အလွမ်းပြေ သင်္ကြန်စာ…

Ma EiMay 10, 20132min23917

အလွမ်းပြေ သင်္ကြန်စာ…

သင်္ကြန်စာဆိုလို့ သိကြားမင်း ဆိုက်ဂျဲရိုးစီး စပါးနှံ ကိုင်ဆင်းတဲ့ အတွက် ဆန်ရေစပါးနဲ့ ကားတွေများမယ် ဆိုတာမျိုးဟောစာတမ်းမထင်နဲ့နော်….

မနက်စာ၊နေ့လည်စာ၊ညနေစာလိုမျိုး..သင်္ကြန်ရက်တွေမှာ ချက်ပြုတ်စားသောက်ကြတဲ့ အစားသောက် စားစရာလေးတွေပါလို့ ကြိုတင်ပြောထားပါရစေ…

ဒီနှစ်သင်္ကြန်ကို သင်္ကြန်မုန့်လေးတွေလုပ် မိသားစုလည်းစား မိတ်ဆွေများလည်းဝေလို့ ခါတိုင်းနှစ်တွေလိုပဲ ဖြတ်သန်းခဲ့ပါတယ်။  MG ကမိတ်ဆွေများကိုလည်း သတိရမိတာမို့ ထုံးစံအတိုင်း ဓာတ်ပုံလေးတွေနဲ့ပဲ မျှဝေလိုက်ရ ပါတယ်။ သင်္ကြန်တွင်းက စားစရာတွေကို သင်္ကြန်ပြီးမှ တင်ပေးလို့ ရွှေစိတ်တော်မညိုကြပါနဲ့ သင်္ကြန်အလွမ်းပြေ သင်္ကြန်စာ လေးတွေပါနော်…

1… ကျောက်ကြောကို သစ်ခွနံ့လေးထည့်၊ပင်ပွားလေးဖြူး ကျိုထားပြီး အေးတဲ့အခါ၊ ပြုတ်ထားတဲ့ အစိမ်းနုရောင်သာကူ၊ သကြားရည် အုန်းနို့ဆမ်းလို့ ချိုဆိမ့်မွှေး အေးအေးလေးစားစရာ  အုန်းနို့ကျောက်ကြော  …

 

1…ပါဝင်ပစ္စည်းစုံ
1…ပါဝင်ပစ္စည်းစုံ
2…အုန်းနိူ့ကျောက်ကြော
2…အုန်းနိူ့ကျောက်ကြော

 

2…ကောက်ညှင်းလေးလုံး၊ဆန်တစ်လုံး စာချိုးရှိတာမို့ အလွယ်တစ်ကူ ကောက်ညှင်းမှုန့် နဲ့ ဆန်မှုန့် ကိုပဲ လေးချိုး တစ်ချိုးစပ်လို့ လောက်စာလုံးလောက်ညီညီလုံး၊ ရေဆူဆူအိုးထဲထည့်လို့ပြုတ်လို့ ပေါ်လာရင်ဆယ်ပြီး ရေအေးလေးထဲ

ခဏထည့် အုန်းသီးခြစ်ပြီးသားလေးတွေ များများဖြူးလို့စားရတဲ့ အကြိုက်ဆုံးသင်္ကြန်စာ မုန့်လုံးရေပေါ်

 

3…ကူလုံးပါဦး…
3…ကူလုံးပါဦး…
4…အုန်းသီးများများလေးမှ…
4…အုန်းသီးများများလေးမှ…

 

3…သကြားရည်ကြို ဆူလာရင် သာကူစေ့လေးရေဆေးထည့်၊ ပြော့နေအောင်ရေစိမ်ထားတဲ့ ရောင်စုံမျှော့ချောင်း လေးတွေထည့် ၊ သာကူမျက်စိပျောက်လာကာနီးရင် ပြုတ်(ပေါင်း)ထားတဲ့ရွှေကန်ဇွန်းဥတုံးလေးတွေ ထည့် မီးဖိုပေါ်ကချ၊

