Bill Gate ၏ လူမသိသေးသည ့်အချက် (9) ချက် ။ ( ဖတ်ကြည့်နော် ။ တကယ်ထူးခြားတဲ့ အကြောင်းတွေပါ ။)

cobraJuly 27, 20101min580

> ၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅ဝ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက်
> ဒေါ်လာသန်း ၂ဝ ဝင်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။
>
> ၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင်
> ဘယ်တော့မှပြန်ကောက်လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်
> အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင်
> ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။
>
> ၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။
> အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀
> နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။
>
> ၄။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော်
> ၎င်းအိတ်ကပ်ထဲတွင် ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။
>
>
> ၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော
> မိုက်ကယ်ဂျော်ဒန် ၂၂ရ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ဝင်ငွေသည်
> ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကိုမှီနိူင်မည်။
>
> ၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမ္ဘာပေါ်တွင် ၃၇
> ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လိမ့်မည်။
>
> ၇။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါက
> ကမ္ဘာမှ လကမ္ဘာအထိ စီတန်းနိူင်ပြီး အသွားအပြန် ၁၄ ကြိမ် စီတန်းနိူင်မည်။
> ထိုသို့ပြုလုပ်ရန် နှစ်ပေါင်း ၁၄၀ဝ ကြာမြင့်မည်ဖြစ်ပြီး ဘိုးအင်း ၇၄၇
> လေယာဉ်ဖြင့် ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူပို့ဆောင်ပေးရမည်ဖြစ်သည်။
>
> ၈။ အသက် ၉ဝ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်၌ ရှိနေသော
> အသက်အရွယ်မှ မသေဆုံးခင်အချိန်အထိ သူ၏ စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင်
> ၆.၇၈ သန်း သုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိူင်ပေမည်။
>
> ၉။ သို့ရာတွင် ကျွန်ုပ်တို့ကွန်ပျူတာသုံးစွဲနေကြသော Windows သမားများသည်
> Microsoft Windows Error တက်စဉ်တိုင်း ( သို့မဟုတ် )
> Hang သွားသည့်အချိန်တိုင်းတွင် အမေရိကန်တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်ကို
> တောင်းခံရမည်ဆိုပါက သူသည် သုံးရက်အတွင်း ဒေဝါလီခံသွားရနိူင်ပေသည်။
>
>
> **** ဒီ တစ်ချက်ကတော့ Jake Tyler ဆိုတဲ့ သူရေးတဲ့ comment ပါ ။ဒါလေးပါ
> သဘောကျလို. ထည့်ပေးလိုက်ပါတယ် ။*
>
> => Bill Gate’s ရဲ ့နောက်ဆုံး ထုတ်ကုန်တစ်ခု ကျန်ပါသေးတယ် အဲဒါကတော့
>
>
>
> **** FOREVER FRIEND မှ ကူးယူဖေါ်ပြပါသည် ။
> —