ လောက်စာလုံးလောက်ညီညီလုံး၊ ရေဆူဆူအိုးထဲထည့်လို့ပြုတ်လို့ ပေါ်လာရင်ဆယ်ပြီး ရေအေးလေးထဲ

ခဏထည့် အုန်းသီးခြစ်ပြီးသားလေးတွေ များများဖြူးလို့စားရတဲ့ အကြိုက်ဆုံးသင်္ကြန်စာ မုန့်လုံးရေပေါ်

 

3…ကူလုံးပါဦး…

3…ကူလုံးပါဦး…

4…အုန်းသီးများများလေးမှ…

4…အုန်းသီးများများလေးမှ…

 

3…သကြားရည်ကြို ဆူလာရင် သာကူစေ့လေးရေဆေးထည့်၊ ပြော့နေအောင်ရေစိမ်ထားတဲ့ ရောင်စုံမျှော့ချောင်း လေးတွေထည့် ၊ သာကူမျက်စိပျောက်လာကာနီးရင် ပြုတ်(ပေါင်း)ထားတဲ့ရွှေကန်ဇွန်းဥတုံးလေးတွေ ထည့် မီးဖိုပေါ်ကချ၊

နွေးနွေးလေးဖြစ်ရင်တော့ အုန်းသီးခြစ်ပြီးသားလေးတွေဖြူး၊အုန်းနို့လေးဆမ်း စားရတဲ့  အုန်းနို့သာကူ ပူပူလေး…

 

5…အုန်းသီး၊အုန်းနို့ ထည့်မလား…

5…အုန်းသီး၊အုန်းနို့ ထည့်မလား…

6…အုန်းနို့သာကူ ပူပူလေး…

6…အုန်းနို့သာကူ ပူပူလေး…

 

4…သကြား ၁ ၊သာကူ ၂၊ အုန်းနို့ ၃၊ ရေ ၄ အချိုးနဲ့ ရေဆူရင် သာကူစေ့၊သကြားထည့်ကြို၊ ပြစ်လာပြီး မျက်စေ့ပျောက်ကာနီးရင် ထောပတ်အနည်းငယ်သုတ်ထားတဲ့ဗန်းထဲထည့် နည်းနည်းချန်ထားပြီး အုန်းနို့ထည့် ဆူအောင်ထပ်တည် ခုန ကသာကူဗန်းထဲကို အပေါ်ကထပ်ထည့် 180ံC နဲ့ မိနစ် 20 လောက် အပေါ်မီးပေး၊ အေးတဲ့အခါ အုန်းသီးခြစ်ထပ်ဖြူးကာ စားလိုက်ရရင်ချိုဆိမ့်မွှေးတဲ့ သာကူပြင် လေးပါ…

 

7…အဆင်သင့် သာကူပြင်

7…အဆင်သင့် သာကူပြင်

8…အုန်းသီးခြစ်ဖြူးထားတဲ့ အုန်းနို့ သာကူပြင်…

8…အုန်းသီးခြစ်ဖြူးထားတဲ့ အုန်းနို့ သာကူပြင်…

 

သင်္ကြန်တွင်းက စားစရာတွေကို သင်္ကြန်ပြီးမှပဲ တင်ပေးဖြစ်တာမို့ သင်္ကြန်ကိုလွမ်းကြသူများအတွက် လွမ်းစရာ တိုးမှာစိုးပေမယ့်လဲ

သင်္ကြန်စာလေးတွေကြည့်လို့သာ သင်္ကြန်အလွမ်းဖြေပါနော်.

ခင်တဲ့

အန်တီ မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..