နွေးနွေးလေးဖြစ်ရင်တော့ အုန်းသီးခြစ်ပြီးသားလေးတွေဖြူး၊အုန်းနို့လေးဆမ်း စားရတဲ့  အုန်းနို့သာကူ ပူပူလေး…

 

5…အုန်းသီး၊အုန်းနို့ ထည့်မလား…
5…အုန်းသီး၊အုန်းနို့ ထည့်မလား…
6…အုန်းနို့သာကူ ပူပူလေး…
6…အုန်းနို့သာကူ ပူပူလေး…

 

4…သကြား ၁ ၊သာကူ ၂၊ အုန်းနို့ ၃၊ ရေ ၄ အချိုးနဲ့ ရေဆူရင် သာကူစေ့၊သကြားထည့်ကြို၊ ပြစ်လာပြီး မျက်စေ့ပျောက်ကာနီးရင် ထောပတ်အနည်းငယ်သုတ်ထားတဲ့ဗန်းထဲထည့် နည်းနည်းချန်ထားပြီး အုန်းနို့ထည့် ဆူအောင်ထပ်တည် ခုန ကသာကူဗန်းထဲကို အပေါ်ကထပ်ထည့် 180 ံC နဲ့ မိနစ် 20 လောက် အပေါ်မီးပေး၊ အေးတဲ့အခါ အုန်းသီးခြစ်ထပ်ဖြူးကာ စားလိုက်ရရင်ချိုဆိမ့်မွှေးတဲ့ သာကူပြင် လေးပါ…

 

7…အဆင်သင့် သာကူပြင်
7…အဆင်သင့် သာကူပြင်
8…အုန်းသီးခြစ်ဖြူးထားတဲ့ အုန်းနို့ သာကူပြင်…
8…အုန်းသီးခြစ်ဖြူးထားတဲ့ အုန်းနို့ သာကူပြင်…

 

သင်္ကြန်တွင်းက စားစရာတွေကို သင်္ကြန်ပြီးမှပဲ တင်ပေးဖြစ်တာမို့ သင်္ကြန်ကိုလွမ်းကြသူများအတွက် လွမ်းစရာ တိုးမှာစိုးပေမယ့်လဲ

သင်္ကြန်စာလေးတွေကြည့်လို့သာ သင်္ကြန်အလွမ်းဖြေပါနော်.

ခင်တဲ့

အန်တီ မအိ

17 comments

  • ခင်ခ

    May 10, 2013 at 4:39 pm

    မအိကတော့ လုပ်ချလိုက်ပြန်ပြီနော်။ သင်္ကြန်စာကို သင်္ကြန်ပြီး ပြန်တင်တော့ လွမ်းရုံဘဲဘယ်ဖြစ်တော့မလဲ စားချင်စိတ်ကလည်း ပြန်ဖြစ်တယ်ဗျ။

  • Myo Thant

    May 10, 2013 at 4:41 pm

    ညနေ လေးနာရီခွဲ ဗိုက်ဆာတဲ့အချိန်မှာမှ ဝင်ကြည့်မိတာ မှားပါတယ် ၊

    စားချင်တာနော် ဟင်း ဟင်း 🙁

  • KZ

    May 10, 2013 at 4:48 pm

    မွအိ ရက်စက်တယ်။
    :528:
    :528:
    :528:

    • Ma Ei

      May 10, 2013 at 4:53 pm

      ငါ….မှားတာရှိရင် တောင်းပန်ပါတယ်….
      မင်းရဲ့အနားမှာ အမြဲ……. …..အချစ်တို့ရှိနေ… :528:

  • မောင် ပေ

    May 10, 2013 at 7:36 pm

    ကျောက်ကျော နဲ ့သာကူ ကို
    အခုလို နွေအကုန် မိုးအကူးမှာလဲ စားကြတယ်ဗျ
    အပူဒဏ်ခံစာလေးတွေပေါ့ဗျာ

    • Ma Ei

      May 13, 2013 at 10:35 am

      မိုးအေးအေးမှာ သာကူပူပူလေးစားရရင်လဲ ကောင်းတာပဲနော်…

  • ဦး ကျောက်ခဲ

    May 10, 2013 at 7:45 pm

    ဟီ ဟိ မောင်ကျောက်က အချိုသိပ်မကြိုက်တော့…
    ကျောက်ကျော နဲ ့သာကူတော့ သိပ်မလွမ်းဘူး မအိရေ…
    အဲ… ဗမာထမင်းဟင်းနဲ့ ဒေသအစာတွေတော့ မတင်ပါနဲ့…
    မစားရရင် အားကီးစိတ်ဆိုးမှာ… ဟီး ဟီး
    :harr:

    • Ma Ei

      May 13, 2013 at 10:38 am

      ဒါဆို စိတ်ဆိုးဘို့ပြင်ထားပါနော်…
      ဟင်းချက်ထားတာလေးတွေနဲ့
      ခရီးသွားတုံးက စားခဲ့ရတဲ့
      အစားအစာလေးတွေ တင်ဦးမှာ….
      :Hee:

  • MaMa

    May 11, 2013 at 6:11 am

    စားချင်တယ်
    စားချင်တယ်
    စားချင်တယ် :harr: :harr: :harr:

    ကူးထားလိုက်ပြီ မအိရေ…..

  • Mr. MarGa

    May 11, 2013 at 12:04 pm

    အကုန်လုံးကို အမြင်နဲ့ ဝါးသွားသဗျ
    တစ်ခုတော့ ကျေနပ်ဖူး
    သိကြားမင်းကို ဆိုက်ဂျဲရိုးနဲ့ ဆင်းတယ်လို့ ပြောတဲ့အတွက်
    ုပြစ်ဒဏ်အနေနဲ့
    အဲဒီမုန့်တွေ အကုန်လုံး လာကျွေးရမယ်
    ဒါပဲ :harr:

    • Ma Ei

      May 13, 2013 at 10:42 am

      လှေကားရှာမရလို့
      နောက်တစ်ခေါက်
      ဆင်းလာမှဘဲ စားပါဖျာ့….

  • GaviaGirl

    May 11, 2013 at 12:53 pm

    စားချင်တယ်….. စားချင်တယ်.. စားချင်တယ်… လုပ်တတ်ဝူး… အခုတော့မှတ်ထားလိုက်ပီ…. :mrgreen:

  • jujuma

    May 11, 2013 at 1:20 pm

    အယ် စားချင်လိုက်တာနော် ..
    ထမင်းစားပြီးကာစဆိုတော့ အချိုတည်း လိုက်ရရင်ဖြင့် :kwi:

  • ဦးကြောင်ကြီး

    May 11, 2013 at 8:28 pm

    အန်တီမအိ
    ညဏ်နီထွက်ရှိ
    ကြံစည်တတ်ဘိ
    သံမြည်ရပ်သိ
    လျှံဖီဓာတ်ညှိ
    နာမ်သီသက်မိ
    ဆန်ဆီကပ်ကြည့်
    ခြံထီမြတ်၏..

  • Ma Ei

    May 13, 2013 at 10:31 am

    မအိရဲ့ အလွမ်းပြေ သင်္ကြန်စာလေးတွေကြည့်လို
    စားချင်ပါတယ်လို့ Comment ရေးပေးကြပါသော…
    ကိုခင်ခ ၊ ကိုမျိုးသန့် ၊ မမ ၊ GaviaGirl ၊ jujuma တို့ရေ…
    အားပေးကြလို့ ကျေးဇူး ပါနော်…

  • တီအိ ကျွေးဒဲ့ သင်္ကြန်စာ ကို
    ဖတ်သွား .. ဟုတ်ဘူး .. စားတွားဒယ် …
    လွမ်းလွမ်းနဲ့ စားလိုက်ဒါ မြိုတောင် ကျဘူးရယ် …
    ဒါနဲ့ ထူးဘာဘူးဆိုပီး …
    ရေနဲ့ မျောပစ်လိုက်ဒေါ့ဒယ် .. ဟီးဟီး

  • kyeemite

    May 13, 2013 at 2:03 pm

    စားချင်တယ်
    စားချင်တယ်
    စားချင်တယ် :harr: :harr: :harr: (ခွက်ဒစ်တူ “မမ” )

Leave a Reply